သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းစု၌ ပြင်းအား ၆ ဒသမ ၁ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်

ဂျပန်နိုင်ငံအရှေ့ပိုင်းရှိ ဟော့ကိုင်းဒိုး ကျွန်းစု နီမူရိုကျွန်းဆွယ်ကမ်းလွန်ဒေသ၌ ပြင်းအား ၆ ဒသမ ၁ ရစ်(ခ်)တာစကေးရှိငလျင်တစ်ခုလှုပ်ခတ်ကြောင်း ဂျပန် မိုးလေဝသဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် နံနက် ၈ နာရီ ၈ မိနစ်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း၊ နီမူ ရိုကျွန်းဆွယ်အရှေ့တောင်ပိုင်းကမ်းလွန် ရေတိမ်ပိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ် ကြောင်း၊ ဟော့ကိုင်းဒိုးစီရင်စု၏မြို့တော်ဖြစ်သော ကူရှီရိုမြို့၌ ဂျပန်နိုင်ငံ၏ ငလျင် ပြင်းအား စံနှုန်းသတ်မှတ်ချက်အရ ပြင်း အား ၇ တွင် ပြင်းအား ၄ ရှိသည်ဟု တိုင်းတာရရှိကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ဟော့ကိုင်းဒိုး စီရင်စုရှိ ပစိဖိတ်ကမ်းရိုးတန်းအရှေ့ပိုင်း၌ လှိုင်းအမြင့်များသည် ၂ဝ စင်တီမီတာ အထိပြောင်းလဲမှုရှိသော်လည်း ပျက်စီးမှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း သိရသည်။

Ref: Xinhua

Photo- Youtube

MWD Daily Newspaper

earthquake

(မြန်မာစံတော်ချိန် ၁၈:၃၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈) နာရီ၊ (၂၀)မိနစ်၊ (၀၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးဇလ

လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း  နျူဆာတန်ဂါရာပြည်နယ်ရှိ   လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများစွာကို ဘေးကင်းရာသို့ပြောင်းရွှေ့ပြီး လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူ များက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

မီးတောင်ပေါက်ကွဲမှုသည်   ဇွန်လ ၁၇ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သော်လည်း ဇွန်လ ၁၈ ရက်အထိ လှုပ်ရှားမှုရှိနေဆဲဖြစ်ကြောင်းနှင့် တောင်စောင်းရှိ ကျေးရွာများအပေါ်  ပြာများကျဆင်းနေဆဲ ဖြစ်ကြောင်း သဘာဝ ဘေးလျော့ပါးရေး ဌာနက ထုတ်ပြန်ထားသည်။

မီးတောင်စတင်ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ပြာများသည် အမြင့် ၁၀ ကီလိုမီတာ အထိရောက်ရှိကြောင်း၊ ထို့ကြောင့်အရေးပေါ် လေကြောင်းသတိပေးချက်များကို ထုတ်ပြန်လိုက်ရကြောင်း၊  ဇွန်လ  ၁၈ ရက်ပေါက်ကွဲမှုမှာ    အင်အားနည်းပြီး ပြာများကအမြင့် ၁ ကီလိုမီတာအထိသာ ရောက်ရှိကြောင်း သိရသည်။

MWD Web Portal 

တောင်အာဖရိကနိုင်ငံ ကိပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀ ခန့်ရှိလာ

ပရီတိုးရီးယား ဇွန် ၁၈

တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်း ကိပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေမှာ ဇွန် ၁၇ ရက်တွင် ဦးရေ ၁ဝဝ ခန့် ရှိလာကြောင်း ပြည်နယ်အာဏာ ပိုင်များက ယနေ့သတင်းများအရ သိရသည်။

လက်ရှိတွင် ဆိုးရွားစွာဖြစ်ပေါ်နေသောရေဘေးကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

"နောက်ဆုံးရသတင်းတွေအရ သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံက လူကြီးတွေဖြစ်ပြီး ကျန်တစ်ပုံက ကလေးငယ်တွေပါ။ လက်ရှိ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်လို့ မိသားစုတွေအတည်ပြုပေးလို့ ရုပ်အလောင်း ၇၇ လောင်းကို သူတို့ရဲ့ မိသားစုတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်" ဟု ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဇွန် ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် လူနေအိမ်များ၊ အစိုးရအဆောက်အအုံ များ၊ လမ်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး လူရာနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များသည် ရေဘေးဒဏ်သင့်ဒေသများသို့ ပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းများ၊ အပူချိန်မြင့်မားမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သဘာဝဘေးသတိပေးချက် ထပ်မံထုတ်ပြန်

