ကဏ္ဍများ

တရားမျှတသည့်ရွေးကောက်ပွဲကျင်းပရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်း ထားသည်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဟု အတိအလင်းအသိပေးထားသည်။ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို စတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။ ယင်းအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် နောင်အစိုးရအတွက် လမ်းခင်းပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆန့်ကျင်နှောင့်ယှက်သူများအကြောင်းပြု၍ ရွေးကောက်ပွဲကို ယိုးမယ်ဖွဲ့ရန်အကြောင်းမရှိပေ။ လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်၌မူလကရှိပြီး ပြဿနာဖြစ်ပြီး ယခုနိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်ကပါရှိခဲ့သည့် ကိစ္စရပ်တစ်ခုမဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟူသည်မှာ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို အချိန်ယူပြီးဆောင်ရွက်ခြင်းဖြင့်သာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် မည်သည့်အရေးကိစ္စကိုမျှပြေလည်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ နိုင်ငံတော် ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းမည်ဆိုပါက ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးရမည်ဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရာ၌ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်များသည် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။ ယနေ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးအနေဖြင့် ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပေါ်ထွန်းလာမည့် လွှတ်တော်များတွင် မိမိတို့ဒေသ၊ မိမိတို့လူမျိုးလိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင်တင်ပြဆောင်ရွက်ပြီး အခွင့်အရေးများကို ရယူနိုင်မည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ပြည်သူလူထုလိုလားတောင့်တသည့် ဒီမိုကရေစီစနစ် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် လက်နက်ကိုင်ပဋိပက္ခများကြားမှပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခဲ့သည်ကိုသာဓကယူပြီး နိုင်ငံတော်က လုံခြုံရေးကို စနစ်တကျတာဝန် ယူဆောင်ရွက်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စနစ်တကျဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်သွားမည်ဆိုပါက ရွေးကောက်ပွဲအောင်မြင်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်အချိန်အခါက ရွေးကောက်ပွဲကို အပိုင်းလိုက်ဆောင်ရွက်နိုင်ခဲ့သည့် သာဓကများရှိသည်။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးစနစ်နှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို စနစ်တကျအဆင့်ဆင့်အကောင်အထည်ဖော်လျက်ရှိပြီး ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာပါက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထားရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။

ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ဖြစ်ပေါ်ခဲ့သော အမှားအယွင်းများကို ဖြေရှင်းပေးမှုမရှိခြင်း၊ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စနစ်တကျဖွဲ့စည်းပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော သာမန်မဟုတ်သည့် အခြေအနေများ၌ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တာဝန်ထမ်းဆောင်မှုသက်တမ်းတိုးခြင်းများကို ဆောင်ရွက်ခဲ့ရာ တိုတောင်းလှသည့် ကာလအတွင်း အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံချစ်စိတ်ဖြင့် အခက်အခဲအကျပ်အတည်းများကြားမှ အခြေအနေကောင်းတစ်ခုသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမိန့်အမှတ် ၁/၂၀၂၅ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၁ အား ပယ်ဖျက်ခဲ့သည့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။ ထို့နောက် အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများ ပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို လေးနှစ်ကျော်ကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်လွှဲပြောင်းဆောင်ရွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ မှ ၄၃၀ အထိ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ နိုင်ငံတော်အကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ နိုင်ငံတော်တာဝန်များအား ထမ်းဆောင်သွားမည့် ကိစ္စရပ်များကို ထောက်ခံကြိုဆိုရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ယူခဲ့သည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သလို လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း စည်းစနစ်ကျနစွာဖြင့် အဆင့်ဆင့်ဆောင်ရွက်နိုင်အောင် တည်ဆောက်ခဲ့ပြီးဖြစ်၍ ဖွဲ့စည်းခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အဆင့်ဆင့်အား ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ရာ ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း အစဉ်အလာကောင်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေအရ ပေးအပ်ထားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးဖြစ်၍ နိုင်ငံတော်၏ အနာဂတ်ရှေ့ခရီးကို စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။ အခက်အခဲများကြားမှ နိုင်ငံတော်နှင့်ပြည်သူအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုကို ဖြတ်သန်းတော့မည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ စနစ်တကျစီမံဆောင်ရွက်နိုင်မှု၊ မြော်မြင်တွေးခေါ်နိုင်စွမ်းရှိမှု၊ အားလုံးပါဝင်ကြိုးစားအားထုတ်မှုနှင့်အတူ ပြည်သူများ၏ လက်တွဲပူးပေါင်းပါဝင်မှုတို့ဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

လာမည့် ခြောက်လတာနှင့် ပြည်သူတို့တာဝန်

လေးနှစ်ခွဲကြာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များမှာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အားလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်၍ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြ

