သတင်းများ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် CSTO အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့၌ မော်စကိုတွင် ကျင်းပပြုလုပ်မည့် မဟာ မျိုးချစ်စစ်ပွဲတွင် အောင်ပွဲခံခြင်း နှစ် ၈၀ပြည့် အထိမ်း အမှတ်အခမ်းအနားသို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် CSTO အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့၌ မော်စကိုတွင် ကျင်းပပြုလုပ်မည့် မဟာ မျိုးချစ်စစ်ပွဲတွင်အောင်ပွဲခံခြင်း နှစ် ၈၀ပြည့် အထိမ်း အမှတ်အခမ်းအနားသို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့ပြီး CSTO နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအား ရင်ပြင်နီတွင် ရုရှားစစ်မှုထမ်းများနှင့်အတူ ပါဝင်ဆင်နွှဲ ခွင့်ပြုမည်ဟု ပြောကြားခဲ့ကြောင်း ကရင်မလင် မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

ကိုးကား - kremlin.ru

ရုရှားနိုင်ငံ၏ သမ္မတဗလာဒီမာပူတင် က ကာဇက်စတန် နိုင်ငံတွင် ကျင်းပလျက်ရှိသည့်  CSTO ထိပ်သီးအစည်း အဝေးတွင် ပြောကြားချက်မှ ကောက်နုတ်ချက်များ

ရုရှားနိုင်ငံသည် မကြာမီကာလအတွင်း နောက်ထပ် လက်နက်များ ထပ်မံတီထွင်နိုင်မည်ဖြစ်ကြောင်း၊ ရုရှား နိုင်ငံထုတ်X-101 တာဝေးပစ်ဒုံးကျည်သည် ဥရောပနိုင်ငံ ထုတ်တာဝေးပစ်စနစ်များ၏ အကွာအဝေးကို သိသိ သာသာ ကျော်တက်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ Iskander စနစ်၏ ပြုပြင်မွမ်းမံမှုများသည် ATACMS ဗားရှင်းသုံးမျိုးလုံး၏စွမ်းရည်နှင့်ညီမျှကြောင်း  သမ္မတ ဗလာဒီမာပူတင် က CSTO ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုးကား - kremlin.ru

ရုရှားတပ်မတော်၏ အထူးစစ်ဆင်ရေး ဆောင်ရွက်မှု အစီရင်ခံစာ ထုတ်ပြန်

ရုရှားတပ်မတော်သည် အထူးစစ်ဆင်ရေး စတင်ချိန် မှစ၍ ယူကရိန်းတို့၏ စုစုပေါင်း လေယာဉ် ၆၄၉ စီး၊ ရဟတ်ယာဉ် ၂၈၃ စင်း၊ မောင်းသူမဲ့လေယာဉ် ၃၆,၈၈၂ စီး၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၅၈၆ စင်း၊ တင့်ကား၁၉,၅၂၀ စီးနှင့် အခြားသံချပ်ကာတိုက်ခိုက်ရေး ယာဉ် ၁,၄၉၂ စီး၊ ပစ်လွှတ်သည့် ဒုံးပျံစနစ် အပါအဝင် အမြောက် ၁၈,၆၄၇ လက်၊ စိန်ပြောင်း ၂၈,၇၈၃ လက်နှင့် အထူးစစ်ယာဉ်များကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ ၌ ၎င်းတို့၏ အထူးစစ်ဆင်ရေးဆောင်ရွက်မှု အစီရင်ခံ စာတွင် ဖော်ပြထားပါသည်။

စစ်ပွဲအတွင်း ယူကရိန်းတပ်မတော်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၆၀၀၀၀ မှ ၁၀၀,ဝဝဝ ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၄၀၀,ဝဝဝ သည် ဒဏ်ရာ အပြင်းအထန်ရဖွယ်ရှိကာ ဆက်လက်တိုက်ပွဲဝင်ရန် မဖြစ်နိုင်

“စစ်ပွဲအတွင်း ယူကရိန်းတပ်မတော်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၆၀၀၀၀ မှ ၁၀၀,ဝဝဝ ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၄၀၀,ဝဝဝသည်  ဒဏ်ရာ အပြင်းအထန်ရဖွယ်ရှိကာ ဆက်လက်တိုက်ပွဲဝင်ရန် မဖြစ်နိုင်” ဟု The Economist သတင်းက ရေးသား ဖော်ပြသည်။

တောင်ကိုးရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီ ပေးနေခြင်းကို ဆန့်ကျင်

တောင်ကိုရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီပေးနေခြင်းကို ဆန့်ကျင်ကြောင်း Reuters သတင်းကဖော်ပြပါသည်။

ယူကရိန်းနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံကို လက်နက် မျိုးစုံအတွက် အကူအညီပေးနိုင်ရန် တောင်းဆိုထားပြီး တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနှင့် ရုရှား တို့၏အနာဂတ်ခြေလှမ်းပေါ်တွင် မူတည်၍ ယင်းအကူ အညီကို စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ 

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

ရန်ကုန်တိုင်းရှိ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယနေ့ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ ငလျင်များလှုပ်ခတ်ခဲ့

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

(၇) လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်း ခွင့်ပြုခဲ့

နိုဝင်ဘာ ၁၇ ရက်

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်မှ မြန်မာလုပ်သား (၁၀၀၀)ကျော် ထပ်မံခေါ်ယူထား

နိုဝင်ဘာ ၁၅ ရက်

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

နိုဝင်ဘာ ၁၆ ရက်

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မကြာသေးမီက ” မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။