ကဏ္ဍများ

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ် နိုင်ငံက ထောက်ခံကြောင်း တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက်

အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွင် ပါဝင်လာရန်၊ အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်နိုင်သည့် တရားမျှတ၍ ရေရှည်ဖြစ်သည့် ဖြေရှင်းမှု အစီအစဉ် နည်းလမ်းများကို ရှာဖွေတွေ့ရှိရန်၊ ထိန်းချုပ်နိုင်စွမ်း၊ အချင်းဖြစ်ပွားသူအားလုံးလက်ခံနိုင်မှု ရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တိကျရှင်းလင်းပြီး တစ်သမတ်တည်း ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အကျပ်အတည်း ဘက်စုံ အရှိန်မြှင့်တက်သည့် ကနဦးကာလမှစ၍ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က နိုင်ငံသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစား သင့်မှု၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်မှု၊ ဘက်ပေါင်းစုံ၏ လျော်ကန်သော လုံခြုံရေးစိုးရိမ်မှုများကို အလေးထားသင့်မှု၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို အားပေး ထောက်ခံသင့်မှုအား အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ ယူကရိန်းအရေး၌ တရုတ်နိုင်ငံ၏ အခြေခံမူ ဖြစ်ကြောင်း၊ ၃ နှစ်ကြာ ကာလတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ပြေးလွှားခဲ့သလို တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံက အထူးသံတမန်စေလွှတ်ကာ သံတမန်ရေးလှုပ်ရှားမှုများ တက်ကြွစွာ ဆောင်ရွက်ခဲ့ရာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဥရောပ စသည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့် ထိတွေ့ ဆွေးနွေးမှုများထားရှိကာ “စစ်ပွဲပြင်ပသို့ မယိုလျှံရေး၊ စစ်မက်အရှိန်အဟုန် မြင့်တက်မလာရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” အခြေခံမူ ၃ ရပ်ကို အခိုင်အမာ တိုက်တွန်းခဲ့ကြောင်း၊ ဘရာဇီး စသည့် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အစုအဝေး၏ ဉာဏ်ပညာကို စုစည်းခဲ့ရာ ငြိမ်းချမ်းရေးကို ထောက်ပံ့တွန်းအားပေးသည့် အရေးကြီးအင်အား ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ယူကရိန်းအရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းရေး တိုက်တွန်းသံများ အရှိန်အဟုန်မပြတ် မြင့်တက်လျက်ရှိသလို ငြိမ်းချမ်းရေးပြတင်းပေါက် ဖွင့်လှစ်လျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များ အပါအဝင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများ အားလုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်လာပြီး အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ရေရှည်ဖြစ်သည့် ဖြေရှင်းရေး အစီအစဉ် နည်းလမ်းကို ရှာဖွေတွေ့ရှိကာ ချုပ်ထိန်းနိုင်စွမ်းရှိသော၊ သက်ဆိုင်သူ အားလုံးက လက်ခံနိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ ဥရောပ အနေဖြင့် ငြိမ်းချမ်းရေး အခန်းကဏ္ဍမှ ပါဝင်ကာ အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို အတူတကွ ဖြေရှင်းပြီး ဥရောပတိုက် ကုန်းမြေ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်စေလိုကြောင်း၊ ဤကဲ့သို့ အချက်အခြာ ကျသည့် အချိန်အခါတွင် မိမိတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်ကို တွန်းအားပေးရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ကို စုစည်း၍ တွန်းအားပေးသည့်အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ပါကြောင်း၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ယင်းနေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ ယူကရိန်းအရေး အရေးပေါ် အထူးအစည်းအဝေးတွင် စည်းနှောင်မှုမရှိသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ရာ ယူကရိန်း၌ ရုရှား၏ “ရန်လိုသည့် လှုပ်ရှားမှုများ” ကို အဆုံးသတ်ရန် တိုက်တွန်းထားပြီး ယခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် မဖြစ်မနေလိုအပ်ကြောင်း ထပ်မံ အလေးထား ဖော်ပြခဲ့သည်။ ယူကရိန်းစသည့် နိုင်ငံအများအပြား တင်သွင်းသော ယင်းဆုံးဖြတ်ချက် မူကြမ်းသည် ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၁၈ မဲ၊ ကြားနေမဲ ၆၅ မဲ ရလဒ်ဖြင့် အတည်ပြုခဲ့သည်။ အမေရိကန်၊ ရုရှား၊ ဘယ်လာရုဇ်၊ အစ္စရေးနှင့် ဟန်ဂေရီ စသည့် နိုင်ငံများက ဆန့်ကျင်မဲပေးကြပြီး တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံက ကြားနေမဲပေးခဲ့သည်။

