လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တစ်ပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေညာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။

“ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။ အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရအောင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေးအကြောင်းပြောမယ်ဆို တချို့ တရားမျှတမှုတွေ ခဏ မေ့ထားရပါမယ် “ဟု တိုင်းရင်းသား-ဗမာ ကပြား အမျိုး သမီးတစ်ဦးကဆိုသည်။
“နစက နဲ့ EAOs များ တစ်ဖွဲ့ချင်း informal dialogue ကို တိုက်ရိုက်အရင်စပြောဖို့ လိုပါမယ်။ကြားခံက သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူထဲက ယုံကြည်ရပြီး အစွမ်းအစရှိသူတွေနဲ့ စသင့်ပါတယ်။နိုင်ငံတကာ ကြားခံထက် လူထု ကိုယ်စားပြုကြားခံက ပိုထိရောက်မယ်မြင်ပါတယ်။သက်ဆိုင်ရာ EAOs က လက်ခံတဲ့ လူထု ကိုယ်စားလှယ် ဆိုရင် ပိုကောင်းတယ်။ယုံကြည်မှုတည်ဆောက်ရပိုလွယ်မယ်။ ကိုယ့်လူတွေနဲ့ပဲ လုပ်နေတာမျိုးထက် လူထုကို အသိပေးပြီး လုပ်လေ ကောင်းလေပါ။”ဟု တိုင်းရင်းသား တစ်ဦးကဆိုသည်။
“NSPNCက တဖွဲ့ခြင်း ဆွေးနွေးနေတာကိုထောက်ကူဖို့ Track 2 အနေနဲ့ hidden agenda တွေအပေါ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ့် think tank to think tank or NGO to NGO ပြန်လှန်တွေ့ဆုံရင်ဖွင့် ဆွေးနွေးပြီး သက်ဆိုင်ရာ ဆွေနွေးဖက်တွေကိုထောက်ကူနိုင်ပါတယ်။ လုပ်လည်းလုပ်နေကြတယ်ထင်ပါတယ်။ ထိရောက်စေချင်ရင်တော့ တစ်ဖက်စီက track 2 တစ်ဖွဲ့စီသတ်မှတ်ကိုယ်စားပြုစေပြီး ညှိနိုင်းစေရင် ပိုလွယ်ကူမြန်ဆန်ပါမယ်”ဟု စောင့်ကြည့် လေ့လာနေသည့် သုတေသီတစ်ဦးက ဆိုသည်။
“နှစ်ဘက်ဆန္ဒရှိရင် လွယ်မှာပေါ့ဗျာ။ မဟုတ်ရင်တော့ လေထဲ Statement ထုတ်နေတာပဲရှိလိမ့်မယ်။ တစ်ဖက်စီ Track 2 တိုက်ရိုက်စပြီးဆွေးနွေး ၊အဲကနေ EAO နဲ့ NSPNC တိုက်ရိုက်စပြော ၊အဲအစီအစဉ်ကို ထောက်ခံပါတယ်”ဟု တိုင်းရင်းသား ပါတီတစ်ခု၏ ပါတီဝင်တစ်ဦးကဆိုသည်။
“အားလုံးပါဝင်တဲ့ ညီလာခံ တစ်ခုကို ခေါ်ပြီး အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ခွဲဝေမှုကို အရင်ညှိရပါမယ်။ ပြီးရင် တပ်မတော်ပေါင်းစည်းရေးကို ညှိရပါမယ်။ ညှိနှိုင်းမှုတွေကို ကြိုတင် စည်းကမ်းသတ်မှတ်ထားတာမျိုးမလုပ်ဘဲ လွတ်လွပ်စွာ ဆွေးနွေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတဲ့အတွက်ကြာနိုင်ပါတယ်။ အားလုံးညှိလို့ ရမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှာပါ။ အဲဒါကို ပြင်နိုင်မှလည်း ထာဝရ ငြိမ်းချမ်းရေးကိုရမှာပါ”ဟု အမတ်ဟောင်းတစ်ဦးက ပြောသည်။
“တကယ့်ကို ဗုံးသံ၊ သေနတ်သံတွေ လုံးဝပျောက်သွားဖို့က ကတိတည်ဖို့ပါ။ ငြိမ်းချမ်းရေးကို ဒီလူတွေပဲ ဆက်ဆွေးနွေးနေလို့ကတော့ အဖြေကောင်း ထွက်လာဖို့ မမြင်ပါ။ လူငယ်နဲ့ပြည်သူတွေ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ဆောင်ရွက်နေသူများ ပါဝင်တဲ့ အလုံးစုံ လွှမ်းခြုံ စဥ်ဆက်မပြတ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး၊ အဖြေကောင်းထွက်ဖို့က အဓိကပါ။ တိုင်းပြည်နဲ့ ပြည်သူအတွက် စိတ်ကောင်းနဲ့စေတနာအပြည့်ရှိဖို့လည်းအရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေကနေ တည်ငြိမ်မှု၊ နားလည်မှု၊သဘောတူညီမှုတွေရအောင် ဆောင်ရွက်ကြဖို့ပါ။ တစ်တိုင်းပြည်လုံး ပြန်လည်ထူထောင်ဖို့ဆို အားလုံးပါဝင်ဆောင်ရွက်တာတောင် ဆယ်စုနှစ်တစ်ခု အနည်းဆုံး ယူရမှာပါ။ အခုလို တိုက်ခိုက်နေကြမယ်ဆိုရင် တိုက်ခိုက်ဖို့ သုံးရမှာတွေလည်းရှိတော့ ပြန်လည် ထူထောင်ဖို့ဆိုတာ မြို့ကြီး ပြကြီး အချို့မှာပဲ လုပ်လို့ ရမှာပါ”ဟု NGOမှပုဂ္ဂိုလ်တစ်ဦးကဆိုသည်။
NSPNC မှတာဝန်ရှိသူတစ်ဦးကတော့ “အားလုံးပါတဲ့ ဆွေးနွေးပွဲတွေကို မြှင့်တင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
ဆွေးနွေးပွဲတွေမှာ မတူကွဲပြားတဲ့ political actors တွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ NCA sign,non sign EAOsတွေ၊ နိုင်ငံရေးပါတီတွေ၊လူငယ်တွေ၊အမျိုးသမီးတွေ၊ resource persons တွေ၊ စီးပွားရေးပညာရှင်တွေ၊မီဒီယာတွေ ပါနိုင်သမျှပါဝင်လာဖို့ဆောင်ရွက်နေသလို သက်ဆိုင်သူတွေအကြား နားလည်မှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ဖို့ ဆွေးနွေးပွဲ အခင်းအကျင်းတွေကို ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမြဲစဥ်းစားဆောင်ရွက်နေပါတယ်။”ဟုဆိုသည်။
ပေါ်ပြူလာနယူးစ် အနေဖြင့် မေးမိသလောက်ကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပြီး နိုင်ငံသားတိုင်း၏ ရင်တွင်းခံစားချက်များလည်းကိုယ်စီရှိနေဦးမည်ဖြစ်သည်။ အတူချိတ်ဆက် တည်ဆောက်ကြရတော့မည့်အချိန်အခါဖြစ်သဖြင့် အပြန်အလှန်သည်းခံမှု၊ ယုံကြည်ပေးနိုင်မှုတို့ဖြင့် ပြည်သူ့နှလုံးစိတ်ဝမ်း အေးချမ်းအောင်လုပ်ဆောင်ပေးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
Source: Popular Myanmar

