မကြာမီရက်အတွင်း ရုရှားက ယူကရိန်းကို Oreshnik missileဖြင့် ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် ပင်တဂွန် သတင်းထုတ်ပြန်ရေးအတွင်းဝန် Sabrina Singh က ၁၁-၁၂-၂၀၂၄ ရက်တွင် သတိပေး ပြောကြား လိုက်သည်။

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် တရားဝင်ထုတ်ပြန်လိုက်ပါသည်။

အမေရိကန်နိုင်ငံရှိ Computer Firewalls လုံခြုံရေးစနစ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ် အမျိုးသားတစ်ဦးနှင့် အပေါင်းအပါတို့အား ဖမ်းဆီးရန် အလိုရှိကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ သတင်းပေး နိုင်ပါက ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ပြောကြား ထားပါသည်။
တရုတ်ဟက်ကာတစ်ဦးဖြစ်သည့်အသက် ၃၀ အရွယ်တရုတ်အမျိုးသား Guan Tianfeng သည်တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင်နေထိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က အချိန်ပိုင်းသာကြာခဲ့သော ၎င်းထုတ်ပြန်ခဲ့သည့် စစ်ဥပဒေအရအုပ်ချုပ်ရေးအမိန့်ကို ကာကွယ်ပြောဆိုခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စွဲချက်တင်ခံရသည် ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရသည်ဖြစ်စေ ပြတ်သားစွာ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်တွင် ပြောခဲ့သော မိန့်ခွန်းတွင် မစ္စတာ Yoon က အတိုက်အခံများအား “နိုင်ငံကို ဆန့်ကျင်သော အင်အားစု” ဟု ခေါ်ဆိုလိုက်ပြီး ၎င်းတို့ကြောင့် တိုင်းပြည်နိုင်ငံရေးကို ရပ်တန့်သွားစေခဲ့ သည်ဟု စွပ်စွဲလိုက်ပါသည်။

တူရကီသမ္မတ Recep Tayyip Erdogan သည် တူရကီနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း တူရကီသမ္မတရုံးမှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြုလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထားပါသည်။
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအားစစ်ရေးအကူအညီပေးရေးအစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး ယင်းအစီအစဉ်တွင် လေကြောင်းကာကွယ်ရေး ပစ္စည်းများ၊ လက်နက်ကြီးများ၊ ဒရုန်းများနှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး ဂျွန်ကတ်ဘီ က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ပြောကြားခဲ့သည်။

Time မဂ္ဂဇင်းက အမေရိကန် ရွေးကောက်ခံသမ္မတ Donal Trump ကို တစ်နှစ်တာအတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
ကိုးကား - Time Magazine

အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်၏ တာဝေးပစ်လက်နက်များဖြင့် ရုရှားနိုင်ငံအား တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း Time မဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံပိုင်နက်အတွင်းသို့ မိုင်ရာနှင့်ချီသည့် ဒုံးကျည်များလွှတ်တင်ခြင်းကို လုံးဝကန့်ကွက်ပါကြောင်း၊ ၎င်းတို့က လက်ရှိစစ်ပွဲကို အရှိန်မြှင့်ပြီး ပိုမိုဆိုးရွား စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က Time မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင်ရောက်ရှိနေသော ရုရှားလုံခြုံရေး ကောင်စီ ဒုတိယ ဥက္ကဌ မက်ဗီဒက်သည် သမ္မတ Xi Jinping နှင့်တွေ့ဆုံခဲ့သည်ဟု သတင်းရရှိပါသည်။
ကိုးကား - ဒေသတွင်းမီဒီယာ

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။