ကဏ္ဍများ

ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို ဒေါ်နယ်ထရမ့် ဘာကြောင့် ထိန်းချုပ်ချင်တာလဲ

သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမား တူးမြောင်းတို့ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာမခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်နိုင်ငံ၏ (၅၁) ခု မြောက်ပြည်နယ်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းမှုမရှိပါက ကြီးမားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့်

သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမား တူးမြောင်းတို့ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာမခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်နိုင်ငံ၏ (၅၁) ခု မြောက်ပြည်နယ်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းမှုမရှိပါက ကြီးမားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းတို့သည် တက်လာမည့် အမေရိကန်သမ္မတအတွက် စိတ်ဝင်စားစရာနေရာနှစ်ခုဖြစ်နေခဲ့သည်။
ဂရင်းလန်းကိုဒေါ်နယ်ထရမ့်ဘာကြောင့်လိုချင်နေတာလဲ

ဂရင်းလန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ အောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရရှိသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။ လူဦးရေ အားဖြင့် (၅၇,ဝဝဝ) ကျော်ရှိပြီး နှစ်ပေါင်း (၆၀ဝ)ကျော်ကြာ ဒိန်းမတ်၏ နယ်မြေ အဖြစ် တည်ရှိလာခဲ့သည့်ဒေသလည်းဖြစ်သည်။ဒိန်းမတ်နိုင်ငံသည် နေတိုးအဖွဲ့ကို တည်ထောင် ခဲ့သည့် ကနဦးနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး အမေရိကန်စစ်အခြေစိုက် စခန်းကြီး တစ်ခုရှိသည့် နိုင်ငံလည်းဖြစ်သည်။အာတိတ်စက်ဝန်းသည် အမေရိကန်၊ ရုရှားနှင့် ဥရောပ တို့၏ လမ်းဆုံလမ်းခွတွင်ရှိနေပြီး ပထဝီနိုင်ငံရေးအရ အကျိုးအမြတ်များစွာ ပေးနိုင်သည့် ကျွန်းတစ်ကျွန်းလည်းဖြစ်ရာ အမေရိကန်နိုင်ငံက နှစ်ပေါင်း(၁၅၀)ကျော်ကြာ မျက်စိ ဒေါက်ထောက် ကြည့်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။ယခုအခါ အာတိတ်ဒေသသည် သင်္ဘောသွားလာ မှုများနှင့် ကုန်သွယ်မှုများအတွက် ပိုမိုလမ်းဖွင့်ပေးလာရာ တန်ဖိုးကြီးဒေသဖြစ်လာခဲ့သည်။ ဂရင်းလန်းကို ထိန်းချုပ်လိုသည့်ဒေါ်နယ်ထရမ့်၏ စိတ်ကူးမှာ အသစ်အဆန်းတစ်ခုမဟုတ်ဘဲ ၎င်း၏ပထမ သက်တမ်းကာလကပင်ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ရည်ရွယ်ချက်အတွက် ဂရင်းလန်းဒေသ လိုအပ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းဒေသကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိလား၊ မရှိဘူးလား ဆိုသည်ကို အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် သိပင်မသိရှိကြကြောင်း၊ သို့သော် ပိုင်ဆိုင်ခွင့်ရှိသည်ဆိုလျှင်ပင် အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေး လိုအပ်ချက်ကြောင့် အဆိုပါဒေသကို စွန့်လွှတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ဂရင်းလန်းဒေသနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ မှတ်ချက်ထွက်ပေါ်ပြီးချိန်မှာပင် သားဖြစ်သူ ထရမ့်ဂျူနီယာသည် မှတ်တမ်း ရုပ်ရှင်တစ်ခုရိုက်ကူးရန်အတွက်ဟုဆိုကာ ဂရင်းလန်းဒေသသို့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် ခဲ့သည်။ ဂရင်းလန်းဒေသသည် ဆက်သွယ်ရေးလုပ်ငန်းအတွက်လိုအပ်နေသည့် တန်ဖိုးကြီး မြေရှားသတ္ထုများ၊ ယူရေနီယံများ၊ မတူးဖော်ရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။လက်ရှိတွင် သတ္တုအများစုကို တရုတ် နိုင်ငံက ထုတ်လုပ်နေပြီး အမေရိကန်ကဲ့သို့သော အခြားနိုင်ငံကြီးများကလည်း ၎င်းတို့အနီး အနားတွင်ရှိနေသည့် သဘာဝအရင်းအမြစ်များကို တူးဖော်သုံးစွဲရန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ဂရင်းလန်းဒေသတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများအပြင် ရေခဲ အများအပြားလည်းရှိသည်။ သို့ဖြစ်ရာ ကမ္ဘာ့ရာသီဥတု အကျပ်အတည်းကို ဖန်တီးနိုင်သည့် အဆုံးအဖြတ်ဒေသတစ်ခုလည်း ဖြစ်နေပြန်သည်။ အဆိုပါဒေသရှိ ရေခဲများသာ အရည်ပျော် ခဲ့ပါက ကမ္ဘာတစ်ဝန်းရှိကမ်းရိုးတန်းများ အပြောင်းအလဲ ဖြစ်သွားမည်ဖြစ်သကဲ့သို့ ရာသီဥတု ပုံသဏ္ဌာန်မှာလည်း သိသိသာသာပြောင်းလဲသွားမည်ဖြစ်သည်။ထို့ပြင်ဂရင်းလန်း ဒေသရှိ ရေခဲများအရည်ပျော်သွားပါက ကမ္ဘာ့ပင်လယ်များ၏ ရေမျက်နှာပြင်မှာ (၂၄) ပေအထိ မြင့်တက်လာမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံအပေါ်ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

