အမေရိကန်သည် ရုရှားအား သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သော ၁၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန် သို့ နျူကလီးယားလက်နက်များ တပ်ဆင်ချထားနိုင်ကြောင်း အတည်ပြု ထားသော အချက်အလက်များနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ၏ သုံးသပ်ချက်များကို ကိုးကား၍ Bloomberg သတင်းဌာနက ဇူလိုင် ၂၈ တွင်ဖော်ပြခဲ့သည်။

ထိုင်းအစိုးရက ကမ္ဘောဒီးယားသည် စစ်ရပ်စဲရေးသဘောတူညီချက် စတင်အသက်ဝင်ပြီးနောက်ပိုင်း ထိုင်းနယ်မြေအတွင်း ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၂၉ ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းထံ တိုင်ကြားခဲ့သည်။
ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားစစ်တပ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ သဘော တူညီခဲ့သည့် စစ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ကမ္ဘောဒီးယားဘက်မှ နယ်စပ်တစ်လျှောက် ထိုင်း နယ်မြေအတွင်း ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

ရုရှားအစိုးရသည် ပြည်တွင်းလိုအပ်ချက်များနှင့် စိုက်ပျိုးရေး ရာသီအတွက် ဈေးကွက်တည်ငြိမ်ရန်အတွက် ဓာတ်ဆီတင်ပို့မှုအား ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လကုန်အထိ သို့မဟုတ် စက်တင်ဘာလအထိ ယာယီတားမြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါအမိန့်တွင် အစိုးရများအကြား ကုန်သွယ်မှု သဘောတူညီထားသော နိုင်ငံများဖြစ်သည့် ယူရေးရှားစီးပွားရေး သမဂ္ဂ နိုင်ငံများ၊ မွန်ဂိုလီးယားနှင့် ဥဇဘက်ကစ္စတန်တို့ မပါဝင်ပေ။

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖီချိုင်ချွန် ဟာဝီရာ က ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ၏ စီးပွားရေးအပေါ် သက်ရောက်မှု ကို အမြန်ဆုံးပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
ကနဦးခန့်မှန်းချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာ ပဋိပက္ခတွင် ဘတ်ငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀၇ သန်း) ခန့် ဆုံးရှုံးခဲ့သည်။ ယင်းပမာဏတွင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များနှင့် ပျက်စီး ဆုံးရှုံးမှုများ ပါဝင်သော်လည်း စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မပါဝင်ပေ။

နယူးဒေလီ ၊ ဇူလိုင် ၂၉

တူရကီသည် အမေရိကန်လက်နက်များထက် ပိုမိုစွမ်းအားရှိသည်ဟု ကြော်ငြာထားသော Ghost တင့်ကားဖျက် ဗုံးအပါအဝင် ဗုံးမော်ဒယ် အသစ် ၂ မျိုးကို မိတ်ဆက်ခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က အစ္စတန် ဘူလ်တွင် ကျင်းပခဲ့သော International Defense Industry Exhibition (IDEF) တွင် တူရကီသည် ၉၇၀ ကီလိုဂရမ်အလေးချိန်ရှိသည့် NEB-2 Ghost ဥမင်ဖောက်ဗုံးအသစ်ကို ကြေညာခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသားများသည် ဇူလိုင် ၂၉ ရက်နေ့ ည သန်းခေါင်မှစတင်၍ စစ်ပြေငြိမ်းရေး စတင်ချိန်တွင် လွန်စွာ ဝမ်းမြောက် ခဲ့ကြပြီး အဆိုပါ သဘောတူညီချက် ရေရှည်မတည်တံ့မည်ကို စိုးရိမ်နေ ကြသည်။ ဇူလိုင် ၂၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့သည် မလေးရှားနိုင်ငံ Kuala Lumpur တွင် တွေ့ဆုံဆွေးနွေးပြီး စစ်ပြေငြိမ်းရေး သဘောတူညီခဲ့သည်။

ဗြိတိန်အစိုးရသည် Stratosphere (လေထုအထက်လွှာ) မှ ပစ်မှတ်များ အား ထောက်လှမ်းရန် အရပ်ဘက်လေယာဉ်အများစု ပျံသန်းနေသည့် အမြင့်ထက် ပိုမြင့်သောအမြင့် ၁၈-၂၄ ကီလိုမီတာတွင် ပျံသန်းနိုင်ပြီး တစ်ဆက်တည်း ၅ ရက်ကြာ အလုပ်လုပ်နိုင်သည့် ထောက်လှမ်းရေး ပူဖောင်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဇူလိုင် ၂၇ ရက် တွင် ကြေညာခဲ့သည်။

ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းတွင် မန်ဟက်တန်အလယ်ပိုင်းရှိ အထပ်မြင့် ရုံးအဆောက်အဦတစ်ခုအတွင်း သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယူးယောက်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ကာ သေနတ်သမား သည် အဆုံးစီရင် သွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ယူရေနီယမ် ထပ်တိုးသန့်စင်မှုကို ပြန်လည်စတင်ပါက ၎င်း၏နျူကလီးယား စက်ရုံ များကို ထပ်မံတိုက်ခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည့် တီဟီရန်မှ လွန်ခဲ့သည့်လက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများတွင် ထိခိုက်ခဲ့သည့် စက်ရုံများကို ပြန်လည် တည်ဆောက်ရန် ကတိပြုထားသည်။