၂၀၁၇ ခုနှစ်တွင် အာရပ်ရှိ အရပ်သားများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲကာ ဆီးရီးယားသမ္မတဟောင်း ဘာရှာ အာဆတ်ကို ပြင်သစ်တရားသူကြီးများက ဖမ်းဝရမ်း အသစ်ထုတ်ပြန်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားပါသည်။
အသက် ၅၉ နှစ်ရှိ ဖရန်ကိုဆီးရီးယားလူမျိုး အမျိုးသား Salah Abou Nabout သေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့သည့် ပြင်သစ်အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံး၏ တောင်းဆိုချက်အရ အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။