ဂရင်းလန်းနှင့် ဗြိတိန်ကြား ပင်လယ်တွင် ရေခဲပြင်များရှိရာ နေတိုးအဖွဲ့အတွက် အလွန်အရေးကြီးသည်ဟု ဗြိတိန်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ လုံခြုံရေးပညာရှင်တစ်ဦး လည်းဖြစ်သူ Mike Martin က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ ဗြိတိန်နိုင်ငံသည် စစ်အေးခေတ် ကာလအတွင်းက အဆိုပါဒေသတွင် စစ်သင်္ဘောအစင်း(၅၀) နေရာချထားခဲ့ဖူးကြောင်း၊ ရုရှား မြောက်ပိုင်း စစ်ရေယာဉ်အုပ်စုသည်လည်း အတ္တလန္တိတ် သမုဒ္ဒရာသို့ ခုတ်မောင်းရာတွင် မဖြစ်မနေဖြတ်သန်းရမည့် တစ်ခုတည်းသော လမ်းကြောင်း တစ်ခုဖြစ်သည်။ဗြိတိန်နှင့် ဒိန်းမတ် နှစ်နိုင်ငံလုံးသည် တူညီသည့် ဘုံအကျိုးစီးပွားအတွက် အဆိုပါဒေသကို ဆက်လက်အသုံးပြုရန် လိုအပ်သည်။ ဗြိတိန်နိုင်ငံ၏ အာတိတ်ဒေသ မူဝါဒ မူဘောင်အစိတ်အပိုင်းတစ်ခုအရ ဒိန်းမတ်နိုင်ငံနှင့်ပူးပေါင်းပြီး စစ်ဘက်ဆိုင်ရာစွမ်းရည် ဆက်လက်တိုးတက်အောင်လုပ်ဆောင်သွားမည်ဟု ဗြိတိန်အစိုးရ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ အကယ်၍ အမေရိကန်နိုင်ငံကသာ ဂရင်းလန်း ဒေသကိုထိန်းချုပ်ခဲ့ပါက ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ဂရင်းလန်းဒေသကို ထိန်းချုပ်ရန် စစ်အင်အား သို့မဟုတ် စီးပွားရေး အင်အားကိုအသုံးပြုမည်ဟု မယုံကြည်ကြောင်း၊ ဂရင်းလန်းဒေသသည် ရောင်းကုန် မဟုတ်ကြောင်း၊ ကိုယ်ပိုင်စည်းမျဉ်းများအတိုင်း တည်တည်ငြိမ်ငြိမ် စောင့်စည်းထိန်းသိမ်း သွားရန်လိုအပ်သည်ဟု ဒိန်း မတ်ဝန်ကြီးချုပ် Mette Frederiksen က ဒိန်းမတ် ရုပ်သံ TV2 နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံ၏ အရေးကြီးဆုံးနှင့် အနီးစပ်ဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ရာ အာတိတ်ဒေသတွင် အမေရိကန်၏ အကျိုးစီးပွားရယူလိုမှုကို ကြိုဆိုသော်လည်း ဂရင်းလန်း ပြည်သူများလိုလိုလားလားရှိသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ် Mette Frederiksen က ပြောဆိုခဲ့သည်။အတိတ်ကာလတစ်ချိန်က ဂရင်းလန်းဒေသကို ဒိန်းမတ်နိုင်ငံ မှခွဲထွက်ပြီး လွတ်လပ်ရေးရယူရန် Greenland ဝန်ကြီးချုပ် Mute Egede က တောင်းဆိုခဲ့ဖူး သော်လည်း ဂရင်းလန်းဒေသကို အမေရိကန်ပိုင် ကျွန်းတစ်ကျွန်း ဖြစ်ရန်ကိုမူ မလိုလား ကြောင်းလည်း ဝန်ကြီးချုပ် Mette Frederiksen က ထုတ်ဖော်ထားသည်။ ပြည်သူအချို့က နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက ဝယ်ယူနိုင်သည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သော ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်အပေါ် ဂရင်းလန်းဒေသကို မလေးမစား ပြုမူပြောဆိုချက်အဖြစ် ခံစားကြရသည်ဟု ထင်မြင်ကြောင်းလည်း Mette Frederiksen က ထည့်သွင်း ပြောဆိုသွား ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် မည်သည့်နိုင်ငံပင်ဖြစ်စေ အခြားသောအချုပ်အခြာပိုင် နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ခွင့်မပြုကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot ကလည်း ပြောဆိုခဲ့သည်။ အလားတူ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း မည်မျှပင် အင်အားကြီးသည့်နိုင်ငံဖြစ်စေ အခြားနိုင်ငံ၏ နယ်နိမိတ်ကို ချိုးဖောက်၍မရကြောင်း၊ နယ်နိမိတ် များကို အင်အားသုံး၍ ရွှေ့ပြောင်းခွင့်မရှိကြောင်း အမည်တပ်၍ပြောဆိုခြင်းမရှိသော်လည်း ဒေါ်နယ်ထရမ့်၏မှတ်ချက်အပေါ်တုံ့ပြန်ပြောဆိုခဲ့သည်။

