ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယခုလအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ လုံခြုံရေးကောင်စီသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်တွင် “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” နှင့်စပ်လျဉ်း၍ အဆင့်မြင့်အစည်းအဝေးကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များစသည့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ခဲ့သည်။
ဝမ်ယိက ၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်ခြင်း ၈၀ ပြည့်နှစ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ သည် ကမ္ဘာကြီး ဗဟုအသွင်ဖြစ်လာရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းတို့ အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်လာသည့် နှစ်ပေါင်း ၈၀၊ နိုင်ငံအသီးသီးပြည်သူများ ရှေ့သို့လျှောက်လှမ်းကာ စိန်ခေါ်မှုများကို အတူရင်ဆိုင်သည့် နှစ်ပေါင်း ၈၀၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” က ဦးမော့ပြီး အင်အားကြီးမားလာသည့် နှစ်ပေါင်း ၈၀ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လူသားမျိုးနွယ် လူမှုအသိုက်အဝန်းသည် စစ်အေးခေတ်၏ မှောင်မိုက်သည့်မြူများကြားမှ ထိုးဖောက်၍ အင်အားကြီး နှစ်ခု ထိပ်တိုက်အားပြိုင်ရင်ဆိုင်မှုကို ကျော်ဖြတ်လာခဲ့သော်လည်း ဘက်စုံငြိမ်းချမ်းရေးနှင့် အတူတကွ စည်ပင် ဝပြောမှုကို မရရှိနိုင်ခဲ့ကြောင်း၊ ၂၁ ရာစု၏ တတိယဆယ်စုနှစ်ကို ဝင်ရောက်လာနေပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းသည် တာဝန်ကြီးလေးပြီး ခရီးဝေးလံလျက်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ပြောင်းလဲရှုပ်ထွေးနေသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာ စနစ်သည် လူသားမျိုးနွယ်တိုးတက်မှုလုပ်ငန်း၏ အရေးပါသည့်အာမခံချက်ဖြစ်ကာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု ကို အခြေခံသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အယူအဆသည် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ဖြေရှင်းသည့် အကောင်းမွန်ဆုံးနည်းလမ်းဖြစ်သည်ဟု သမိုင်းက မိမိတို့ကို ပြသပြီးကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
အေးအတူပူအမျှဟူသည့် သမိုင်းအလားအလာကြီးအား ရင်ဆိုင်ရာတွင် မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတည်း ကောင်းမွန်အောင် နေ၍မရကြောင်း၊ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးသည်သာ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း၊ နက်ရှိုင်းစွာပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းကို ရင်ဆိုင်ရာတွင် “ကမ္ဘာ့ တောင်ဘက်ခြမ်း” က ခေတ်မီအသွင်ပြောင်းမှုဆီသို့ အတူလျှောက်လှမ်းသည့် သမိုင်းဝင်လုပ်ဆောင်မှုကို ဖန်တီး ရမည့် အပြင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရေး လုပ်ငန်းစဉ်အတွင်း ရှေ့တန်း၌ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ မိမိတို့သည် မည်သည့်အချိန်ကထက်မဆို ကုလသမဂ္ဂ တည်ထောင်သည့် မူလရည်ရွယ်ချက်ကို ပြန်လည်အောက်မေ့ရန်လိုအပ်၍ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို ပြန်လည်တိုးတက်လာအောင် ဖော်ဆောင်ကာ တရားမျှတ၍ တရားနည်းလမ်းကျသော ကမ္ဘာလုံးဆိုင်ရာ စီမံ အုပ်ချုပ်မှုစနစ် တည်ဆောက်မှုအား အရှိန်မြှင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ဝမ်ယိက တရုတ်နိုင်ငံ၏ အဆိုပြုချက်လေးရပ်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပထမအချက်မှာ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို အခိုင်အမာဆောင်ရွက်ရမည်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို တွန်းအားပေး ဖော်ဆောင်ရာတွင် နိုင်ငံများက တန်းတူညီမျှပါဝင်၍ တန်းတူညီမျှဆုံးဖြတ်ကာ တန်းတူညီမျှ အကျိုးခံစားရမည်။ နိုင်ငံအသီးသီး ပြည်သူများ ကိုယ်တိုင်ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လေးစားကာ ပြည်တွင်းရေး မစွက်ဖက်သည့် အခြေခံမူကို ခိုင်မာစွာ ကိုင်စွဲ၍ မိမိ၏သဘောဆန္ဒကို သူတစ်ပါးထံ အတင်း အဓမ္မ ပေး၍မရပေ။ နိုင်ငံတကာဥပဒေအား ထိရောက်စွာ ဖော်ဆောင်ခြင်းအား အာမခံရန် နိုင်ငံတကာ တရား ဥပဒေ စိုးမိုးမှုကို တင်းကျပ်စွာ ဖော်ဆောင်၍ စံနှုန်းနှစ်မျိုးနှင့် ကိုက်ညီရာအား ရွေးချယ်ဆောင်ရွက်ခြင်းကို ကန့်ကွက်သည်။ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်သည် ထိန်းချုပ်နိုင်သောစွမ်းရည်ရှိပြီး နိုင်ငံများက လိုက်နာသင့်သည်။ လုံခြုံရေး ကောင်စီသည် ဩဇာတိက္ကမရှိပြီး နိုင်ငံအားလုံးက ၎င်းကိုကာကွယ်ထိန်းသိမ်းသင့်သည်။ ကြီးနိုင်ငယ်ညှဉ်း၊ အတင်း အဓမ္မလှည့်ဖျားလုယူမှု မှန်သမျှသည် နိုင်ငံတကာဆက်ဆံရေး အခြေခံမူအား ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းပင်ဖြစ်သည်။ လုံခြုံရေးကောင်စီအား ကျော်လွန်၍ ပြုလုပ်သော တစ်ဖက်သတ် ပိတ်ဆို့ဒဏ်ခတ်မှု မှန်သမျှ သည် ဥပဒေအရ အခြေအမြစ်မရှိ၊ ကျိုးကြောင်းဆီလျော်မှုမရှိ၊ စာနာထောက်ထားမှုနှင့် ကိုက်ညီမှုမရှိပေ။
ဒုတိယအချက်မှာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အခိုင်အမာဆောင်ရွက်ရမည်။ နိုင်ငံတကာ အရေးကိစ္စကို နိုင်ငံအနည်းငယ်မှ ဆက်လက်လက်ဝါးကြီးအုပ်ထားမှု မဖြစ်သင့်ဘဲ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကလည်း မိမိ၏ တရားဝင်လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အဆိုပြုကာ ကာကွယ်ထိန်းသိမ်းခွင့်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကိုလည်း နိုင်ငံအနည်းငယ်က ဆက်လက်အပိုင်စီးထားမှု မဖြစ်သင့်ဘဲ နိုင်ငံအားလုံးမှ ပြည်သူများက သာယာချမ်းမြေ့သောဘဝ ပိုင်ဆိုင်ခွင့်ရှိသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြုပြင်ပြောင်းလဲမှုသည် ဒီမိုကရေစီဆန်စွာ ဆွေးနွေးညှိနှိုင်းမှုကို အခိုင်အမာဖော်ဆောင်ရမည်ဖြစ်ပြီး ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိက နိုင်ငံများ၏ ကိုယ်စားပြုခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ကာ သမိုင်းကြောင်းအရ တရား မမျှတမှုကို လက်တွေ့ကျကျပြုပြင်ခြင်းဖြစ်ရန် ရည်ရွယ်သည်။
