သတင်းများ

PaperMatte display နဲ့အတူ ထွက်ပေါ်လာတဲ့ Huawei ရဲ့ MatePad Pro 12.2"

Huawei ကုမ္ပဏီက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ပွဲလေးတစ်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာအဓိက ထုတ်ဖော်ကြေညာသွားတာက နောက်ဆုံးပေါ် လက်ပတ်နာရီတွေ ဖြစ်ပေမယ့် တက်ဘလက်အမျိုးအစား အသစ်တစ်မျိုးနဲ့အတူ ကြိုးမဲ့နားကြပ်များ ကိုလည်း မိတ်ဆက်သွားတာ တွေ့ရှိရပါတယ်။

သူတို့မိတ်ဆက်သွားတဲ့ တက်ဘလက် အမျိုးအစားက Mate Pad ပါ။ နာမည်အပြည့်အစုံကတော့ Mate Pad Pro 12.2" ဖြစ်ပါတယ်။ ဒီတက်ဘလက်ကို ပြီးခဲ့တဲ့ နှစ်နွေရာသီမှာထွက်ပေါ်လာတဲ့ တက်ဘလက်ရဲ့ နောက်ထပ်မျိုးဆက်သစ်လို့ ခေါ်ရမှာပါ။

သူ့မှာအသုံးပြုထားတဲ့ Display က Paper Matte display အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အောက်မှာတော့ Tandem OLED panel ကိုထည့်ပေးထားတာပါ။ ဒါပေမဲ့ အလေးချိန်ကိုတော့ ယမန်နှစ်က လိုပဲ ၅၀၈ ဂရမ်နဲ့ထုတ်ပေးထားတာဖြစ်ပါတယ်။

ဘက်ထရီစွမ်းအင်အပိုင်းမှာဆိုရင် အား ၁၀၁၀၀ ရှိတဲ့ ဘက်ထရီကို အသုံးပြုပေးထားတာဖြစ်ပြီး သူ့ကိုအားသွင်းဖို့ အတွက်ကိုတော့ ဝပ် ၁၀၀ ရှိတဲ့အားသွင်း ခေါင်းထည့်ပေးထားပါတယ်။ ဒီတော့ အချိန်တိုအတွင်း အားအမြန်ဝင်စေမှာပါ။

MatePad ရဲ့ဖန်သားပြင်အကျယ်က သူ့ရဲ့နာမည်မှာပါတဲ့အတိုင်းပဲ ၁၂ ဒသမ ၂ လက်မရှိပါတယ်။ ရုပ်ထွက်ကတော့ ၂၈၀၀ x ၁၈၄၀ ပစ်ဇဲကိုအသုံးပြုထားတဲ့အပြင် အလင်းရောင်တောက်ပမှုအတွက် ၃၀၀၀ နစ်အထိ မြှင့်တင်ထားတာကြောင့် တော်တော်လေးကြည်လင်တဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိစေမှာပါ။

ဒီ MatePad အတွက်အထူးပြုလုပ်ထားတဲ့ PaperMatte display နည်းပညာကြောင့် အလင်းရောင်စူးရှမှုနဲ့ ရောင်ပြန်ဟပ်မှုတို့ကို တော်တော်လေးလျှော့ချပေးနိုင်တာတွေ့ရပါတယ်။

အရင်တုန်းကဆိုရင် တက်ဘလက်မှာ ပါဝင်တဲ့ကင်မရာတွေက တော်ရုံတန်ရုံ မှတ်တမ်းတင်ဖို့လောက်ပဲ အဆင်ပြေတာပါ။ ဒါပေမဲ့ အခု MatePad Pro 12.2" မှာ ကျတော့ နောက်ကျောဘက်မှာကင်မရာ နှစ်လုံးတပ်ဆင်ပေးထားပါတယ်။ တစ်လုံးက 50MP ရှိပြီး ပင်မကင်မရာအဖြစ် အလုပ်လုပ်မှာပါ။ နောက်ထပ်ကင်မရာ တစ်လုံးကတော့ မြင်ကွင်းကျယ် 8MP ရှိ ကင်မရာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် MatePad Pro 12.2" နဲ့ဆိုရင် အုပ်စုလိုက် ဓာတ်ပုံတွေကို ကောင်းစွာ မှတ်တမ်းတင်နိုင်မှာပါ။