ပနားမားတူးမြောင်းကိုဒေါ်နယ်ထရမ့်ဘာကြောင့်လိုချင်တာလဲ

ပနားမားတူးမြောင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရေဗီယံပင်လယ်တို့ကိုဆက်သွယ် ပေးသည့် ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သက်သာသကဲ့သို့ အချိန်ကုန်သက်သာသည့် ဖြတ်လမ်းတစ်ခုအနေဖြင့် အသုံးပြုနေကြသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ပနားမားသံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သမ္မတ ဂျင်မီကာတာအစိုးရလက်ထက်တွင် ပနားမားတူးမြောင်းကို ထိန်းချုပ်ထားခြင်းကို (၁၉၇၉) ခုနှစ်တွင် ပနားမားအစိုးရထံ လွှဲပြောင်းပေးခဲ့ရာ (၁၉၉၉) ခုနှစ် တွင်စတင်ခဲ့သည့် မဟာဗျူဟာမြောက် ရေလမ်းကြောင်းထိန်းချုပ်ရေး ပူးတွဲမိတ်ဖက်ထားရှိမှု အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ပနားမား တူးမြောင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့တစ်ဖွဲ့က အုပ်ချုပ်နေခြင်း ဖြစ်သည်။ ပနားမားတူးမြောင်းကို ဖြတ်သန်းရာတွင် အမေရိကန်သင်္ဘောများကို အခြားနိုင်ငံ သင်္ဘောများထက် အခွန်နှုန်းထားများ ပိုမိုကောက်ခံနေခြင်းမှာ မျှတမှုမရှိကြောင်း သမ္မတ အဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာသည်။ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့သည် အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်ကို ချိုးဖောက်နေပြီး တရုတ်နိုင်ငံကလည်း ယင်းအပေါ်အခြေခံအားဖြင့် အမြတ်ထုတ်နေသည် ဟုလည်း ဒေါ်နယ်ထရမ့်က ဝေဖန်သည်။ပနားမားတူးမြောင်းကို ပနားမားနိုင်ငံကိုသာ ပေးခဲ့ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပေးခဲ့ခြင်းမဟုတ်ကြောင်း၊ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ သည် အမေရိကန်တို့ ပေးထားသည့် လက်ဆောင်ကို အလွဲသုံးစားပြုလုပ်နေကြောင်းလည်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုထားသည်။ တူးမြောင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဩဇာ လွှမ်းမိုးမှုရှိသည်မှာ မှန်ကန်သော်လည်း ပနားမားတူးမြောင်း အခွင့်အာဏာနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ပြန်လည်ရယူမည် ဆိုသည့်အယူအဆကိုမူ လက်မခံကြောင်း ပနားမား သမ္မတ Jose Raul Mulino က ရုပ်သံကြေညာချက်တစ်ခု ထုတ်ပြန်အသိပေးခဲ့သည်။ တူးမြောင်း၏ စတုရန်းမီတာတိုင်းကို ပနားမားနိုင်ငံကပိုင်ဆိုင်ပြီး ယခုပုံစံအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေါ်နယ်ထရမ့် မည်သို့တတ်နိုင်ပါမည်နည်းဟု ရုပ်သံကြေညာချက် တွင်ပြောဆိုသွားခဲ့သည်။