အိန္ဒိယနိုင်ငံကထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့မှာ အကြမ်း ဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၂၆ ဦးသေဆုံးခဲ့တာအားလုံး အသိပါပဲ။ အဲဒီအကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်သူတွေက ပါကစ္စတန်နိုင်ငံထဲမှာ အခြေစိုက်တဲ့အပြင် ဒီဖြစ်စဉ်မှာပါကစ္စတန် နိုင်ငံကလည်း ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယအစိုးရက ကောက်ချက်ချလိုက်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်က နှစ်နိုင်ငံကြား ရရှိထားတဲ့ သဘောတူညီချက်များကို ရပ်ဆိုင်းလိုက်တဲ့အပြင် တစ်နိုင်ငံမှာရှိတဲ့ အခြားတစ်နိုင်ငံမှ နိုင်ငံသားများကို အပြန်အလှန် နှင်ထုတ်ကြတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဘက်က ဆိုင်းငံ့လိုက်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ သဘောတူညီချက်တွေထဲမှာ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်လည်း တစ်ခုအနေနဲ့ပါဝင်ပါတယ်။ အဲဒီသဘောတူညီချက်က အိန္ဒိယနဲ့ပါကစ္စတန် တို့ကြားဆက်ဆံရေးကို အသက်ဆက်စေ တဲ့သဘောတူညီချက်လို့ပြောရင် မမှားပါဘူး။ ဒီတော့ အဲဒီသဘောတူညီချက်က ဘာလဲ။ အဲဒီသဘောတူညီချက်ကို ဆိုင်းငံ့လိုက်တဲ့အတွက် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာတွေကို ဒီကနေတစ်ဆင့် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
အိန္ဒုမြစ်ကြောင်းဆိုတာ အိန္ဒုမြစ်ကြီး အပါအဝင် မြစ်လက်တက်ခြောက်ခုပါဝင်တဲ့ မြစ်ကြောင်းစနစ်ကြီး တစ်ခုပါ။ အဲဒီ မြစ်လက်တက်ခြောက်ခုအနက် ငါးခုက အိန္ဒုမြစ်ရဲ့ဘယ်ဘက်ကမ်းမှာဖြစ်ပြီး ကျန် တစ်ခုက ညာဘက်ကမ်းမှာဖြစ်ပါတယ်။ အဲဒီအိန္ဒုမြစ်ကြောင်းကြီးဆိုတာ အိန္ဒိယ နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံ တို့အတွက် ပင်မအသက်သွေးကြောကြီးလို့ ပြောရင်မမှားပါဘူး။ စိုက်ပျိုးရေးနဲ့ ဆည်ရေသောက် စနစ်အတွက် အဲဒီမြစ်ကြောင်းကြီးကိုပဲ အားကိုးနေကြရတာပါ။
အိန္ဒုမြစ်ကြောင်းကြီးကို အုပ်စုနှစ်ခု ခွဲထားပါတယ်။ အိန္ဒုမြစ်ရဲ့ဘယ်ဘက်ခြမ်း မှာရှိတဲ့ ရာဗီ၊ ဘီးနဲ့ ဆုလတ်မြစ်တို့ကို အရှေ့ပိုင်းမြစ်များလို့ခေါ်ပြီး ချီနပ်၊ ဂျီလမ် နဲ့ အိန္ဒုမြစ်တို့ကိုတော့ အနောက်ပိုင်းမြစ် များလို့ခေါ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား နှစ်ပေါင်းများစွာကြာဆွေးနွေးပြီးနောက် ၁၉၆၀ ပြည့်နှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သူတို့နှစ်နိုင်ငံက အိန္ဒုမြစ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီသဘောတူညီချက်အရ အရှေ့ပိုင်း မြစ်များမှာရှိတဲ့ရေအရင်းအမြစ်များအားလုံးကို အိန္ဒိယနိုင်ငံက အပြည့်အဝအသုံး ချပိုင်ခွင့်ရှိပြီး အနောက်ပိုင်းမြစ်များမှာရှိ တဲ့ရေအရင်းအမြစ်များအားလုံးကို ပါကစ္စတန်က အသုံးချပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန်နိုင်ငံက မြစ်အောက်ပိုင်းမှာရှိပြီး အိန္ဒိယနိုင်ငံက မြစ်အထက်ပိုင်း မှာရှိနေတဲ့အတွက် ပါကစ္စတန်နိုင်ငံအနေနဲ့ နိုင်ငံအတွက်လိုအပ်တဲ့ ရေအရင်းအမြစ် ၈၀ ရာခိုင်နှုန်းကိုရရှိဖို့ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်အပေါ် မှီခိုနေရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပါကစ္စတန်နိုင်ငံက မြေအောက်ရေကုန်ခန်းမှုနဲ့လည်း ရင်ဆိုင်နေရတဲ့အတွက် ကရာချိလိုမျိုးမြို့ကြီးတွေတောင်မှ ရေသယ်ယာဉ်များအပေါ်မှီခို အားထားနေရတာပါ။ ဒါကြောင့် အိန္ဒုမြစ်ကြောင်းကနေ ရေစီးဆင်းမှုရပ်တန့်သွားမယ်ဆိုရင် ပါကစ္စတန်နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးပြီး စားရေရိက္ခာ ပြတ်လပ်မှုနဲ့အတူ စီးပွားရေးမတည် ငြိမ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။
အခုဆက်လက်ပြီးတော့ အိန္ဒိယနိုင်ငံ အနေနဲ့ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တဲ့အတွက် ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာစေနိုင် တယ်ဆိုတာကို ဆက်လက် တင်ပြသွားပါမယ်။ ပထမဆုံးအချက်က ရေစီးဆင်းမှု၊ နှင်းခဲအရည်ပျော်မှု၊ မြစ်ရေလွှတ်မှု အစရှိတဲ့ သတင်းအချက်အလက်တွေကို အိန္ဒိယက ပါကစ္စတန်ကိုပေးတော့မှာမဟုတ်ပါဘူး။
နောက်တစ်ချက်က အိန္ဒိယနိုင်ငံသည် သဘောတူညီချက်ပါ အချက်အလက်များကို မလိုက်နာ ရတော့တဲ့အတွက် အနောက် ပိုင်းမြစ်များမှရေကို မိမိသဘောရှိသည့် အတိုင်း အသုံးပြုလာနိုင်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ ပါကစ္စတန်နိုင်ငံ ထဲကိုစီးဆင်းနေတဲ့ အနောက်ပိုင်းမြစ်များ ရဲ့ အထက်ပိုင်းမှာ ရေလှောင်ကန်ကြီးတွေ ထပ်ဆောက်တာ၊ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ အသစ်တွေ တည်ဆောက်တာမျိုးနဲ့အတူ ရေစီးဆင်းမှုကိုစိတ်ကြိုက် ခြယ်လှယ်လာနိုင်ပါတယ်။
အိန္ဒိယဘက်က အခုသဘောတူညီချက် ကိုရပ်ဆိုင်းခြင်းမဟုတ်ဘဲနဲ့ ဆိုင်းငံ့ခြင်းသာလုပ်ထားတဲ့အတွက် သံတမန်ရေးအရ အပေါ်စီးကနေရှိနေစေပါတယ်။ ဒီအချက် ကိုလက်ဆုပ်လက်ကိုင်ပြုပြီး ပါကစ္စတန် အနေနဲ့ နယ်စပ်ဒေသမှာအကြမ်းဖက်မှု တွေကိုအားမပေးဖို့အတွက် ဖိအားပေး လာနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ အိန္ဒိယဘက်က သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တယ်ဆိုပေမယ့် ပါကစ္စတန်ထဲ ကိုမြစ်ရေစီးဆင်းမှု လျော့နည်းစေမယ့် ဒါမှမဟုတ် ရပ်တန့်သွားစေမယ့် အခြေခံ အဆောက်အဦ မရှိသေးပါဘူး။ ဒါကြောင့် လတ်တလောမှာတော့ အိန္ဒိယရဲ့သဘော တူညီချက်ကို ဆိုင်းငံ့မှုက ပါကစ္စတန်နိုင်ငံအပေါ် ချက်ချင်းကြီး အကျိုးသက်ရောက် စေမှာမဟုတ်ပါဘူး။
