ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု၌ ဇူလိုင် ၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၃:၂၆ မိနစ်အချိန်ခန့်တွင် ပြင်းအား ရစ်ချ် တာစကေး ၅.၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်သည် ပြီးခဲ့သည့်ရက်သတ္တအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များ ပြီးနောက် နောက်ဆုံးလှုပ်ခတ်ခြင်းဖြစ်သည်။ ဂျပန်အမျိုးသား မိုးလေဝသ အေဂျင်စီမှ တာဝန်ရှိသူများက ငလျင်၏ဗဟိုချက်သည် Tokara ကျွန်းစု အနီးတွင်ရှိပြီး မြေအောက်အနက် ၁ ကီလိုမီတာခန့်တွင် တည်ရှိသော် လည်း ဆူနာမီအန္တရာယ်မရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
ကာဂိုရှီးမားစီရင်စုတွင် ပြီးခဲ့သည့်နှစ်ပတ်အတွင်း ငလျင်များစွာ လှုပ်ခတ် ခဲ့ပြီး ယခု နောက်ဆုံးလှုပ်ခတ်သွားသည့်ငလျင်သည် အဆိုပါစီရင်စုတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ ငလျင်ပြီးနောက် ၁၁ နာရီအကြာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ငလျင်များလည်း ဆက်လှုပ်နိုင်သောကြောင့် ဒေသခံများအနေဖြင့် သတိဖြင့် နေထိုင်ရန် အာဏာပိုင်များက အကြံပြုထားသည်။
ကိုးကား -NHK
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