လေးနှစ်ခွဲကြာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များမှာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အားလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်၍ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုကာလသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာသုံးရပ်ကို ကျင့်သုံးဆောင်ရွက်သွားမည့်ကာလဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးချိန်အထိ နိုင်ငံတော်အာဏာကို ကျင့်သုံးသွားရမည်ဖြစ်ပြီး ကြားကာလအတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသားပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားရေးတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်သည့်အလျောက် ဦးတည်ချက် (၄) ရပ် ချမှတ်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ယင်းဦးတည်ချက် (၄) ရပ်တို့မှာ-

၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။

၂။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး။

၃။ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး။

၄။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ဖြစ်ရာ နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အခြေအနေ အချိန်အခါများနှင့် ကိုက်ညီသည့် ဦးတည်ချက်များပင်ဖြစ်သည်။

လာမည့် ခြောက်လတာကာလသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အပြီးသတ်ပြင်ဆင်ပြီး အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည့် ကာလဖြစ်သည်။ လက်ရှိအချိန်အထိ တည်ဆဲနိုင်ငံရေးပါတီ ၅၅ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၄၆ ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) ကို အသုံးပြုသွားမည်ဖြစ်ရာ တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမည်ဖြစ်သည်။

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေကျင်းပရမည်ဖြစ်ရာ မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများ ကျင့်သုံးနိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်‌ရေး ပြည်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်

၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးမှာ အချိုးအကွေ့တစ်ခုသို့ ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခါစ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရင်းရှင်တို့၏ ကိုလိုနီစနစ်အပေါ် နာကြည်းမှုများဖြင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော လက်ဝဲအယူအဆများအပေါ် တိမ်းညွှတ်ခဲ့ကြသည်။ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများ ထူထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့သော်လည်း သမိုင်းရေးအခြေအနေများအရ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်သည်။

၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းကာလတွင် ဗဟိုဦးစီးစနစ်၏ ပြောင်းလွယ်ပြင်လွယ်မရှိမှု၊ စီမံကိန်းချ စီးပွားရေးစနစ်များ မအောင်မြင်မှုတို့အပြင် အခြားသောအထွေထွေ အကြောင်းရင်းခံများကြောင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ကို အများပြည်သူတို့ ငြီးငွေ့စိတ်ပျက်လာသည်။ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုအားကျကာ လက်ဝဲဝါဒများ နေဝင်ချိန်သို့ရောက်လာသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုအများစုက တစ်ပါတီဗဟိုဦးစီးစနစ်ကို စွန့်လွှတ်ကာ ပါတီစုံဒီမိုကရေစီစနစ်သို့သွားလိုကြောင်း ၁၉၈၈ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆန္ဒပြုခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြဋ္ဌာန်းကာ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းစတင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီ အစိုးရနှစ်ဆက်မျှသာရှိသေးသည့် မိမိတို့နိုင်ငံမှာ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည်နှင့်အမျှ အတွေ့အကြုံမှာလည်း နည်းလှသေးတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ၏ အသာစီးယူမှု၊ ဥပဒေကျော်လွန်ဆောင်ရွက်မှု၊ မသမာမှုနှင့် အမှုများမရှင်းဘဲ လွှတ်တော်ကို ဇွတ်ခေါ်ရန် ကြိုးပမ်းမှုတို့က နိုင်ငံတော်တွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေသို့ ကျရောက်စေခဲ့သည်။ ဤသို့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာခဲ့ရပြီးနိုင်ငံတွင် ချွတ်ချော်တိမ်းစောင်းခဲ့ရသော ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းခဲ့ရာ ယခုအခါ လေးနှစ်ခွဲသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် လေးနှစ်ခွဲကြာ ဖြတ်သန်းခဲ့ရသည့် ခရီးကိုပြန်ကြည့်မည်ဆိုလျှင် စိန်ခေါ်မှုများ၊ ခက်ခဲကြမ်းတမ်းမှုများနှင့်အညီ ဖြစ်ပေါ်တိုးတက်မှုများစွာကိုလည်း တွေ့ရှိနိုင်သည်။ အကယ်၍သာ အဖျက်အမှောင့် အနှောင့်အယှက်များ ကင်းရှင်းခဲ့မည်ဆိုလျှင် မျက်မှောက်ကာလ၏ နိုင်ငံရေးအခင်းအကျင်းများ တစ်မျိုးတစ်ဖုံဖြစ်နေနိုင်သည်။ ရွေးကောက်ပွဲရလဒ်အပေါ် ထင်သလိုလုပ်ခွင့်မရခဲ့သည့် နိုင်ငံရေးသမားတို့မှာ အကြမ်းဖက်သမားများဘဝသို့ ရောက်ရှိသွားခဲ့ကြပြီး လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများအပေါ် ထင်သလိုခြယ်လှယ်နေသူများ၊ နောက်လိုက်နောက်ပါများ မွေးမြူပြီး ကိုယ်ကျိုးစီးပွား အကြီးအကျယ် ရှာဖွေကြသူများ၊ နယ်စားပယ်စားစစ်ဘုရင်၊ စစ်အာဏာရှင်များဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့မှာမူပြီးခဲ့သည့် လေးနှစ်ခွဲကာလအတွင်း အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများကို ဒေသအနှံ့အပြားတွင် ကျားကုတ်ကျားခဲ တိုက်ခိုက်ချေမှုန်းခဲ့ရသလို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှု၊ အင်အားအလွန်ကြီးမားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊ အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်မှုအပေါ် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ၊ အရေးပေါ်တုံ့ပြန်မှုများ၊ ပြန်လည်ထူထောင်မှုများကို အတူတကွရင်ဆိုင်၊ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကျော်လွှားခဲ့ရသည်။

