သတင်းများ

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးရရှိသွားပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၇ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍   ဇန်နဝါရီလ ၁၈ ရက်နေ့၊ ပေကျင်း စံတော်ချိန်၊ နေ့လယ် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ပါသည်။

“တရုတ်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်ပွဲများ၊ တင်းမာမှုများကိုလျှော့ချလိုပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားစေလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာအောင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၅ ရက်နေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးရန်ရှိကြောင်းကို သိရှိရပါသည်။ 

ကိုးကား -Global Times

အီရန် တရားလွှတ်တော်ချုပ်ရုံးရှိ   အကြီးတန်း တရားသူကြီး ၂ ဦး ပစ်သတ်ခံရ

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့) နံနက်ပိုင်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ တရားလွှတ်တော်ချုပ်ရုံးမှ အကြီးတန်းတရားသူကြီးနှစ်ဦးသည် ရုံးချိန် အတွင်း တာဝန်ထမ်းဆောင်နေချိန် သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း၊ အဆိုပါသေနတ်သမားမှာလည်း မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။ 

သေဆုံးသူ တရားသူကြီးများမှာ မွတ်ဆလင်ပညာရှင် Ali Razini နှင့် Mohammad Moghiseh တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးသည် တရားလွှတ်တော်ချုပ်ရုံးရှိ ဌာနခွဲ အသီးသီး၏ ဦးဆောင်တရားသူကြီးရာထူး တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြသည်။ ၎င်းတို့သည်နိုင်ငံတော်လုံခြုံရေး၊ သူလျှိုလုပ်မှု၊ အကြမ်းဖက်ဝါဒ စသည့် ရာဇဝတ်ကျူးလွန်သည့် အမှုများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး ရဲရင့်ပြီး အတွေ့အကြုံရှိသည့် တရားသူကြီးများ ဖြစ်ကြောင်း တရားစီရင်ရေးမဏ္ဍိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

“တရားသူကြီးနှစ်ဦး၏အခန်းထဲသို့ သေနတ်ကိုင်ဆောင်ထားသည့် လူတစ်ဦး ဝင်ရောက်သွားကြောင်း၊ တရားသူကြီးနှစ်ဦးကို ပစ်သတ်လိုက်ကြောင်း၊ ထို့နောက် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိရခြင်းမရှိသေးကြောင်း” တရားစီရင်ရေး ပြောရေးဆိုခွင့်ရသူ Asghar Jahangir က အီရန်နိုင်ငံပိုင် မီဒီယာကို ပြောကြားထားပါသည်။

ကိုးကား -AL JAZEERA 

ရုရှားစစ်တပ်ကို အကူအညီပေးသည်ဟူသော သံသယ ဖြင့် ယူကရိန်းထိပ်တန်းဘဏ်အရာရှိ တစ်ဦးကိုဖမ်းဆီး

ယူကရိန်းဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးအား ရုရှားအား ကူညီထောက်ပံ့မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန(SBU)က ဇန်နဝါရီ ၁၈ ရက်နေ့တွင် တယ်လီဂရမ်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါအမျိုးသားသည် crypto လဲလှယ်မှုမှတစ်ဆင့် ရုရှားစစ်တပ်သို့ ငွေကြေးထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်တွင် ဖော်ပြထားသည်။ 

သံသယရှိသူ၏အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း SBU မှ ၎င်းသည် ယူကရိန်း၏ အကြီးဆုံးဘဏ်တစ်ခုရှိ သတင်းအချက်အလက်ဌာနကို ဦးဆောင်သည်ဟု ဆိုသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါအမျိုးသားသည် ရုရှားစစ်တပ်အား ထောက်ပံ့ရန်အတွက် ၎င်း၏ကိုယ်ပိုင်ငွေများကို အသုံးပြုခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိယက်ဗ်ကို ရုရှားစစ်တပ်က စစ်ဆင်ရေး စတင်ပြီးနောက် ဘဏ်အရာရှိသည် ရုရှား စစ်တပ်ထံ ပုံမှန် ငွေလွှဲရန် ကမ္ဘာ့အကြီးဆုံး crypto currency လဲလှယ်မှု အကောင့်တစ်ခုကို ဖန်တီးခဲ့သည်။

