သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝစီမံခန့်ခွဲမှုအဖွဲ့ကသိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် အိမ်ထောင်စုပေါင်း ၁၂၀ ကျော်၊ လူဦးရေ ၃၂၁ ဦးနှင့် ကျွဲရိုင်းတိရစ္ဆာန်များကို ယာယီရေဘေးရှောင်စခန်းများသို့ ပို့ဆောင်ပေးထားခဲ့ရကြောင်း သိရသည်။

မြစ်ရေပြန်ကျသည့်အခါ ဥပုသ်နေ့နှင့် ပိတ်ရက်များတွင် သင်ကြားရေးများကို အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ထုံးကြီးမူလတန်းကျောင်း၊ နိဗ္မာန်ရုံက အလယ်တန်းကျောင်း၊ သနက်ပင်စု အထကခွဲ၊ ငွေဆောင် အလကခွဲ၊ ရွာသစ်ကုန်း ကအမက နဲ့ ပေါက်ငူ အထကကျောင်း၆ကျောင်းကို ယာယီပိ-တ်ထားရကြောင်း သိရသည်။

မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းနားနီးနေထိုင်သူများသည် မြစ်ရေမြင့်တက်ခြင်းများကို နှစ်စဉ်ကြုံတွေ့ရပြီး ၊ ယခုလို ဖြစ်ပေါ်လာပါက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခြင်းနှင့် ကူညီကယ်ဆယ်ပံ့ပိုးပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Popular Myanmar

အလက်စကာပြည်နယ်၌ အင်အား ၇ ဒသမ ၃ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်ကမ်းရိုးတန်း အလွန်၌ ဇူလိုင်လ ၁၆ ရက်တွင် အင်အား ၇ ဒသမ ၃ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ရာ ဆူနာမီလှိုင်း ဖြစ်ပေါ်နိုင်သည့် သတိပေးချက် ထုတ်ပြန်ထားကြောင်း အမျိုးသား မြေငလျင်ဌာန၏   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါငလျင်သည် ဇောက်တိမ်ငလျင်ဖြစ်ပြီး   အနက် ၃၅   ကီလိုမီတာတွင်ဖြစ်ပေါ်သောကြောင့် နောက်ဆက်တွဲငလျင်ငယ် များစွာလှုပ်ခတ်မှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဇောက်တိမ်ငလျင် အမျိုးအစားမှ ထွက်ပေါ်လာသော မြေငလျင်လှိုင်းက မြေပြင်ပေါ်သို့ အချိန်တိုအတွင်း ရောက်ရှိလာသောကြောင့်   ဇောက်နက်ငလျင်များထက် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားစေနိုင်သည်။

ထို့နောက် တာဝန်ရှိသူများက ဆူနာမီ သတိပေးချက်ထုတ်ပြန်ကာ ပြည်သူများကို ဘေးကင်းရာ တောင်ကုန်းဒေသများသို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်းထားကြောင်းနှင့် နောက်ထပ် အကြံပြုချက်များကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပြော ထားသည်။     

MWD Web Portal
 

ကနေဒါနိုင်ငံ မာယိုဒေသတောမီးအန္တရာယ် အနီရောင်အဆင့်ကို ပြန်လည်ရုပ်သိမ်းကြောင်း ယူကွန်အာဏာပိုင်အဖွဲ့အစည်းကထုတ်ပြန်

အော့တဝါ ဇူလိုင် ၁၆

ကနေဒါနိုင်ငံ ယူကွန်နယ်မြေရှိမာယိုဒေသတွင် တောမီးလောင်ကျွမ်းမှုသည် ရက်သတ္တပတ်ကြာ လောင်ကျွမ်းသော တောမီး အန္တရာယ် အနီရောင်အဆင့်ကို ယခုအခါ စတင်ထိန်းချုပ်နိုင်ပြီ ဖြစ်သောကြောင့် ယနေ့မှစ၍ တောမီးလောင်ကျွမ်းမှု အနီရောင် အဆင့်သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ယူကွန်နယ်မြေ အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။

မာယိုဒေသအနီးတွင် တောမီး လောင်ကျွမ်းမှုကြောင့် သစ်တော မြေဟက်တာ ၁၃၀၀၀ ထိပျက်စီး သွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် အင်အား အမြောက်အမြားနှင့် လေကြောင်းအကူအညီကိုပါ ရယူ ခဲ့သည့်အတွက်ကြောင့် တောမီး ကို ထိန်းချုပ်လာနိုင်ခြင်းဖြစ် ကြောင်း သိရသည်။

"မာယိုဒေသအနီး တောမီး လောင်ကျွမ်းမှုကို စတင်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တောမီးကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့ အတွက် တောမီး အန္တရာယ် အနီ ရောင်အဆင့် သတ်မှတ်ထားမှုကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ တောမီးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားလို့လည်း ဘေးအန္တရာယ်ကင်းစွာနေထိုင်နိုင် ခဲ့ကြတယ်။ တောမီးကိုထိန်းချုပ် နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ ဝင်တွေ အကောင်းဆုံးကြိုးစား ပေးခဲ့သလို လေကြောင်းအကူ အညီကလည်း ထိရောက်ခဲ့တဲ့ အတွက် အခုလို တောမီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ် ပါတယ်”ဟု လူကွန်နယ်မြေ အာဏာပိုင်အဖွဲ့အစည်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသွား ခဲ့ကြောင်း သိရသည်။

