သတင်းများ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကာဇက်စတန် နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်နှင့် CSTO ထိပ်သီး အစည်းအဝေးအပြီးတွင် သတင်းထောက်များထံမှ မေးခွန်းများကိုဖြေကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်နှင့် CSTO ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်းထောက်များထံမှ မေးခွန်းများကို ဖြေကြားပေးခဲ့ကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ထားသည်။

ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် အနောက်နိုင်ငံထုတ် တာဝေးပစ် လက်နက်များ တပ်ဆင်ထားသည့် ယူကရိန်းတပ်စခန်းများကို တစ်ပတ်အတွင်းတိုက်ခိုက်

ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန် ရန်အတွက် အနောက်နိုင်ငံထုတ် တာဝေးပစ် လက်နက် များ တပ်ဆင်ထားသည့် ယူကရိန်းတပ်စခန်းများကို တစ်ပတ်အတွင်းတိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့ များသည် နိုဝင်ဘာလ ၂၅ရက် တနင်္လာနေ့တွင် ယူကရိန်းတို့၏ ATACMS ဒုံးကျည်ပစ်လွှတ်မှုစနစ် ၅ ခုကိုဖျက်ဆီးရန်အတွက် Iskander ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရုရှားတပ်မတော်၏ Iskander ဒုံးကျည်များသည် Sumy ဒေသတွင် ATACMS ဒုံးကျည်ပစ်လွှတ်စက် ၅ လုံး၊ MLRS ၂

နယ်သာလန်နိုင်ငံသည် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်သုံး ဒုံးကျည်သုံးစင်းကို ယူကရိန်းသို့ ထောက်ပံ့ပေးခဲ့

နယ်သာလန်နိုင်ငံသည် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်သုံး ဒုံးကျည်သုံးစင်းကို ယူကရိန်းသို့ ထောက်ပံ့ပေးခဲ့ကြောင်း နယ်သာလန် ကာကွယ်ရေးဝန်ကြီး Ruben Brekelmans က နိုဝင်ဘာလ၂၈ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း RIA Novosti က ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံသားများသည် ပြင်းထန်သည့် ဆောင်းရာသီ တွင် တိုက်ခိုက်မှုများ ဆိုးရွားစွာ ရင်ဆိုင်နေရသည့် အတွက် ၎င်းတို့ကို Patriot လေကြောင်းရန် ကာကွယ် ရေးစနစ် လောင်ချာသုံးစင်းပေးခဲ့ကြောင်း  Brekelmans က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Kursk ဒေသတွင် ဖမ်းဆီးခံခဲ့ရသော ဗြိတိန် ကြေးစား စစ်သား James Scott Rhys Anderson က ၎င်း၏ ယူကရိန်းခရီးစဉ်အတွက် နောင်တရကြောင်း ထုတ်ဖော် ပြောကြား

Kursk ဒေသတွင် ဖမ်းဆီးခံခဲ့ရသော ဗြိတိန် ကြေးစား စစ်သား James Scott Rhys Anderson က ၎င်း၏ ယူကရိန်း ခရီးစဉ်အတွက် နောင်တရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များသည် အဆိုပါ ဒေသအား ကျူးကျော်ခြင်းမပြုသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား -  BBC

ရုရှားတပ်မတော်သည် Kursk ဒေသကို ယူကရိန်း စစ်တပ်မှ စတင်ကျူးကျော်ချိန်မှစ၍ Kursk ဒေသ တိုက်ပွဲအတွင်း ချေမှုန်းနိုင်ခဲ့သည့် စာရင်းများ ထုတ်ပြန်

ရုရှားတပ်မတော်သည် Kursk ဒေသကို ယူကရိန်း စစ်တပ်မှ စတင်ကျူးကျော်ချိန်မှစ၍ Kursk ဒေသ တိုက်ပွဲအတွင်း စုစုပေါင်း ယူကရိန်းစစ်သည် ၃၆,၀၁၀ ဦး၊ တင့်ကား ၂၂၃ စီး၊ ခြေလျင်တိုက်ခိုက်ရေး ယာဉ် ၁၅၇ စီး၊ သံချပ်ကာ ၁၂၂ စီး၊ သံချပ်ကာတိုက် ခိုက်ရေးယာဉ် ၁,၁၉၉ စီး၊ စစ်သုံးယာဉ် ၁,၀၃၈ စီး၊ အမြောက် ၃၀၄ စင်း၊ HIMARS ၁၁ ခုနှင့် USA တွင်ပြုလုပ်သော MLRS ၆ ခုအပါအဝင် ဒုံးပျံစနစ်များ ၁၃ ခု၊ သယ်ယူပို့ဆောင်ရေးယာဉ် ၇ စီး၊ အီလက် ထရွန်နစ်စစ်ဆင်ရေးစခန်း ၇၀၊ လေကြောင်းရန် ကာကွယ်ရေး ရေဒါ ၄ စင်း၊ အင်ဂျင်နီယာတပ်ဖွဲ့ ရှင်းလင်းရေးယာဉ် ၁၃ စီး၊ UR-77 မိုင်းတစ်လုံ

နှစ်ဖက်လုံး ထိခိုက်ပျက်စီးစေမည့် အကောက်ခွန်စစ်ပွဲ ဖြစ်လာအောင်  မပြုလုပ်မိရန်တရုတ်နိုင်ငံပိုင် မီဒီယာ သတိပေး

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန်စည်း ကြပ်ရန် ကတိကဝတ်ပြုခြင်းသည် ကမ္ဘာ့ထိပ်သီး စီးပွားရေးနှစ်နိုင်ငံအကြား အပျက်သဘောဆောင်သည့်  အကောက်ခွန်စစ်ပွဲ ဖြစ်သွားနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၂၇ ရက်တွင် သတိပေးပြောကြား လိုက်ပါသည်။ “မိမိတာဝန်ယူသည့်ရက်မှစ၍ တရုတ် နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်မည်”ဟု   ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတဖြစ်လာမည့် ထရန့်က တနင်္လာနေ့တွင် ပြောလိုက် ခြင်းအပေါ် တရုတ်ဖက်က တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ 

လာအိုနိုင်ငံအတွင်းသို့ ယခုနှစ်ပထမ ၁၀ လအတွင်း ပြည်ပခရီးသွား ၃ ဒသမ ၃ သန်း ဝင်ရောက်

ဗီယင်ကျန် နိုဝင်ဘာ ၂၈

လာအိုနိုင်ငံအတွင်းသို့ ယခုနှစ် ပထမ ၁၀ လအတွင်း ပြည်ပခရီးသွား ၃ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် အရေအတွက်အားဖြင့် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် လာအိုနိုင်ငံပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွာလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံမှခရီးသွားများ လာအိုနိုင်ငံအတွင်းသို့ အများဆုံးလာရောက်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။

မော်လဒိုက် သို့မဟုတ် သွားရောက် လည်ပတ်ရန် ဈေးအကြီးဆုံး ခရီးစဉ်

နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။ 

၂၀၂၄ ခုနှစ်  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။ 

ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံး ပေါ်လက်နက်များအကြောင်းကို CSTO ထိပ်သီးအစည်း အဝေးတွင် ရှင်းလင်းပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံးပေါ်လက်နက်များအကြောင်းကို ၎င်း၏CSTO မိတ်ဖက်နိုင်ငံ များအား နိုဝင်ဘာလ ၂၈ ရက်နေ့၊ ကာဇက်စတန်နိုင်ငံ Astana တွင် ကျင်းပပြုလုပ်နေသည့် CSTO ထိပ်သီး အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း ကရင် မလင်သတင်းဌာနက ဖော်ပြထားသည်။