သတင်းများ

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြု

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြုကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှုစတင်

နိုဝင်ဘာ ၁၉

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှု စတင် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Wang ၏အမှုကို အမျိုးသားကြီးကြပ်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုအပြီးတွင် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြူနီစပယ်ပြည်သူ့ရှေ့နေချုပ်ရုံးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

PDF လက်နက်ကိုင်အဖွဲ့ အများဆုံးရှိသည့် မြန်မာပြည်အလယ်ပိုင်းဒေသတွင် အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှုတိုးလာ

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆ 

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့များစွာရှိနေပြီး အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှု ယခင်ထက်တိုးလာကြောင်း NP News က ရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံပြည်တွင်းစစ် တိုက်ပွဲတွေမှာ လက်နက်ကိုင်တွေဘက်က အမေရိကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေ ပါဝင်တိုက်ခိုက်နေ

၁၄.၁၁. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက သာမန်ဆိုရရင်တော့ အစိုးရနဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေပဲလို့ အပေါ်ယံအားဖြင့်တော့ ထင်မြင်ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခ ကြာရှည်လာတာမှာ မြန်မာနိုင်ငံအတွင်း ပြည်ပကနေ ခိုးဝင်လာကြပြီး ပြည်တွင်းစစ်ပွဲမှာ အစိုးရဆန့်ကျင်ရေးအင်အားစုတွေဘက်က ပါဝင်နေတဲ့ နိုင်ငံခြားသားတွေရှိလာနေတာကို The Telegraph သတင်းစာကြီးမှာ နိုဝင်ဘာလ ၁၃ ရက်က ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ ထင်ထင်ရှားရှားတွေ့ရနိုင်တယ်လို့လည်း ဆိုရမှာပါ။

မိုးကုတ် ဗုံးအကြဲခံရပြီးနောက်မှာ ထပ်အကြဲမခံရဖို့ Starlink အင်တာ နက်လိုင်းတွေနဲ့ CDMA ဖုန်းလိုင်းတွေ ပိတ်ဖို့ TNLA ညွှန်ကြား

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

မိုးကုတ်မြို့ ဗုံးအကြဲခံရပြီးနောက်မှာ ထပ်အကြဲမခံရဖို့အတွက် Starlink အင်တာနက်လိုင်းတွေနဲ့ CDMA ဖုန်းလိုင်းတွေ ပိတ်ပေးဖို့ TNLA ရဲ့ မိုးကုတ်ထွေအုပ်ရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ပုလဲကို သိမ်းဖို့ကြံနေတဲ့ BNRA ၊ BPLA နဲ့ PDF တပ်ပေါင်းစု လေကြောင်းချေမှုန်းခံနေရလို့ စတင်ဆုတ်ပြေး

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ပုလဲမြို့ကို သိမ်းဖို့ကြံရွယ်တိုက်ခိုက်နေတဲ့ ဗိုလ်နဂါးရဲ့ BNRA၊ မောင်ဆောင်းခတို့ BPLA နဲ့ PDF တပ်ပေါင်းစုကို လေကြောင်းက ဆက်တိုက်ချေမှုန်းနေတာကြောင့် ဒီနေ့လယ်က စ ဆုတ်ခွာပြေးနေရပြီလို့ မြေပြင်ကနဦးသတင်းတွေအရ သိရပါတယ်။

ပလက်ဝနဲ့ ရခိုင်မြို့ ၁၀ မြို့အပြင် နပခတပ်စခန်း ၈ ခုကိုပါ တစ်နှစ် အတွင်းသိမ်းယူနိုင်ခဲ့ဟု AA ထုတ်ပြန်

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ တစ်နှစ်တာကာလအတွင်း ချင်းနဲ့ ရခိုင်က မြို့ ၁၁ မြို့နဲ့ အဲဒီမြို့တွေက တပ်စခန်းတွေ သိမ်းယူခဲ့တဲ့အပြင် နပခ တပ်စခန်း ၈ ခုကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စစ်ရေးလှုပ်ရှားမှု တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့်ကလေးများ မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများအား မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၁၀)အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် ပုံစံများ ဖြည့်စွက်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင်နိုင်ကြောင်း ဖော်ပြထားသည်။

ASEAN Cup ပြိုင်ပွဲလက်ခံကျင်းပမည့်ကွင်းများ အတည်ပြုထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၂၆

အာဆီယံ‌ဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၄ ASEAN Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများလက်ခံကျင်းပမည့် ကွင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။