သတင်းများ

ထရမ့်က ဗွန်ဒါလိုင်းယန်အား အလွယ်တကူ အနိုင်ရယူခဲ့ဟု အော်ဘန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်းယန်အား ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အပြတ် အသတ် လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ (EU) အတွက် အလွန်ဆိုးရွားသော သဘောတူညီမှုမျိုး ဖြစ်သွားရကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ထရမ့်သည် ကင် နှင့်တွေ့ဆုံလိုပါက နျူကလီးယားဖျက်သိမ်းရေး မူဝါဒ ကို စွန့်လွှတ်ရမည်ဟု မြောက်ကိုရီးယားပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြုံယမ်းကို နျူကလီးယား လက်နက် ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် လက်ခံရမည်ဖြစ်ပြီး နျူကလီးယား ဖျက်သိမ်းရေးမူဝါဒကို ဆက်လက် ကျင့်သုံးနေပါက နှစ်နိုင်ငံ ခေါင်းဆောင် များအကြား နောက်ထပ်တွေ့ဆုံရန် မဖြစ်နိုင်တော့ကြောင်း မြောက်ကိုရီးယား က အင်္ဂါနေ့ (ဇူလိုင် ၂၉) တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဩဇာအရှိဆုံးညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) မှတစ်ဆင့် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ကင်နှင့် ထရမ့်တို့၏ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးသည် "မဆိုးလှကြောင်း" ဝန်ခံပြောကြားခဲ့သည်။

မက်ဗီဒက်ဗ်က ထရမ့်အား ရုရှားသည် အစ္စရေး (သို့) အီရန်မဟုတ်ဟု ပြောဆို

ရုရှားနိုင်ငံ၏ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်ကဲ့သို့သော နိုင်ငံမျိုးမဟုတ်ကြောင်း၊ ထရမ့်၏ ခြိမ်းခြောက်မှုတိုင်းသည် နိုင်ငံတကာ ပဋိပက္ခကို တစ်လှမ်းချင်း နီးကပ်လာစေကြောင်း ပြောကြားခဲ့သည်။

ရုရှားလူမျိုးများကို ချစ်ခင်ကြောင်းပြောကြားခဲ့ပြီး တစ်ဆက်တည်း မှာပင် ဒဏ်ခတ်မှုအသစ်များ ချမှတ်နိုင်သည်ဟု ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားလူမျိုးများကို ချစ်ခင်ကြောင်း နှင့် ၎င်းတို့သည် ကြီးကျယ်သောလူမျိုးများဖြစ်သည်ဟု ဂုဏ်ပြု ပြောကြား ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက မော်စကိုကို ပိုမိုတင်းကျပ်သော ဒဏ်ခတ်အရေးယူမှုများဖြင့် ခြိမ်းခြောက်ခဲ့ပြီး ယူကရိန်းပဋိပက္ခ ဖြေရှင်းရန် အချိန်ကာလအသစ်သတ်မှတ်ခဲ့သည်။

ပူတင်နှင့် နေတန်ယာဟုတို့ တယ်လီဖုန်းဖြင့်ပြောဆိုဆွေးနွေးမှုကို ကရင်မလင် ထုတ်ပြန်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ဇူလိုင် ၂၈ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ကြောင်း ကရင်မလင်မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါခေါင်းဆောင် နှစ်ဦးသည် ဆီးရီးယားအခြေအနေနှင့် အစ္စရေး-အီရန် မကြာသေးမီက ပဋိပက္ခအရှိန်မြင့်တက်လာမှုများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

29 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က တရားလွှတ်တော်ရှေ့နေ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

29 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

29 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ် ဆောင်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

29 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

29 July 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)အနီး၌ လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် TOYOTA PROBOX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါခရီး သည် မောင်နိုင်(၄၆)နှစ်နှင့် ဘဂျမ်း(၂၇)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၅၀) ဖမ်းဆီးရမိခဲ့ကြောင်း။