ဥရောပနိုင်ငံများအနေဖြင့် ဥရောပတွင် တပ်ဖြန့်ထားသော အမေရိကန်စစ်သည်များကို ထောက်ပံ့မှုမပေးပါက အမေရိကန်စစ်သည်များကို ပြန်ခေါ်ရန်အတွက် ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း အီတလီသတင်းစာ တစ်စောင်က ဖော်ပြလိုက်သည်။

နျူကလီးယားလက်နက်များလျှော့ချမည့် အမေရိကန်၏အကြံအစည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ထောက်ခံကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အမေရိကန်အစိုးရအနေဖြင့် နျူကလီးယားလက်နက်များလျှော့ချနိုင်ရေးအတွက် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ယင်းအစီအစဉ်ကို ပူတင်က ထောက်ခံကြောင်းထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့မြို့၌ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပသည့်ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခသည် ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီလ ၂၄ ရက်တွင်ပြောကြားသည်။
ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံ၏အမျိုးသားလုံခြုံရေးအပေါ် ကျရောက်လာသည့်ခြိမ်းခြောက်မှုဖြစ်ပြီး ရုရှား၏စိုးရိမ်ပူပန်မှုများကို အနောက်နိုင်ငံများကအလေးထားရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ရေနံဈေးနှုန်းများနှင့်သက်ဆိုင်မှုမရှိကြောင်း ပက်စကော့ က သတင်းထောက်များကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့(အီးယူ)တွင် ဆိုလာစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုသည် ၂၀၂၄ ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်သွားခဲ့သည်ဟု ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည့် သုတေသနပြုချက်အရသိရသည်။

ပြင်သစ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်နျူကလီးယားနှင့်ရေအားလျှပ်စစ်စွမ်းအင်အရင်းအမြစ်များကို အသုံးပြုခြင်းအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ရုပ်ကြွင်းလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလာသည်။

လေဆိပ်နှင့်အနီးတွင် နေထိုင်ခြင်းသည် နှလုံး၏လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းတို့ ပိုမိုဖြစ်ပွားမည့်အန္တရာယ်ရှိကြောင်း လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြသည်။

အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ “သွင်းကုန်စည်းကြပ်ခွန် အစီအမံများသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအတွက်သာမက တခြား ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားကိုပါ အထောက်အကူ မဖြစ်စေနိုင်ကြောင်း” စီးပွားရေးနှင့်ကူး

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တောင်ပိုင်းနယ်နိမိတ်မှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို ယာယီရပ်တန့်ရန် အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီလ ၂၂ ရက်တွင် သမ္မတအမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းလုံခြုံရေးဌာန၊ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား အမေရိကန် တောင်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ချက်ချင်းနှင်ထုတ်ရန်၊ နေရပ် ပြန်ပို့ရန်နှင့် ဖယ်ရှားရန် လိုအပ်သည့် လှုပ်ရှားမှုအားလုံး လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်မြေပြင်တွင် အသေအပျောက်များနေသည်ဟု သတင်းထွက်ပေါ် နေသော်လည်း ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများက ပြောကြားလိုက်ပါသည်။

ရုရှားသူလျှိုသင်္ဘောတစ်စင်းသည် ဗြိတိန်ရေပိုင်နက်အတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းမှာ ရုရှားတို့၏ သူလျှိုလုပ်ဆောင်မှုများ တိုးမြှင့်လာသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ရေတပ်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။