တတိယအချက်အနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းမှုကို အခိုင်အမာဆောင်ရွက်ရမည်။ အတူဆွေးနွေး၊ အတူမျှဝေ၊ အတူတည်ဆောက် ဟူသည့် အခြေခံမူကို အရင်းခံကာ အတိုက်အခံပြုမည့်အစား ညှိနှိုင်းရမည် ဖြစ်သလို ဘုံအကျိုးစီးပွားဖော်ဆောင်မှုဖြင့် အများအကျိုးကို ကာကွယ်ရမည် ဖြစ်ပြီး “စည်းလုံးညီညွတ်မှုကြီး” ဖြင့် “အုပ်စုငယ်များ” ကို တိုက်ဖျက်ရမည် ဖြစ်သည်။ နိုင်ငံစုံအဖွဲ့အစည်းများက အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်၍ မရခြင်းကြောင့် စွမ်းဆောင်ရည်ကျဆင်း၍ အကျိုးသက်ရောက်မှုမရှိသည်ကို လက်ပိုက်ကြည့်နေ၍မရပေ။ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကျဉ်းမြောင်းသော ပထဝီနိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုများကို ကျော်လွန်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အရင်းခံကာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းက ပေးအပ်သော တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအား ထိန်းသိမ်းကာကွယ်သည့် အခန်းကဏ္ဍမှ ကောင်းမွန်စွာပါဝင်သင့်သည်။
စတုတ္ထအချက်အနေဖြင့် လှုပ်ရှားမှုဖြင့် ဦးတည်ချက်ကို အခိုင်အမာဆောင်ရွက်ရမည်။ အဆက်မပြတ် ဖြစ်ပွားနေသည့် စစ်မီးများ၊ အပြစ်မဲ့အသက်ဆုံးရှုံးမှုများ၊ ထွန်းသစ်စ နည်းပညာများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းက ဆောင်ပုဒ်ကိုသာ ဟစ်ကြွေးနေ၍မရဘဲ ပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ ကုလ သမဂ္ဂ “အနာဂတ် သဘောတူညီချက်” ကို ညှိနှိုင်းဖော်ဆောင်၍ “လမ်းပြမြေပုံ” အား “လုပ်ငန်းတည်ဆောက်သည့် ပုံ” အဖြစ်ပြောင်းလဲကာ သာယာကောင်းမွန်သော မျှော်မှန်းချက်ကို ပြည့်ဝသော လက်တွေ့ကျဖော်ဆောင်မှုအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ကို အခိုင်အမာဖော်ဆောင်ပြီး ပါလက်စတိုင်း ပြဿနာ အား ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းရေးကို တွန်းအားပေးကာ အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ် အေးချမ်းမှုကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂတွင် တရားဝင်နေရာပြန်လည်ရရှိပြီးနောက် မိမိတို့သည် အမြဲတစေ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် တရုတ်နိုင်ငံ၏ အကျိုးဆောင်မှု၊ တရုတ်နည်းလမ်းများ ထောက်ပံ့ပေးလျက် ရှိကြောင်း ဝမ်ယိက အလေးထားပြောကြားခဲ့သည်။ မိမိတို့သည် ငြိမ်းချမ်း၍ ဘေးကင်းလုံခြုံသော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဖော်ဆောင်လိုပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်း လျှောက်လှမ်းမှုအား အခိုင်အမာ ဖော်ဆောင်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုနှင့် ကွဲလွဲမှုများကို ဖြေရှင်းခြင်းအား အခိုင်အမာဖော်ဆောင်ကာ အားလုံးဂရုပြုကြသည့် ပြဿနာများဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အခိုင်အမာ ဖော်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
ဝမ်ယိက မိမိတို့သည် အတူတကွဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို တွန်းအားပေးဖော်ဆောင် ၍ ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းကာ အားလုံးပါဝင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးဆောင် အဆိုပြု၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်ရန် တွန်းအားပေးလျက် ရှိကြောင်း၊ မိမိတို့သည် တံခါးဖွင့်၍ အားလုံးပါဝင်လက်ခံသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဦးဆောင် အဆိုပြုကာ ယဉ်ကျေးမှုအမျိုးအစားစုံလင်မှုအား လေးစား၍ လူသားမျိုးနွယ်တို့၏ ဘုံစံတန်ဖိုးကို မြှင့်တင်ပြီး မတူညီသော ယဉ်ကျေးမှုများ ဖလှယ်ဆွေးနွေးမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ သဟဇာတဖြစ်စွာ အတူ တည်ရှိမှုကို တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မိမိတို့သည် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို လက်တွေ့ဖော်ဆောင်ပြီး ယနေ့အထိ အပြည်ပြည်ဆိုင်ရာ အစိုးရကြားခံ နိုင်ငံတကာအဖွဲ့အစည်း အားလုံးနီးပါးတွင် ပါဝင်ခဲ့ပြီးဖြစ်ကာ ကုလသမဂ္ဂ၏ နိုင်ငံတကာအရေးကိစ္စများတွင် အဓိကအခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂ၏ နောက်ထပ် နှစ် ၈၀ ကျရောက်မည့် အခါသမယတွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ သမိုင်းသင်ခန်းစာအသိ ဉာဏ်ပညာကိုရယူကာ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ရာစုနှစ်သစ်ကို စတင် ဖွင့်လှစ်ပြီး ပိုမိုတရားမျှတ၍ လျော်ကန်သော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်ကို တည်ဆောက်သွားလိုကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်သည့်ကာလအတွင်း ဝမ်ယိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် ပါကစ္စတန်၊ ဟန်ဂေရီ၊ ယူဂန္ဓာ၊ ဆိုမာလီ၊ ဘိုလီးဗီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံ ခဲ့ပြီး အမေရိကန် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
Photo: South China Morning Post

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီးအား ပြစ်တင်ခဲ့ပြီး “အကောင်းဆုံးက မြန်မြန်လှုပ်ရှားပါ၊ မဟုတ်ရင် သူ့နိုင်ငံ ရှိတော့မှာမဟုတ်ဘူး” ဟု ဇီလန်စကီးအား သတိပေးခဲ့သည်။

ထရမ့်သည် ယင်းနေ့က ၎င်းတည်ထောင်ထားသော “Truth Social” လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွင် “ဇီလန်စကီးက အမေရိကန်ကို ဒေါ်လာ ဘီလီယံ ၃၅၀ သုံးပြီး အနိုင်မရနိုင်သလို အစကတည်းက စတင်ရန် မလိုအပ်သည့် စစ်ပွဲတွင် ပါဝင်လာရန် ဖျောင်းဖျပြောဆိုခဲ့ကြောင်း” ၊ “အမေရိကန်က ဥရောပထက် ဒေါ်လာ ၂၀၀ ဘီလီယံပိုသုံးလိုက်ရကြောင်း၊ ဥရောပ၏ငွေများသည် အာမခံချက်ရှိကြောင်း၊ အမေရိကန်ကတော့ ဘာမျှ ပြန်မရ ကြောင်း”၊ “ထိုစစ်ပွဲက မိမိတို့အတွက်ထက် ဥရောပအတွက် ပိုအရေးကြီးကြောင်း၊ မိမိတို့ကြားတွင် ကျယ်ပြောပြီး လှပသည့် သမုဒ္ဒရာကြီး ခြားနေကြောင်း” ရေးသားဖော်ပြခဲ့သည်။ ယူကရိန်းသည် အမေရိကန်ဘက်မှ အကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံ ရာချီရရှိခဲ့ခြင်းမဟုတ်ဘဲ ၇၅ ဘီလီယံကျော်သာ ရရှိခဲ့သည်ဟူသော ဇီလန်စကီး၏ ထိုမတိုင်မီ ပြောဆိုချက်နှင့်စပ်လျဉ်း၍ ထရမ့်က “မိမိတို့ ၎င်းကိုပေးလိုက်သည့် ငွေကြေးများအနက် တစ်ဝက်ကို တွေ့ရှိခြင်းမရှိကြောင်း ဇီလန်စကီးက ဝန်ခံထားကြောင်း” ၊ “ဇီလန်စကီးက ဆက်ပြီး ‘သိုက်တူးချင်တာ’ ဖြစ်နိုင် ကြောင်း” ဟုလည်း ရေးသားခဲ့သည်။