MatePad Pro 12.2" မှာ ဘယ်လိုမျိုး Chipset ကို အသုံးပြုထားတယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောထားခြင်း မရှိပေမယ့် Kirin 9000S ပလက်ဖောင်းပေါ်မှာ အခြေခံထားဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ဒီတက်ဘလက်ကို နိုင်ငံတကာဈေးကွက်မှာ ရောင်းချသွားမှာဖြစ်ပြီး အန်းဒ ရွိုက်ကိုအခြေခံထားတဲ့ EMUI ကိုအသုံး ပြုထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အတွင်းမှာတော့ ရောင်းချနိုင်ဖွယ်မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့ OS အတွက် Huawei ကကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ Harmony-OS Next ကို ထည့်သွင်းထားခြင်း မရှိဘူး လို့ယူဆနိုင်ပါတယ်။

ထုံးစံအတိုင်းပဲ Mate Pad ကိုသူ့ချည်း သီးသန့်ရောင်းချသွားမှာမဟုတ်ဘဲ သံလိုက်ကီးဘုတ်ကိုပါ တစ်ပါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် RAM 12GB၊ ROM 256GB ဆိုရင် ၉၄၈ ဒေါ်လာနဲ့ရောင်းချသွားမှာဖြစ်ပြီး Paper Matte display ကိုအသုံးပြုကာ RAM 12GB၊ ROM 512GB ရှိတဲ့ Mate Pad ကိုတော့ ဒေါ်လာ ၁၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။   

Source: https://myawady.net.mm/

မယ်လန်နီယာ ထရမ့်၏ ရုပ်တုဖျက်ဆီးခံလိုက်ရ

အမေရိကန်သမ္မတကတော် မယ်လန်နီယာ၏ မွေးရပ်မြေ ဆလိုဗေးနီးယားနိုင်ငံ ဆီဗနီကာ မြို့အနီးတွင် စိုက်ထူထားသည့် သူမ၏ရုပ်တုသည် ဖျက်ဆီးခံရပြီး ခိုးယူခံရခြင်းကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ 

ဓာတ်ပုံများတွင် ရုပ်တုအား ထုလုပ်ထားသည့် သစ်ပင်ငုတ်တွင် ခြေဖဝါးနှင့် ခြေချင်းဝတ်များသာ ကျန်ရှိတော့ကြောင်း ပြသထားသည်။ ဆလိုဗေးနီးယား ရဲတပ်ဖွဲ့သည် မေလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်အား ခိုးမှုဖြင့် အရေးယူဆောင်ရွက်နေကြောင်း မီဒီယာများသို့ အတည်ပြု ပြောကြားခဲ့ပြီး တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပါသည်။ 

မယ်လန်နီယာ၏ ကိုယ်ထည်အတိုင်းထုလုပ်ထားသည့် သစ်သားရုပ်တုကို လယ်ကွင်းတစ်ခုအနားမှာ ၂၀၁၉ခုနှစ်က ထုလုပ်ထားရာ မီးတင်ရှို့ခံလိုက်ရပြီး အဆိုပါသစ်သားရုပ်အစား ကြေးရုပ်တုကို အမေရိကန် ပန်းပုပညာရှင် ဘရက်ဒ်ဒေါင်းနေးနှင့် ဒေသခံအနုပညာရှင် အလက်ဇူပီဗက် တို့က သွန်းလုပ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်စိုက်ထူနိုင်ခဲ့ပါသည်။