ကိုးကား-ဆင်ဟွာ

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ သဘောတူ လက်မှတ်ရေးထိုးရန် ဝါရှင်တန်သို့ ဇီလန်းစကီး သွားမည်

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာအပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး လာရောက်ရန် စီစဉ်ထားရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဇီလန်စကီးအနေဖြင့် သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်မူကြမ်းအပေါ် တရားဝင်သဘောတူညီခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် သတ္တုတူးဖော်ရေးကိစ္စရပ်များကို ယူကရိန်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိပါသည်။

ယခုသဘောတူစာချုပ်အရ အမေရိကန်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်ကို ရှာဖွေခြင်းဖြစ်ကြောင်း ယူကရိန်းက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယခုသဘောတူညီချက်မူကြမ်းတွင် ယူကရိန်းနိုင်ငံ၏ ဘေးကင်းလုံခြုံရေးအတွက်ဟု ဖော်ပြထားသော်လည်း အမေရိကန်၏အခန်းကဏ္ဍကို ဖော်ပြထားခြင်းမရှိကြောင်း ယူကရိန်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက AFP သတင်း ဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

သို့ရာတွင် ထရမ့်က ယူကရိန်းအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့များ လိုအပ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- DW

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄

အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ ယူကရိန်း သဘောတူမည်

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ပြီးနောက် အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စကို ယူကရိန်းက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြား ချက်ကို ကိုးကား၍ Finiancial Times ၊ Reuters နှင့် AFP စသည့် သတင်းစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြပါသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထရမ့်နှင့်ပူတင်တို့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ယူကရိန်းနှင့်အမေရိကန်တို့အကြား တင်းမာမှုကိုဖြစ်စေသည့် အကြောင်းအရင်းဖြစ်သည့် ယူကရိန်းနိုင်ငံမှ မြေရှားသတ္တုတူးဖော်ရေး အပေးအယူကိစ္စ သဘောတူညီမှုရရှိရန် ထရမ့်အစိုးရက တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။

ယူကရိန်းအစိုးရအဖွဲ့အနေဖြင့် အဆိုပါအပေးအယူကိစ္စကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

သဘောတူညီချက်တွင်ပါရှိသည့် လက်မခံနိုင်သည့် စကားရပ်အချို့ကို အမေရိကန်ဘက်မှ ပယ်ဖျက်ခဲ့ကြောင်းနှင့် ယူကရိန်းအစိုးရအရာရှိများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အမည်မဖော်လိုသည့် ယူကရိန်းအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပယ်ဖျက်ခဲ့သည့်စကားရပ်အချို့တွင် ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးရှိ အရင်းအမြစ် များကို ပေးအပ်ရမည်ဟူသည့် တောင်းဆိုချက်မျိုး ပါဝင်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝါရှင်တန်၌ တရားဝင်လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့မှုကို DW သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- DW

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)

ICC အား ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရန် တောင်းဆို

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)အား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် အကြီး အကဲနှစ်ဦးတို့အား ဂါဇာတွင် အစ္စရေးကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ကို ကူညီအားပေးခဲ့သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးရန် တောင်းဆို လိုက်သည်။

Democracy for the Arab World Now (DAWN) က ICC စုံစမ်းစစ်ဆေးရေးမှူး Karim Khan ထံ ယင်းတောင်းဆိုချက်ကို လွန်ခဲ့သော လက တင်ပြခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ဖေဖော်ဝါရီ ၂၅ ရက် နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယခုနှစ်အစောပိုင်းတွင် Khan က ဂါဇာတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuနှင့် ၎င်း၏ ယခင်ကာကွယ်ရေးဝန်ကြီး Yoav Gallantနှင့် ဟားမက်ခေါင်းဆောင်များ အနက် ပုဂ္ဂိုလ်သုံးဦးအား ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။