ယနေ့မှစ၍ လအနည်းငယ်မျှ ကျော်လွန်ပြီးသည့်နောက်တွင် မြန်မာပြည်သူလူထုသည် မိမိတို့၏ကိုယ်စား နိုင်ငံ့အရေးအရာများကို တာဝန်ယူဆောင်ရွက်ကြရမည့် ကိုယ်စားလှယ်များကို ဆန္ဒမဲပေး ရွေးကောက်ကြရတော့မည်ဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲနှင့် ဆန္ဒမဲပေးခြင်းတို့သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်ရာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အနှောင့်အယှက်ကင်းကင်း၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။

ဤဥပဒေသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်တို့အတွက် ရည်ရွယ်ပြီး ပြဋ္ဌာန်းလိုက်သော ဥပဒေဖြစ်သည်။

ဥပဒေတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ကြီးကြပ်မှုဗဟိုကော်မတီသည် ရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်နှင့်မူဝါဒများ ချမှတ်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ်တို့တွင် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းပေးခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ ဥပဒေနှင့်အညီ ဒေသဆိုင်ရာကော်မတီ များကိုလမ်းညွှန်ခြင်း၊ လုံခြုံရေးကိုထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းယူခြင်းနှင့် အရေးယူဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

ဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဥပဒေနှင့်အညီ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ တောင်းခံနိုင်သည်။ ကြီးကြပ်မှုကော်မတီသည် ပုဒ်မ ၁၂ နှင့် ၁၃ အရ အကြောင်းကြားလာပါက သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့သို့ အကြောင်းကြားရမည်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့က သင့်လျော်သည့် လုံခြုံရေးဆောင်ရွက်ပေးရမည့်အပြင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် လိုအပ်သည့် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။ မည်သူမျှပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန်ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ မိမိအလိုအလျောက်နာကျင်စေခြင်း၊ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း မပြုလုပ်ရ။ မည်သူမျှ မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူတစ်ဦးဦးကိုဖြစ်စေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ မိမိအလိုအလျောက်နာကျင်စေခြင်း၊ အပြင်းအထန်နာကျင် စေခြင်းမပြုလုပ်ရ။ မည်သူမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက မဲဆွယ်စည်းရုံးခြင်း မပြုလုပ်နိုင်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ မိမိအလိုအလျောက် နာကျင်စေခြင်း၊ အပြင်းအထန်နာကျင်စေခြင်းတို့ကို မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။

ဤဥပဒေသည် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လိုက်နာရမည့်ဥပဒေများကို ပြည့်စုံစွာ ပြဋ္ဌာန်းထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက၊ ပြစ်မှုထင်ရှားပါက ချမှတ်ခံရမည့် ပြစ်ဒဏ်များကိုလည်း သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ထုတ်ပြန်လိုက်သောဤဥပဒေသည် ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်ပူပန်မှုများကို အကာအကွယ်ပေးထားသော ဥပဒေဖြစ်၍ ဥပဒေ၏အကာအကွယ်ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

အကြမ်းဖက်အဖျက်လုပ်ရပ်များစွန့်လွှတ် နိုင်ငံတည်ဆောက်ရာတွင် အကျိုးပြုပါဝင်

အငြင်းပွားမှုအချို့ရှိနေသည့်တိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲလိုက်ကြခြင်းက ဒေသအတွင်း မြင့်တက်လာသည့် တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ကျသွားစေသည်။ ရက်အနည်းငယ်မျှသာဖြစ်ခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်ပင် အသေအပျောက်၊ အပျက်အစီးများ နှစ်နိုင်ငံလုံး၌ရှိခဲ့ရာ အကယ်၍သာ တစ်ဖက်ဖက်က သဘောထားတင်းမာစွာဖြင့် ပဋိပက္ခကို ရှည်ကြာစေခဲ့မည်ဆိုလျှင် ဤစစ်ပွဲသည် ရှုံးသူလည်းရှုံး၊ နိုင်သူလည်းရှုံးသည့်နိဂုံးသို့ ဆိုက်ရောက်သွားကြမည်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက စောစောစီးစီး အဆုံးသတ်လိုက်ကြခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာမည့် ကြီးမားသည့်ဆုံးရှုံးမှုမျ