အဆိုပါရုပ်တုသည် လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိသော ဆလိုဗေးနီးယား အရှေ့ပိုင်း ဆာဗာမြစ်ပေါ်ရှိ မြို့ငယ်လေးဖြစ်သော ဆီဗနီကာတွင် ဒေသခံ ခရီးသွားများကို စူးစမ်းလိုစိတ်ဖြစ်စေခဲ့ပါသည်။ မယ်လန်နီယာ ထရမ့် သည် အမေရိကန် သမ္မတကတော် ဖြစ်လာပြီးနောက် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

သူမသည် ၁၉၉၆ ခုနှစ်တွင် အမေရိကန်၌ မော်ဒယ်လ် အဖြစ် အသက်မွေးဝမ်းကြောင်းကို မစတင်မီ ထိုမြို့လေးတွင် အစောပိုင်းနှစ်များ၌ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် မြို့သည် ၎င်း၏ အကျော်ကြားဆုံး နေထိုင်သူဟောင်းများကို ဂုဏ်ပြုရန်အတွက် မယ်လန်နီယာ ထုတ်ကုန်အမျိုးမျိုးကို မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။

ကိုးကား- MNP

ပိုမိုလုံခြုံမှုရှိပြီး လိမ်ညာခံရမယ့်ဘေးကနေပါကင်းဝေးစေမယ့် Google ရဲ့ Android 16

Google ကုမ္ပဏီက Android 16 ကို လာမယ့်လမှာထုတ်ပေးသွားဖို့ရှိနေပါတယ်။ ဒီတစ်ခေါက်ထုတ်ပေးမယ့် Android 16 မှာတော့ Advanced Protection Program လည်းပါဝင်မှာပါ။ ဒါကြောင့် Android 16 မှာပိုမိုမြင့်မားတဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေပါဝင်လာမယ်လို့ ဆိုပါတယ်။

Google အနေနဲ့ အခုလိုမျိုး Advanced Protection Program ကိုဖော်ဆောင်ရတဲ့ရည်ရွယ်ချက်က Android စနစ်ရဲ့လုံခြုံရေးစနစ်ကို ပိုမိုမြှင့်တင်နိုင်စေဖို့နဲ့ Android ဖုန်းအသုံးပြုသူတွေ အနေနဲ့ လူလိမ်လူညာတွေဘေးကနေ ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သတင်းထောက်တွေလို၊ အဆင့်မြင့်အရာရှိတွေလိုမျိုး ဖုန်းမှတစ်ဆင့်တိုက် ခိုက်ခြင်းခံရနိုင်ခြေများတဲ့ သူတွေရဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ Google ကထုတ်ပြန်ထားပါတယ်။

ဒီစနစ်မှာပါဝင်တဲ့ အကောင်းဆုံးသော အပိုင်းက အဲဒီစနစ်ကြီးတစ်ခုလုံးပါပဲ။ ဘာကြောင့်လဲဆိုရင် Advanced Protection ကို စတင်အသုံးပြုလိုက်ပြီ ဆိုတာနဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေက စတင်အသက်ဝင် သွားတာကြောင့်ပါပဲ။ ဒီလိုမျိုးလုံခြုံရေး လုပ်ဆောင်ချက်စတင် အသက်ဝင်နိုင်စေဖို့အတွက် ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရုံပဲလို့ဆိုပါတယ်။

ဒါပေမဲ့ ဒီစနစ်ကိုပိတ်ဖို့ ဆိုရင်တော့ တော်ရုံတန်ရုံပိတ်လို့ မရပါဘူး။ အသုံးပြုသူရဲ့ လျှို့ဝှက်နံပါတ်တွေလိုမျိုး လုံခြုံမှုအဆင့်အတန်းရှိတဲ့ အရာတွေကို လုပ်ဆောင်မှသာ ရမှာဖြစ်ပါတယ်။ ဒီအတွက် Google က အဆင့်မြှင့်တင် ထားတဲ့ AI နည်းပညာကိုတွဲဖက် အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်အစိုးရက VOA ဌာနချုပ်ကို ရောင်းချမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ် အစိုးရအဖွဲ့သည် Voice of America (VOA) ၏ ဌာနချုပ်အဆောက်အဦကို ရောင်းချရန်စီစဉ်နေကြောင်း Bloomberg သတင်းက ဖော်ပြခဲ့သည်။

