ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာနေသည်ကို သမ္မတ ပူတင် စိုးရိမ်စပြုနေကြောင်း၊ ထိုသို့စီးပွားရေးယိုင်နဲ့လာခြင်းကြောင့် ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးညှိနှိုင်းလာနိုင်ဖွယ်ရှိကြောင်းနှင့် လက်ရှိကြုံတွေ့နေရသော စီးပွားရေးအကြပ်အတည်းများနှင့်ပတ်သက်၍ ကရင်မလင် အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များအား အပြစ်တင်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားထားပါသည်။
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုကဲ့သို့တားမြစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များနှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက် လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများ သက်ရောက်မှုများရှိစေခဲ့ကြ

တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၀)ကြိမ်ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် သေဆုံးသူ (၂၀၁၁) ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၅၅၇၆) ဦး ရှိခဲ့ကြောင်းသိရှိရသည်။

ကော့သောင်းမြို့ရှိနေအိမ်ကို ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ထပ်မံဆယ်ယူရန် ကြိုးပမ်းနေကြောင်း ဦးစံလင်းက NP News သို့ ပြောသည်။

အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီ ဟု ကြေညာထားသော ပါလက်စတိုင်း ဟားမတ်စ် ခေါင်းဆောင်တစ်ယောက်က ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဗီဒီယိုမှ စကားပြောနေသည့်ဖိုင်တစ်ခုထွက်ပေါ်ခဲ့သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂါဇာတွင် အစ္စရေးစစ်တပ်၏ ထိုးစစ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြထားကြပါသည်။

မော်စကိုက အမေရိကန်နှင့် လက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲများကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည် စတင်လိုကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇန်နဝါရီ ၂၄ ရက်တွင် ပြောဆိုခဲ့ပါသည်။
အမေရိကန်သည် မော်စကိုနှင့် ဆွေးနွေးမှုများကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ခြင်းသည် လက်နက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒများအတွက် သိသာစွာအားနည်းစေခဲ့ပြီး ထိုအချင်းအရာကို ရုရှားကပြုမူခဲ့ခြင်းမဟုတ်ဘဲ အမေရိကန်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၂၃ ရက် တွင် CIA ၏ ဒါရိုက်တာအဖြစ် သမ္မတ Donald Trump ၏ အမည်စာရင်းတင်သွင်းခံရသူ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း John Ratcliffe ကို ထောက်ခံအတည်ပြုခဲ့ကြသည်။
ဒီမိုကရက်ပါတီမှ ၂၀ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦးတို့ကလည်း ရီပတ်ပလီကင်ပါတီမှ အမည်စာရင်းတင်သွင်းမှုကို ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၅ မဲဖြင့် Ratcliffe ကို CIA ဒါရိုက်တာအဖြစ် အတည်ပြုခဲ့ကြသည်။

လူများ၏ ပါးစပ်ဖျားတွင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် သီချင်းများစွာကို သီဆိုခဲ့သူ အဆိုတော်ကြီး မာရဇ္ဇဟာ ဇန်နဝါရီ လ ၂၃ ရက်နေ့ ညဘက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ကိုနိုင်ဇော်က “မိမိ၏juke-boxBand နှင့် လက်တွဲခဲ့သည့် အဆိုကျော်(ကို)မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားကြောင်းသိရသဖြင့် မိသားစုနှင့် ထပ်တူကြေကွဲရပါကြောင်း” ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားပါသည်။
ကိုးကား-အင်တာနက်စာမျက်နှာ

လော့စ်အိန်ဂျလိစ်၊ သဘာဝဘေး
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဇန်နဝါရီလ ၂၂ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ထပ်မံဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့ရကြောင်းသိရသည်။
Hughes တောမီးဟုအမည်ပေးထားသည့် အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးအတွင်း သစ်တောဧက ၁၀၀၀၀ ကျော်လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံအတွင်း၎င်းတို့ဖြန့်ကြက်ထားသည့်Typhon ဒုံးပစ်စင်များကို လူဇွန်ကျွန်းရှိ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့မှ အရင်းအမြစ်တစ်ခုက ပြောသည်။
Typhon ဒုံးပစ်စင်များသည် Tomahawk ခရုစ် ဒုံးကျည်များအပါအဝင် ဘက်စုံသုံး ဒုံးကျည်များကို အကွာအဝေး ကီလိုမီတာထောင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်ပြီး တရုတ်နှင့် ရုရှားနိုင်ငံများအတွင်းရှိ ပစ်မှတ်များကိုပါ ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ပစ်ခတ်နိုင်မည်ဖြစ်သည်။