သို့ပေသော်လည်း အထက်မှာပြောခဲ့သည့်အတိုင်း ပါကစ္စတန်နိုင်ငံဆိုတာမြစ် အောက်ပိုင်းမှာရှိပြီး အိန္ဒိယနိုင်ငံဆိုတာ မြစ်အထက်ပိုင်းမှာရှိတဲ့အတွက် အိန္ဒုမြစ်နဲ့ပတ်သက်လာရင် ပါကစ္စတန်ဘက်က အားသာချက်ဆိုတာမရှိပါဘူး။ အခုလိုမျိုး အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွက် အလွန်အရေးပါတဲ့ ရေအရင်းအမြစ်ကြီးနဲ့ ခြိမ်းခြောက်လိုက်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်မှာမှ အိန္ဒိယနိုင်ငံဘက်အခြမ်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်က ဘယ်လိုပင်ပါဝင်ပတ် သက်မှုမရှိဘူးပဲ ပြောပြော သူ့ရဲ့နယ်စပ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေကို အတိုင်းအတာ တစ်ခု အထိတော့ ဟန့်တားထိန်းချုပ်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်ရပါတယ်။
Ref: TOI
H.M
Source: https://myawady.net.mm/

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် ဘီစီ ၂ ရာစုမှစတင်ကာ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင် နိုင်ခဲ့သည်မှာ (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။
နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် "Department of Foreign Service" အဖြစ် စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး ဒင်္ဒသမနငါည ဉ်ငခနဒဒ ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင် အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလတစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ်ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။
မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ်အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြားတင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင်အထင်ကရဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့် ပူးတွဲချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးဦးတည်သည့် အဆိုပါ မူကြီး(၅)ချက်မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီမျှရှိပြီး အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါသည်။
ထိုမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏သံတမန်ရေးရာ ဦးဆောင်မှုကို ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။
အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီးထူထောင်ရေးတွင်လည်း မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများတိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ အလေးထားပြောကြားခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။
နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယား လက်နက် တားဆီးရေး စာချုပ်၊ နျူကလီးယားစမ်းသပ်မှုအလုံးစုံ တားဆီးရေးစာချုပ်တို့တွင် လက်မှတ် ရေးထိုးခြင်း၊ နျူကလီးယား လုံခြုံစိတ်ချစွာသုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင် အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါအဝင် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာပထမကော်မတီတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။
၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာကမ္ဘာ့ စီးပွားရေးဖိုရမ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အကူအညီများရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။
အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်းဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ် သတ်မှတ်ကာ အလေးပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ လှည့်ဖြားခံရခြင်း အပါအဝင် အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင်ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။
စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။
အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂမျက်နှာစာနှင့်အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက် နာခဲ့ကြသည့် မူကြီးများကို အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကိုအလေးထားကာ မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
(၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက်မျိုးဆက်သစ်သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများ ပေါ်ထွန်းစေမည့် နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။ ။
နိုင်ငံခြားရေးဝန်ကြီးဌာန

ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားဓားစာခံများအား ပြန်လည် လွှတ်ပေးရေးနှင့်ပတ်သက်၍ ဓားစာခံများပြန်လည်လွတ်မြောက်ရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Adam Boehler နှင့် ဟားမက်အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တို့ Doha မြို့၌ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ဟားမက်စစ်သွေးကြွအဖွဲ့နှင့် ယခုကဲ့သို့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းမှာ မကြုံစဖူး ထူးခြားသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အမေရိကန်နိုင်ငံသားဓားစာခံ (၅) ဦးမှာ ဂါဇာ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည်ဟု ယုံကြည် ရကြောင်းနှင့် ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ Karoline Leavitt က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုပြောကြားခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မဆို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည် “အမေရိကန် ပြည်သူ လူထုအတွက် လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်ဆောင်သည့် ထရမ့်၏ ကောင်းမွန်သည့် ကြိုးပမ်း အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း” Leavitt က ထပ်လောင်းပြောကြားခဲ့ပါသည်။
၁၉၉၇ ခုနှစ်တွင် ဟားမက်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ အမေရိကန်အနေဖြင့် ၎င်းတို့နှင့်တိုက်ရိုက်ဆွေးနွေးမှုမျိုးကို လုပ်ဆောင်ခြင်းမျိုး မရှိခဲ့ပေ။
ယခုကဲ့သို့ Boehler နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမှာ အမေရိကန်ဘက်မှကမ်းလှမ်းလာမှုကြောင့် ဖြစ်ကြောင်း ဟားမက်အဖွဲ့က Middle Eastern သတင်းဌာနသို့ ထုတ်ဖော် ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

တရုတ်ပြည်လုံးဆိုင်ရာ “အစည်းအဝေးကြီးနှစ်ရပ်” အား ပေကျင်းမြို့တွင် လာမည့်သီတင်းပတ်အတွင်း ကျင်းပ သွားမည်ဖြစ်သည်။
ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးအား မတ် ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ကာ ထိပ်တန်း ဥပဒေပြု အာဏာပိုင် အဖွဲ့ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးကိုမူ မတ် ၅ ရက်၌ ဖွင့်လှစ်မည် ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်၊ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်၊ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့က လုပ်ငန်းအစီရင်ခံစာများ တင်သွင်းမည်ဖြစ်ပြီး ဥပဒေပြုအမတ်များက အစိုးရ၏ တစ်နှစ်တာ ခန့်မှန်းရသုံးငွေစာရင်းနှင့် ဖွံ့ဖြိုးရေးစီမံချက်တို့အား ဆန်းစစ်သုံးသပ်သွားမည်ဖြစ်သည်။ ထို့အတူ ၎င်းတို့အနေဖြင့် NPC နှင့် ဒေသန္တရ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြင်ဆင်ချက်ကိုလည်း အလေးအနက် သုံးသပ်သွားမည်ဟု သိရသည်။
အဆိုပါ အခမ်းအနားပြင်ပ၌ အစိုးရဌာနအသီးသီးမှ ဝန်ကြီးများက အင်တာဗျူးများ၊ သတင်းစာရှင်းလင်းပွဲများမှ တစ်ဆင့် အများပြည်သူနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကာ မူဝါဒများကို ရှင်းလင်းပြောကြားခြင်း၊ အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တုံ့ပြန်ဖြေကြားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။
ထို “အစည်းအဝေးကြီးနှစ်ရပ်” က လာမည့်နှစ်အတွက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အား စောင့်ကြည့် လေ့လာနိုင်သည့် အလွန်အရေးပါသော အခွင့်အလမ်းတစ်ခုဖြစ်ပေသည်။ ယင်း၌ချမှတ်သော ဆုံးဖြတ်ချက်များ၊ မူဝါဒ ကြေညာချက်များက တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ လူမှုစီးပွားဘဝကိုသာမက တရုတ်နိုင်ငံ၏ နယ်နိမိတ် ပြင်ပသို့ လည်း ကျော်လွန်သက်ရောက်မှု ရှိလာမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ယခုနှစ်၏ “အစည်းအဝေးကြီးနှစ်ရပ်” မှ မည်သည်တို့ကို မျှော်လင့်နိုင်ပါသနည်း။
၂၀၂၅ ခုနှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်
ပုံမှန်အားဖြင့်ဆိုလျှင် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လျာထားသတ်မှတ်ထားသော ဂျီဒီပီတိုးတက်ရေး မျှော်မှန်းချက်မှာ အလေးအနက် စောင့်ကြည့်ခံရဆုံး ကိန်းဂဏန်းအချက်အလက် တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ပြောင်းလဲဦးတည်လျက်ရှိရာ ဂျီဒီပီတန်ဖိုးမှာ စီးပွားရေးအတွက် တစ်ခု တည်းသော နှိုင်းချင့်တိုင်းတာစရာ မဟုတ်သော်လည်း အရေးပါသော ညွှန်းကိန်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအကျဘက်လားရာ ဖိအားများကို ခုနှိမ်ရန် အရေးကြီး မက်ခရိုစီးပွားရေး အစီအမံ အများအပြား ချမှတ်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ငါးရာခိုင်နှုန်းဝန်းကျင်ရှိရေး လျာထားချက် အား ပြည့်မီခဲ့သည်။
ဂျီဒီပီတိုးတက်မှုက နက်နဲ၍ ကျယ်ကျယ်ပြန့်ပြန့် အရေးပါသော အခြေခံတိုင်းတာမှုစံနှုန်းတစ်မျိုးလည်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ လွန်ခဲ့သော နှစ်များအတွင်း စိန်ခေါ်မှုများ ရှိခဲ့စေကာမူ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု၏ ၃၀ ရာခိုင်နှုန်းခန့်ကို အားဖြည့်ပေးရန် ရည်မှန်းထားခဲ့ကာ ကမ္ဘာ့စီးပွားရေးအတွက် အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်ဖြစ်ခဲ့သည်။
ထပ်တိုးမူဝါဒများ
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဖွံ့ဖြိုးမှုလျာထားချက် ပြည့်မီစေရေးအတွက် စီးပွားရေးလည်ပတ်မှုကို နှိုးဆွပေးမည့် ဦးတည်ပစ်မှတ်ထားသော မူဝါဒများကို ပိုမိုချမှတ်သွားမည်ဖြစ်ကာ အစိုးရလုပ်ငန်းအစီရင်ခံစာ၌ လျာထားချက် ပြည့်မီရေး ခိုင်မာသေချာစေမည့် မူဝါဒပိုင်း အစီအမံများကို ထည့်သွင်းကြေညာမည်ဟု မျှော်လင့်ရသည်။