ထရမ့်၏ ပို့စ်တင်ရေးသားမှုများတွင် ဇီလန်စကီးအား အကြိမ်များစွာ ပြစ်တင်ထားပြီး ဇီလန်စကီးသည် “ရွေးကောက်ပွဲ မကျင်းပသည့် အာဏာရှင်” ၊ “ယူကရိန်းပြည်သူ့သဘောထား စစ်တမ်းကောက်ယူရာမှာ ထောက်ခံမှုနှုန်း အလွန်နည်းကြောင်း” ၊ “အကျွမ်းကျင်ဆုံးကတော့ ‘တယောထိုးသလိုပဲ’ (အမေရိကန်ကို) ဆော့ကစားနေခြင်းဖြစ်ကြောင်း” ဟုလည်းဆိုသည်။
ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ယူကရိန်းက “(ပဋိပက္ခဆက်တိုက်ဖြစ်ပွားသည့်) ၃ နှစ်အတွင်းမှာ အဆုံးသတ်လို့ရကြောင်း၊ (ပဋိပက္ခကို) မစတင် သင့်ကြောင်း၊ နဂိုက (ငြိမ်းချမ်းရေး) သဘောတူညီချက် ရရှိနိုင်သော်လည်း ယူကရိန်းတို့က ထိုသို့မလုပ်ရန် ရွေးချယ်ထားကြောင်း” ဟု ပြောကြားခဲ့သည်။
အမေရိကန် နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၁၈ ရက် အစောပိုင်းတွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ၊ မြို့တော်ရီယာ့ဒ်၌ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ရာ နှစ်ဖက်သံတမန်အဖွဲ့များ ပုံမှန်ဆက်ဆံရေး ပြန်လည် လုပ်ဆောင်ရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခအား ဆောလျင်စွာ အဆုံးသတ်ရေး စသည်တို့နှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇီလန်စကီးက တူကီယဲနိုင်ငံ၊ မြို့တော်အန်ကာရာ၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း ကြေညာ၍ ခရီးစဉ်ကို မတ်လ ၁၀ ရက်အထိ နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ပြီး “တွေ့ဆုံဆွေးနွေးမှုက မိမိတို့ ကွယ်ရာတွင် မလုပ်ဆောင်သင့်ကြောင်း” ပြောကြားခဲ့သည်။
ထရမ့်က “ကံမကောင်းစွာဖြင့် (ရုရှားဘက်က ဖန်တီးထားသည့်) သတင်းအတုအမှားနေရာထဲတွင် ရှင်သန် နေကြောင်း” ဇီလန်စကီးက ဖေဖော်ဝါရီ ၁၉ ရက်တွင် ထပ်မံပြောကြားခဲ့ကာ ရုရှားက “ဘေးဖယ်ထားမှုကို ပျက်ပြယ်အောင်” ထရမ့်က ကူညီပေးသည်ဟု ယူဆကြောင်း သိရသည်။

တရုတ်နှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်လေးစားမှုဆိုင်ရာမူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးမူများကို လိုက်နာသင့်ကြောင်းနှင့် မိမိတို့ အင်အားကြီးနိုင်ငံများအနေဖြင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးရှိစွာပူးပေါင်းဆောင်ရွက်နိုင်ရးအတွက် သင့်လျော်မည့် နည်းလမ်းကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီလ ၁၈ ရက် (အင်္ဂါနေ့)တွင် နယူးယောက်မြို့တွင်ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဆင့်မြင့်အရာရှိမျ
တရုတ်နှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်လေးစားမှုဆိုင်ရာမူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးမူများကို လိုက်နာသင့်ကြောင်းနှင့် မိမိတို့ အင်အားကြီးနိုင်ငံများအနေဖြင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးရှိစွာပူးပေါင်းဆောင်ရွက်နိုင်ရးအတွက် သင့်လျော်မည့် နည်းလမ်းကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီလ ၁၈ ရက် (အင်္ဂါနေ့)တွင် နယူးယောက်မြို့တွင်ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဆင့်မြင့်အရာရှိများအစည်းအဝေးအတွင်း အမေရိကန်လူမှုအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် သီးသန့်ဆွေးနွေးပွဲတစ်ရပ်၌ တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့အပြင် တရုတ်နှင့် အမေရိကန်တို့သည် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားများရှိကြသည့်နည်းတူ ကျယ်ပြော လှသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်လည်းရှိကြောင်း၊ တစ်နိုင်ငံ၏ ပဓာနကျသည့် အကျိုးစီးပွားကို တစ်နိုင်ငံက တန်ဖိုးထား လေးစားသင့်ကြောင်း၊ ခိုင်မာသည့် ဆက်ဆံမှုရှိပြီး ယုံကြည်မှုတည်ဆောက်ခြင်း၊ အနှောင့်အယှက်များ ဖယ်ရှားပြီး အခက်အခဲများကို ကျော်လွှားခြင်း တို့ဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်ပြီး ရေရှည်တည်တံ့စေရေးအတွက် အလေးထားလုပ်ဆောင်သွားသင့်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့မှုကို Xinhua သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)

ပဲရစ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဥရောပနိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် ယူကရိန်းအရေးကိစ္စ အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် အမေရိကန်နိုင်ငံသမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီး တို့နှင့်ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု မက်ခရွန်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ခင်းတွင် ပြောကြား ခဲ့သည်။

“ဥရောပနိုင်ငံခေါင်းဆောင်အချို့နှင့် တွေ့ဆုံပြီးနောက် သမ္မတ ထရမ့်နှင့် သမ္မတ ဇီလန်စကီးတို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပါကြောင်း” မက်ခရွန်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
မက်ခရွန်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည့်အကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့က ယူကရိန်းတွင် အားကောင်းသော၊ ကြာရှည်သော ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရှာဖွေလျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် ရုရှားက ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် “ယူကရိန်း ပြည်သူများအတွက် အားကောင်းသော၊ ယုံကြည်ရသော လုံခြုံရေးအာမခံချက် မဖြစ်မနေပေးရမည်ဖြစ်ကြောင်း” ဆိုခဲ့သည်။
