ဥရောပနိုင်ငံများအနေဖြင့် ဥရောပတွင် တပ်ဖြန့်ထားသော အမေရိကန်စစ်သည်များကို ထောက်ပံ့မှုမပေးပါက အမေရိကန်စစ်သည်များကို ပြန်ခေါ်ရန်အတွက် ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း အီတလီသတင်းစာ တစ်စောင်က ဖော်ပြလိုက်သည်။

ဥရောပသံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းစာကဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ဥရောပ၌ အမေရိကန်စစ်သည် ၁သိန်းကျော်ရှိပြီး လက်တလောတွင် စစ်သည် ၂ သောင်းအား ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ကျန်ရှိနေသည့် စစ်သည်များအတွက် အထောက်အပံ့မပေးပါက တဖြည်းဖြည်းပြန်ခေါ်သွားမည်ဟုဆိုသည်။ အကြောင်းမှာ စစ်သည်များကို အမေရိကန် အခွန်ထမ်း ပြည်သူများက ထောက်ပံ့နေရခြင်းအတွက်ကြောင့်ဖြစ်ကြောင်းနှင့် ဥရောပတွင် တာဝန်ထမ်းဆောင်နေသောအမေရိကန်စစ်သည်များအတွက် အမေရိကန် အခွန်ထမ်းများက ပေးဆောင်ရန်မလိုဟု ဆိုပါသည်။
ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နေတိုးကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေကို ဖြည့်ဆည်းရန် ဘာလင်အစိုးရ၏ ပျက်ကွက်မှုကို တုံ့ ပြန်ရန်အတွက် အမေရိကန်သည် ဂျာမနီမှ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့ဖူးသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သမ္မတဂျိုးဘိုင်ဒန်က ဂျာမနီမှ အမေရိကန်တပ်များ ဆုတ်ခွာရန် စီစဉ်ထားမှုကို တရားဝင်ရပ်ဆိုင်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းအထိ ဥရောပတစ်ခွင်တွင် ဌာနခွဲအသီးသီးမှ အမေရိကန်တပ်ဖွဲ့ဝင် ၁သိန်း ခန့် တပ်စွဲထားပါသည်။
ကိုးကား-Myanmar National Post

အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ညှဉ်းပန်းနှိပ်စက်သည်ဟု စွပ်စွဲခံထားရသော အာဖဂန်နစ္စတန်မှ တာလီဘန်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးက ပြောကြားလိုက်ပါသည်။
စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်အပြီးတွင် ICC စုံစမ်း စစ်ဆေးရေးမှူးချုပ် Karim Khan ကအဆိုပါ ဝရမ်းရရန် လျှောက်ထားမှုကို ဇန်နဝါရီ ၂၃ ရက်နေ့က ကြေညာခဲ့ပါသည်။

ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားခံရသူနှစ်ဦးမှာ တာလီဘန် ထိပ်တန်းခေါင်းဆောင် Haibatullah Akhundzada နှင့် တရားသူကြီးချုပ် Abdul Hakim Haqqani တို့ဖြစ်ကြောင်း မစ္စတာ Khan က ပြောပါသည်။
၎င်းတို့နှစ်ဦးသည် ကျားမရေးရာအရ နှိပ်စက်ညှဉ်းပန်းမှုလုပ်ခဲ့သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာအရ ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်များရှိကြောင်း မစ္စတာ Khan က ပြောကြားခဲ့ပါသည်။
ဖြစ်ပျက်နေဆဲ နှိပ်စက်ညှဉ်းပန်းမှုများသည် နိုင်ငံတကာဥပဒေနှင့် ဖီလာဆန့်ကျင်နေပြီး ကျူးလွန်ခံရသူများ၏ အခြေခံအခွင့်အရေးထိခိုက်ဆုံးရှုံးမှုများ ဆိုးရွားစွာဖြစ်စေကြောင်း မစ္စတာ Khan က ပြောသည်။ ဖိနှိပ်ခံရသည့်အချက်များ၌ ပညာရေးနှင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ပါဝင်ကြောင်း ၎င်းကဆိုသည်။
အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများအပြင် LGBTQI+ အသိုက်အဝန်းသည်လည်း တာလီဘန်တို့၏ ဆက်တိုက်ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လျှောက်ထားမှုတွင် အတည်ပြုထားသည်ဟု စုံစမ်းစစ်ဆေးရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။
ICC တရားသူကြီးများက ဖမ်းဝရမ်းထုတ်နိုင်ရေးဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေးအရာရှိများတင်သွင်းသည့်အထောက်အထားများကို စတင်လေ့လာ သုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။
ကိုးကား-NHK World
Photo: X

အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီ ဟု ကြေညာထားသော ပါလက်စတိုင်း ဟားမတ်စ် ခေါင်းဆောင်တစ်ယောက်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဗီဒီယိုမှ စကားပြောနေသည့်ဖိုင်တစ်ခုထွက်ပေါ်ခဲ့သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂါဇာတွင် အစ္စရေးစစ်တပ်၏ ထိုးစစ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြထားကြပါသည်။

ဟူစိန်ဖေးယက် ဟုခေါ်သည့် ဟားမတ်စ်တိုက်ခိုက်ရေးတပ် အကြီးတန်းခေါင်းဆောင်ကို အစ္စရေးစစ်တပ်က တင့်ဖျက်ဒုံးများ၊ ရော့ကတ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မေလက သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်က အကြမ်းဖက်မှုများကို အပြီးတိုင် ဖျက်စီးနိုင်တော့မည်ဟု ဟစ်ကြွေးခဲ့ပါသည်။
ဖေးယက်ကိုဂျိုးထရက်စ်မန်ဆိုသူ ပို့စ်ပိုင်ရှင်က X လူမှု ကွန်ယက်ပေါ်မှ ဗီဒီယိုဖိုင်တစ်ခုတွင် ဟူစိန်ဖေးယက်က လူအုပ်စုတစ်ခုကို စကားပြောနေသည်ကို တင်ထားခြင်းဖြစ်ပြီး တဲလ်အဗစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးမှ ဖေးယက်နှင့်ဆင်တူသော်လည်း ၎င်းဒေသ၌ လူအုပ်လိုက်ကြီးရှိနေခြင်းမှာ ယုတ္တိမရှိကြောင်းဆိုသည်။ ဟားမတ်စ်-အစ္စရေးစစ်ပွဲတွင် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၂သောင်းခန့် သေဆုံးခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

ရုရှားသူလျှိုသင်္ဘောတစ်စင်းသည် ဗြိတိန်ရေပိုင်နက်အတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းမှာ ရုရှားတို့၏ သူလျှိုလုပ်ဆောင်မှုများ တိုးမြှင့်လာသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ရေတပ်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

Yantar ဟု အမည်ပေးထားသော အဆိုပါ သူလျှိုသင်္ဘောသည် အင်္ဂလိပ်ရေလက်ကြားကို ယခုအပတ်အတွင်း ဝင်ရောက်ဖြတ်ကျော်ခဲ့ကြောင်း၊ အဆိုပါသူလျှိုသင်္ဘောသည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ပထမအကြိမ် ဝင်ရောက်ခဲ့သဖြင့် ဗြိတိန်ရေငုပ်သင်္ဘောမှ သတိပေးလိုက်သဖြင့် မြေထဲပင်လယ်ဘက်သို့ ထွက်ခွာသွားသော်လည်း ယခုပြန်လည်ရောက်ရှိလာကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။
ဇန်နဝါရီ ၂၃ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံချိန် ကရင်မလင်ပြောခွင့်ရ Dmitry Peskov က Yantar သူလျှိုသင်္ဘော ဗြိတိန်ရေလက်ကြားထဲ ဝင်ရောက်ခဲ့မှု မေးခွန်းအပေါ် ထိုကိစ္စမှာ မိမိ အမှန်တကယ် ရင်းနှီးကျွမ်းဝင်မှုမရှိကြောင်းသာ ဖြေကြားထားပါသည်။
ကိုးကား-CNN