VOA အဆောက်အဦကို ထရမ့်၏ “အစိုးရလုပ်ငန်းများ စိစစ်လျှော့ချခြင်း” မဟာဗျူဟာအရ “အရှိန်မြှင့်ရောင်းချမည့် ပိုင်ဆိုင်မှုများ” စာရင်းတွင် ထည့်သွင်းထားသည်။

အဆိုပါအဆောက်အဦတွင် VOA ၏ မိခင်အဖွဲ့အစည်း US Agency for Global Media (USAGM) နှင့် ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာန (HHS) တို့၏ ရုံးများလည်း တည်ရှိသည်။

မတ်လတွင် ထရမ့်က USAGM ထောက်ပံ့မှု ဘတ်ဂျက်များကို ဖြတ်တောက်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒ နှင့် ကိုက်ညီသော နိုင်ငံတကာအကူအညီများ ပြန်လည်စိစစ်ခြင်း အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ကို တရားစွဲဆိုမှု များရှိခဲ့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်တရားရုံးက USAGM ၏ ပြုပြင်ပြောင်းလဲရေးကို ဟန့်တားထားသော အမိန့်တစ်ခုကို ရုပ်သိမ်းလိုက်သည်။

ဝေဖန်သူများက အဆိုပါလုပ်ရပ်သည် “အမေရိကန်၏ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုကို အားနည်းစေမည်” ဟု ပြောဆိုသည်။

VOA သည် နှစ် ၈၀ ကျော်ကြာ ဒီမိုကရေစီတန်ဖိုးများနှင့် အမေရိကန် အသံကို ကမ္ဘာတစ်ဝှမ်းဖြန့်ချိရန် တာဝန်ယူခဲ့သော အစိုးရကြီးကြပ်သည့် မီဒီယာဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား လျှင်မြန်စွာ သက်သာလာစေရန် ဆုတောင်းပေးခဲ့

ဝါရှင်တန်၊ မေ ၁၉ ရက်

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် ပြင်းထန်သော ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရကြောင်း ၎င်း၏ရုံးအဖွဲ့က တနင်္ဂနွေနေ့ (မေ ၁၈) တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

ယခုအခါ ဘိုင်ဒင်မိသားစုသည် ဆရာဝန်များနှင့်အတူ ကုသမှု နည်းလမ်းများကို ဆွေးနွေးနေကြသည် ဟု သိရပါသည်။ ဘိုင်ဒင်သည် Gleason score 9 (Grade Group 5) ဖြင့် အရိုးသို့ပျံ့နှံ့နေသော ဆီးကျိတ် ကင်ဆာ ဝေဒနာခံစားနေရပါသည်။ Gleason စကေးကို ဆီးကျိတ်ကင်ဆာ ရောဂါ ရှာဖွေရာတွင် ရောဂါဖြစ်စဉ်၏ ကင်ဆာပြင်းထန်မှုကို တစ်မှဆယ်အထိ အဆင့်သတ်မှတ်ရန် အသုံးပြုလေ့ရှိပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးကျိတ်ကင်ဆာ ရောဂါတွေ့ရှိခဲ့သော သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား လျင်မြန်စွာသက်သာလာစေရန် ဆုတောင်းပေးခဲ့ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ 