မက်ခရွန်က “ဥရောပသည် ၎င်း၏လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပိုမိုကောင်းမွန်သော၊ ပိုမိုများပြားသော အတူတကွရင်းနှီးမြှုပ်နှံမှုများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥရောပ ပြည်သူ များက မိမိ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ယှဉ်ပြိုင်မှုစွမ်းရည် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖော်ဆောင်ရန် မျှော်လင့်ကြပါကြောင်း ၊ ယူကရိန်းအား ထောက်ခံအားပေးမှုနှင့် မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအပိုင်းတွင် မိမိတို့အနေဖြင့် ဥရောပကော်မရှင်၏ အကြံပြုချက်အတိုင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လာမည့် ရက်အနည်းငယ်အတွင်း ၎င်းက အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မက်ခရွန်၏ အကြံပြုမှုဖြင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်၌ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ယူကရိန်းအခြေအနေနှင့် ဥရောပအုပ်စုလုံခြုံရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထိုနေ့အရေးပေါ် အစည်းအဝေးမစတင်မီ မက်ခရွန်သည် ထရမ့်နှင့် အချိန် မိနစ် ၂၀ ခန့်ကြာ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့သည်ဟု ပြင်သစ်သမ္မတအိမ်တော်မှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။
ကိုးကား-ဆင်ဟွာ
Photo: The New York Times

(၁) အမေရိကန်နှင့် ရုရှားတို့အကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် လုပ်ဆောင်မည်။
(၂) သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် နည်းလမ်းဖြင့် ယူကရိန်း စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ပေးနိုင်မည့် အဆင့်မြင့်အဖွဲ့များ ဖွဲ့စည်းမည်။
(၃) ယူကရိန်းပဋိပက္ခ အောင်မြင်စွာ အဆုံးသတ်နိုင်သည်နှင့်တပြိုင်နက် အနာဂတ်တွင် နိုင်ငံများအချင်းချင်း ဘုံပထဝီဝင်နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီသည်။

(၄) လုပ်ငန်းစဉ်များ ထိရောက်စွာရှေ့ဆက်သွားနိုင်ရန် အမေရိကန်နှင့်ရုရှားတို့၏ အာမခံချက်ဖြင့် ပူးတွဲပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုကြသည်။
(၅) နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်နိုင်ရေးအတွက် သံတမန်များ ပိုမိုခန့်အပ်ရန် သဘောတူကြသည်။
(၆) ဇီလန်စကီးအနေဖြင့် အမေရိကန်နှင့် ရုရှားတို့၏စေ့စပ်ညှိနှိုင်းမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ယူကရိန်းပါဝင် ဆွေးနွေးခွင့်မရသည့် ဆွေးနွေးပွဲများ ပြုလုပ်သည့် မည်သည့် သဘောတူညီချက်မျိုးကိုမျှ လက်ခံမည်မဟုတ်။
(၇) ဆော်ဒီအာရေဗီးယားမှာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကြောင့် ရုရှားသည် အပယ်ခံနိုင်ငံအဖြစ်ကနေ ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။ အမေရိကန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခွင့်လည်း ပြန်လည်ရှိခဲ့ခြင်းကြောင့် ပူတင်၏ မဟာအောင်ပွဲအဖြစ် ကျွမ်းကျင်သူအချို့က သုံးသပ်ထားကြပါသည်။
ကိုးကား- ဒေသတွင်းမီဒီယာ

ရုရှား- ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့် “တစ်ဖက်သက်” စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေသော အမေရိကန်၏ တွန်းအားပေးမှုအပေါ် ဥရောပနိုင်ငံများနှင့် ယူကရိန်း ပါဝင်မှုမရှိသော စေ့စပ်ညှိနှိုင်းမှုကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ဥရောပနိုင်ငံ အများအပြား၏ ခေါင်းဆောင်များက မကြာသေးမီ ရက်များ၌ မြူးနစ်လုံခြုံရေးညီလာခံ (MSC) တက်ရောက်စဉ် ကာလအတွင်း ပြောကြားခဲ့သည်။

လတ်တလောရက်များတွင် အမေရိကန်သမ္မတ ထရမ့်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ဇီလန်စကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဆက်သွယ်ခဲ့သည်။ ထို့နောက် အမေရိကန်- ရုရှား နှစ်နိုင်ငံသည် ရုရှား- ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးနှင့်ပတ်သက်၍ “နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု”များ ပြုလုပ်ရန်နှင့် ၎င်းတို့ သက်ဆိုင်ရာ အဖွဲ့များစေလွှတ်၍ “စေ့စပ်ညှိနှိုင်းမှု ချက်ချင်းစတင်ရန်” သဘောတူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio စသည့် အရာရှိများနှင့် ရုရှားအရာရှိများသည် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် တွေ့ဆုံပြီး ရုရှား- ယူကရိန်း ပဋိပက္ခကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အောက် လွှတ်တော်အမတ် Michael McCaul က ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်လုံခြုံရေးညီလာခံတက်ရောက်စဉ် ထုတ်ဖော် ပြောကြားခဲ့သည်။
အထက်ဖော်ပြပါ လှုပ်ရှားမှုများက ဥရောပအား ၎င်းကို ယူကရိန်း ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်စေသည်။ မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံရေးသမားသည် ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ အစည်းအဝေးများသို့ အလုအယက်တက်ရောက်ခဲ့ကြသည်။ ဥရောပအနေဖြင့် ရုရှား- ယူကရိန်း စစ်ပွဲများ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရမည်ဖြစ်ပြီး “ရုရှားနှင့် အမေရိကန်က ယူကရိန်းနှင့် ဥရောပနိုင်ငံများ မပါဝင်သည့် အခြေအနေတွင် စေ့စပ်ညှိနှိုင်းများပြုလုပ်ခြင်းကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း” ဂျာမနီနိုင်ငံ ခရစ်ယာန်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (CDU) ဥက္ကဋ္ဌ Josef Merz က မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံသမ္မတ Alexander Stubb က “ဥရောပသားများမရှိလျှင် ယူကရိန်း၏ အနာဂတ် သို့မဟုတ် ဥရောပ လုံခြုံရေးဖွဲ့စည်းပုံကို ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းများ လုပ်ဆောင်မရကြောင်း၊ သို့သော် ဥရောပအနေဖြင့် စည်းလုံးညီညွတ်ရန်အတွက် စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ရန် လိုကြောင်း” မြူးနစ်လုံခြုံရေး ညီလာခံကာလအတွင်း မီဒီယာသတင်းထောက်များကို ပြောကြားခဲ့သည်။
