ကွာလာလမ်ပူ ဒီဇင်ဘာ ၂
မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ဒီဇင်ဘာ ၂ ရက်အထိ သေဆုံးသူ ခြောက်ဦးရှိလာကြောင်းနှင့် ကီလန်တန်ပြည်နယ်၌ သက်ကြီးရွယ်အိုနှစ်ဦး ရေနစ်သေဆုံးမှုသည် နောက်ဆုံးသေဆုံးမှုဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ကွာလာလမ်ပူ ဒီဇင်ဘာ ၂
မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ဒီဇင်ဘာ ၂ ရက်အထိ သေဆုံးသူ ခြောက်ဦးရှိလာကြောင်းနှင့် ကီလန်တန်ပြည်နယ်၌ သက်ကြီးရွယ်အိုနှစ်ဦး ရေနစ်သေဆုံးမှုသည် နောက်ဆုံးသေဆုံးမှုဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
လူမှုကွန်ရက်များ ထွန်းကားလာပြီးနောက် အိမ်တွင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်တွင်ဖြစ်ဖြစ် ထူးထူးခြားခြား တစ်ခုခု စားသောက်ပြီဆိုလျှင် လူမစားခင်ဖုန်းက အရင်စားခြင်းမှာ ယနေ့ခေတ်၏ အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။
ယခုတွင် သိပ္ပံပညာရှင်များက ထိုသို့ အစာစားနေစဉ် ဖုန်းသုံးခြင်းသည် ယဉ်ကျေးမှုမရှိရုံသာမကဘဲ ဖုန်းတွင် ကပ်ပါလာသည့် ရောဂါပိုးမွှားများကြောင့် ဘေးသင့်စေနိုင်ကြောင်း သတိပေးနေပြီဖြစ်သည်။
နေပြည်တော် ဒီဇင်ဘာ ၁
(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။
လာမည့်နှစ်တွင် ရုရှား၏ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ တို့၏ အသုံးစရိတ်ကို ကျန်းမာရေး ၊ ပညာရေးနှင့် လူမှုရေးမူဝါဒပိုင်းဆိုင်ရာတို့ထက် ပိုမိုများပြားစွာ သုံးစွဲ သွားမည်ဖြစ်ပါသည်။
ယူကရိန်းစစ်ပွဲ ဆင်နွှဲနေမှုအတွက် ရုရှား၏ ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် စစ်ဖက်ဆိုင်ရာ အသုံးစရိတ် အား ပိုမိုတိုးမြင့်စွာ သုံးစွဲမည့် ဘတ်ဂျက်အသစ်တစ်ခု ကို ရုရားသမ္မတပူတင်က ခွင့်ပြုလိုက်ပါသည်။
အသက် ၁၁၂ နှစ်အရွယ် ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံးအမျိုးသားဖြစ်သူ John Tinniswood သည် အင်္ဂလန် southport ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ တနင်္လာနေ့က ကွယ်လွန်သွားကြောင်း ဂရန်းနစ် မှတ်တမ်းက ကြေညာလိုက်ပါသည်။
၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် မွေးဖွားခဲ့သူ John Tinniswood သည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး အမျိုးသားတစ်ဦး ဖြစ်ပါသည်။
ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စနေနေ့ က လူ ၂၀၀ ထက်မနည်း သေဆုံးသွားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဌာန အရာရှိများ၏ ပြောပြချက်များအရ သိရှိရသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရိက္ခာထောက်ပံ့နေသည့် ကုန်တင်ကားများသည်လည်း ဖောက်ထွင်းခိုးယူမှုများ ကြုံတွေ့နေရသဖြင့် အထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားပါသည်။
အမေရိကန်၏လက်ရှိ FBI အကြီးအကဲရာထူးဖြစ်သည့် ဒါရိုက်တာဖြစ်သူ Christopher Wray နေရာတွင် ထရန့်၏ သစ္စာရှိလူယုံတော် Kashyap ‘Kash’ Patel ကို အစားထိုးခန့်အပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က စနေနေ့ ညနေပိုင်းတွင် ကြေညာလိုက်ပါသည်။
ရုရှားလေကြောင်းတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေကြောင်းတပ်ဖွဲ့တို့က အနောက် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပူးတွဲလေကြောင်း ကင်းလှည့်မှု ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ကင်းလှည့်မှုသည် ရုရှား-တရုတ်တို့၏ ၉ ကြိမ်မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှု၏ ဒုတိယ အဆင့်ဖြစ်ပြီး အခြားတတိယနိုင်ငံကို ရည်ရွယ်ထားခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ တိုးတက်လာမှုကို ဖော်ပြနေကြောင်း သိရှိရသည်။
ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်ကမစဉ်းစားထားကြောင်း သမ္မတ ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး Sullivan က ABC News သို့ ပြောကြားခဲ့သည်။
ကိုးကား - ABC News
ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ် နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာ ကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း IZ သတင်းဌာနကဖော်ပြထားသည်။