ပေကျင်း ဇွန် ၁၇ 
တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းကျရောက်ခြင်းများ၊ အပူချိန်မြင့်မားခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာန(NMC) က သဘာဝဘေးသတိပေးချက် ထပ်မံ ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။ တရုတ်နိုင်ငံသည် ယနေ့တွင် သဘာဝဘေး သတိပေးချက် အသစ်ကို ထပ်မံထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းများနှင့်အတူ အပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်လာနိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာန(NMC) က သတိပေးခဲ့သည်။

သဘာဝဘေး သတိပေးချက်အရ တရုတ်နိုင်ငံ ကွမ်တုံ၊ ကွမ်ရှီးနှင့် စီချွမ်ဒေသများတွင် မိုးသည်း သိရသည်းထန်စွာရွာသွန်းနိုင်သဖြင့် မိုးသက် မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးအပြာရောင်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း၊ အပူချိန်မြင့်မားမှုအတွက်မူ အဝါရောင်သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါဒေသများ၌ ယနေ့ တွင် မိုးသည်းထန်စွာရွာသွန်းနေ ပြီး သုံးရက်ခန့်ဆက်တိုက်ရွာသွန်း နိုင်ကြောင်း၊ ယနေ့ တိုင်းတာချက်များအရ အဆိုပါဒေသများတွင် မိုးရေချိန်မီလီမီတာ ၇၀ ထိရွာသွန်း နေပြီး မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီး လက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းလာ ချိန်တွင် မြို့ကြီးများ၊ လယ်မြေ များနှင့် ငါးကန်များရှိ ရေနုတ် မြောင်းများတွင် ရေမလျှံစေရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဒေသဆိုင်ရာအစိုးရက ပြည်သူ များကို တိုက်တွန်းထားကြောင်း သိရသည်။

Ref: Russia Today

Trs: KZ

တိုက်ကြီးမြို့တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ်များပျက်စီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် ယနေ့ ဇွန်လ (၁၆) ရက် နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်၍ နေအိမ်များပျ-က်စီးသွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အိမ်ခေါင်မိုးများ ပျက်စီးခြင်း၊ သစ်ပင်များလဲကျခြင်းတို့ ကြုံတွေ့ခဲ့ရပြီး နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ယမန်နေ့ ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ အတွင်းတွင် မိုးကြီးမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုပျက်စီးခဲ့သေးသည်။

မိုး/ဇလ၏ ယနေ့ မနက်ထုတ်ပြန်ချက်တွင်လည်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်မည်ဟု သတိပေးခဲ့သည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိ ပြုနေထိုင်ကြရန် မိုးဇလကအသိပေးခဲ့သည်။

Source: Popular Myanmar

earthquake

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၄၄)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၄၉) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၀.၉၃)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၂၈)ဒီဂရီ၊ အနက် (၁၂၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။

မိုးဇလ

တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းအငူပြည်နယ်၌ ရေကြီးမှုဖြစ်ပွား သေဆုံးသူ ၈၆ ဦးအထိမြင့်တက်

ကိပ်တောင်း၊ သဘာဝဘေး

တောင်အာဖရိကနိုင်ငံရှိ အရှေ့ပိုင်းအငူ ပြည်နယ်၌ ရေကြီးမှုများဖြစ်ပွားရာ သေဆုံးသူ ၈၆ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် လ ၁၄ ရက်တွင်အတည်ပြုထားသည်။ 
အဆိုပါရေကြီးမှုသည်ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိုကဲ့သို့ရေကြီးမှုကြောင့် နေအိမ်များ၊ အစိုးရ ရုံးအဆောက်အအုံများ၊ လမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများပျက်စီးရပြီး လူထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရကြောင်း ပြည်ထဲရေးဝန်ကြီး ဆန်ဇိုမက်ချူနူကပြောသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဆီးနှင်းကျဆင်းခြင်းတို့အပါအဝင် ဆိုးဝါးလှသော ရာသီဥတုအခြေအနေကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးရသည်သာမက ပျက်စီးဆုံးရှုံးမှုများလည်း များပြားရ ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောထားသည်ဟု သိရသည်။

Ref: Xinhua

Photo - Online Media