ဥရောပ၏ မငြိမ်သက်မှုနှင့် ပတ်သက်၍ နေတိုး အထွေထွေအတွင်းရေးမှူး Mark Rutte က အကယ်၍ ဥရောပက အမေရိကန်ဦးဆောင်သော စေ့စပ်ညှိနှိုင်းမှုတွင်ပါဝင်လိုပါက ယူကရိန်း ငြိမ်းချမ်းရေးရရှိစေရေးအတွက် “ကောင်းမွန် သော အကြုံပြုချက်များ” အဆိုပြုရမည်ဖြစ်ပြီး “အကယ်၍ ဥရောပသားများသည် ပြောရေးဆိုခွင့်လိုချင်သည်ဆိုပါ မိမိကိုယ်တိုင် သြဇာညောင်းအောင်လုပ်ပါ” ဟု ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်တွင် တိုက်ရိုက်ပြောခဲ့သည်။
ဇီလန်စကီးက “ယူကရိန်းအနေဖြင့် မိမိတို့ မပါဝင်သည့် အခြေအနေ၊ မိမိတို့ နောက်ကွယ်တွင် ရရှိသည့် သဘောတူညီချက်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း” မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ပြောကြားခဲ့သည်။ ယူကရိန်းနှင့် အမေရိကန်၊ ဥရောပတို့အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိသည်နှင့် ၎င်းသည် ရုရှားနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုလုပ်ရန် အသင့်ပြင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ဇီလန်စကီးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမေရိကန် ဒုတိယသမ္မတ Vance နှင့် မြူးနစ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအနေဖြင့် “စစ်မှန်ပြီး အာမခံရှိသော” ငြိမ်းချမ်းရေးသို့ လျင်မြန်စွာ ဦးတည်သွားရန် ဆန္ဒရှိကြောင်း၊ အမေရိကန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအပေါ် ကူညီပေးပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် အဆိုပြုသော ယူကရိန်းအနေဖြင့် အမေရိကန်သို့ မြေရှားစသည့် အရင်းအမြစ်များ ပို့ဆောင်ပေးခြင်းမှ တစ်ဆင့် အမေရိကန်၏ ယူကရိန်းအပေါ် ကူညီမှုများလဲလှယ်ရန် မျှော်လင့်သော အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန်၏ သတ္တုတူးဖော်ရေး သဘောတူညီချက်အစီအစဉ်သည် ယူကရိန်းအတွက် “လုံခြုံရေး အာမခံချက်” ကင်းမဲ့ကြောင်း ဇီလန်စကီးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
သမ္မတ အမိန့်အာဏာကို အလွန်အကျူး အသုံးပြုပြီး နိုင်ငံ့ ဝန်ထမ်းများစွာ ထုတ်ပယ်ခြင်း၊ အစိုးရအေဂျင်စီများစွာကိုပယ်ဖျက်ခြင်း၊ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေများကို ပိတ်ပင်ခြင်းများစွာ လုပ်ဆောင်နေခဲ့သော ဒေါ်နယ်ထရမ့်က မိမိနိုင်ငံကို ကယ်တင်ခြင်းသည် မည်သည့်ဥပဒေမှ ချိုးဖောက်ရာမရောက်နိုင်ဆိုသည့် နပိုလီယံ၏ လက်သုံးစကား အသုံးပြုကာ ဝေဖန်မှုများကို တုံ့ပြန်သွားခဲ့သည်။

ထရမ့်သည် အိမ်ဖြူတော်သို့ဝင်ရောက်ပြီး ပထမတစ်ပတ်အတွင်းမှာပင် သမ္မတအာဏာကန့်သတ်ချက်များကို ဂရုမပြုဘဲ သမ္မတ အမှုဆောင် အမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ကာ ဝန်ထမ်းများစွာကို ထုတ်ပယ်ခြင်း၊ နိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်လာပြီး မွေးဖွားသော ကလေးများကို နိုင်ငံသားအဖြစ် လက်မခံခြင်း၊ ၎င်းအမှုများအား ယခင် စစ်ဆေးခဲ့သော ရှေ့နေများကို ထုတ်ပယ်ခြင်း၊ လွှတ်တော်မှ ထူထောင်ထားသည့် စောင့်ကြည့်အေဂျင်စီများကို လွှတ်တော် ထံ မတင်ပြဘဲ ဖျက်သိမ်းခြင်း၊ နိုင်ငံတကာ ရန်ပုံငွေများကို ဆိုင်းငံ့ခြင်း များစွာပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဝေဖန်မှုများမြင့်တက်လာသော်လည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် Truth Social အကောင့်ပေါ် နပိုလီယံ လက်သုံးစကားဖြစ်သည့် နိုင်ငံကို ကာကွယ်သောသူသည် မည်သည့် ဥပဒေကိုမျှ ချိုးဖောက်ရာမရောက် ဟူသည့် စာသားကို ရေးတင်ခဲ့ပြီး တစ်ဆက်တည်းဆိုသလို ၎င်း၏ X လူမှုကွန်ရက်နှင့် အိမ်ဖြူတော် X လူမှုကွန်ရက် စာမျက်နှာပေါ်ပါ အဆိုပါ စာသားကို ရေးတင်သွားခဲ့သည်။
ဒုတိယအကြိမ် သမ္မတဖြစ်သေးမီ စည်းရုံးရေးဆင်းစဉ် ၂ ကြိမ်တိုင် သေနတ်ဖြင့် လုပ်ကြံခံရမှုနှင့် ကြုံဆုံခဲ့ရပြီးနောက် ထရမ့်က မိမိ၏ အလိုကို ဘုရားသခင်က ကျောထောက်နောက်ခံပြုပေးနေသည်ဟု ပြောဆို ပြီးနောက် အမေရိကန်သမ္မတများသမိုင်း၌ ထူးထူးကဲကဲ သမ္မတ အမိန့် အာဏာများစွာ အသုံးပြုပြီး အမေရိကန် ဥပဒေ ထုံးတမ်းအစဉ်အလာများကို သွေဖယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
Ref: japantimes
Photo: Reuters

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး မေးခွန်းအပေါ် ဝမ်ယိက အမေရိကန်နိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုကို ထိန်းသိမ်းထားရာ လွယ်လင့်တကူ ပြောင်းလဲမည်မဟုတ်ကြောင်း၊ ယင်းမှာ နိုင်ငံကြီး၏ မဟာဗျူဟာတည်ငြိမ်မှုအင်အားနှင့် နိုင်ငံတကာ ဂုဏ်သိက္ခာကို ဖော်ပြခြင်းဖြစ်ကြောင်း၊ မိမိတို့၏ မူဝါဒမှာ သမ္မတရှီကျင့်ဖျင် အဆိုပြုသည့် အခြေခံ မူသုံးရပ်ဖြစ်သော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် လူမှုစနစ်ချင်းမတူညီကြကြောင်း၊ ယင်းမှာ မိမိတို့ပြည်သူများ ၏ ကိုယ်စီရွေးချယ်မှုဖြစ်ပြီး တစ်ဖက်သားအားပြုပြင်လိုခြင်း၊ ထို့ထက်မက ပြောင်းပြန်ပြောင်းလဲ လိုခြင်းမှာ လက်တွေ့မကျကြောင်း၊ မှန်ကန်သည့်သဘောထားမှာ အပြန်အလှန်လေးစားမှုဖြစ်ရာ ယင်းမှာ တရုတ်-အမေရိကန်ဆက်ဆံရေး၏ ရှေးဦးလိုအပ်ချက်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုမှာ ပို၍ပင် ဓမ္မဓိဋ္ဌာန်ကျကြောင်း၊ တရုတ်-အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံက ပဋိပက္ခ ဖြစ်၍မရကြောင်း၊ သို့မဟုတ်ပါက ကမ္ဘာကြီးဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု အားဖြည့်ခြင်း၊ နားလည်မှုမြှင့်တင်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်မှုသည် နိုင်ငံတကာအသိုက်အဝန်းက တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်စေလိုမှုကြောင့်ဖြစ်ပြီး ကမ္ဘာ့စိန်ခေါ်မှုများကို တရုတ်-အမေရိကန် လက်တွဲရင်ဆိုင်ဖြေရှင်းရန် လိုအပ်သလို ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ထမ်းဆောင်သင့်သည့် နိုင်ငံတကာ တာဝန်ဝတ္တရားလည်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဤအခြေခံမူ ၃ ရပ်အရ အမေရိကန်နှင့် တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်ရှိသော နှစ်ဖက်ဆက်ဆံရေးကို တည်ဆောက်ကာ ဤကမ္ဘာတွင် နိုင်ငံကြီး နှစ်နိုင်ငံ ဆက်ဆံသည့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေသွားရန်အသင့်ပြင်ပြီးဖြစ်ရာ အမေရိကန် အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ ဆောင်ရွက်ရန်မျှော်လင့်ကြောင်း၊ သို့သော် အမေရိကန် အနေဖြင့် ထိုသို့ မဆောင်ရွက်လိုဘဲ တရုတ်နိုင်ငံကို ဖိနှိပ်၊ ဟန့်တားရန် စိတ်ပိုင်းဖြတ်ထားမည် ဆိုလျှင် မိမိတို့အနေဖြင့် အဆုံးတိုင်အဖော်လုပ်သွားမည်ဖြစ်ပြီး အမေရိကန်၏ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို မုချမသွေ အခိုင်အမာ လက်တုံ့ပြန်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် တရားနည်းလမ်းကျသည့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းကို မုချမသွေ အခိုင်အမာကာကွယ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဤသို့ လုပ်ဆောင်ရခြင်းမှာလည်း နိုင်ငံတကာတရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း၊ တရုတ်လူမျိုးများသည် မိစ္ဆာကို မယုံကြည်သလို တစ္ဆေကိုလည်းမကြောက်ရွံ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အန္တရာယ် အခက်အခဲအမျိုးမျိုးကို အောင်နိုင်ပြီးနောက် ဖွံ့ဖြိုးတိုးတက် အင်အားကြီးလာခြင်းဖြစ်ကြောင်း၊ တရုတ်တွင် “သဘာဝတရားသည် အပြောင်းအလဲများကြားတွင် ကြံ့ကြံ့ခိုင်ရပ်တည်နိုင်သလို သူကောင်းတို့သည်လည်း ထိုနည်းလည်းကောင်း မလျှော့သောဇွဲဖြင့် စဉ်ဆက်မပြတ်ရှေ့သို့တက်လှမ်းချီကြသည်” ရှေးဆိုရိုးစကားတစ်ခုရှိကြောင်း၊ “သူတစ်ပါး အင်အားကြီးမားလျှင် ကြီးမားပါစေ၊ တောင်တန်းကြီးတွင် လေပြေရူးသလိုပင်၊ သူတစ်ပါး ဆိုးသွမ်းလျှင် ဆိုးသွမ်းပါစေ၊ မြစ်ရေပြင်ကို လရောင်လင်းသလိုပင်” ဟူသော တရုတ်စကားက ထိုသဘောထားကို ပို၍ သရုပ်ဖော်နိုင်ကြောင်း၊ ယင်းမှာ တရုတ်လူမျိုးတို့၏ စိတ်နေသဘောထား၊ တရုတ်လူမျိုးတို့၏ ဂုဏ်အင်္ဂါအရည် အသွေးဖြစ်ကြောင်း၊ အရှေ့အနောက်တောင်မြောက်လေ မည်သို့ပင်မွှေနှောက်တိုက်ခတ်ပါစေ၊ တည်ငြိမ်စွာ တုန်လှုပ်မှု မရှိ ရပ်တည်နေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်အစိုးရက အစိုးရဝန်ထမ်း အများအပြားလျှော့ချမှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်ဖက်တွင် အစိုးရဝန်ထမ်းများကို “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင် အလုပ်မှနုတ်ထွက်ရန် တွန်းအားပေးလျက်ရှိပြီး အခြားတစ်ဖက်တွင်မူ အစမ်းခန့်ကာလဝန်ထမ်းများ အား အလုပ်ရပ်နားလျက်ရှိကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၄ ရက် ဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် ဝန်ထမ်းအရေအတွက် တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ထိုပမာဏသည် ဆက်လက်တိုးပွားလာနိုင်ကြောင်း သိရသည်။

အစမ်းခန့်ကာလဝန်ထမ်းများသည် အလုပ်အကိုင်အာမခံမှုအစီအမံ အတန်အသင့်နည်းပါးကာ ၎င်းတို့ကို အလုပ်ခန့်အပ်သည့်ကာလမှာ အများဆုံး (၂)နှစ်ထက် မကျော်လွန်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြသည်။ လက်ရှိတွင် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်းတစ်သောင်းကျော် အလုပ် ရပ်နားခံရပြီးဖြစ်ကာ ၎င်းအနက် အငြိမ်းစားစစ်မှုထမ်းရေးရာဝန်ကြီးဌာနမှ လူ ၁,၀၀၀ ကျော်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ လူ ၂,၂၀၀ ခန့်၊ စွမ်းအင်ဝန်ကြီးဌာနမှ လူ ၂,၀၀၀ ခန့်၊ သစ်တောရေးရာဦးစီးဌာန (USFS)မှ လူ ၃,၄၀၀၊ အမျိုးသားကျန်းမာရေးဦးစီးဌာန(NIH)မှ လူ ၁,၅၀၀၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(CDC)မှ လူ ၁,၃၀၀၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA)မှ လူ ၃၈၀ ကျော်တို့ ပါဝင်ကြောင်းသိရသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ စားသုံးသူများ ဘဏ္ဍာရေး ဆိုင်ရာ ကာကွယ်ရေးဗျူရို (CFPB)စသည့် အဖွဲ့အစည်းများတွင်လည်း ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်ခဲ့သည်။
ဝန်ထမ်းအများအပြားလျှော့ချမှုအစီအမံသည် အစမ်းခန့်ကာလတွင်ရှိနေဆဲ အစိုးရဝန်ထမ်းပေါင်း ၂ သိန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန် “The Hill” နေ့စဉ်သတင်းစာက ဖော်ပြထားသည်။
အစိုးရဝန်ထမ်းများ ကိုယ်တိုင်နုတ်ထွက်ခြင်းအား တွန်းအားပေးရန် အမေရိကန် အိမ်ဖြူတော် ဝန်ထမ်းစီမံခန့်ခွဲရေးရုံးသည် မကြာသေးမီက နုတ်ထွက်သည့် လျော်ကြေးအဖြစ် လစာငွေ ၈ လစာ ပေးသွားမည့် “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု”အစီအစဉ်ကို အီးမေးလ်မှတစ်ဆင့် ပေးပို့ခဲ့သည်။ အစိုးရဝန်ထမ်းပေါင်း ၇၅,၀၀၀ ကျော်က “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ကိုလက်ခံ၍ အလုပ်မှနုတ်ထွက်ရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ ယင်းသည် “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်တောင်းဆိုချက်များနှင့် ကိုက်ညီသောဝန်ထမ်း ၂ သန်းဝန်းကျင်၏ ၄ ရာခိုင်နှုန်းမျှပင်မရှိသောကြောင့် အိမ်ဖြူတော်က သတ်မှတ်ထားသော ၅ %မှ ၁၀% အထိ ဝန်ထမ်းလျှော့ချမှု ရည်မှန်းချက်ကို မရောက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ဝန်ထမ်းအများအပြားလျှော့ချမှုအစီအမံကြောင့် ဝါရှင်တန်တွင် ကန့်ကွက်ဆန္ဒပြမှု အကြိမ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မှီငြမ်း။Xinhua

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်များကို ရပ်ဆိုင်းထားရန် ကြိုးပမ်းမှုသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အုပ်ချုပ်ရေးနှင့် လွတ်လပ်သော မီဒီယာအစီအစဉ်များကို ပံ့ပိုးပေးနေသည့် ဒေါ်လာသန်းပေါင်း များစွာရှိသည့် USAID အစီအစဉ်များကို လက်ခံရရှိနေသည့် ပြည်တွင်းစစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံ လူထုအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

ရန်ပုံငွေရပ်ဆိုင်းခြင်းသည် USAID အပေါ် ထရမ့်၏ ကြီးမားသော Trumpian တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းသည် အစောပိုင်း ကန့်သတ်ချက်များကို ဖော်ထုတ်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်၏ ထောက်ခံမှုနှင့် လေးနှစ်ကြာ အာဏာကို ထိန်းသိမ်းထားသည့် စစ်အစိုးရအား ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုအတွက် ရန်ပုံငွေ အထောက်အပံ့ကို အပြီးတိုင် ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်ပေသည်။
သေချာသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချခဲ့သော စစ်အစိုးရကို ဆန့်ကျင်သည့် အမေရိကန်အစိုးရ၏ ကတိကဝတ်မှာ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် ရှေ့လာမည့် ကာလတွင် သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။ ဒီအနေအထားကို လက်မခံနိုင်သူ အများအပြားက အမေရိကန်အနေဖြင့် ဒီမိုကရေစီအင်အားစုများက အာဏာရှင်အင်အားစုများကို အပြင်းအထန် တွန်းလှန်ခြင်းမျိုး ပိုမိုလုပ်ဆောင်သင့်သည်ဟု သဘောထားကြသည်။
ထိုအရေးအခင်းမှ ထရမ့်၏ ပြတ်ပြတ်သားသား နှုတ်ထွက်လိုက်ခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပိုမိုအရေးပါလာမည် ဖြစ်သည်။ အမှန်စင်စစ် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးတွင် ဝင်ရောက်စွက်ဖက်ရန်နှင့် ၎င်း၏ ဗျူဟာမြောက် အသာစီးရအောင် ကြိုးကိုင်ရန် နည်းလမ်း၊ စွမ်းရည်နှင့် စေ့ဆော်မှုရှိသည့် တစ်ခုတည်းသော ပြည်ပ နိုင်ငံတစ်ခုဖြစ်သည်။
အခြားသော နိုင်ငံများ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စစ်အစိုးရနှင့် အတိုက်အခံများကြားဆွေးနွေးရန် “ဘုံသဘောတူညီချက် ၅ ချက်”ကို အကြံပြုခဲ့သော်လည်း အဆိုပါသဘောတူညီချက်အောက်တွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုသည် ထိရောက်မှုမရှိသော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
အာဆီယံအတွက် ၎င်း၏ အဓိကအခြေခံမူနှစ်ရပ်ဖြစ်သည့် “ဝင်ရောက်မစွက်ဖက်ရေးနှင့် အများဆန္ဒအရ” ဟူသည့်အချက်များက တားဆီးထိန်းချုပ်ထားသည်။ ထိုလမ်းကြောင်းကို ရွေးချယ်မှုကြောင့် အာဆီယံ အဖွဲ့အစည်းအနေဖြင့် ၎င်း၏ (၅၈)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများကြား နှစ်ဖက်အငြင်းပွားမှုကို မည်သည့်အခါမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ သကဲ့သို့ အဖွဲ့ဝင်နိုင်ငံများအတွင်း လက်နက်ကိုင် ပဋိပက္ခကိုလည်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ ပေ။
မည်သို့ပင်ဆိုစေကာမူ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်တပ်အား ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုမရှိသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းကို အဓိက ပံ့ပိုးပေးထားသည်။ မလေးရှား၏ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌကာလတွင် ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းမှုအသစ်များကို ထိုင်းနိုင်ငံထံမှ အကူအညီဖြင့်သာ ဆောင်ရွက် ရပါက ရှေ့ရောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
တရုတ်နိုင်ငံအတွက် လုပ်ကွက်တစ်ရပ် ထားရှိခဲ့ခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၎င်း၏ ပုံဖော်နိုင်သည့် ရေရှည်စီမံကိန်းတစ်ခုပင်ဖြစ်သည်။ စစ်ပွဲများ ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂,၁၈၅ ကီလိုမီတာရှည်လျားသည့် နယ်စပ်ကုန်သွယ်ရေးတစ်လျှောက် အရှိန်အဟုန် မြင့်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ Belt and Road Initiative လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အစီအစဉ်အရ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် မြန်မာနိုင်ငံ၏ မော်တော် ကားလမ်းများ၊ မီးရထားလမ်းများနှင့် အဓိကဆိပ်ကမ်းတစ်ခု အဆင့်မြှင့်တင်ရန် အစီအစဉ်များသည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမိုအရှိန်အဟုန် မြင့်မားစေမည်ဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက် လာမည် ဖြစ်သည်။
သို့သော်လည်း တရုတ်သည် မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသော လှည့်ကွက်နှစ်မျိုးဖြင့် ကစားနေပါသည်။ တဖက်တွင်လည်း စစ်အေးတိုက်ပွဲအတွင်း တရုတ်အစိုးရက ကျောထောက် နောက်ခံပြုခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်ခံသည့် တရားဝင်ကြားနေ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား လက်နက်များ ပေးအပ်ထားပြီး ယခုအခါ နိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ဖြစ်လာကာ တပ်မတော်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ များထံ တရုတ်လက်နက်များကို လွှဲပြောင်းပေးအပ်လျက်ရှိသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် မြန်မာအစိုးရများအား ကျောထောက်နောက်ခံ ပြုပေးခဲ့ပါသည်။ နိုင်ငံရေးပွင့်လင်းမှုနှင့် ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကာလ၌ မြန်မာတပ်မတော်အရာရှိကြီးများသည် အမေရိကန်၊ အနောက်နိုင်ငံများနှင့် အလိုက်အထိုက် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်အာဏာထိန်းလိုက်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ပြန်လှည်ဦးလှည့်သွားခဲ့သည်။ ၂၀၂၁ ခုနှစ်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှု၊ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပေသည်။
သေချာသည်မှာ တော်လှန်ရေးတပ်အများစု၏ ဦးတည်ချက်ဖြစ်သော ခိုင်မာသော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းရေးကို တရုတ်နိုင်ငံက စိတ်ဝင် စားခြင်း မရှိပေ။ မြန်မာနိုင်ငံသည် စစ်ပွဲများနှင့်လုံးလည်လိုက်ကာ အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် တစ်ဖက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လိုသလိုကိုင်တွယ်ကစားခြင်း၊ အခြားတစ်ဖက်တွင် UWSA မှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအတွက် သွယ်ဝိုက်သော ပံ့ပိုးကူညီမှုကို လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ အစဉ်အလာ ကစားနည်းဖြစ်သော “ဆုပေးဒဏ်ပေး စနစ်”ကို ကျင့်သုံးနိုင်မည် ဖြစ်သည်။