လစ်ဘရယ်ကမ္ဘာ့အထိုင်နှင့်လက်ရှိနိုင်ငံတကာအထိုင်ပျက်စီးသွားနိုင်လား

သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် အမေရိကန် အမျိုးသား လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အမေရိကန်ရွှေခတ် တစ်ကျော့ပြန်လာအောင် လုပ်ဆောင် မည်ဟု သတင်းစာရှင်းလင်းပွဲတစ်လျှောက်လုံး ထပ်ဖန်တလဲလဲပြောဆို ကတိပေးထား သော်လည်း ဂရင်းလန်းဒေသနှင့် ပနားမားတူးမြောင်းတွင် အမေရိကန်တို့၏ခြေရာများ ထပ်ကျန်ရစ်စေရန် မည်သို့လုပ်ဆောင်မည်ဆိုသည့် အစီအမံကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိ သေးပါ။ရွေးချယ်စရာတစ်ခုမှာ ပစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် မိုက်ခရိုနီးရှား၊ ပါလာအူတို့၏ အဆင့်အတန်းမျိုး အမေရိကန်နှင့်လွတ်လပ်သောအဖွဲ့အစည်းများ သဘောတူညီချက်တစ်ရပ် ရယူရန်ဖြစ်နိုင်သည်။ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် မီဒီယာတို့၏ အာရုံစိုက်မှုကို ယူနေခြင်းလား၊ ခြိမ်းခြောက်ရုံသက်သက်လား သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်လား ဆိုသည်ကိုမူ ကွဲကွဲပြားပြားမသိနိုင်သေးဘဲ သို့လောသို့လောရှိနေကြဆဲဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများ လက်တွေ့ဖြစ်လာခဲ့မည်ဆိုပါက အမေရိကန်နှင့် အီးယူ နိုင်ငံများကြား ဆက်ဆံရေးမှာ အခြေခံကျကျပျက်စီးသွားမည်ဖြစ်သကဲ့သို့ နေတိုးအဖွဲ့နှင့် လစ်ဘရယ် ကမ္ဘာ့အထိုင်အပါအဝင် လက်ရှိနိုင်ငံတကာအထိုင်လည်း ပြိုလဲပျက်စီးသွားမည် ဖြစ်သည်ဟု အီးယူသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Europa think-tank မှ သုတေသန အကြီးအကဲ တစ်ဦးဖြစ်သူ Christine Nissen က သုံးသပ်ထားပါကြောင်း တင်ပြအပ်ပါသည်။

Source: သန်းထိုက်စိုး (NP News)

ဟစ်ဇ်ဘိုလာ ဆက်သွယ်ရေးဌာန ခေါင်းဆောင်ကို ရှင်းလင်းနိုင်‌ကြောင်း အစ္စရေး တပ်ဖွဲ့ ပြောကြား

လက်ဘနွန်မြို့တော် ဘေရွတ်တွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း ဟစ်ဇ်ဘိုလာ၏ ဆက်သွယ်‌ရေးကွန်ရက် အကြီးအကဲ မိုဟာမက်ရာရှစ်ဆာကာဖီ သေဆုံးခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ကြေညာ သည်။ 