တရုတ်နိုင်ငံက မက်ခရိုစီးပွားရေးနှင့်ပတ်သက်၍ သဘောထားပြောင်းလဲမှုကို အရိပ်အမြွက် ပြသခဲ့ပြီးဖြစ်သလို ယမန်နှစ် ဒီဇင်ဘာလ၌ ကျင်းပသော ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် မူဝါဒရေးဆွဲသူများကလည်း ကြိုတင်စီမံဆောင်ရွက်သော မူဝါဒများကို ၂၀၂၅ ခုနှစ်အတွင်း ထပ်မံကြေညာသွားမည်ဟု ကတိပြုထားသည်။ အထူးသဖြင့် အတန်သင့် ဖြေလျှော့ထားသော ငွေကြေးမူဝါဒတစ်ရပ် ချမှတ်ရန် ၎င်းတို့အနေဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်ရာ လွန်ခဲ့သော ၁၄ နှစ်တာအတွင်း သတိပြုချင့်ချိန်သော ချဉ်းကပ်မှုပုံစံမှ သိသိသာသာ ခွဲထွက်လာသည့် လက္ခဏာ လည်းဖြစ်သည်။
ဝယ်ယူသုံးစွဲမှု မြှင့်တင်ရေးကို ပဓာနအကျဆုံးအဖြစ် သတ်မှတ်လျက် ဦးစားပေးကိစ္စရပ် ကိုးရပ်အား အဆိုပါ အစည်းအဝေး၌ ချမှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို ထိပ်တန်း စီးပွားရေး ဦးစားပေးကိစ္စရပ်အဖြစ် အလေးအနက်ထားကြောင်း ထင်ဟပ်လျက်ရှိသည်။ အကြီးစား စက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု အစီအမံများကိုလည်း ၂၀၂၅ ခုနှစ်အတွင်း ပိုမို အရှိန်အဟုန်မြင့်မား၍ အတိုင်းအတာ ပိုမိုကျယ်ပြန့်စွာ မြှင့်တင်သွားမည်ဟု မျှော်လင့်ရသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း လိုငွေပြမှု ပိုမိုမြင့်မားသည်အထိ ဘတ်ဂျက်သုံးစွဲမည့် အလားအလာကို ထိထိရောက်ရောက် အသုံးချခြင်း၊ ဒေသန္တရအစိုးရ၏ အထူးငွေချေးစာချုပ်များ ထုတ်ဝေမှုတိုးမြှင့်ခြင်း၊ အလွန် သက်တမ်းကြာမြင့်သော အထူးငွေတိုက်စာချုပ်များ ဆက်လက်ထုတ်ဝေခြင်း၊ ဗဟိုအစိုးရထံမှ ဒေသန္တရအစိုးရများ ထံသို့ ငွေကြေးလွှဲပြောင်းပေးပို့မှု တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး လန်ဖော်အန်း၏ အဆို အရ သိရသည်။ ယင်းအစီအစဉ်များ၏ အသေးစိတ် အကြောင်းအရာများက ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” ၏ အဓိက အာရုံစိုက်စရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။
ခေါင်းဆောင်များ၊ ဥပဒေပြုအာဏာပိုင်များ၊ အတိုင်ပင်ခံများ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း
“အစည်းအဝေးကြီးနှစ်ရပ်” အတွင်း NPC ကိုယ်စားလှယ်များပင်ဖြစ်သည့် တရုတ်ခေါင်းဆောင်များက အဖွဲ့လိုက် ဆွေးနွေးသုံးသပ်မှုများတွင် ၎င်းတို့၏ရောင်းရင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေး ဖလှယ် ကြမည်ဖြစ်သကဲ့သို့ တိုင်းပြည်စီမံအုပ်ချုပ်မှုအတွက် အရေးအကြီးဆုံး အကြောင်းအရာများကိုလည်း နိုင်ငံရေး အတိုင်ပင်ခံများနှင့် ဆွေးနွေးဖလှယ်ကြမည်ဖြစ်သည်။
ထိုသို့ ဆွေးနွေးဖလှယ်မှုများက ဗဟိုအဆင့် ခေါင်းဆောင်ပိုင်းအား အောက်ခြေမှ ပကတိအခြေအနေများနှင့် ပတ်သက်၍ မည်သို့မည်ပုံ အမြဲမပြတ် တင်ပြအသိပေးနေသနည်း ဆိုသည်ကို လေ့လာစောင့်ကြည့်နိုင်သည့် အခွင့် အလမ်းတစ်ရပ်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံဒီမိုကရေစီ၏ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ကာ အများအားဖြင့် မျက်မှောက်ကာလ၌ အကျယ်တဝင့် ရေးသားဟောပြောချက်များတွင် ပြည်သူအားလုံး လွှမ်းခြုံ ပါဝင်သော ဒီမိုကရေစီဟု ညွှန်းဆိုလေ့ရှိကြသည်။
(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ကျန်းဆူးပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သော သမ္မတ ရှီကျင့်ဖျင်မှာ လွန်ခဲ့သောနှစ်များအတွင်း ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးသုံးသပ်မှုများတွင် အမြဲပါဝင်နေကျ ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက လက်နက်ကိုင်တပ်များ၏ NPC ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးများသို့လည်း တက်ရောက်ခဲ့ပြီး နယ်ပယ် အသီးသီး မှ နိုင်ငံရေးအတိုင်ပင်ခံများ၏ အဖွဲ့လိုက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့သည်။
ထိုသို့ အပြန်အလှန် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်စဉ်အတွင်း တရုတ်နိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်မှုအတွက် အသီးသီး အရေးပါလျက်ရှိသော ပုဂ္ဂလိက ကဏ္ဍနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခြင်း၊ အဆင့်မြင့်မားစွာ တံခါးဖွင့်မှုကို ဆက်လက်ဖော်ဆောင်ခြင်း စသော အဓိက ဦးစားပေးကိစ္စရပ်များကို ရှီက အလေးထားပြောကြားခဲ့သည်။
နိုင်ငံခြားရေးမူဝါဒ
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ အစည်းအဝေးများပြင်ပ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသဖြင့် ထို “အစည်းအဝေးကြီးနှစ်ရပ်” က တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကိုလည်း ရှင်းလင်းပီပြင်စွာ မီးမောင်းထိုးပြ ပေးမည် ဖြစ်ပေသည်။
ယမန်နှစ်တွင် မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မေးခွန်းပေါင်း ၂၁ ခုကို ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းသတင်းစာရှင်းလင်းပွဲသို့ ကမ္ဘာတစ်လွှားမှ သတင်းထောက်များ တက်ရောက် သတင်း ယူခဲ့ ကြသည်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စသော ဒေသတွင်းနှင့် နိုင်ငံတကာ၌ တင်းမာမှုမြင့်တက်နေသည့် ကိစ္စရပ်အမျိုးမျိုးနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားခဲ့သလို ရုရှား၊ အမေရိကန်၊ ဥရောပနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ ကိုလည်း အသေးစိတ်ရှင်းလင်းပြောဆိုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း အပြောင်းအလဲမြန်၍ မတည်မငြိမ်ရှိနေခိုက် ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” အတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အဆိုပြုချက်များက အထူးစိတ်ဝင်စားဖွယ်ကောင်း လှသည်။