“မိမိနှင့်မယ်လန်နီယာတို့သည် ဂျိုးဘိုင်ဒင်၏ မကြာသေးမီက ကျန်းမာရေး ဆိုင်ရာ ရောဂါရှာဖွေတွေ့ရှိမှုကြောင့် ဝမ်းနည်းပူဆွေးမိပါသည်။ [ယခင် သမ္မတ၏ဇနီး] ဂျီလ်နှင့်၎င်း၏မိသားစုကို အနွေးထွေးဆုံး ဆုမွန်ကောင်း တောင်းပေးပြီး ဂျိုးကိုလည်း လျင်မြန်စွာနှင့် အောင်မြင်စွာ ပြန်လည် သက်သာလာစေရန် မျှော်လင့်ပါသည်” ဟု ဒေါ်နယ်ထရမ့်က ရေးသား ခဲ့ပါသည်။

အမေရိကန်၏ ၄၆ ယောက်မြောက်သမ္မတတွင် အလွန်ပြင်းထန်သော ဆီးကျိတ်ကင်ဆာရောဂါတစ်မျိုးကို တွေ့ရှိခဲ့ရသော်လည်း ဟော်မုန်းကုထုံးဖြင့် ထိန်းချုပ်ကုသနိုင်သည်ဟု အစောပိုင်းတွင် ဂျိုးဘိုင်ဒင်၏ ကိုယ်စားလှယ်များက ဖော်ပြခဲ့ပါသည်။ ယခုအခါ အသက် ၈၂ နှစ်ရှိပြီ ဖြစ်သည့် ဂျိုးဘိုင်ဒင်သည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ပါသည်။

ကိုးကား - Tass

စွမ်းအင်သိုလှောင်မှုအားပြိုင်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့ သွပ်-လေ ဘက်ထရီ

ဒီကနေ့ခေတ်ဟာ စွမ်းအင်သိုလှောင် မှုပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီတွေကို သူ့ထက်ငါအပြိုင်အဆိုင် နည်းပညာတွေ မြှင့်တင်ပြီး တိုးတက်ထုတ်လုပ်လာနေ တာတွေ့ရပါတယ်။ လက်ရှိခေတ်အစားဆုံး ဘက်ထရီအမျိုးအစားက လီသီယံ အိုင်းယွန်းဘက်ထရီပါ။ ဒါပေမဲ့ အဲဒီဘက်ထရီကိုစိန်ခေါ်မယ့် ဘက်ထရီတစ်မျိုး ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။ သူကတော့သွပ်နဲ့ လေကိုပေါင်းစပ်အသုံးပြုတဲ့ သွပ်-လေဘက်ထရီပဲ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက လေထဲကနေ အောက်ဆီဂျင်ကိုစုပ်ယူတယ်။ ပြီးတဲ့အခါ  သွပ်နဲ့ဓာတ်ပြုတယ်။ အဲဒီကနေမှ လျှပ်စစ်စွမ်းအင် ထွက်လာတာပါ။

ဒီအတွက်ကြောင့် သူ့ရဲ့အလေးချိန်က ပေါ့ပါးတယ်။ ဘေးကင်းစိတ်ချရမှုလည်းရှိ တယ်။ ဒါ့အပြင် ထုတ်လုပ်ရာမှာဆိုရင်လည်း ရှားပါးပြီး   တည်ငြိမ်မှုမရှိတဲ့  ကုန်ကြမ်း ပစ္စည်းတွေကိုသာ အသုံးပြုထားရတဲ့ လီသီယံအိုင်းယွန်း ဘက်ထရီများကို ထုတ်လုပ်တာထက် ဈေးနှုန်းပိုမိုချိုသာပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး။စွမ်းအင်သိုလှောင်နိုင်မှုအပိုင်းမှာဆိုရင်လည်း  လီသီယံအိုင်းယွန်း ဘက်ထရီများထက်  စွမ်းအင်သိပ်သည်းဆ ပိုမိုများပြားတာကြောင့် အချိန်ပိုကြာစွာ အသုံးခံရုံသာမကဘဲ ဘက်ထရီက အပူလွန်ခြင်း ဒါမှမဟုတ် ပေါက်ကွဲနိုင်မှု ဖြစ်နိုင်ခြေသိပ် နည်းပါးတယ်လို့  ဆိုရမှာပါ။

