ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမနှင့် ဗိုလ်ချုပ်ပြတိုက်အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုရှိ အဆောက်အအုံ (၄၀)ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အဆောက်အအုံများသည် နှစ်ပေါင်း (၁၀၀) နှင့်အထက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ (၁၅) ခု၊ ပဲခူးတိုင်းဒေသကြီး၌ (၆) ခု၊ မန္တလေးတိုင်းဒေသကြီး၌ (၅) ခု၊ ဧရာဝတီတိုင်းဒေသကြီး၌ (၂) ခု၊ မကွေးတိုင်းဒေသကြီး၌ (၂) ခု၊ မွန်ပြည်နယ်၌ (၉) ခုနှင့်ရှမ်းပြည်နယ်၌ (၁) ခု ပါဝင်ကြောင်း သိရသည်။