ဉာဏ်ရည်တုနည်းပညာ၊ တီထွင်ဆန်းသစ်မှု
ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” ၌ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုက အဓိကအာရုံစိုက်စရာ ဖြစ်လာမည်မှာ ယုံမှားသံသယဖြစ်စရာမရှိဘဲ ဉာဏ်ရည်တုနည်းပညာ (AI) လုပ်ငန်းမှာ အရေးအကြီးဆုံးကိစ္စရပ် ဖြစ်လာဖွယ်ရှိသည်။
သက်တမ်းနုနယ်သော တရုတ်နည်းပညာကုမ္ပဏီ DeepSeek က လွန်ခဲ့သောလ၌ လူကြိုက်များရေပန်းစားသည့် open-source chatbot ကို မိတ်ဆက်ပေးခြင်းဖြင့် ကမ္ဘာ့ AI နည်းပညာနယ်ပယ်တစ်ခုလုံးနှင့် အရင်းအနှီးဈေးကွက် များကို အကြီးအကျယ် ကိုင်လှုပ်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ ပြည်တွင်း၌လည်း Tencent ၊ Baidu ၊ နှင့် BYD စသော ကုမ္ပဏီများက DeepSeek အား ၎င်းတို့၏ ထုတ်ကုန်များနှင့် ပေါင်းစပ်မှုများ စတင်လုပ်ဆောင်လာခဲ့သည်။ ထို့အတူ ဒေသန္တရအစိုးရအချို့ကလည်း ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ရန် DeepSeek AI မော်ဒယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း ကြေညာခဲ့သလို အခြား ဒေသန္တရအစိုးရများကလည်း အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးပညာရှင်များ အနေဖြင့် DeepSeek နှင့် အခြားသော AI နည်းပညာများ တီထွင်မှု၊ အသုံးချမှုတို့ကို ပိုမိုသိရှိနားလည်လာအောင် အကူအညီပေးရန် သင်တန်းပို့ချမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
စင်စစ်အားဖြင့် ယခုနှစ်၏ ပြည်နယ်အဆင့် “အစည်းအဝေးကြီးနှစ်ရပ်” ကျင်းပမှု အများအပြားတွင် AI နည်းပညာမှာ အလေးအနက်အထားဆုံး အကြောင်းအရာတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ ပြည်နယ်အစိုးရ လုပ်ငန်း အစီရင်ခံစာများတွင် တင်ပြထားသည့် AI နှင့်ဆက်နွှယ်သော အစီအစဉ်များစွာကလည်း ဆန်းသစ်တီထွင်မှု ပလက်ဖောင်း များ တည်ဆောက်ခြင်း၊ ပိုမိုနက်ရှိုင်းစွာ လုပ်ငန်းနယ်ပယ် ပေါင်းစည်းမှု မြှင့်တင်ခြင်းနှင့် မူဝါဒဆိုင်ရာ မူဘောင်များ အဆင့်မြှင့်တင်ခြင်းတို့ကို အလေးထားဖော်ပြထားခြင်းဖြစ်သည်။
DeepSeek ကဲ့သို့ ဆန်းသစ်တီထွင်မှု တိုးတက်မြင့်မားလာခြင်းက နည်းပညာဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများကို ဦးဆောင်ရန် တရုတ်နိုင်ငံ၏ အခိုင်အမာ စိတ်ပိုင်းဖြတ်မှုကို ထင်ဟပ်စေရုံသာမက ပင်ကိုစွမ်းရည် လေ့ကျင့် ပျိုးထောင်မှု၊ ဆန်းသစ်တီထွင်မှုအတွက် လိုက်လျောညီထွေဖြစ်သော ပတ်ဝန်းကျင်နှင့် စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှုများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်မှုတို့အပေါ် မဟာဗျူဟာရှုထောင့်မှ ပိုမိုကျယ်ပြန့်စွာ အာရုံစိုက်ထားခြင်းကိုလည်း ထင်ဟပ်လျက်ရှိသည်။ အဆိုပါ အကြောင်းအရာများကို “အစည်းအဝေးကြီးနှစ်ရပ်” ပြုလုပ်စဉ်အတွင်း ထင်ထင်ရှားရှား မြင်တွေ့ရဖွယ်ရှိသည်။
ထို့ပြင် ဥပဒေပြုအမတ်များနှင့် နိုင်ငံရေးအတိုင်ပင်ခံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ တင်ပြရေး၊ တူညီဆန္ဒများကို ကျယ်ကျယ်ပြန့်ပြန့် စုစည်းမြှင့်တင်နိုင်ရေးအတွက် ထိုအစည်းအဝေးကြီးနှစ်ရပ်က အလွန်အရေးပါသော ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။ ၎င်းတို့အနက် အချို့မှာ ကော်ပိုရေးရှင်းများ၏ အမှုဆောင်များ၊ ထိပ်တန်းသုတေသနပညာရှင်များ ဖြစ်သည့်အားလျော်စွာ ၎င်းတို့တင်သွင်းမည့် AI နှင့်သက်ဆိုင်သော အဆိုပြုချက်များ၊ အကြံပြုချက်များက တရုတ်နိုင်ငံအရေး လေ့လာစောင့်ကြည့်သူများအတွက် အဓိကအာရုံစိုက်စရာ အကြောင်းအရာတစ်ရပ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက်
အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွင် ပါဝင်လာရန်၊ အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်နိုင်သည့် တရားမျှတ၍ ရေရှည်ဖြစ်သည့် ဖြေရှင်းမှု အစီအစဉ် နည်းလမ်းများကို ရှာဖွေတွေ့ရှိရန်၊ ထိန်းချုပ်နိုင်စွမ်း၊ အချင်းဖြစ်ပွားသူအားလုံးလက်ခံနိုင်မှု ရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တိကျရှင်းလင်းပြီး တစ်သမတ်တည်း ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အကျပ်အတည်း ဘက်စုံ အရှိန်မြှင့်တက်သည့် ကနဦးကာလမှစ၍ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က နိုင်ငံသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစား သင့်မှု၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်မှု၊ ဘက်ပေါင်းစုံ၏ လျော်ကန်သော လုံခြုံရေးစိုးရိမ်မှုများကို အလေးထားသင့်မှု၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို အားပေး ထောက်ခံသင့်မှုအား အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ ယူကရိန်းအရေး၌ တရုတ်နိုင်ငံ၏ အခြေခံမူ ဖြစ်ကြောင်း၊ ၃ နှစ်ကြာ ကာလတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ပြေးလွှားခဲ့သလို တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံက အထူးသံတမန်စေလွှတ်ကာ သံတမန်ရေးလှုပ်ရှားမှုများ တက်ကြွစွာ ဆောင်ရွက်ခဲ့ရာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဥရောပ စသည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့် ထိတွေ့ ဆွေးနွေးမှုများထားရှိကာ “စစ်ပွဲပြင်ပသို့ မယိုလျှံရေး၊ စစ်မက်အရှိန်အဟုန် မြင့်တက်မလာရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” အခြေခံမူ ၃ ရပ်ကို အခိုင်အမာ တိုက်တွန်းခဲ့ကြောင်း၊ ဘရာဇီး စသည့် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အစုအဝေး၏ ဉာဏ်ပညာကို စုစည်းခဲ့ရာ ငြိမ်းချမ်းရေးကို ထောက်ပံ့တွန်းအားပေးသည့် အရေးကြီးအင်အား ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ ယူကရိန်းအရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းရေး တိုက်တွန်းသံများ အရှိန်အဟုန်မပြတ် မြင့်တက်လျက်ရှိသလို ငြိမ်းချမ်းရေးပြတင်းပေါက် ဖွင့်လှစ်လျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များ အပါအဝင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများ အားလုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်လာပြီး အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ရေရှည်ဖြစ်သည့် ဖြေရှင်းရေး အစီအစဉ် နည်းလမ်းကို ရှာဖွေတွေ့ရှိကာ ချုပ်ထိန်းနိုင်စွမ်းရှိသော၊ သက်ဆိုင်သူ အားလုံးက လက်ခံနိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ ဥရောပ အနေဖြင့် ငြိမ်းချမ်းရေး အခန်းကဏ္ဍမှ ပါဝင်ကာ အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို အတူတကွ ဖြေရှင်းပြီး ဥရောပတိုက် ကုန်းမြေ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်စေလိုကြောင်း၊ ဤကဲ့သို့ အချက်အခြာ ကျသည့် အချိန်အခါတွင် မိမိတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်ကို တွန်းအားပေးရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ကို စုစည်း၍ တွန်းအားပေးသည့်အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ပါကြောင်း၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ယင်းနေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ ယူကရိန်းအရေး အရေးပေါ် အထူးအစည်းအဝေးတွင် စည်းနှောင်မှုမရှိသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ရာ ယူကရိန်း၌ ရုရှား၏ “ရန်လိုသည့် လှုပ်ရှားမှုများ” ကို အဆုံးသတ်ရန် တိုက်တွန်းထားပြီး ယခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် မဖြစ်မနေလိုအပ်ကြောင်း ထပ်မံ အလေးထား ဖော်ပြခဲ့သည်။ ယူကရိန်းစသည့် နိုင်ငံအများအပြား တင်သွင်းသော ယင်းဆုံးဖြတ်ချက် မူကြမ်းသည် ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၁၈ မဲ၊ ကြားနေမဲ ၆၅ မဲ ရလဒ်ဖြင့် အတည်ပြုခဲ့သည်။ အမေရိကန်၊ ရုရှား၊ ဘယ်လာရုဇ်၊ အစ္စရေးနှင့် ဟန်ဂေရီ စသည့် နိုင်ငံများက ဆန့်ကျင်မဲပေးကြပြီး တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံက ကြားနေမဲပေးခဲ့သည်။

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ပြီးနောက် အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စကို ယူကရိန်းက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြား ချက်ကို ကိုးကား၍ Finiancial Times ၊ Reuters နှင့် AFP စသည့် သတင်းစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြပါသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထရမ့်နှင့်ပူတင်တို့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ယူကရိန်းနှင့်အမေရိကန်တို့အကြား တင်းမာမှုကိုဖြစ်စေသည့် အကြောင်းအရင်းဖြစ်သည့် ယူကရိန်းနိုင်ငံမှ မြေရှားသတ္တုတူးဖော်ရေး အပေးအယူကိစ္စ သဘောတူညီမှုရရှိရန် ထရမ့်အစိုးရက တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။
ယူကရိန်းအစိုးရအဖွဲ့အနေဖြင့် အဆိုပါအပေးအယူကိစ္စကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။
သဘောတူညီချက်တွင်ပါရှိသည့် လက်မခံနိုင်သည့် စကားရပ်အချို့ကို အမေရိကန်ဘက်မှ ပယ်ဖျက်ခဲ့ကြောင်းနှင့် ယူကရိန်းအစိုးရအရာရှိများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အမည်မဖော်လိုသည့် ယူကရိန်းအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ပယ်ဖျက်ခဲ့သည့်စကားရပ်အချို့တွင် ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးရှိ အရင်းအမြစ် များကို ပေးအပ်ရမည်ဟူသည့် တောင်းဆိုချက်မျိုး ပါဝင်ကြောင်းနှင့် နှစ်နိုင်ငံသဘောတူညီချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝါရှင်တန်၌ တရားဝင်လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့မှုကို DW သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- DW
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာအပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး လာရောက်ရန် စီစဉ်ထားရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဇီလန်စကီးအနေဖြင့် သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်မူကြမ်းအပေါ် တရားဝင်သဘောတူညီခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် သတ္တုတူးဖော်ရေးကိစ္စရပ်များကို ယူကရိန်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိပါသည်။