အငြင်းပွားမှုအချို့ရှိနေသည့်တိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲလိုက်ကြခြင်းက ဒေသအတွင်း မြင့်တက်လာသည့် တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ကျသွားစေသည်။ ရက်အနည်းငယ်မျှသာဖြစ်ခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်ပင် အသေအပျောက်၊ အပျက်အစီးများ နှစ်နိုင်ငံလုံး၌ရှိခဲ့ရာ အကယ်၍သာ တစ်ဖက်ဖက်က သဘောထားတင်းမာစွာဖြင့် ပဋိပက္ခကို ရှည်ကြာစေခဲ့မည်ဆိုလျှင် ဤစစ်ပွဲသည် ရှုံးသူလည်းရှုံး၊ နိုင်သူလည်းရှုံးသည့်နိဂုံးသို့ ဆိုက်ရောက်သွားကြမည်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက စောစောစီးစီး အဆုံးသတ်လိုက်ကြခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာမည့် ကြီးမားသည့်ဆုံးရှုံးမှုများကို ရပ်တန့်ထားနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

တစ်ဆက်တည်းအားဖြင့်ဆိုရလျှင် မိမိတို့ပြည်တွင်းအရေး၌ နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့က ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်လက်ကမ်းပေးထားသော်လည်း ငြိမ်းချမ်းရေးကိုတန်ဖိုးထားခြင်း၊ စိတ်ဝင်စားခြင်းကင်းမဲ့သော စစ်သွေးကြွ EAO များနှင့် အခြားလက်နက်ကိုင်များကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေပြီး နိုင်ငံ၏အရင်းအမြစ်များ ဆုံးရှုံးနေရသည်။ စစ်သွေးကြွလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖော်ဆောင်သည့် မြို့ရွာများမှ လူနေအိမ်ခြေတိုက်တာများ၊ ရုံးဌာန၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားဆက်သွယ်ရေး အခြေခံအဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများပျက်စီးရခြင်း၊ ဒေသတွင်းအခြေခံစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များပျက်စီးရခြင်း၊ ဒေသခံပြည်သူများ ထိခိုက်သေကျေဒဏ်ရာရမှုများဖြစ်ပေါ်ခြင်းတို့မှာ ငွေကြေးတန်ဖိုးပမာဏအားဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ်ဘီလီယံများစွာ နိုင်ငံအနေဖြင့် ဆုံးရှုံးနစ်နာနေပြီဖြစ်သည်။

ယခုအခါ နိုင်ငံတော်အစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဖြစ်မနေကျင်းပသွားရန် သန္နိဋ္ဌာန်နှင့်အညီ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကြိုးပမ်းရာတွင် ပြည်တွင်းဒေသအသီးသီးတို့၏ တည်ငြိမ်အေးချမ်းမှုတို့ကို ဖျက်ဆီးနေပြီး နိုင်ငံပြိုကွဲပျက်စီးစေနိုင်သည်အထိ အန္တရာယ်ကြီးသည့် အကြမ်းဖက်လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။ လက်နက်ကိုင်သောင်းကျန်းသူများမှာ ၎င်းတို့ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည့် မြို့ရွာဒေသများတွင် ၎င်းတို့၏ ဇာတိရုပ်အစစ်အမှန်နှင့် အကျင့်စရိုက်အစစ်အမှန်များ ပေါ်ထွက်လာခဲ့ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများမှာ ၎င်းတို့ အပေါ်မလိုလားမှု၊ ဆန့်ကျင်မှု၊ နာကြည်းမုန်းတီးမှုတို့ဖြစ်ပေါ်ခဲ့ကြပြီး တပ်မတော်ကိုလိုလားမှု၊ အားကိုးမှု၊ ပိုမို၍ ပူးပေါင်းဆောင်ရွက်မှုတို့ ပြုလုပ်လာကြကာ ပိုမို၍လည်း ထောက်ခံအားပေးလာကြသည်။ EAO များနှင့် ၎င်းတို့၏ အပေါင်းအပါလက်နက်ကိုင်အဖွဲ့များ ယာယီအားဖြင့်ထိန်းချုပ်ထားသည့် မြို့ရွာဒေသများကို ပြီးခဲ့သည့်ရက်သတ္တပတ် အနည်းငယ်အတွင်း တပ်မတော်က ပြန်လည်တိုက်ခိုက်ထိန်းချုပ်လာခဲ့ရာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအချင်းချင်း စိတ်ဝမ်းကွဲခြင်း၊ မယုံသင်္ကာမှုများ အပြန်အလှန်ဖြစ်ပေါ်ခြင်း၊ အောက်ခြေလက်နက်ကိုင်အဖွဲ့ဝင်များအတွင်း စိတ်ဓာတ်ကျဆင်းခြင်းတို့ ဖြစ်ပေါ်လာကြသည်ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ကြရသည်။ နဂိုကတည်းက အကျပ်ကိုင်ဖိအားပေး အဓမ္မလူသစ်စုဆောင်းခံထားခဲ့ရသည့် အောက်ခြေလက်နက်ကိုင် အဖွဲ့ဝင်များမှာ ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်အပေါ် ယုံကြည်မှုမရှိခြင်း၊ စိတ်ကုန်လာခြင်း၊ ၎င်းတို့အဖွဲ့များအတွင်း မတော်မတရားမှုများကို ရွံရှာစက်ဆုပ်ခြင်း စသည်တို့ကြောင့် ဥပဒေဘောင်အတွင်း တဖွဲဖွဲ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