သူနဲ့ပတ်သက်လို့ နောက်ထပ်စိတ် ဝင်စားဖို့ကောင်းတဲ့ တစ်ချက်က ဘက်ထရီသက်တမ်းပါပဲ။ ဘက်ထရီသက်တမ်းက နာရီပေါင်း ၃၆၀၀ ကျော်ရှိတာကြောင့် လက်ရှိဘက်ထရီတွေက ပေးစွမ်းနိုင်တဲ့ ဘက်ထရီသက်တမ်းထက် များစွာကျော် လွန်နေပါတယ်။ အခုဆိုရင် နည်းပညာ ပိုင်းဆိုင်ရာအခက်အခဲကိုလည်း ကျော်လွှားထားနိုင်ပြီလို့ သိရပါတယ်။

နည်းပညာသတင်း    

မြောက်အမေရိကအတွက် 2026 C-HR EV ကို မိတ်ဆက်လိုက်တဲ့ တိုယိုတာ

တိုယိုတာကုမ္ပဏီက မြောက်အမေရိက ဈေးကွက်အတွက် လျှပ်စစ်စွမ်းအင်သုံး EV ကားအသစ်တစ်မျိုးကို မိတ်ဆက်ပြ သလိုက်ပါပြီ။ အဲဒီကားကတော့ 2026 C-HR EV ပါပဲ။ ဒီကားက တိုယိုတာရဲ့ EV ကားတွေထဲမှာ အထင်ရှားဆုံးသော ကားတစ်စီးဖြစ်လိမ့်မယ်လို့ သူတို့ကဆို ပါတယ်။

ဘီးလေးလုံးယက်စနစ်နဲ့အတူ မြင်းကောင်ရေ ၃၃၈ ကောင်အားရှိတဲ့မော်တာကို တပ်ဆင်ပေးထားတာကြောင့် သုညကနေ တစ်နာရီ ၉၇ ကီလိုမီတာအရှိန်ကို ၅ စက္ကန့်တည်းနဲ့တင်ရောက်နိုင်မှာပါ။ သူ့မှာ ၇၄ ဒသမ ၇ ကီလိုဝပ်နာရီရှိတဲ့ ဘက်ထရီသုံးထားတာကြောင့် တစ်ကြိမ် အားသွင်းရုံနဲ့ ပျမ်းမျှအားဖြင့် အကွာအဝေး ၄၆၇ ကီလိုမီတာအထိ သွားနိုင်မှာပါ။ ဈေးနှုန်းကိုတော့ မဖော်ပြထားပေမယ့် ၂၀၂၆ ခုနှစ်ရောက်မှသာ တင်ပို့သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဘန်ကောက်မြို့မှ တာဝါပြိုကျမှုအတွက် လူ ၁၇ ဦးကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှု တွင် ချိုးဖောက်မှုများလုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် လူ ၁၇ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါသည်။ မတ်လ ၂၈ ရက်က အိမ်နီးချင်း မြန်မာနိုင်ငံတွင် ပြင်းထန်သည့် ငလျင် လှုပ်ခတ်ပြီးနောက် အထပ်မြင့်တာဝါ အဆောက်အဦး ပြိုကျခဲ့ပြီး အဆိုပါ နေရာ၌ အနည်းဆုံး လူ ၉၂ ဦး သေဆုံးခဲ့သည်။

မေလ ၁၅ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ရဲဌာနက ပြောကြား ခဲ့ပြီး သံသယရှိသူများထဲတွင် ထိုင်းနိုင်ငံ၏အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုမှ ကိုယ်စားလှယ်နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်၏ ပြည်တွင်းလုပ်ငန်းခွဲမှ အမှုဆောင်တစ်ဦးလည်း ပါဝင်ကာ အဆိုပါ အဆောက်အဦ စီမံကိန်းသည် ကုမ္ပဏီ ၂ ခု ၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။

