သတင်းများ

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင်လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြ

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင် လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြခဲ့သည်။

သူပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေ

ပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေပြီး သမ္မတ Bashar al-Assad သည် ဆီးရီးယားတွင် ရှိနေသော်လည်း ၎င်း၏မိသားစု သည် နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ၎င်း၏သားသမီးများသည် ရုရှားနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာသွားကြပြီဖြစ်ကာ သားမက်ဖြစ်သူသည် ယူအေအီးကို ထွက်ခွာသွားကြောင်း The Telegraph သတင်းဂျာနယ်က ဖော်ပြသည်။

ဆိုးလ်မြို့က လူအုပ်ကြီးက သမ္မတ Yoon Seok Yul နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြ

Yonhap သတင်းထုတ်ဝေမှုတွင် တောင်ကိုရီးယား ပါလီမန်သည် သမ္မတအား စွပ်စွဲပြစ်တင်ရန် လိုအပ်သော မဲအရေအတွက်ကို မစုဆောင်းနိုင်ခဲ့ဟု ရေးသားထားသည်။ အာဏာရပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ လက်ရှိအာဏာရပါတီတွင် လွှတ်တော်အမတ် ၁၀၈ ဦးရှိပြီး လွှတ်တော်တွင် စုစုပေါင်း အမတ် ၃၀၀ ရှိကာ စွပ်စွဲပြစ်တင်ရန် ထောက်ခံမဲ ၂၀၀ လိုအပ်သည်ဟု သတင်းရရှိပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ် အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်း အောင်မြင်ပြီးနောက် ပြင်သစ်သမ္မတ Macron အား ရာထူးမှ နုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းအောင်မြင်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းနှင့် အစိုးရနုတ်ထွက်ရေးတို့ကြားတွင် ပြင်သစ်သမ္မတ Macron အား ရာထူးမှနုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိပါသည်။

ကိုးကား - Dmitry Orlov/TASS

တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်နေ

တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲ ပြစ်တင်ရန် ပြင်ဆင်နေကြောင်း Yonhap သတင်း ဖော်ပြမှုကို ကိုးကား၍ The Washington Post သတင်း က ဖော်ပြသည်။

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြား

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြားခဲ့သည်ဟု မော်စကိုမြို့ရှိ ရုရှားနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Cheong Loon Lai မှ TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကိုးကား - TASS 

Photo- Malaymail

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်းတန်ဖိုးရှိ နောက်ထပ် လက်နက် များနှင့်ပစ္စည်းကိရိယာများ ပါဝင်သော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အသစ်ကို ပြင်ဆင်နေ

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်းတန်ဖိုးရှိ နောက်ထပ်လက်နက်များနှင့်ပစ္စည်းကိရိယာများ ပါဝင်သော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အသစ်ကို ပြင်ဆင်နေကြောင်းReuters သတင်းဌာနမှ ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအကူအညီအတွက် ဒေါ်လာ ၂.၂၁ ဘီလီယံ ကျန်ရှိနေသဖြင့် သမ္မတဘိုင်ဒင်အစိုးရသည် ထိုပမာဏ၏ ထက်ဝက်နီးပါးကို ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် တွန်းအားပေးနေကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - Reuters

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် အီရန် နိုင်ငံရှိ Shahrud အာကာသစခန်းမှ ထူးဆန်းစွာ ကြီးမားသော ဒုံးကျည်တစ်စင်းကို လွှတ်တင်

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် အီရန် နိုင်ငံရှိ Shahrud အာကာသစခန်းမှ ထူးဆန်းစွာ ကြီးမားသော ဒုံးကျည်တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီ ကဖော်ပြထားသည်။

၎င်းဒုံးကျည်ပစ်လွှတ်မှုသည် ICBM စမ်းသပ်မှု သို့မဟုတ် အီရန်၏ MRBM အမျိုးအစား 'Khorramshahr' ဒုံးကျည်၏ ဗားရှင်းအသစ် စမ်းသပ်မှုဖြစ်နိုင်သလို Khorramshahr-4 သို့မဟုတ် ၎င်း၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံ

ဒီဇင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော်စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ F-16 ဂျက် တိုက် လေယာဉ်များကို ဒုတိယအသုတ်အဖြစ် ပေးအပ်

ဒိန်းမတ်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ F-16 ဂျက် တိုက် လေယာဉ်များကို ဒုတိယအသုတ်အဖြစ် ပေးအပ် ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လင်စကီးက ၎င်း၏ ထိပ်တန်းနိုင်ငံရေးသမားများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ပါရီမြို့သို့ သွားရောက်စဉ် ဒီဇင်ဘာ ၇ ရက်နေ့က ပြောကြားခဲ့ကြောင်း AP သတင်းအေဂျင်စီ က ဖော်ပြထားသည်။

ဇယ်လင်စကီးသည် ဒိန်းမတ်နိုင်ငံကို ချီးကျူးခဲ့ပြီး အခြားမဟာမိတ်နိုင်ငံများထံမှ ထောက်ပံ့မှုကင်းမဲ့မှုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။