တော်လှန်ရေးဟု အမည်ခံထားသော လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးတို့၏ နိုင်ငံတော်ဆန့်ကျင့်ရေး လက်နက်ကိုင်လမ်းစဉ်မှာ နိုင်ငံကိုလည်းကောင်း၊ လူမျိုးနှင့် ဒေသကိုလည်းကောင်း အကျိုးမပြု နိုင်သောဟောင်းနွမ်းနေပြီဖြစ်သည့် မမှန်ကန်သည့်လမ်းစဉ်ဖြစ်သည်။ အောက်လက်ငယ်သားတို့ကို အတွေးအခေါ်အမှားတို့ဖြင့် ဝါဒမှိုင်းတိုက် ဦးနှောက်ဆေးကြောကာ တိုက်ပွဲဝင်ခိုင်းပြီး ထိပ်ပိုင်းခေါင်းဆောင်တို့က ကြီးပွားချမ်းသာသည်ထက် ချမ်းသာအောင် အကျိုးစီးပွားရှာဖွေ ရယူနေကြသည်ကိုလည်း တွေ့နိုင်သည်။ သို့ဖြစ်ရာ အကြမ်းဖက်အဖျက်လုပ်ရပ်များကို စွန့်လွှတ်၍ မိမိတို့၏ ကာယ၊ ဉာဏ စွမ်းအားတို့ကို နိုင်ငံတည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ကြခြင်းဖြင့် နိုင်ငံအကျိုးပြုသူများအဖြစ် ခံယူနိုင်ကြပါစေကြောင်း။ ။

MOI

ပြင်သစ်နိုင်ငံက စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု မက်ခရွန် ဆို

ပြင်သစ်နိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာမည်ဟု ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရန်နှင့် အရပ်သားပြည်သူများ အား ကယ်တင်ရန်ဖြစ်ကြောင်း၊ ချက်ချင်းအပစ်ရပ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ် ပေးခြင်းနှင့် ဂါဇာဒေသပြည်သူများထံ လူသားချင်းစာနာမှုအကူအညီ ပမာဏ အများအပြားပံ့ပိုးခြင်း တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်) ၏ စစ်ရေးမဖော်ဆောင်မှုနှင့် ဂါဇာကမ်းမြောင်ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ပြန်လည်တည်ဆောက်မှုကို မဖြစ်မနေ အာမခံရမည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်၍ ၎င်း၏ ရှင်သန်တည်ရှိနိုင်မှုစွမ်းရည် အား အာမခံရမည်ဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ၎င်းတို့က စစ်ရေးမဖော်ဆောင်မှုအား လက်ခံ၍ အစ္စရေးအား ဘက်စုံအသိအမှတ်ပြုသည့် အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ ဘုံလုံခြုံရေး ကိစ္စရပ်များတွင် ပါဝင်စေရမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ယူဆကြောင်းဆိုသည်။

စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ပြင်သစ်နိုင်ငံ၏ အဆိုပါလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ဆိုခဲ့သည်။ ၎င်းက လူမှုမီဒီယာတွင် ပို့စ်တင်၍ “ပြင်သစ်နိုင်ငံက စပိန်နှင့် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုသည့် အခြားသော ဥရောပနိုင်ငံများစာရင်းမှာ ပါဝင်လာသည့်အတွက် ကြိုဆိုပါသည်” ဟု ဆိုခဲ့သည်။

“မိမိတို့က “အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု” ဖျက်ဆီးရန်ကြိုးပမ်းနေသည့် အရာအားလုံးကို အတူတကွ စောင့်ရှောက်ရပါမည်” “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” သည် ပါလက်စတိုင်းပြဿနာအား ဖြေရှင်းသည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း Pedro Sánchez က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားလာ ကတည်း က စပိန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဆလိုဗေးနီးယားနှင့် ဥရောပနှင့် အာဖရိကနိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