ထုတ်ပြန်ချက်အရ Biden ၊ ယခင်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ယခင်ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့သည် အစ္စရေး၏ စစ်ရာဇဝတ်မှုများကို ဆောင်ရွက်နိုင်ရန် စစ်ရေး ၊ နိုင်ငံရေးနှင့် လူထုထောက်ခံမှုများရရှိစေရေးတို့တွင် “ရည်ရွယ်ချက်ရှိရှိဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်” ဟု ဆိုသည်။

“Joe Biden ၊ Antony Blinken နှင့် Lloyd Austin တို့အား အစ္စရေး၏ စစ်ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်မှုအတွက် စုံစမ်းစစ်ဆေးရန် ခိုင်လုံသောအကြောင်းပြချက်များ ရှိပါသည်” ဟု DAWN ဘုတ်အဖွဲ့ဝင် နှင့် စစ်ရာဇဝတ်မှုဆိုင်ရာ ရှေ့နေ Reed Brody က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပါလက်စတိုင်းရှိ ဆေးရုံများ၊ ကျောင်းများနှင့် အိမ်များ ပေါ်သို့ ကြဲချခဲ့သည်မှာ အမေရိကန်ထုတ် ဗုံးများဖြစ်ပြီး လူသတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို အမေရိကန်ထောက်ခံမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။

အစ္စရေး၏ စစ်ဆင်ရေးကြောင့် ဂါဇာဒေသပျက်စီးခဲ့ရပြီး ဟားမက်အစိုးရ ကြီးစိုးသော ပြည်သူ့ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းလူမျိုး ၄၈,၀၀၀ ကျော် သေဆုံးခဲ့သည်။ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တစ်ရပ်တွင် ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂ (UN)နှင့် ကမ္ဘာ့ဘဏ်တို့က ဂါဇာကို ပြန်လည် တည်ဆောက်နိုင်ရန် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၅၃ ဘီလီယံကျော် လိုအပ်မည်ဟု ခန့်မှန်းထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အလူမီနီယံတင်ပို့ရေးအပါအဝင် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ ကဏ္ဍများအား အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏မြေရှားသတ္တုသိုက်များ ပူးတွဲရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်း ဈေးကွက်သို့ အလူမီနီယံများ တင်သွင်းရေးဆိုင်ရာ အခွင့်အလမ်းနှင့်ပတ်သက်၍ အမေရိကန်အား ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံကြား အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ပူးပေါင်းကာ ကြီးမားသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် နှစ်နာရီအတွင်းမှာပင် ပူတင်က မြေရှားသတ္တုများနှင့် ပတ်သက်၍ ဝန်ကြီးများ၊ စီးပွားရေးအကြံပေးများနှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

မိမိတို့အနေဖြင့် အမေရိကန်မိတ်ဖက်အဖွဲ့အစည်းများအား ကမ်းလှမ်းဆောင်ရွက်ရန် အဆင်သင့်ပင် ဖြစ်ကြောင်း၊ “မိတ်ဖက်များ”ဟုဆိုရာတွင် အမေရိကန်အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် အစိုးရအဖွဲ့အစည်းများသာမက မိမိတို့နှင့် အတူတကွ ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိသည့် ကုမ္ပဏီများကိုပါ ရည်ရွယ်ကြောင်း ပူတင်က အစည်းအဝေးအပြီး နိုင်ငံပိုင် ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။