အဆိုပါအမျိုးသား၏ တယ်လီဂရမ် ချန်နယ်တွင် သက်ဆိုင်ရာ crypto ငွေကြေးထောက်ပံ့ခဲ့သည့် အချက်အလက်များရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ SBU က ရုရှားစစ်တပ်အား ထောက်ပံ့ရာတွင် ဘဏ်အရာရှိသုံးစွဲသည့် ငွေကြေးပမာဏ အတိအကျကို ထုတ်ပြန်ခြင်းမပြုပေ။ 

ရဲအရာရှိများက သံသယရှိသူအား ကိယက်ဗ်တွင်ထိန်းသိမ်းခဲ့ပြီးနောက် ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းရာ ရုရှားနိုင်ငံကူးလက်မှတ်နှင့် ရုရှားရူဘယ် ငွေ များကိုတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ဘဏ်အရာရှိသည် ဆိုဗီယက်ခေတ်က ဆုတစ်ခုရရှိခဲ့ကြောင်း စာရွက်စာတမ်းနှင့်အတူ ဒေါ်လာနှင့်ယူရိုငွေစက္ကူ အမြောက်အမြားကို သိမ်းဆည်းရခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါအမျိုးသားအား ရန်ဘက်နိုင်ငံကို ကူညီထောက်ပံ့မှုဖြင့် စွပ်စွဲထားပြီး ၁၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကာ သံသယရှိသူအား အာမခံ မပေးဘဲ ချုပ်နှောင်ထားကြောင်း SBU မှ ပြောကြားခဲ့သည်။ 

ယူကရိန်းသည် နှစ်နိုင်ငံပဋိပက္ခကြားတွင် ရုရှားအပေါ် ထောက်ခံခဲ့သူများကို ပြင်းထန်စွာအရေးယူခဲ့သည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ယူကရိန်းအခြေစိုက် ခါကော့ဗ်ဒေသရှိ လူ့အခွင့်အရေး NGO တစ်ခု၏ အစီရင်ခံစာတွင် ရုရှားအား နည်းလမ်းအမျိုးမျိုးဖြင့် ကူညီသည်ဟု သံသယရှိသူပေါင်း ၇၀၀ ကျော်ကို ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့ကြောင်းဖော်ပြခဲ့သည်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ Odnoklassniki Website တွင် ရုရှား၏ စစ်ရေးအောင်မြင်မှုများအကြောင်း ပို့စ် သုံးခုမျှဝေခဲ့သည့် သက်ကြီးယူကရိန်း အမျိုးသမီးတစ်ဦးကိုလည်း ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည်။ 

ကိုးကား-RT

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့ကို တုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရပြော

မြောက်ကိုရီးယားအစိုးရက မိမိနိုင်ငံကို ကာကွယ်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၅ ရက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားကျွန်းဆွယ်အနီး ရေပိုင်နက်အနီး တွင်ပြုလုပ်ခဲ့သော တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ တို့ပူးပေါင်းပြုလုပ်သော လေကြောင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမေရိ

မြောက်ကိုရီးယားအစိုးရက မိမိနိုင်ငံကို ကာကွယ်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၅ ရက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားကျွန်းဆွယ်အနီး ရေပိုင်နက်အနီး တွင်ပြုလုပ်ခဲ့သော တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ တို့ပူးပေါင်းပြုလုပ်သော လေကြောင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်နိုင်ငံ၏ မဟာဗျုဟာမြောက် B-1B အမျိုးအစား ဗုံးကြဲလေယာဉ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများသည် မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးကို စိန်ခေါ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးရန်စမှုများသည် ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်လာနိုင်သည့်အန္တရာယ်မျိုး ဖြစ်လာနိုင် ကြောင်း" ပြောကြားခဲ့သည်။

