သတင်းများ

ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းတို့ အိမ်ပြန်ခွင့်ရကြပြီ

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့် ကန့်သတ်ချက်များကို ဇန်နဝါရီ ၂၇ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးသည့်နောက် ပါလက်စတိုင်းတို့သည် ဂါဇာမြောက်ပိုင်းမှ ၎င်းတို့၏နေအိမ်များဆီသို့ ပြန်နေကြပြီဖြစ်သည်။

အရပ်သားအမျိုးသမီးတစ်ဦးအပါအဝင် နောက်ထပ် ဓားစာခံ ၃ ဦးကို ယခုလကုန်၌ ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်က ကြေညာပြီးသည့်နောက် အစ္စရေး၏ ယခုကဲ့သို့သော လုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပင်လယ်ကမ်းစပ်လမ်းတစ်လျှောက် မြောက်ဘက်သို့ခြေလျင်လျှောက်ကာ နေအိမ်များဆီ သို့ ပြန်နေကြသော လူစုလူဝေးကို ဝေဟင်မှ ရိုက်ကူးထားသည့်ပုံရိပ်များ၌ တွေ့ရပါသည်။

အိန္ဒိယကြီးချုပ် မိုဒီ ဖေဖော်ဝါရီလတွင် အမေရိကန်သို့ သွားရောက်မည်

ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ဖွယ်ရှိပြီး အမေရိကန်သည် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ခရီးစဉ်ကို တရားဝင်အတည်မပြုသေးသော်လည်း ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှုအတွင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

TikTok ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ထရမ့်ဆို

Short Video Social Media Platform “TikTok” ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၅ ရက်တွင်ဆိုခဲ့သည်။ အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကိုရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အိန္ဒိယနှင့်တရုတ်တို့သည် ငါးနှစ်ကြာ ဆိုင်းငံ့ထားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရန် မူအားဖြင့်သဘောတူညီခဲ့ကြပြီး နယ်နိမိတ်ပြဿနာများကြောင့် နှစ်ရှည်လများ တင်းမာ နေသည့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ခြေလှမ်းသစ် လှမ်းလာနိုင်ခဲ့သည်။နိုင်ငံခြားရေးအတွင်းဝန် Vikram Misri သည် ပေကျင်းသို့ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။   Covid-19 ကပ်ရောဂါကြောင့် အိန္ဒိယနှင့်တရုတ်ကြား တိုက်ရိုက်လေကြောင

အိန္ဒိယနှင့်တရုတ်တို့သည် ငါးနှစ်ကြာဆိုင်းငံ့ထားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် မူအားဖြင့်သဘောတူညီခဲ့ကြပြီး နယ်နိမိတ်ပြဿနာများကြောင့် နှစ်ရှည်လများ တင်းမာနေသည့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ခြေလှမ်းသစ် လှမ်းလာနိုင်ခဲ့သည်။ နိုင်ငံခြားရေးအတွင်းဝန် Vikram Misri သည် ပေကျင်းသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။ 

နှင်းတောင်ပေါ်မှ ပြုတ်ကျခဲ့သူ Apple Watch ကြောင့် အသက်ကယ်တင်နိုင်ခဲ့

Apple Watch က လွန်ခဲ့သည့်သီတင်းပတ်အတွင်း လူ ၃ ဦးကို ကယ်တင်သွားခဲ့ပါသည်။ ဇန်နဝါရီ ၂၂ ရက်နေ့ အာရုံတက်ချိန်၌ Chelan ကောင်တီရဲဌာနသို့ Apple Watch ဆီမှ ဂြိုလ်တု SoS အကူအညီတောင်းမှုတစ်ခု ဝင်လာခဲ့ပြီး နှင်းလျှောစီးစကိတ်သမားတစ်ဦးသည် ဒဏ်ရာရရှိထားပြီး အကူအညီလိုအပ်နေကြောင်းနှင့် ပေတစ်ထောင်အမြင့်မှ ပြုတ်ကျခဲ့ကြောင်း အရေးပေါ် မက်ဆေ့ဝင်လာခဲ့သည်ဟု သိရှိရသည်။ 

မက္ကဆီကိုနယ်စပ်တွင် ကင်းလှည့်နေသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မက္ကဆီကန်ဂိုဏ်းသားများ ပစ်ခတ်မှု ဖြစ်ပွား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းမှုအတွင်းမက္ကဆီကန်ဂိုဏ်းဝင်များဟု သံသယရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော သီတင်းပတ်က မက္ကဆီကိုနယ်စပ်တွင် အမျိုးသားအဆင့် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံအတွင်းရှိ သန်းနှင့်ချီသော တရားမဝင် ဝင်ရောက်နေထိုင်သူများကို နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် နယ်စပ်ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခဲ့သည်။

ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

ဆားဘီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Novi Sad တွင် မကြာသေးမီက ပြန်လည်မွမ်းမံထားသော ရထားဘူတာရုံတစ်ခု၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က မငြိမ်မသက်ဖြစ်မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှစတင်ကာ ကျောင်းသားဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဆားဘီးယားနိုင်ငံ၌ လူ ၁၅ ဦး သေဆုံး ခဲ့ပါသည်။

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ သီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို အထောက်အကူပြုစေမည်ဖြစ်

ပွင့်ဖြူ   ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများသီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ၏ပြောကြားချက်အရ သိရသည်။

မအူပင်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၂၀၃၆ ဧကစိုက်ပျိုးပြီးစီးနေပြီး လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိ

မအူပင်   ဇန်နဝါရီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၂၀၃၆   ဧကစိုက်ပျိုး ပြီးစီးနေပြီး လျာထားဧက  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး   ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ  လျာထားချက်ထက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ်   ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက် ၅၇၇ ဧက စိုက်ပျိုးရန်လျာထားသော်လည်း ၁၀၆၇ ဧက စိုက်ပျိုးနိုင်သည့်အတွက်လျာထားချက်ထက်    ပိုမိုစိုက်ပျိုးနိုင်ပြီး  ဟင်းသီးဟင်းရွက်စိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။