ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားဖက်ဒရေးရှင်း၏ ၂၀၂၅ ခုနှစ်ဘတ်ဂျက်နှင့် ၂၀၂၆-၂၀၂၇ ခုနှစ် စီမံကိန်းကာလအတွက် ဘတ်ဂျက်တို့နှင့်စပ်လျဉ်းသည့် ဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
အဆိုပါဥပဒေအရ ရုရှားဖက်ဒရေးရှင်း၏ ပြည်ထောင်စု ဘတ်ဂျက်(ရငွေ)များမှာ ၂၀၂၅ ခုနှစ်တွင် ရူဘယ် ၄၀.၂၉၆ ထရီလီယံ(ဒေါ်လာ ၃၇၈.၅ ဘီလီယံ)၊ ၂၀၂၆ ခုနှစ်တွင် ရူဘယ် ၄၁.၈၄ ထရီလီယံ ( ဒေါ်လာ ၃၉၃ ဘီလီယံ)၊ ၂၀၂၇ ခုနှစ်တွင် ရူဘယ် ၄၃.၁၅၄ ထရီလီယံ (ဒေါ်လာ ၄၀၅.၃၄ ဘီလီယံ) မျှော်မှန်းထားပါသည်။