၂ဝ၂၅ ခုနှစ် စတင်ချိန်ကတည်းက ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ တင်းမာမှုမြင့်တက်လာခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သော ဟိုက်ပါ ဆောနစ် ဒုံးကျည် စမ်းသပ်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်းသိရသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက "‌‌ဒေသအတွင်း တည်ငြိမ်ရေး၊ ကိုရီးယားကျွန်းဆွယ်တွင် ဟန်ချက်ညီမှုများကို ထိန်းသိမ်းနိုင်ရေးနှင့် အမေရိကန်၏ ရန်လိုမှုများကို တုံ့ပြန်နိုင်ရန် ကြိုတင်တားဆီးနိုင်ရေးအတွက် စစ်ရေးလေ့ကျင့်ခန်းများ ပိုမို လုပ်ဆောင်မည်ဖြစ်ကြောင်း" သတင်း ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ကင်ဂျုံအမ် ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှုများ အရှိန်မြင့် လုပ်ဆောင်ခဲ့ရာတွင် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီလ ၁၅ ရက်တွင် စတင်ခဲ့သော သုံးနိုင်ငံလေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းအတွင်း B-1B အမျိုးအစားဗုံးကြဲလေယာဉ်အပြင် တောင်ကိုရီးယား နိုင်ငံထုတ် F-15K အမျိုးအစား တိုက်လေယာဉ်၊ဂျပန်နိုင်ငံ ၏ F-2 အမျိုးအစား တိုက်လေယာဉ်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သုံးနိုင်ငံပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်ခန်းသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်၊ နျူကလီးယားများဖြင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်၊ ကြိုတင်ဟန့်တားရန်အတွက် မဟာမိတ် နိုင်ငံများ၏ လေကြောင်းစွမ်းရည် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။

ကိုးကား-NP News

ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်များကို စတင် ဖြန့်ကျက်မည်ဖြစ်ကြောင်း ကတိပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် Iron Dome နည်းဗျူဟာမြောက် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်ထုတ်လုပ်ပြီး ဖြန့်ကျက်ရန် ကတိပြုခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုတွင်  Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုလုံး စတင်တည်ဆောက်ရန် အမေရိကန်စစ်တပ်ကို အမိန့်ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ Capital One Sports Arena တွင် ပြုလုပ်သည့် လူထုစုဝေးပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့် က ထောက်ခံသူများကို ပြောကြားခဲ့ပါသည်။

ကိုးကား - TASS

Photo: The Times of Israel

အင်ဒိုနီးရှားသို့ BRAHMOS ဒုံးကျည်များတင်ပို့ရန် အိန္ဒိယနှင့်ရုရှားတို့က သဘောတူ

BRAHMOS ခရုဒုံးကျည်များကို   အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့်အစီအစဉ်တစ်ရပ်ကို အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က သဘောတူညီခဲ့ပြီဖြစ်ကြောင်း   အိန္ဒိယမီဒီယာတစ်ခုက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖော်ပြခဲ့သည်။

ဒုံးကျည်များရောင်းချမည့် အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဗြန်တိုက အိန္ဒိယနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

BRAHMOS ခရုဒုံးကျည်များ ဝယ်ယူနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယ၊ ရုရှားနိုင်ငံတို့နှင့်  အနည်းဆုံး ၇  နှစ်ကြာ စေ့စပ်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် ရုရှားနိုင်ငံပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Rosobo-ronexport လည်းပါဝင်ကြောင်း Hindustan Times က အဆိုပါအရောင်းအဝယ်ကိစ္စနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်၏ပြောကြားချက်ကို ကိုးကား၍ဖော်ပြသည်။

အိန္ဒိယ၊ ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အဆိုပါဒုံးကျည်များ ရောင်းချမည့် အစီအစဉ်အား သဘောတူညီပြီးဖြစ်သည်။    လက်နက်ရောင်းချရေးနှင့် စပ်လျဉ်းသည့် တရားဝင်ထုတ်ပြန်ချက်ကို မကြာမီထုတ်ပြန်လာနိုင်သည်။

အင်ဒိုနီးရှားနိုင်ငံသို့ BRAHMOS  ခရုဒုံးကျည်များရောင်းချရန်  သဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့တွင် တန်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ထုတ်ပြန်ချက်များအရ အဆိုပါဒုံးကျည်များ ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ချေးငွေပေးအပ်ရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။

N.A RT

Source: Myawady Web Portal

အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ်

အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ် သွားကြောင်း IRNA သတင်းအေဂျင်စီက ဇန်နဝါရီလ ၁၈ ရက်တွင်ဖော်ပြသည်။