ဆာကာဖီက ၂၀၀၀ ပြည့်နှစ်ကတည်းက ဟစ်ဇ်ဘိုလာတို့၏ ဆက်သွယ်‌ရေးဌာနကို တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းတို့၏ ဌာနများအကြား ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အစ္စရေးတပ်ဖွဲ့က ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် အဆောက်အအုံနှင့် လက်နက်သိုလှောင်ရုံကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဟစ်ဇ်ဘိုလာက ယင်းနေရာသည် ကျန်းမာရေးတစ်ခုဖြစ်၍ သေဆုံးသူများတွင် ဆေးမှူးများနှင့် ကယ်ဆယ်ရေးသမားများ ပါဝင်သည်ဟုဆိုသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၁၀ ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။ ဟစ်ဇ်ဘိုလာတို့ဘက် ကလည်း စက်တင်ဘာ ၃ ရက်က ဒုံးကျည် ၁၂၀ ကို ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယခုရက်သတ္တပတ်များအတွင်း တိုက်ပွဲများ တိုးလာြခင်းကြောင့် အမိုးအကာလိုအပ်နေ သူများ နှစ်ဆတိုးလာကြောင်း အကူအညီပေးရေး လုပ်သားများက ပြောသည်။ ယခုအခါ နိုင်ငံတစ်ဝန်းတွင် အိုးအိမ်မဲ့ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ရှိနေပြီး ပြီးခဲ့သော နှစ်အတွင်း တိုက်ပွဲများကြောင့် လူပေါင်း ၁၉၀၀၀ ကျော် သေဆုံးခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောကြားသည်။

ဆင်ဟွာ ၊ အင်န်အိတ်ချ်ကေ

ဆက်ဆံရေးခိုင်မြဲစေရန် ဗြိတိန်နှင့် အီးယူခေါင်းဆောင်များ ပုံမှန်ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန် သဘောတူ

ဗြိတိန်နှင့် အီးယူမှ ခေါင်းဆောင်များသည် အီးယူအဖွဲ့ကြီးမှ ဗြိတိန်နုတ်ထွက်ခဲ့ပြီးနောက် ဆက်ဆံရေး တိုးတက်စေရန် လာမည့်နှစ်မှစတင်ကာ ခေါင်းဆောင်အဆင့် ပုံမှန်ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် သဘောတူခဲ့ကြသည်။

အီးယူဌာနချုပ်ဖြစ်သည့် ဘရပ်ဆဲလ်မြို့၌ အောက်တိုဘာ ၂ ရက်က ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမားနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်တို့ ဆွေးနွေးခဲ့ကြသည်။ ရာသီဥတု ပြောင်းလဲခြင်း၊ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများအနေနှင့် စွမ်းအင်ဈေးနှုူန်းများ အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွင် နီးကပ်စွာ အလုပ်လုပ်ကိုင်သွားရန သဘောတူ ခဲ့ကြသည်။ 

နှစ်ဖက်စလုံး အကျိုးသက်ရောက်မှုရှိမည့် ပူးပေါင်း‌ဆောင်ရွက်မှုများတွင် အားကောင်းစေရန် လုပ်ဆောင်သွားမည်ဟုလည်း သဘောတူခဲ့ကြသည်။ ဗြိတိန်ပြည်သူများသည် အီးယူအဖွဲ့ကြီးနှင့် ခိုင်မာပြီး တည်ငြိမ်သည့် ဆက်ဆံရေးထူထောင်လိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန် ဝန်ကြီးချုပ်ကပြောသည်။

၂၀၂၀ပြည့်နှစ် အီးယူအဖွဲ့ကြီးမှ ဗြိတိန်ထွက်ခွာခဲ့ပြီးနောက် ကုန်သွယ်ရေးတွင် အနှောင့်အယှက် များ ဖြစ်ပေါ်ခဲ့ပြီးကြွယ်ဝချမ်းသာမှုကို အဟန့်အတားဖြစ်စေခဲ့သည့်အတွက် လက်ရှိ ဗြိတိန် အစိုးရအဖွဲ့သည် အီးယူနှင့် ဆက်ဆံရေးတိုးတက်ရန် တောင်းဆိုခဲ့ကြသည်။   

အင်န်အိတ်ချ်ကေ

နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း

၁။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန်ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို မမှန်မကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းရယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

၂။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ရသည်။

၃။ ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

Source- www.moi.gov.mm