မိမိတို့တွင် မြေရှားသတ္တုကဲ့သို့သောအရင်းအမြစ်များ ယူကရိန်းထက် ပိုမိုများပြားစွာရှိကြောင်း၊ အဆိုပါ သတ္တုများ အပါအဝင် ဖြစ်လာနိုင်ခြေရှိသည့် အမေရိကန်-ယူကရိန်း အပေးအယူကိစ္စများသည် ရုရှားအတွက် စိုးရိမ်စရာကိစ္စ မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် ဈေးကွက်ပြန်ဖွင့်မည်ဆိုပါက ရုရှားကုမ္ပဏီများက အမေရိကန်ဈေးကွက်သို့ အလူမီနီယံတန်ချိန် ၂ သန်းအထိ နှစ်စဉ် တင်ပို့ပေးနိုင်ကြောင်း၊ တင်းကြပ်သည့် အခွန်စည်းကြပ်မှုများ ပြုလုပ် ခဲ့သော ၂၀၂၃ ခုနှစ်မတိုင်မီအထိ အမေရိကန်အလူမီနီယံတင်သွင်းမှုစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကို ရုရှားနိုင်ငံက တင်ပို့ပေးနိုင်ခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ထို့အပြင် မိမိတို့နှစ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင်လည်းကောင်း၊ ရုရှားနိုင်ငံ၏ အကြီးဆုံး အလူမီနီယံထုတ်လုပ်သည့် Rusal ကုမ္ပဏီ၏ ပင်မအခြေစိုက်ရာဖြစ်သည့် Siberia ၊ Krasnoyarsk ဒေသရှိ အလူမီနီယံထုတ်လုပ်မှုကဏ္ဍတွင်လည်းကောင်း အကျိုးတူပူးပေါင်း လုပ်ဆောင်နိုင်ကြောင်း ပူတင်က အကြံပြု ခဲ့သည်။

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် မြေရှားသတ္တုသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အသင့်တပ်ဆင်အသုံးပြုနိုင်သည့် နည်းပညာမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ ပြည်တွင်းစက်မှုလုပ်ငန်း၏ အလားအလာကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်စီမံကိန်းများ၏ ရလဒ်များအပေါ်အခြေခံ၍ ဤကဲ့သို့ နည်းပညာမြင့်ကုန်စည် ထုတ်လုပ်နိုင်မှုအား အဆများစွာ တိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့မှုကို asia.nikkei.com တွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- asia.nikkei.com

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည်ဆိုလျှင် ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇီလန်စကီး ပြောကြား

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်း ပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်း များအရ သိရသည်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ကျင်းပမည့် “ယူကရိန်း-နော်ဒစ်-ဘောလ်ဒစ် ပလက်ဖောင်း” ထိပ်သီးအစည်းအဝေး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနက် နိုင်ငံ ၁၃ နိုင်ငံ ခေါင်းဆောင်များက အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခေါင်းဆောင်များကမူ အွန်လိုင်းမှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း ဇီလန်စကီးက ယင်းနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းလုံခြုံရေးအာမခံရေးဆိုင်ရာ သီးသန့်အစည်းအဝေး ကျင်းပရန် ဥရောပမိတ်ဖက်များကို ၎င်းအနေဖြင့် အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းအနေဖြင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz ဦးဆောင်သောအဖွဲ့နှင့် သတ္တုအရင်းအမြစ် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း၊ သဘောတူညီချက် ကနဦးမူကြမ်းတွင် “တန်ဖိုး ကန်ဒေါ်လာ ၅၀၀ ဘီလီယံမဟုတ်ကြောင်း” ၊ သက်ဆိုင်ရာ အကြောင်းအရာများကို နောက်ဆုံးအတည်မပြုရသေးကြောင်းလည်း ဇီလန်စကီးက ပြောကြားခဲ့သည်။

အမေရိကန်-ယူကရိန်း သတ္တုအရင်းအမြစ်ဆိုင်ရာ သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကာလအတွင်း အမေရိကန်က ယူကရိန်းအား ကူညီပံ့ပိုးမှုများကို အစားထိုးလျော်ကြေးရနိုင်ရန်အတွက် အမေရိကန်အစိုးရက ယူကရိန်းထံမှ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် တောင်းယူမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ယင်းအခြေအနေကို သိရှိသူ ယူကရိန်းအရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါတောင်းဆိုချက်ကို ယူကရိန်းဘက်က ငြင်းဆိုခဲ့သည်။ လက်တွေ့ပေးရမည့် လျော်ကြေးပမာဏမှာ အမေရိကန်ဘက်က တောင်းဆိုချက်ထက်များစွာ လျော့နည်းရာ ကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်သာ ရှိသည်ဟု ယူကရိန်းက ယူဆကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ 