အမေရိကန်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံအတွင်း၎င်းတို့ဖြန့်ကြက်ထားသည့်Typhon ဒုံးပစ်စင်များကို လူဇွန်ကျွန်းရှိ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့မှ အရင်းအမြစ်တစ်ခုက ပြောသည်။
Typhon ဒုံးပစ်စင်များသည် Tomahawk ခရုစ် ဒုံးကျည်များအပါအဝင် ဘက်စုံသုံး ဒုံးကျည်များကို အကွာအဝေး ကီလိုမီတာထောင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်ပြီး တရုတ်နှင့် ရုရှားနိုင်ငံများအတွင်းရှိ ပစ်မှတ်များကိုပါ ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ပစ်ခတ်နိုင်မည်ဖြစ်သည်။

အမေရိကန်စစ်ဘက်သည် အဆိုပါဒုံးပစ်စင်များကို အစောပိုင်းတွင် Laoag လေတပ်အခြေစိုက်စခန်းတွင် ဖြန့်ကြက်ထားခဲ့သော်လည်း ယခုအခါ လူဇွန်ကျွန်းသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များသည် မကြာမီရက်ပိုင်းများအတွင်း ဒုံးပစ်စင်များနှင့်ဆက်စပ်ပစ္စည်းများအား C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တင်နေသည့်ပုံများကို ဂြိုဟ်တုမှဖမ်းယူရရှိခဲ့သည့် ပုံရိပ်များတွင်တွေ့မြင်ရကြောင်း Middlebury နိုင်ငံတကာလေ့လာမှုများဆိုင်ရာ အင်စတီကျုမှဂျက်ဖရီလူးဝစ်ကပြောကြားခဲ့ကြောင်းသိရသည်။
Typhon ဒုံးပစ်စင်များသည် အာရှဒေသအတွင်း အမေရိကန်ကဖြန့်ကြက်ထားသည့် သင်္ဘောဖျက်လက်နက်စနစ်များ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
Source: Myawady Daily Newspaper

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သော Linkedin သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်များကို တတိယအဖွဲ့အစည်းဖြစ်သည့် အခြားနည်းပညာကုမ္ပဏီများထံပေးပို့၍ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် Linkedin အထူးသုံးစွဲသူများ ( Premium users ) ကိုယ်စား အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးက တရားစွဲဆိုထားပါသည်။

AI လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်၍ Linkedin သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်များကို အသုံးပြုမည်ဟု ပြောကြား၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ ပြောင်းလဲလိုက်ပြီး တစ်လအကြာတွင် ထိုလုပ်ရပ်ကို ဖုံးကွယ်ထားသည့် Microsoft ပိုင်ဆိုင်သည့် ကုမ္ပဏီကိုလည်း တရားစွဲဆိုထားပါသည်။
သို့သော် အကယ်၍ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သုံးစွဲခွင့်မပေးလိုပါက ငြင်းဆိုနိုင်ကြောင်း မေးမြန်းခြင်းကဏ္ဍတွင် ထည့်သွင်းဖော်ပြထားခြင်းကလည်း Linkedin က ၎င်းတို့၏ လုပ်ရပ်အတွက် အကာအကွယ်ယူထားမှု ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါသည်။
“တရားစွဲဆိုချက်များက ကျိုးကြောင်းဆီလျော်မှုမရှိသော စွပ်စွဲချက်များသာဖြစ်ပါကြောင်း” Linkedin မှ တာဝန်ရှိသူက BBC ကို ပြောကြားထားပါသည်။
ကိုးကား-BBC