မက်ခရွန်က ယခုနှစ် ဧပြီလတွင် အီဂျစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ပြီးနောက် ပြင်သစ်နှင့် ဆော်ဒီ အာရေဗျတို့သည် ဇွန်လတွင် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်မှု တွန်းအား ပေးရေးအတွက် ကုလသမဂ္ဂ အစည်းအဝေးအား အတူတကွ ကြီးမှူးကျင်းပရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံက ထိုအချိန်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုနိုင်ကြောင်း ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါ အစည်းအဝေးသည် အစ္စရေးနှင့် အီရန်၏ ဇွန်လတွင် ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ 

ကိုးကား- ဆင်ဟွာ

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းဒေသနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို တရုတ် ကိုယ်စားလှယ် ချေပပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင် ၂၄ ရက် ကျင်းပသည့် ကုလသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားရာတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို ချေပပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် ဖုချုံးက အမေရိကန်ကိုယ်စားလှယ်၏ ရှင်းကျန်းဒေသဆိုင်ရာကိစ္စရပ်များ အပေါ် အခြေအမြစ်မရှိ စွပ်စွဲပြောဆိုမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ပြီး အပြည့်အဝငြင်းဆိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ရှင်းကျန်းဒေသသည် လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေးသာယာဝပြောဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိပြီး သမိုင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အကောင်းဆုံး ကာလကို ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် ရှင်းကျန်းဒေသဆိုင်ရာ အကြောင်းအရာ များကို အချိန်ပေးကြံစည် သတင်းလုပ်နေခြင်း၊ တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြံစည်နေခြင်းသည် ၎င်း၏ ဗိုလ်ကျကြီးစိုးမှု ပင်ကိုစရိုက်၊ “စံနှုန်းနှစ်မျိုးသတ်မှတ်ခြင်း” ပုံစံကို ပေါ်လွင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော ၆ နှစ်ကာလအတွင်း များပြားလှသော အစ္စလာမ်မစ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း တစ်ရာကျော်သည် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးအသွင်ပြောင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် မတူညီသော နည်းလမ်း များဖြင့် ထုတ်ဖော်ပြသခဲ့ရာ ယင်းက “ရှင်းကျန်းဒေသကိုအသုံးချခြင်းဖြင့် တရုတ်ကိုထိန်းချုပ်မည့်” အမေရိကန်၏ ကြံစည်မှုသည် ပျက်စီးခဲ့ရပြီး တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်အား တားဆီးထိန်းချုပ် ရေးဖြင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်မည့် ဆိုးရွားသော ရည်ရွယ်ချက်မှာ လုံးဝ မအောင်မြင်ကြောင်း အပြည့်အဝပြသထားသည်ဟု ဖုချုံးက ထောက်ပြခဲ့သည်။

အမေရိကန်အနေဖြင့် မူစလင်တို့၏ လူ့အခွင့်အရေးကို အမှန်တကယ်ဂရုစိုက်ပေးလိုပါက ဂါဇာ၏ လူ့ပြည်ငရဲဘုံကဲ့သို့ဖြစ်နေသော အခြေအနေကို အဘယ်ကြောင့် လျစ်လျူရှုထားသနည်း၊ ပါလက် စတိုင်းပြည်သူများ၏ သမိုင်းကြောင်း မတရားမှုများကို အဘယ်ကြောင့် မျက်ကွယ်ပြုထားသနည်း ဟု ဖုချုံးက ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်းနိုင်ငံအတွင်း သေနတ်အကြမ်းဖက်မှုများ၊ လူမျိုးရေးခွဲခြားမှုစသည့် နာတာရှည် ပြဿနာများကို မျက်ကွယ်ပြုလျက်၊ နိုင်ငံ့ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာချိုးနှိမ် ခံရမှုကို ဂရုမစိုက်ဘဲ လူ့အခွင့်အရေးအကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စ များကို စိတ်ကြိုက်ဝင်ရောက်စွက်ဖက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှ ပြည်သူများ၏ လူ့အခွင့် အရေးကို ထိပါးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ပြန်လည် သုံးသပ်ခြင်း၊ နည်းလမ်းများ ပြောင်းလဲခြင်းဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်း ကာကွယ်ရေးအတွက် ကောင်းမွန်သော၊ လက်တွေ့ကျသောကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် ဖျောင်းဖျ လိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခ၏ ဇစ်မြစ်

ထိုင်းနှင့် ကမ္ဘောဒီးယား ပြင်းထန်သည့် နယ်စပ်တိုက်ပွဲဖြစ်ရသည်အထိ ပဋိပက္ခ ဖြစ်ရသည့် အကြောင်း ရင်းသည် နှစ်နိုင်ငံ နယ်စပ်ရှိ Preah Vihear ရှေးဟောင်းဘုရားကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာအငြင်းပွားမှုများက အခြေခံပါသည်။