ရာထူးမှနုတ်ထွက်ရန်အသင့်ရှိကြောင်း ဇီလန်စကီးပြော

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကိစ္စနှင့် ပတ်သက်လျှင် မိမိ၏ရာထူးနှင့် လဲလှယ်ရန်ပင် အသင့်ရှိကြောင်း၊ ယူကရိန်း၏ ငြိမ်းချမ်းရေးအတွက် လိုအပ်မည်ဆိုပါက မိမိ အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် အာဏာကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရန် ဆန္ဒမရှိကြောင်း “၂၀၂၅ ခုနှစ် ယူကရိန်း ဖိုရမ်” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိ ယူကရိန်း၏ မြေရှားသတ္တု ဝယ်ယူမည့် အစီအစဉ် အပါအဝင် အမေရိကန်၏ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း အဆိုပါအခမ်းအနားတွင် ဇီလန်စကီး က တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပထမအကြိမ် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုကို ယူကရိန်း ဘက်က ပယ်ချလိုက်ပြီးနောက် အမေရိကန်က ယခုကဲ့သို့ လူသိရှင်ကြား ထပ်မံကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။

ယခု အမေရိကန်နှင့်မိမိတို့အကြား ပြောဆိုနေသည်မှာ အကြွေးကိစ္စဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စ မဟုတ်ကြောင်း၊ ယင်း ငွေပမာဏကို ရန်ပုံငွေအဖြစ် စာရင်းသွင်းထားသော်လည်း ငွေကြေးအဖြစ် ပြည်ပမှ မည်သည့် ငွေပမာဏမျှ ရောက်ရှိ လာခြင်း မရှိခဲ့ကြောင်း၊ အမေရိကန်ထံမှ မိမိတို့ ရရှိထားသည်မှာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ အထောက်အပံ့များသာ ဖြစ်ကြောင်း၊ အမေရိကန်ဘက် က တောင်းဆိုသည့် ဘီလီယံ ၅၀၀ ကို ပြန်လည်ပေးနိုင်ရန် အသင့်မဖြစ်သေး သည့်အပြင် အကြွေး ဘီလီယံ ၁၀၀ ကိုလည်း ပြန်လည်ပေးဆပ်နိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထောက်ပံ့ကြေးသည် အကြွေး မဟုတ်ဟု မှတ်ယူထားခြင်းကြောင့် ဖြစ်ကြောင်း၊ ထောက်ပံ့ရန်ပုံငွေသည် အကြွေး မဟုတ်သဖြင့် ပေးဆပ်ရန် မလိုအပ်ဟု ယူဆကြောင်း၊ အမေရိကန် တောင်းဆိုသည့်အတိုင်းသာ ပြန်လည်ပေးချေ ရမည်ဆိုပါက မိမိတို့ ယူကရိန်းနိုင်ငံ၏ မျိုးဆက် ၁၀ ဆက်ခန့် အဆိုပါအကြွေးကို ဆပ်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်တို့၏ အဆိုပါတောင်းဆိုချက်ကို လုံးဝလက်မခံနိုင်ပါကြောင်း ဇီလန်စကီး က ထပ်လောင်းပြောကြား ခဲ့ပါသည်။

ဇီလန်စကီး၏ သမ္မတသက်တမ်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ၎င်းသည် အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် စစ်ပွဲများကို ရှည်ကြာအောင် ကြိုးပမ်းလျက်ရှိကြောင်း အချို့က စွပ်စွဲပြစ်တင်လျက်ရှိသည်။ ရုရှားဘက်ကလည်း ဇီလန်စကီးအား ယူကရိန်းနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်မခံနိုင်ကြောင်းနှင့် အလုံးစုံငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ၎င်း၌ အခွင့်အာဏာ မရှိကြောင်း ပြောကြား ခဲ့သည်။ ထရမ့်ကလည်း ဇီလန်စကီးကို သမ္မတ ရာထူးနေရာအတွက် တရားဝင် အသိအမှတ်ပြုရန် မသေချာ မရေရာ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြခဲ့သည့်အပြင် “ရွေးကောက်ပွဲမရှိသည့် အာဏာရှင်” ဟု တံဆိပ် ကပ်ကာ စွပ်စွဲထားပြီး လတ်တလောတွင် ဇီလန်စကီးအပေါ် ၎င်း၏နိုင်ငံ (ယူကရိန်း) အတွင်းမှာပင်  ထောက်ခံမှုနှုန်း ဆိုးရွားစွာ နိမ့်ကျလျက်ရှိသည်ဟု ယခုရက်သတ္တပတ်အတွင်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT    