ယခုသဘောတူစာချုပ်အရ အမေရိကန်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်ကို ရှာဖွေခြင်းဖြစ်ကြောင်း ယူကရိန်းက အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ယခုသဘောတူညီချက်မူကြမ်းတွင် ယူကရိန်းနိုင်ငံ၏ ဘေးကင်းလုံခြုံရေးအတွက်ဟု ဖော်ပြထားသော်လည်း အမေရိကန်၏အခန်းကဏ္ဍကို ဖော်ပြထားခြင်းမရှိကြောင်း ယူကရိန်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက AFP သတင်း ဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
သို့ရာတွင် ထရမ့်က ယူကရိန်းအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့များ လိုအပ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား- DW
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)အား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် အကြီး အကဲနှစ်ဦးတို့အား ဂါဇာတွင် အစ္စရေးကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ကို ကူညီအားပေးခဲ့သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးရန် တောင်းဆို လိုက်သည်။

Democracy for the Arab World Now (DAWN) က ICC စုံစမ်းစစ်ဆေးရေးမှူး Karim Khan ထံ ယင်းတောင်းဆိုချက်ကို လွန်ခဲ့သော လက တင်ပြခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ဖေဖော်ဝါရီ ၂၅ ရက် နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယခုနှစ်အစောပိုင်းတွင် Khan က ဂါဇာတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuနှင့် ၎င်း၏ ယခင်ကာကွယ်ရေးဝန်ကြီး Yoav Gallantနှင့် ဟားမက်ခေါင်းဆောင်များ အနက် ပုဂ္ဂိုလ်သုံးဦးအား ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။
ထုတ်ပြန်ချက်အရ Biden ၊ ယခင်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ယခင်ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့သည် အစ္စရေး၏ စစ်ရာဇဝတ်မှုများကို ဆောင်ရွက်နိုင်ရန် စစ်ရေး ၊ နိုင်ငံရေးနှင့် လူထုထောက်ခံမှုများရရှိစေရေးတို့တွင် “ရည်ရွယ်ချက်ရှိရှိဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်” ဟု ဆိုသည်။
“Joe Biden ၊ Antony Blinken နှင့် Lloyd Austin တို့အား အစ္စရေး၏ စစ်ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်မှုအတွက် စုံစမ်းစစ်ဆေးရန် ခိုင်လုံသောအကြောင်းပြချက်များ ရှိပါသည်” ဟု DAWN ဘုတ်အဖွဲ့ဝင် နှင့် စစ်ရာဇဝတ်မှုဆိုင်ရာ ရှေ့နေ Reed Brody က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပါလက်စတိုင်းရှိ ဆေးရုံများ၊ ကျောင်းများနှင့် အိမ်များ ပေါ်သို့ ကြဲချခဲ့သည်မှာ အမေရိကန်ထုတ် ဗုံးများဖြစ်ပြီး လူသတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို အမေရိကန်ထောက်ခံမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။
အစ္စရေး၏ စစ်ဆင်ရေးကြောင့် ဂါဇာဒေသပျက်စီးခဲ့ရပြီး ဟားမက်အစိုးရ ကြီးစိုးသော ပြည်သူ့ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းလူမျိုး ၄၈,၀၀၀ ကျော် သေဆုံးခဲ့သည်။ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တစ်ရပ်တွင် ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂ (UN)နှင့် ကမ္ဘာ့ဘဏ်တို့က ဂါဇာကို ပြန်လည် တည်ဆောက်နိုင်ရန် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၅၃ ဘီလီယံကျော် လိုအပ်မည်ဟု ခန့်မှန်းထားသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်း ပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်း များအရ သိရသည်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ကျင်းပမည့် “ယူကရိန်း-နော်ဒစ်-ဘောလ်ဒစ် ပလက်ဖောင်း” ထိပ်သီးအစည်းအဝေး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနက် နိုင်ငံ ၁၃ နိုင်ငံ ခေါင်းဆောင်များက အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခေါင်းဆောင်များကမူ အွန်လိုင်းမှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း ဇီလန်စကီးက ယင်းနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းလုံခြုံရေးအာမခံရေးဆိုင်ရာ သီးသန့်အစည်းအဝေး ကျင်းပရန် ဥရောပမိတ်ဖက်များကို ၎င်းအနေဖြင့် အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်းအနေဖြင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz ဦးဆောင်သောအဖွဲ့နှင့် သတ္တုအရင်းအမြစ် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း၊ သဘောတူညီချက် ကနဦးမူကြမ်းတွင် “တန်ဖိုး ကန်ဒေါ်လာ ၅၀၀ ဘီလီယံမဟုတ်ကြောင်း” ၊ သက်ဆိုင်ရာ အကြောင်းအရာများကို နောက်ဆုံးအတည်မပြုရသေးကြောင်းလည်း ဇီလန်စကီးက ပြောကြားခဲ့သည်။
အမေရိကန်-ယူကရိန်း သတ္တုအရင်းအမြစ်ဆိုင်ရာ သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကာလအတွင်း အမေရိကန်က ယူကရိန်းအား ကူညီပံ့ပိုးမှုများကို အစားထိုးလျော်ကြေးရနိုင်ရန်အတွက် အမေရိကန်အစိုးရက ယူကရိန်းထံမှ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် တောင်းယူမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ယင်းအခြေအနေကို သိရှိသူ ယူကရိန်းအရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါတောင်းဆိုချက်ကို ယူကရိန်းဘက်က ငြင်းဆိုခဲ့သည်။ လက်တွေ့ပေးရမည့် လျော်ကြေးပမာဏမှာ အမေရိကန်ဘက်က တောင်းဆိုချက်ထက်များစွာ လျော့နည်းရာ ကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်သာ ရှိသည်ဟု ယူကရိန်းက ယူဆကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