အမေရိကန်အစိုးရက တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုအတွက် ကန့်သတ်ချက်များ တင်းကျပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ အရေးပါသည့် ဓာတ်သတ္တုအချို့ တင်ပို့မှုကို တားမြစ်လိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုကို ဂဲလီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းတင်ပို့မှုများကို မူအားဖြင့် တားမြစ်ကြောင်းတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။