Photo: RNZ

G20 ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမျှော်မှန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့သည်။

ဝမ်ယိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ် နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ပထမအနေဖြင့် “စည်းလုံးညီညွတ်မှု” ဖြင့် G20 ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို အခိုင်အမာတည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ကွဲလွဲမှုများအား ထားရှိကာ တူညီမှုများ အား စုစည်းရေး၊ တူညီမှုများအား စုစည်းခြင်းဖြင့် ကွဲလွဲမှုများအား ဖြေလျှော့ရေးကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ရာ ခွာပြဲမှု၊ အတိုက်အခံလုပ်မှုများ မပြုဘဲ အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် စံနမူနာပြုနိုင်သော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင် ရမည်ဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရမည် ဖြစ်သလို တစ်ဖက်သတ် ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွ ဆန့်ကျင်ကာ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်သို့ ပြောင်းလဲမှု တွင် ပို၍ အများအကျိုးဖြစ်ထွန်းမှု၊ အားလုံးပါဝင်မှုရှိသော ဦးတည်ရာသို့ တိုးတက်ရေး တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် “တန်းတူညီမျှမှု” ဖြင့် G20 ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းအတွက် ခွန်အားပေးရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို ကိုင်စွဲကာ ရန်ဘက် မဟုတ်သော မိတ်ဖက်အဖြစ် အပြန်အလှန်ရှုမြင်ရမည် ဖြစ်သလို အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှု မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်အာဖရိက၏ “ဉာဏ်ရည်တု” မစ်ရှင်အဖွဲ့ တည်ထောင်ခြင်းကို ထောက်ခံအားပေးသလို အာဖရိက ဉာဏ်ရည်တု ကမ္ဘာ့ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမှုအား ထောက်ခံကြောင်း၊ ဘက်ပေါင်းစုံက တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း၊ “သိပ္ပံပညာ တံခါးဖွင့်လှစ်မှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်” တွင် ပိုမို များပြားသော နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ဖြင့် G20 ၏ အနာဂတ်အလားအလာသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာကို G20 ဆွေးနွေးမှုအစီအစဉ်၏ ဦးစားပေးနေရာတွင် ဆက်လက်ထားရှိကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ စိတ်ဓာတ်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၏ အသေးစိတ် လှုပ်ရှားမှုအဖြစ် ပြောင်းလဲရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘေးအန္တရာယ် လျှော့ချမှု၊ ကြွေးမြီဆက်လက်ထားရှိနိုင်မှု၊ မျှတမှုရှိစွာ စွမ်းအင် အသွင်ကူးပြောင်းမှု၊ အဓိကသတ္တုထုတ်ကုန် စသည့် ဦးစားပေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍာငွေ ကုန်ကျစရိတ်လျှော့ချရေး နည်းလမ်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း၊ “အတူတကွ လှုပ်ရှား၍ မျှတစွာ တာဝန်ခံခြင်း” အခြေခံမူအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး လျှော့ချရေး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖရိကသည် အသစ်တစ်ဖန်နိုးထလာပြီ ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ G20 အနေဖြင့် ပိုမို များပြားသော ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်များကို စည်းရုံးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ဟန်ချက်ညီညီ အကျိုးသက်ရောက်မှု တိုးပွားနိုင်ရေး ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ စက်မှုအသွင်ပြောင်းမှု၊ အခြေခံ အဆောက်အဦ၊ အစိမ်းရောင်သတ္တု စသည့်ကဏ္ဍများတွင် အာဖရိကနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာ ခေတ်မီ အသွင်ပြောင်းရေးလမ်းစဉ်ကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက မိတ်ဖက်များနှင့် အတူ  ခေတ်မီအသွင်ပြောင်းရေး “ကဏ္ဍ ၁၀ ရပ် မိတ်ဖက်လှုပ်ရှားမှု” ကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်လျက် ရှိရာ G20 ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးစွမ်းအင်ကို ဖြည့်တင်းကာ အတူတကွ စည်ပင် သာယာဝပြောသော တိုးတက်မှုကို ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၁ ရက် 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ပို၍ မြင့်မားသောအဆင့်၊ ပို၍ ကျယ်ပြန့်သောအတိုင်းအတာဆီသို့ လျှောက်လှမ်းလျက် ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုက တည်ငြိမ်စွာ တိုးတက်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုက နီးစပ်ထိရောက်ရာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်အား တွန်းအားပေးခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို မလျော့မပေါ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်-ရုရှား ဆက်ဆံရေးကို နှစ်သစ်တွင် ယခင်ကလို ရှေ့ဆက်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ယိက ယခုနှစ်သည် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ရာ ကြီးမားသည့် သမိုင်းအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းကြမ်းတမ်း ခက်ခဲလှသော တိုက်ပွဲတွင် တရုတ်-ရုရှား နှစ်နိုင်ငံပြည်သူများသည် အသက်သွေးချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြရာ အရှေ့အနောက် စစ်မြေပြင်မှာ တိုင်းပြည်ပျက်သုဉ်းမည့်အန္တရာယ်ကို ကယ်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ရန် ကြီးမားသည့် အမျိုးသားရေး စတေးခဲ့ရသလို သမိုင်းအတွက် ကြီးမားသော အကျိုးဆောင်မှု ရှိခဲ့ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် တိုက်ပွဲအောင်မြင်ကြသော နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြရာ ပခုံးထက်တွင် ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်ကို ကာကွယ်ရန်၊ စစ်မက်အလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည့် တာဝန်ကို အတူထမ်းရွက်ထားကြရကြောင်း၊ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ချစ်ကြည်ရေး၏ အခြေခံအုတ်မြစ်မှာ ဖြိုခွဲ၍ မရအောင် ခိုင်မာပြီး နိုင်ငံကြီး၏ နိုင်ငံတကာကျင့်ဝတ် ထမ်းဆောင်ရမည့် တာဝန်ကို ရှောင်လွှဲမည် မဟုတ်ကြောင်း၊ နှစ်ဖက် အနေဖြင့် “နှစ် ၈၀ ပြည့်” အထိမ်းအမှတ်အခွင့်အလမ်းတွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းမှုများကို နက်ရှိုင်းစေရန်၊ မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို အပြုသဘောပြန့်ပွားစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင်ပြောင်းမှုနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ  အသွင် ပြောင်းမှု တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