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာနှင့် မြင်စတောကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြင်စတောကျေးရွာနေသူများဖြစ်ကြသည့် မဇာဇာဖြိုး(၁၆)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစိန်ရွှေ(၆၀)နှစ်၊ ဦးခိုင်စိုး(၄၅)နှစ်၊ ဒေါ်စန်းမြင့်(၆၆)နှစ်နှင့် ဒေါ်ခင်သီတာ(၄၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ အဆိုပါကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့များကို ကူညီရန်အတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က တပ်ဖွဲ့ဝင်များကို မက္ကဆီကိုနှင့် ထိစပ်နေသောနယ်စပ်နေရာများ၌ ထပ်မံဖြန့်ကျက် ချထားခဲ့ကြောင်းသိရပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိန်းချုပ်ရန်ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်တွင် စစ်သည်ဦးရေ (၁၅၀၀)အား ထပ်မံဖြန့်ကျက်ချထားရန် အမိန့်အား ဒေါ်နယ်ထရမ့်က လက်မှတ်ရေး
တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့များကို ကူညီရန်အတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က တပ်ဖွဲ့ဝင်များကို မက္ကဆီကိုနှင့် ထိစပ်နေသောနယ်စပ်နေရာများ၌ ထပ်မံဖြန့်ကျက် ချထားခဲ့ကြောင်းသိရပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိန်းချုပ်ရန်ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်တွင် စစ်သည်ဦးရေ (၁၅၀၀)အား ထပ်မံဖြန့်ကျက်ချထားရန် အမိန့်အား ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောခဲ့ သည်။
တက္ကဆက်ပြည်နယ်၊ El Paso မြို့၌ အခြေစိုက်သည့် Joint Task Force-North ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် (၂၂၀၀) ခန့် သည် နယ်စပ်၌တပ်စွဲထားပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်သည်များသည် အမျိုးသားအစောင့်တပ်ဖွဲ့၊ အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့်အတူ တာဝန် ထမ်းဆောင်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါတပ်ဖွဲ့ဝင်များသည် အချက်အလက်များ စိစစ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၌ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ပင်တဂွန်သည် ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဆက်စပ်အဖွဲ့သားများနှင့်အတူ ရဟတ်ယာဉ်များကို စေလွှတ်သွားမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ရောဘတ်ဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါသည်။
၎င်းအပြင် ပင်တဂွန်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရန်အတွက် စစ်လေယာဉ်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်ဟုလည်း ရောဘတ်ဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနှင့်ထိစပ်နေသော နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်တစ်သောင်းဝန်းကျင် စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Washington Post က ရေးသားဖော်ပြခဲ့ပါသည်။
ကိုးကား-NP News

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနေလင်း(၇၅)နှစ်သည် ၎င်း၏နေအိမ်၌ သေဆုံးသွားသည့် သားဖြစ်သူ၏ရက်လည်ဆွမ်းသွတ်အား ပြုလုပ်ပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး (စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနေလင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၉ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းပြည်သူ့ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာနေ ကိုကြည်သာတော(၂၃)နှစ်သည် ၎င်း၏နေအိမ်မှ မိုးညှင်းမြို့သို့ ထွက်ခွာလာစဉ် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒေသအခေါ် ကျားဖြူကန်အနီးအရောက် PDF အမည်ခံ အကြမ်းဖက် သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe သည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

သင်္ဘောကိုယ်ထည်အမှတ်- ၅၄၅ ဟု သတ်မှတ်ထားသော Luohe မှာ တန်ချိန် ၅,၀၀၀ ခန့် အလေးချိန်ရှိကာ အဆိုပါ မျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်နိုင်ငံက အမှီအခိုကင်းစွာ ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေဒါရှောင်ကွင်းနိုင်သော နည်းပညာ၊ တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်များ၊ ပစ်အားပေါင်းစပ်မှု စသည့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားသည့်အတွက် အဘက်ဘက်မှ စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်ထားခြင်းလည်းဖြစ်သည်။
ယင်းစစ်သင်္ဘောသည် ကျယ်ပြန့်သော တိုက်ခိုက်ချေမှုန်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် အမျိုးမျိုးသော စစ်ရေးမစ်ရှင်များအတွက် ထက်မြက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသဖြင့် ရေတပ်အထူးတပ်ဖွဲ့များ၏ ဘက်စုံတိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။