တရုတ်နိုင်ငံ၏ ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe သည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NCA)၏ ကွန်ပျူတာလုံခြုံရေးအကြံပေး၊ CIA ဝန်ထမ်းဟောင်း Eward Snowden ၏ ဇနီးဖြစ်သူ Lindsay Mills သည် ရုရှားနိုင်ငံသားဖြစ်ခွင့်လျှောက်ထားခဲ့ကြောင်း ရှေ့နေ Anatoly Kucherena ကပြောကြားခဲ့သည်။
Mills သည် ရုရှားနိုင်ငံတွင် ငါးနှစ်ကျော်နေထိုင်ခဲ့ပြီး ရုရှား၏နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ သတ်မှတ်ချက်ဥပဒေစံနှုန်းများနှင့်အညီ ဆောင်ရွက်နေကြောင်း Kucherena ကပြောသည်။

အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ရေး သဘောတူညီချက်အတွက် သံတမန်ရေးနှင့် ကာကွယ်ရေးမူဘောင်တွင် ပြင်ဆင်မှုများ ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရသစ်သည် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေးသဘောတူညီချက် ဒုတိယအဆင့် နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်လိုလားပြီး အစ္စရေး-ဆော်ဒီ သဘောတူညီချက်အတွက် လမ်းခင်းပေးလိုသည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။
ကိုးကား - Israeli Channel 12

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg အား ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တာဝန်ပေးထားကြောင်း သိရှိရပါသည်။

တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့သည် နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေး သဘောတူညီချက်အားသက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။
နှစ်နိုင်ငံကြားနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သက်တမ်းတိုးခြင်းကို တရုတ်ဗဟိုဘဏ်နှင့် သီရိလင်္ကာဗဟိုဘဏ်တို့ကြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လဲလှယ်ရန်သဘောတူထားသည့်စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ) သို့မဟုတ် သီရိလင်္ကာရူပီး ၄၁၀ ဘီလီယံဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အဆိုပါအဖွဲ့ကြီးက ဇန်နဝါရီလ၂၁ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ထရမ့်အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဟုမျှော်လင့်မိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အမေရိကန်နှင့်မိတ်ဖက်ပူးပေါင်းခြင်းကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ထားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင်ဖော်ပြသည်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး မကြာမီရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ၎င်း၏အကြံပေးများကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့မှအရင်းအမြစ်များကိုကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်အထွေထွေအကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့နေသည့်နိုင်ငံများအနက် တတိယနေရာတွင် ရပ်တည်နေခဲ့ပြီး ရေနံစိမ်းတင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ကြောင်း တရုတ်အထွေထွေ အကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၏ ကမ္ဘာပေါ်တွင် တစ်ခုတည်းသောလည်ပတ်နေသည့် ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် တစ်နာရီလျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်တစ်ဘီလီယံကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Rosatom နျူကလီးယားကော်ပိုရေးရှင်းကထုတ်ပြန်သည်။
Akademik Lomonosov ဟုအမည်ပေးထားသည့် အဆိုပါရေပေါ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ရုရှားအရှေ့ဖျားဒေသရှိ ချူကော့တာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌တည်ရှိပြီး လက်ရှိတွင် အပူနှင့်လျှပ်စစ်စွမ်းအားကို ထုတ်လုပ်ပေးနေသည့် ကမ္ဘာကြီး၏မြောက်ဘက်အကျဆုံးသောစက်ရုံအဖြစ် ရပ်တည်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ကားတာယာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်းစံချိန်တင်အဖြစ် ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အကောက်ခွန်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈၇၄ ဒသမ ၆ သန်းအထိမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကရရှိခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃၈၀ ဒသမ ၆ သန်းတန်ဖိုးရှိ ကားတာယာများကို တင်ပို့နိုင်ခဲ့သည်။