အဆိုပါအငြင်းပွားမှုသည် ၁၉ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ကိုလိုနီက အင်ဒိုချိုင်းနားဒေသ၏ နယ်နိမိတ်များ စတင်သတ်မှတ်ခဲ့သည့်အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၄ ခုနှစ်တွင် ထိုင်းနှင့် ပြင်သစ်တို့သည် နယ်စပ်ကို သဘာဝရေဝေကြော (watershed line) အတိုင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ရေးဆွဲခဲ့သည့် မြေပုံ၌ Preah Vihear ဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက်အတွင်း ပါဝင်နေသည်ကို တွေ့ရပြီး ရေဝေရေလဲအနေအထားအရ ထိုင်းပိုင်ဆိုင်ရမည့်အခြေအနေတွင်ရှိနေပါသည်။

ဘုရားကျောင်း၏ သဘာဝအနေအထားအရ ထိုင်းဘက်ခြမ်းကို ပို၍မျက်နှာမူ တည်ဆောက်ထား ခြင်းကြောင့် ထိုင်းနိုင်ငံက အဆိုပါသတ်မှတ်မှုကို ကျေနပ်ခဲ့ခြင်းမရှိပေ။ အဆိုပါအချိန်ကာလက ထိုင်းနိုင်ငံသည် ယင်းမြေပုံကို တရားဝင်လက်ခံခဲ့သည်ဟု ယူဆရသော်လည်း နောက်ပိုင်းတွင် မြေပုံသည် မှားယွင်းနေသည်ဟု ငြင်းဆိုခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် ကမ္ဘောဒီးယားက ပြင်သစ်တို့ ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ထိုင်းစစ်တပ်က အဆိုပါဘုရားကျောင်းကို သိမ်းပိုက် လိုက်သည်။

၁၉၅၉ ခုနှစ်တွင် ကမ္ဘောဒီးယားက ယင်းပြဿနာကို နယ်သာလန်နိုင်ငံ The Hague ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကို တင်ပြခဲ့သည်။ ၁၉၆၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ICJ က Preah Vihearဘုရားကျောင်းသည် ကမ္ဘောဒီးယားပိုင်နက် ဖြစ်ကြောင်း ၉ မဲ ၃ မဲနှင့် ဆုံးဖြတ်ချမှတ်ခဲ့သည်။ ထိုင်းကိုလည်း ဘုရားကျောင်းဧရိယာမှ စစ်တပ်များကို ရုပ်သိမ်းရန်နှင့် ၁၉၅၄ ခုနှစ်နောက်ပိုင်း သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံတွင် မကျေနပ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး သံတမန် ရေးရာ တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုင်းက အမိန့်ကို လိုက်နာခဲ့သော်လည်း ဘုရားကျောင်း ပတ်ဝန်းကျင်မှ ၄.၆ စတုရန်းကီလိုမီတာ နယ်မြေကို ဆက်လက်ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် Preah Vihear ဘုရားကျောင်းကို ကမ္ဘောဒီးယား၏ တစ်ဦးတည်း လျှောက်ထားမှုအရ UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ထိုင်းအမျိုးသားရေးသမားများကို အမျက်ထွက်စေခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားစေခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ဖက်စစ်တပ်များအကြား ပုံမှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံး အသေအပျောက်များ ရှိခဲ့သည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားက ၁၉၆၂ ခုနှစ် ICJ ၏ စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ICJ က ၁၉၆၂ ခုနှစ် စီရင်ချက်ကို အဓိပ္ပာယ်ပြန်ဖွင့်ပေးခဲ့ပြီး ဘုရားကျောင်းတည်ရှိရာ ကုန်းမြင့်တစ်ခုလုံးကို ကမ္ဘောဒီးယား အချုပ် အခြာ အာဏာပိုင်ဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ထိုင်းကိုလည်း အဆိုပါဒေသရှိ စစ်တပ်အင်အားများ၊ ရဲတပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော် အငြင်းပွား နေသည့် ၄.၆ စတုရန်းကီလိုမီတာ ဧရိယာတစ်ခုလုံးကိစ္စကို အဆုံးအဖြတ် မပေးခဲ့ပေ။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ယခုအချိန်အထိ Preah Vihear အပါအဝင် အခြားရှေးဟောင်း ဘုရား ကျောင်းအချို့တည်ရှိရာ နယ်စပ်ဒေသများတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်မြေအငြင်းပွား မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ရာမှ ယခုကဲ့သို့ ဒုံးကျည်များ၊ တိုက်လေယာဉ်များ ပါဝင်လာသည်အထိ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်နက်အင်အားနှင့် အရာရာတွင် ထိုင်းကိုမယှဉ်သာသော်လည်း ကမ္ဘောဒီးယားအတွက် Preah Vihear ဘုရားကျောင်းသည် အမျိုးသားရေးအရ ဂုဏ်ယူစရာ အမှတ်အသားတစ်ခုဖြစ်သကဲ့သို့ ထိုင်းအတွက်လည်း နယ်မြေပိုင်နက်နှင့် လုံခြုံရေးဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခြင်းကြောင့် အငြင်းပွားမှုများသည် ပြီးဆုံးရန်အချိန်ယူရဦးမည့် သမိုင်းဝင်ကိစ္စ တစ်ခု ဖြစ်ပါသည်။