Ref: Russis Today

Trs: Sai Sat

YDNB Newspaper
 

နယူးဂျာစီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘူတာရုံများရေနစ်မြုပ်ပြီး ရေဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုဖြစ်ပွား

ဝါရှင်တန် ဇူလိုင် ၁၆

အမေရိကန်နိုင်ငံ နယူးဂျာစီ ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရထားဘူတာရုံများ ရေနစ်မြုပ်ပြီး ရေဘေးအန္တရာယ် ကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်နယ်အာဏာပိုင်များ က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၄ ရက်ညက အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ချိန်ကစပြီး မိုးသည်း ထန်စွာရွာသွန်းကာ ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရေကြီး ရေလျှံမှုကြောင့် မြေအောက်ရထား ဘူတာရုံများရေနစ်မြုပ်ခဲ့ပြီး လူနေ အိမ်ရှေ့နှင့် လမ်းပေါ်တွင် ရပ်နားထားသောကားများ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း၊ ထို့ပြင် နယူးဂျာစီပြည်နယ်တွင် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့်ဒေသတွင်းရှိလေဆိပ်များ၊ အဝေးပြေးလမ်းများနှင့် မီးရထား လမ်းများသွားလာမှု အခက်အခဲ များဖြစ်ပေါ်ခဲ့ပြီး နယူးဂျာစီပြည် နယ်၏ လူနေထူထပ်သော မန် ဟတ်တန်မြို့၏ Central Parkတွင်လည်း ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ ကြောင်း မန်ဟတ်တန်မြို့၏ မြို့တော်ဝန် အဲရစ်ခ်အဒမ်က ပြောကြားခဲ့သည်။

မြေအောက်ရထားဘူတာရုံ ရေနစ်မြုပ်ခဲ့သဖြင့် မြေအောက် ရထားစနစ်များ ချို့ယွင်းခဲ့ ကြောင်း ရေနုတ်မြောင်းစနစ်များ တွင် ရေပိတ်ဆို့မှုကြောင့် ရေကြီး ရေလျှံမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း မြို့တော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မရှင် နာရိုဟစ်မဂ္ဂါဝါလာက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၁၅ ရက်တွင် ရေဘေး အန္တရာယ် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ယနေ့တွင် လူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အလောင်းများကို ရေမြုပ်နေသော ကားထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း၊ မျောပါသွားသည့်ကား များစွာရှိသဖြင့် သေဆုံးသူအရေ အကွက်တိုးလာမည်ကို စိုးရိမ်နေ ကြောင်း နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ကီလီမာဖီက ပြောကြားခဲ့သည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper
 

earthquake

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (၂၄)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၆) ဒီဂရီ၊ အနက် (၈၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။  

မိုး/ဇလ

အလက်စကာပြည်နယ်တွင် အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက်ထုတ်ပြန်

ဇူလိုင်လ ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၃၇ တွင် အလက်စကာ တောင်ပိုင်းကမ်းရိုးတန်းအနီး အင်အား ၇.၂ ရှိ ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အရေးပေါ်ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရှိရပါသည်။

အမေရိကန်ဘူမိဗေဒအဖွဲ့ (USGS) ၏ အချက်အလက်များအရ ငလျင် ဗဟိုချက်သည် King Cove မြို့၏ အရှေ့တောင်ဘက် မိုင် ၈၃ အကွာတွင် ရှိပြီး ကနဦးတိုင်းတာချက်များအရ ၇.၃ မဂ္ဂနီကျူ့အထိ ရှိခဲ့သည်။ Aleutian ကျွန်းစု၊ Alaska ကျွန်းဆွယ်နှင့် Cook Inlet တစ်လျှောက်ရှိ ကမ်းရိုးတန်းဒေသများတွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရသည်။

NOAA နှင့် အမျိုးသားမိုးလေဝသဌာန (NWS) တို့မှ Kennedy Entrance မှ Unimak Pass အထိ အလက်စကာကျွန်းဆွယ်နှင့် Anchorage ဒေသများသို့ အရေးပေါ်ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

Homer မြို့ရဲတပ်ဖွဲ့က မြို့နေပြည်သူများအား မြင့်မားသောနေရာများသို့ ရွှေ့ပြောင်းရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး Anchorage အာဏာပိုင်များက ကြီးမားသော သက်ရောက်မှုများမရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေသခံများရိုက်ကူးသည့် ဗီဒီယိုများအရ Old Harbor အပါအဝင် ထိခိုက် နိုင်သည့်ဒေသများတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်နေပြီး ရေဒီယိုမှလည်း အရေးပေါ်သတိပေးချက်များ ထုတ်လွှင့်နေကြောင်း သိရသည်။

အမျိုးသားမိုးလေဝသဌာန (NWS) မှ မြောက်ပိုင်းအမေရိက ကမ်းရိုးတန်းဒေသများအတွက် အန္တရာယ်အခြေအနေကို ပြန်လည်ဆန်းစစ်ပြီးနောက် သတိပေးချက်ကို အကြံပြုချက်အဆင့်သို့ လျှော့ချကာ ဒေသခံများအား သတိပြုနေထိုင်ရန် တိုက်တွန်းခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