သတင်းများ

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီး တို့သည် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးအတွက် Elysee နန်းတော်တွင် တွေ့ဆုံဆွေးနွေး

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီးတို့သည် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးအတွက် Elysee နန်းတော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနများက ဖော်ပြခဲ့ ကြသည်။

ဗလာဒီမာပူတင်  နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ  ဒီဇင်ဘာ ၁၉ ရက်တွင်  ကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ တစ်နှစ်တာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲနှင့် အမေးအဖြေကဏ္ဍကို လာမည့် ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရသူ Dmitry Peskov က ပြောကြားလိုက်သည်။ 

ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲနှင့် အမေးအဖြေ ကဏ္ဍသည် တတိယအကြိမ်မြောက် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ကိုဗစ်ကူးစက် ရောဂါကြောင့် နောက်နှစ်များတွင် ပြုလုပ်နိုင်ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်တွင်မှသာ စုပေါင်း၍ ဒုတိယအကြိမ် အဖြစ် ပြုလုပ်ခဲ့ပါသည်။ 

အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ ၈ ခုကို တရုတ် ဟက်ကာများ ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း  အမေရိကန် အိမ်ဖြူတော် ပြောကြား

အမေရိကန်နိုင်ငံရေးနယ်ပယ်ရှိ  ဩဇာရှိသူ ထိပ်ပိုင်း ပုဂ္ဂိုလ်များအား သူလျှိုထောက်လှမ်းရန်အတွက်  အနည်းဆုံး အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ ၈ ခုကို တရုတ်ဟက်ကာများ ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း  အိမ်ဖြူတော်မှ တာဝန်ရှိသူက ဒီဇင်ဘာလ ၄ ရက်က  ပြောကြားခဲ့ပါသည်။

ရုရှား၊  တရုတ်၊  မြောက်ကိုရီးယားတို့  တောင်ကိုရီးယား၏ နိုင်ငံရေး ဖရိုဖရဲဖြစ်နေမှုကို  စောင့်ကြည့်နေ

တောင်ကိုရီးယားသမ္မတ၏  ဒီဇင်ဘာလ ၃ ရက်နေ့က  ရုတ်တရက် စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ်   ပါလီမန်၊ အတိုက်အခံပါတီ၊ ပြည်သူများအကြား မကျေနပ်ချက်များနှင့် အုတ်အုတ်သဲသဲဖြစ်နေခြင်းကို  အမေရိကန်စစ်တပ် အနေဖြင့် စိုးရိမ်စိတ်ပူနေကြကြောင်း၊ ကမ္ဘာပေါ်ရှိ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြား အခြေစိုက် စခန်းများအနက် အင်အားအများဆုံး အခြေစိုက်သည့်နေရာမှာ တောင်ကိုရီးယားဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၃၀,၀၀၀ ခန့် တာဝန်ချထားကြောင်း၊ ထိုသို့ အင်အား တောင့်တင်းသော အခြေစိုက်စစ်တပ် ချထားခြင်းမှာ မြောက်ကိုရီးယား၏ ခြိမ်းခြောက်နေမှုကို စောင့်ကြည့်ရန်နှင့်မဟာဗျ

တောင်ကိုးရီးယား သမ္မတ ဘယ်သူဖြစ်လာမလဲ?

တစ်နိုင်ငံလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေမည့် စစ်အုပ်ချုပ်ရေး ကြေညာပြီး နှစ်ရက်အကြာတွင် တောင်ကိုးရီးယား သမ္မတYoon Suk Yeol ရာထူးမှ နုတ်ထွက်ပေးရန် လူထု၏ ထောက်ခံမှု မြှင့်တက်လျက်ရှိပါသည်။ 

အကယ်၍ သမ္မတ ယွန်းဆက်ယို ရာထူးမှနုတ်ထွက်ပါက လက်ရှိ ဝန်ကြီးချုပ် ဟန်ဒက်ဆိုသူသည် ကြားဖြတ်သမ္မတတာဝန်ယူပြီး အတိုက်အခံခေါင်းဆောင် Lee Jae  Myung သည်သမ္မတအသစ် ဖြစ်လာနိုင်ခြေအများဆုံး ရှိနေပါသည်။ 

အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထား

အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထားကြောင်း အမေရိကန် မီဒီယာ Axios ကဖော်ပြထားသည်။

ရုရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး

ရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လက်မှတ်ရေးထိုးအခမ်းအနား၌ ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့အကြား လုံခြုံရေး အာမခံချက်တွင် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက်များ အပါအဝင် တပ်ဖွဲ့အားလုံးကို အသုံးပြုနိုင်သည့်အချက် ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ရှုံးပွဲမရှိစံချိန်ကို ဘိုင်ယန်မြူးနစ်အသင်း ဆက်လက်ထိန်းထားနိုင်ခဲ့ပြီ

ဘိုင်ယမ်မြူးနစ်အသင်းဟာ ဟေဒင်ဟိမ်းအသင်းနဲ့ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)မှာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ သုံးပွဲသရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဖရန့်ဖက်အသင်းကို ‌ခြောက်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်

ပေကျင်း  ဒီဇင်ဘာ ၈

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဒီဇင်ဘာ ၄ ရက်က ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း ဂလိုဘယ်တိုင်းစ်သတင်းစာ သတင်းအရ သိရသည်။

ပါရာဂွေးနိုင်ငံ မြို့တော်အာဆွန်စီယွန်တွင် ကျင်းပခဲ့သည့် ယူနက်စကိုအဖွဲ့၏ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအစိုးရများအကြား ကော်မတီ၏ အမြဲတမ်းအစည်းအဝေးတွင် အထက်ပါအတိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နော့ထရီဒမ် ဘုရား‌ကျောင်းပြန်လည်ဖွင့်လှစ်သည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်

ပါရီ  ဒီဇင်ဘာ ၈

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ‌ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံရှိ နော့ထရီဒမ် ဘုရားကျောင်းပြန်လည်ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဘုရားကျောင်းသည် လွန်ခဲ့သည့် ငါးနှစ်က မီးဘေးသင့်ကာ ပျက်စီးခဲ့ရသည်။ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။