ဘိုင်ဒင်အစိုးရအဖွဲ့သည် တောင်ကိုရီးယားအစိုးရနှင့် ဆက်သွယ်နေပြီး လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။
ကိုးကား - The White House
ဘိုင်ဒင်အစိုးရအဖွဲ့သည် တောင်ကိုရီးယားအစိုးရနှင့် ဆက်သွယ်နေပြီး လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။
ကိုးကား - The White House
အတိုက်အခံခေါင်းဆောင် Lee Jae Myung က သမ္မတ Yun Seok Yul ကိုသမ္မတအဖြစ် ဆက်လက်မခန့်အပ်နိုင်ကြောင်းကြေညာခဲ့ပြီး လွှတ်တော်သို့ လာရောက်ရန် ပြည်သူများကို တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့် သတင်းထောက်များသည် ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံအတွင်းသို့ အထူးတပ်ဖွဲ့များ ဝင်ရောက်ခြင်းမှတားမြစ်ရန် ကြိုးပမ်းခဲ့ကြသည်။
ကိုးကား- ဒေသတွင်းမီဒီယာ
တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က တောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြောင်း နိုင်ငံပိုင် Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
သတင်းအေဂျင်စီ၏ အဆိုအရ တောင်ကိုးရီးယား သမ္မတသည် ညအချိန်တွင် ၎င်း၏ ရုံးခန်း၌ အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ၎င်းအား စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် ကြိုးပမ်းမှုများက ၎င်း၏ အာဏာပျက်ပြယ် သွားမည်ဖြစ်သောကြောင့် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး အမိန့်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
နေပြည်တော် ဒီဇင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
နေပြည်တော် ဒီဇင်ဘာ ၃
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အမေရိကန်အနေဖြင့် ထိုင်ဝမ်အားF-16 ဂျက်လေယာဉ်များနှင့် ရေဒါများအတွက် အပိုပစ္စည်းကိရိယာများ အပါအဝင် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းချရန် အတည်ပြုလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့တွင် ပြောကြားလိုက်မှုကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
အမေရိကန်၏ ထိုင်ဝမ်အပေါ် လက်နက်များရောင်းချမှုကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက တနင်္ဂနွေနေ့တွင် ကတိပြုပြောကြားလိုက်သည်။
တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ သီးသန့် စီးပွားရေးဇုန်(EEZ)တွင် ရုရှားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေခြင်းသည် လွန်စွာစိုးရိမ် ဖွယ်ရာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက် ပါသည်။
၂၀၂၄ ခုနှစ် အိုက်စလန်ရွေးကောက်ပွဲတွင် ဆိုရှယ် ဒီမိုကရက်တစ်ပါတီ အနိုင်ရကြောင်း တနင်္လာနေ့တွင် နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာလိုက်ပါသည်။ဆိုရှယ်ဒီမိုကရက်ပါတီက မဲအများဆုံး ရရှိသော်လည်း ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်မည်ဖြစ်ပါသည်။
သားဖြစ်သူ ဟန်တာဘိုင်ဒန် တရားစွဲဆိုခံနေရသည့် ရာဇဝတ်မှု ၂ ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါသည်။ ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ သေနတ်ဝယ်ယူမှုနှင့် အခွန်တိမ်းရှောင်မှုစသည့် ရာဇဝတ်မှုနှစ်ခုဖြင့် တရားစွဲဆိုခံထားသည့်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် အစီအစဉ် မရှိဟု ယခင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးသည်။
ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့ ရောက်ရှိခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
၎င်းသည် ယူကရိန်းခေါင်းဆောင် ဇယ်လင်စကီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယူရို သန်း ၆၅၀ တန်ဖိုးရှိ လက်နက်များကို ဒီဇင်ဘာလတွင် ယူကရိန်းသို့ ထပ်မံပေးပို့မည်ဟု ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား - Reuters