Sergey Lavrov က သမ္မတ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှား-တရုတ် ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ယင်းကို အခြေခံပြီး အဆင့်မြင့်အလွှာ ဆက်ဆံရေးကို အားဖြည့်ခြင်း၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ထဲထဲဝင်ဝင်လက်တွေ့ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ရုရှား-တရုတ်ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရန် တွန်းအားပေးကာ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြား  ခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံ၏ ဗဟုအသွင်ကို လက်ကိုင်ထားခြင်းသည် ရှုပ်ထွေး၍ ကမောက်ကမ ဖြစ်နေသောကမ္ဘာကြီး၏ တည်ငြိမ်မှု အကြောင်းတရား ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို အထူးအသိအမှတ်ပြုသဘောတူသကဲ့သို့ ရုရှား-တရုတ် အဆင့်မြင့် အပြန်အလှန် ယုံကြည်မှုအပေါ် အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ BRICS ယန္တရား၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ ကုလသမဂ္ဂ၊ G20 စသည့် မူဘောင်များအောက်တွင် ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့် ဆောင်ရွက် သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Sergey Lavrov က ယူကရိန်းအကျပ်အတည်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရုရှားဘက်က ထည့်သွင်း စဉ်းစားမှုများကို မိတ်ဆက်ပြောကြားရာတွင် ရုရှားအနေဖြင့် အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် အာရုံစိုက်ပြီး တရားမျှတမှု၊ စဉ်ဆက်မပြတ်ရှိမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်ကိုက်ညီမှုရှိသော ငြိမ်းချမ်းရေး နည်းလမ်းကို အားထုတ်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန် ကျမှု၊ သမာသမတ်ကျသည့် ရပ်တည်ချက်နှင့် ဘရာဇီး စသည့်နိုင်ငံများနှင့်အတူ အဆိုပြုဖွဲ့စည်းသည့် “ငြိမ်းချမ်းရေး မိတ်ဆွေ” အဖွဲ့ငယ်အား အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံ၏ အစဉ်အမြဲ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများဖြစ်မြောက်ရေး၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးတွင် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ စသည့် ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များအား အမြင်သဘောထားချင်းဖလှယ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ထိရောက်စွာ ပြည်နှင်ဒဏ် ပေးမှု မရှိခြင်းအပေါ် ထရမ့် “ဒေါသထွက်” ၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) ခေါင်းဆောင်များ ပြောင်းလဲ