သေနတ်သမားသည် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်းတွင် အာဏာပိုင်များက ၎င်းအားဖမ်းဆီးရန် ကြိုးပမ်းစဉ် မိမိကိုယ်ကို သတ်သေသွားခဲ့ကြောင်းသိရသည်။

သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် တရားသူကြီးများမှာ တရားရုံးချုပ်ရှိ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး   ၎င်းတို့သည် အမျိုးသားလုံခြုံရေးအတွက်   အန္တရာယ်ကျရောက်စေမည့် မှုခင်းများကို တိုက်ဖျက်ရာတွင်   နက်ရှိုင်းစွာပါဝင်နေသူများဖြစ် ကြောင်း အာဏာပိုင်အဖွဲ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်ကတည်းက ကြိုတင်စီစဉ်ထားသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း    အီရန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။       

  Ref: RT

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ထားထားနွယ်(၄၂)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအရှေ့ဘက် လေးမိုင်ခန့်အကွာရှိ ယာခင်းသို့ လမ်းလျှောက်ထွက်ခွာလာစဉ် ယာကြီးပြင်-အုတ်ရှစ်ကုန်း-အင်တောကျေးရွာချင်းဆက် လမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းင်းနိုင်ငံသက်ဆိုင်ရာဌာနများ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများအား ပြတ်ပြတ်သားသားတိုက်ဖျက်ကာ ခရီးသွားများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုံတန်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် စာဖြင့်ရေးသား ဖော်ပြခဲ့သည်။

ယင်းနေ့နံနက်ပိုင်းတွင် ပေထုံတန်က ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနစသည့် သက်ဆိုင်ရာဌာနများအား အစည်းအဝေးခေါ်ယူ၍ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ပထမလဝက်တွင် ထိုင်းနိုင်ငံ၏ နေ့စဉ် ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ခရီးသွားလာမှု အကြိမ်ရေသည် ယမန်နှစ် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက လျော့နည်းခြင်း မရှိကြောင်း အစည်းအဝေးက ထောက်ပြ ခဲ့သည်။ သို့သော် ယုံကြည်မှု တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် ပေထုံတန်က သက်ဆိုင်ရာဌာနများကို ထိုင်း ခရီးသွားလုံခြုံမှုအား အများသိရှိစေရေး အားဖြည့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ၎င်းကိုယ်တိုင် တရုတ်စာတန်းထိုးပါသော ဗီဒီယို ရိုက်ကူး၍ ခရီးသွားများထံသို့ လုံခြုံသည့် သတင်းစကား ပါးရန် စီစဉ်ထားကြောင်းသိရသည်။

ထို့အပြင် ထိုင်းခရီးသွားလုံခြုံရေးပုံရိပ်အား ထိခိုက်သည့် ပြဿနာကို အရှိန်မြှင့်ဖြေရှင်းပြီး ခရီးသွားယုံကြည်မှု ဘက်စုံမြှင့်တင်ရန် ပေထုံတန်က သက်ဆိုင်ရာ ဌာနအသီးသီးအား ဇန်နဝါရီ ၁၃ ရက် အစိုးရအဖွဲ့ အစည်းအဝေးတွင်တောင်းဆိုခဲ့သည်။ရဲအင်အားအပြည့် ဖြန့်ကျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ကာကွယ်မည် ဖြစ်ပြီး ခရီးသွားလုံခြုံရေးပညာပေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အစည်းအဝေးတွင် အဆိုပြုခဲ့ကြောင်း သိရသည်။ 

ကိုးကား-Myanmar National Post

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဘိုးထောင့်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျုံပျော်မြို့နယ်၊ ကြံလဟာကျေးရွာနေ ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်း (၄၉)နှစ်သည် ကြံလဟာကျေးရွာမှ ကျုံပျော်မြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ်  ဘိုးထောင့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားကျေးရွာအနီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာနေ ဦးထွန်းနိုင်ဦး (၅၂)နှစ်သည် ၎င်း၏နေအိမ်မှ ကျွဲနဖားကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျွဲနဖားကျေးရွာ အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။