ကိုးကား- The Economic Time

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပ

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနား ကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမား များစွာက ဒေသတွင်း လူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပ

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနား ကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမား များစွာက ဒေသတွင်း လူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၏ သမိုင်းနှင့် လက်တွေ့အနှစ်သာရအကြောင်း အတူတကွ ပြောဆို ခဲ့ကြသည်။

အခမ်းအနားတွင် ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကျန်းကျန့်မင်က အမှာစကား ပြောကြားရာ၌ “ပင်ပေါင် သံတမန်ဆက်ဆံရေး” သည် ယခင်က တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် သမိုင်းအကျိုးဆောင်ခဲ့ရုံသာမက ၎င်းဖော်ပြနေသည့် စိတ်ဓာတ်သည်လည်း ယနေ့အချိန်အခါ၌ ကြီးမားသော အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ပြီး လူများက “လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်၊ သာယာလှပသော အနာဂတ်မနက်ဖြန် အတူဖန်တီးရန်” အားပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေး၏ များပြားခက်ခဲလှသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာတွင် မိမိတို့က ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ စိတ်ဓာတ်ကို တိုးတက်အောင် လုပ်ဆောင်ရန် ပိုမိုလိုအပ် ပါသည်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံ အကျိုးစီးပွား ဖော်ဆောင်မှုကို ကိုင်စွဲထားပြီး အားကစား၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ် စီးပွားရေး စသည့်ကဏ္ဍအသီးသီးမှာ ပိုမိုများပြားသည့် ကူးလူးဖလှယ်မှု ပလက်ဖောင်းများ တည်ဆောက်ရ ပါမည်။ ခေတ်သစ် ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ ၏ကောင်းမွန်သည့်စာမျက်နှာသစ် အတူ ရေးသားပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက် ရေးအတွက် အကျိုးထမ်းဆောင်မှုအသစ်တွေ လုပ်ဆောင်ပေးရပါမည်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စားပွဲတင် တင်းနစ်အသင်း (US Table Tennis) အမှုဆောင်အရာရှိချုပ် စိန်ဝေနီက အမှာစကားပြောကြားရာ၌ “အားကစားသည် အားကောင်းသည့်အင်အားတစ်မျိုးရှိပြီး လူတွေအကြား က ဝေးကွာမှုကို နီးစပ်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ၎င်းက ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကျော်လွန်နိုင်ပြီး အသေးငယ်ဆုံး ဘောလုံးလေးကတောင် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုဆိုသည့် အလေးချိန်ကို သယ်ဆောင်နိုင်မှန်း ကျွန်မတို့ကို အသိပေးနေပါသည်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အသင်း ဥက္ကဋ္ဌ ဝမ်လိချင်က ယခုအကြိမ်တွင် တရုတ်နိုင်ငံ စားပွဲတင် တင်းနစ်အသင်းက ပြိုင်ပွဲဝင်နေသည့် အားလပ်ချိန်အတွင်း အမေရိကန် ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများ၊ လူငယ်များနှင့် အပြန်အလှန် ဖလှယ်မှုလုပ်ဆောင်ကာ စားပွဲတင်တင်းနစ် ကစားခြင်း၏ ပျော်ရွှင်မှုများကို အတူတကွ လက်တွေ့ခံစားမှုသည် ယှဉ်ပြိုင်မှု အားကစားနှင့်အရပ်ဘက် သွားလာဆက်ဆံမှုတို့ အပြန်အလှန်မြှင့်တင်သည့် သက်ဝင်လှုပ်ရှားသော လက်တွေ့ ဖော်ဆောင်ချက် ဖြစ်သည့်အပြင် “ပင်ပေါင် သံတမန်ဆက်ဆံရေး” စိတ်ဓာတ်အား လက်ဆင့်ကမ်း ဆက်ခံမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမေရိကန်လူငယ်ကစားသမားများ တရုတ်နိုင်ငံသို့ ကူးလူးဖလှယ် လေ့လာရေး ခရီးစဉ် လာရောက်ပြီး တရုတ်နိုင်ငံမှ ကစားသမားများနှင့် ယှဉ်ပြိုင်ကစားကာ သံယောဇဉ်မြှင့်တင်ရန်၊ “ငွေရောင်ဘောလုံးလေးကို ချည်နှောင်ကြိုးအဖြစ် ဆက်လက်ထားရှိပြီး ချစ်ကြည်ရေး လက်ဆင့် ကမ်းကာ တရုတ်-အမေရိကန် အရပ်ဘက် သွားလာဆက်ဆံမှု အကြောင်းအရာအသစ်တွေ ဆက်လက် ရေးသားသွားရန်” ဖိတ်ကြားခဲ့ကြောင်း သိရသည်။