အမေရိကန် သမ္မတ ထရမ့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ပြည်နှင်ဒဏ်ပေးသည့် အရှိန်အဟုန် အပေါ် ကျေနပ်မှုမရှိသောကြောင့် အမေရိကန် ICE ယာယီညွှန်ကြားရေးမှူးချုပ် Caleb Vitello ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ထရမ့် အစိုးရသည် အမေရိကန် ICE ခေါင်းဆောင်ပိုင်းကို ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိပြီး ယာယီညွှန်ကြားရေးမှူးချုပ် အသစ်နှင့်ပတ်သက်၍ မကြာမီတွင် ကြေညာမည်ဟု ခန့်မှန်းထားကြောင်း၊ ယခုလ အစောပိုင်းတွင် ICE ၏ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တာဝန်ယူ ပြည်နှင်ဒဏ်ပေးသည့် အခြားသော အဆင့်မြင့် အရာရှိ ၂ ဦး လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း The Wall Street Journal ၏ သတင်းများအရ သိရသည်။

ထရမ့် အစိုးရသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ပြည်နှင် ဒဏ်ပေးသည့် အရှိန်အဟုန် အပေါ် စိတ်ပျက်မိကြောင်း အမေရိကန် မီဒီယာ၏ သတင်းတွင် ဖော်ပြခဲ့သည်။ ICE သည် “အလုပ်ကို လုပ်ပြရုံသာ” လုပ်နေခြင်းဖြစ်ပြီး သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် အလွန် အလှမ်းဝေးနေသေးကြောင်း CNN က ထရမ့်အစိုးရ အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ ဖေဖော်ဝါရီ ၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထရမ့်သည် ၎င်းရာထူးထမ်းဆောင်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ပြည်နှင်ဒဏ် အရေအတွက် လုံလုံလောက်လောက်မရှိခြင်းကြောင့် ဒေါသထွက်ခဲ့ကြောင်း၊ ICE ဝန်ထမ်းများ ရင်ဆိုင်ရသော ဖိအားမှာ ပိုမိုကြီးမားလာပြီး ၎င်းတို့ကို ပိုမိုများပြားသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း NBC က သတင်းအရင်းအမြစ် ၃ ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၇ ရက်တွင် ဖော်ပြခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) သည် အမိမြေလုံခြုံရေးဌာန (DHS) ၏ လက်အောက်တွင်ရှိသည်။ ထရမ့် ရာထူးထမ်းဆောင်ပြီးနောက် ပထမလအတွင်း အမေရိကန်နိုင်ငံက လူပေါင်း ၃၇,၆၆၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း၊ ဘိုင်ဒန် အစိုးရ၏ နောက်ဆုံးတစ်နှစ်တွင် လစဉ် ပျမ်းမျှ လူပေါင်း ၅၇,၀၀၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း အဆိုပါဌာန၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။

ထရမ့် ရာထူးထမ်းဆောင်ချိန်မှစ၍ ၎င်းသည် အမိန့်ကြေညာချက် အများအပြားကို လက်မှတ်ရေးထိုးကာ တောင်ပိုင်းနယ်စပ်ကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်ခြင်းကို ဘက်စုံတားမြစ်ခဲ့သလို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ယာယီနေထိုင်သူများ၏ အမေရိကန်နိုင်ငံတွင် မွေးဖွားသော သားသမီးများကို “ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့် (Birthright Citizenship)” မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။  ကျူးဘားနိုင်ငံ၊ ဂွမ်တာနာမိုရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းတွင် ရှိပြီးသား အချို့သော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစင်တာကို တိုးချဲ့တည်ဆောက်ခဲ့ကြောင်းလည်း ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား လက်တင် အမေရိကန်နိုင်ငံများသို့ လေယာဉ်ပျံဖြင့် အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများကို လက်ထိပ်ခြေထိပ်ခတ်ထားခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသည်။ 