အဆိုပါအချက်သည် ပြဆိုနေသည်မှာ နယ်စပ်ဒေသများတွင် ပြင်းထန်သော မတည်မငြိမ်မှုများကြောင့် စစ်ဘေးဒုက္ခသည်များ အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်မှုများကို ဖြစ်စေနိုင်ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများအတွက် အဓိကထွက်ပေါက်ကို ပံ့ပိုးပေးသည့် အကျိုးအမြတ်များသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခကို ထိန်းမနိုင်သိမ်းမရအဖြစ်သို့ မရောက်စေလိုခြင်းပင်ဖြစ်သည်။
အလားတူပင် ဥပဒေစိုးမိုးမှုမရှိသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားနေသည့် တရုတ်လူမျိုးပိုင် ငွေကြေးလိမ်လည်မှုစင်တာများ ပျံ့နှံ့တည်ရှိနေခြင်းကိုလည်း တရုတ်နိုင်ငံက နှစ်မြို့ခြင်း မရှိပေ။ မကြာသေးမီက ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် ၎င်း၏မဟာမိတ် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကို ထိန်းချုပ်ကာ အဆိုပါနှစ်ဖွဲ့စလုံးက တရုတ်အစိုးရ၏ အမိန့်အရ မြန်မာစစ်အစိုးရ ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေခြင်းအား ရပ်ဆိုင်းခဲ့ခြင်းသည် တရုတ်နိုင်ငံက ၎င်း၏ ကြိုးကိုင်ထားမှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။
ဒီဇင်ဘာလအစောပိုင်းတွင် ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဖုန်တာရွှင်သည် “ဆေးကုသမှု ခံယူရန်” တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကြောင်း MNDAA က ကြေညာခဲ့သည်။ “တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန်” MNDAA က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
TNLA သည်လည်း နိုဝင်ဘာလနှောင်းပိုင်းတွင် အလားတူ ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပြီး “တရုတ်၏ ဖျန်ဖြေရေး ကြိုးပမ်းမှုများအရ အစဉ်ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အများစုကို သိမ်းပိုက်နိုင်ခဲ့သော ညီနောင်မဟာမိတ်အဖွဲ့၏ တတိယမြောက် အဖွဲ့ဝင်ဖြစ်သည့် AA ကလည်း မြောက်ပိုင်းမဟာမိတ်များကဲ့သို့ တပ်မတော်နှင့် ညှိနှိုင်းရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က ကြေညာခဲ့သည်။ အမှန်တကယ်တွင် AA သည် ၎င်း၏မွေးရပ် ရခိုင် ပြည်နယ်တွင် လုံးဝအောင်ပွဲရလုနီးပါးဖြစ်နေပုံရသည်။
AA သည် တရုတ်နိုင်ငံ၏အမိန့်ကို နာခံသော်လည်း အခြားလက်နက်ကိုင်အဖွဲ့ အချို့ထက် ပိုမိုလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် AA သည် ကချင်ပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အင်အားကြီး ခရစ်ယာန်ဘာသာ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဟန်ချက်ညီစေရန်အတွက် အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘာသာအဖွဲ့များနှင့် အိန္ဒိယနိုင်ငံရှိ ကချင်တိုင်းရင်းသားများနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားသည့် KIA လက်နက်ကိုင်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
AA ခေါင်းဆောင်အများစုသည် KIA ဌာနချုပ် လိုင်ဇာတွင် အခြေပြုလျက်ရှိပြီးသဖြင့် MNDAA နှင့် TNLA မဟာမိတ်များထက် တရုတ်နိုင်ငံအပေါ် မှီခိုမှုနည်းပါးသည်။ သို့သော်လည်း AA ၏ လက်နက်ခဲယမ်းအများစုသည် UWSA မှ သွယ်ဝိုက်၍ ဝင်ရောက်နေကြပြီး ၎င်း၏ ခေါင်းဆောင်များသည် လိုင်ဇာမှ ပန်ဆန်းရှိ UWSA ဌာနချုပ်သို့ သွားလာသည့်အခါ တရုတ်နယ်မြေကို ဖြတ်သန်းရမြဲပင် ဖြစ်သည်။ ထို့ကြောင့် AA သည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းသော တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်သည့် ရေနက်ဆိပ်ကမ်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နေရာများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးတွင် ယခုအချိန်အထိ တိုက်ပွဲဖော်ဆောင်မှုကို ရှောင်ရှားခြင်းမှာ အံ့သြစရာမဟုတ်ပေ။
စစ်ပွဲကြောင့်ဖြစ်သည့် မတည်ငြိမ်မှုဒဏ်ကို အတော်အတန်ခံစားနေရသော်လည်း အစိုးရ နှင့် AA တို့အကြား ပြေလည်အောင် လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ပြည်ပနိုင်ငံတစ်ခု ဖြစ်ခြင်းကြောင့် အဆိုပါအကျိုးစီးပွားများသည် တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် အသာစီး ရစေ ပါသည်။
အိန္ဒိယသည်လည်း တရုတ်ကဲ့သို့ မြန်မာ၏ မတည်ငြိမ်သည့်အခြေအနေနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြသမှုမရှိသော်လည်း အလားတူ ပဋိပက္ခ၏လမ်းကြောင်းနှင့် ရလဒ်များ အပေါ် စိတ်ပါဝင်စားမှု ရှိပေသည်။
အိန္ဒိယ၏ အဓိက အကျိုးစီးပွားတစ်ခုမှာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော် ခိုအောင်းနေသော အာသံ၊ မဏိပူရနှင့် နာဂ သူပုန်များ အနေဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မကြာခဏ ဝင်ရောက်လှုပ်ရှားခြင်းနှင့် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသသို့ လက်နက်များ တရားမဝင် တင်သွင်းနေခြင်းကို ဟန့်တားရန်ပင် ဖြစ်သည်။
စီးပွားရေးအရ အိန္ဒိယသည် စစ်ပွဲကြောင့် မတည်မငြိမ် ဖြစ်ပေါ်စေပြီး ရှုပ်ထွေးနေသော သို့မဟုတ် ရပ်တန့်ထားသော အစီအစဉ်များဖြစ်သည့် နိုင်ငံစီးပွားရေးကို လျင်မြန်စွာ ဖွံ့ဖြိုးစေမည့် မြန်မာနိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်များအား တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ သည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ကာလရှည်ကြာ ဆုပ်ကိုင်ထားသည့် “အရှေ့မျှော်ဝါဒ” ဖြင့် မြန်မာ နိုင်ငံမှတစ်ဆင့် အရှေ့တောင်အာရှဒေသ၏ အားကောင်းသည့်ဈေးကွက်များနှင့် ချိတ်ဆက် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ အကျိုးစီးပွားများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေ များဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပျံ့နှံ့နေသော သြဇာ လွှမ်းမိုးမှုကို စိန်ခေါ်ရန် ခက်ခဲသည့်အနေအထားတွင် ရှိနေသည်။
အမေရိကန်သည် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ပဋိပက္ခမှ လုံးလုံးလျားလျား ဆုတ်ခွာသွားခြင်းဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အမေရိကန်၏ ပံ့ပိုးမှုမရှိဘဲ သို့မဟုတ် ခိုင်မာအားကောင်း သည့်မည်သည့်အထောက်အပံ့မျှ မရှိဘဲ လုပ်ဆောင်ကြရလိမ့်မည် ဖြစ်ပေသည်။
Bertil Lintner
ကိုးကား။ Asia Times