လူသေပျောက်မှု အများအပြားဖြစ်ပေါ်စေခဲ့သည့် ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့် မကိုက်ညီသော အထပ်မြင့်တာဝါအဆောက်အဦ ဆောက်လုပ်မှုဖြင့် ရဲဌာနက သံသယရှိသူများကို စွပ်စွဲခဲ့ပါသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အရည်အသွေးမမီသည့် အောက်ခြေ ကွန်ကရစ်နှင့် သံမဏိဘောင်များကို အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ဓာတ်လှေကား၏ ပင်မဒီဇိုင်းကို အစားထိုးပြောင်းလဲချိန်တွင် အထောက် အထားစာရွက်စာတမ်း၌ အင်ဂျင်နီယာတစ်ဦး၏အမည်ကို အတု လုပ်ထားကြောင်းလည်း ၎င်းတို့က ပြောခဲ့ပါသည်။

ဖမ်းဝရမ်းထုတ်ပြီးနောက် သံသယရှိသူအများစုသည် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျပန်တို့ရဲ့ Kei ကား‌ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD

BYD ကုမ္ပဏီက ဂျပန်နိုင်ငံရဲ့  အထင်ကရ ကားဈေးကွက်တစ်ခုဖြစ်တဲ့ Kei ဆို တဲ့ကားဈေးကွက်ထဲလှမ်းဝင်နိုင်ဖို့ကို ခြေ လှမ်းပြင်ထားပါပြီ။ Kei ကားဆိုတာက အသေးစားကားလေးတွေပါ။ ဒီကားတွေ နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ကလည်း တင်းကျပ်မှုရှိပါတယ်။ Kei ကား တစ်စီးလို့သတ်မှတ်ခံရဖို့အတွက် အလျား ၃၄၀ စင်တီမီတာ၊ အနံ ၁၄၈ စင်တီမီတာ နဲ့အမြင့် ၂၀၀ စင်တီမီတာကိုမကျော်ရပါ ဘူး။ မြင်းကောင်ရေ အားကလည်း ၆၄ ကောင်အားကိုမကျော်ရပါဘူး။

မကြာသေးမီကထွက်ရှိလာတဲ့ ဓာတ် ပုံတွေအရဆိုရင် BYD ကုမ္ပဏီက သတ်မှတ်ချက်တွေတင်းကျပ်လွန်းလှတဲ့ Kei ကားဈေးကွက်ထဲကိုဝင်ဖို့   နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူ့အတွက်အသုံးပြုမယ့် စွမ်းအင်ကတော့ လျှပ်စစ်စွမ်းအင်ပဲဖြစ်ပါတယ်။ ဘက်ထရီစွမ်းအင်က ၂၀ ကီလို ဝပ်နာရီသာရှိတဲ့အတွက် ၁၈၀ ကီလိုမီတာ အထိမောင်းနှင်နိုင်မှာပါ။ တန်ဖိုးအားဖြင့် ယန်း ၂ သန်းခွဲအထိ ရှိနိုင်တယ်လို့ သိရပါတယ်။    

Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်

Aston Martin  ဆိုတာ  တကယ့်ကို ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုပါ။ အလားတူပဲ Apple ဆို တာကလည်း နည်းပညာပိုင်းမှာ နာမည် ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခု သူတို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့အရာကတော့ CarPlay Ultra ပါပဲ။ အဲဒါကဘာလဲဆိုရင် မျိုးဆက်သစ်ဖျော်ဖြေ အသိပေးစနစ်ပဲဖြစ်ပါတယ်။

ဒီစနစ်က Apple ကအရင်ကြေညာထားတဲ့အတိုင်းပဲ တပ်ဆင်မယ့်ယာဉ်ရဲ့ စနစ်တွေနဲ့ အတွင်းကျကျကို ချိတ်ဆက်ထားပါတယ်။သူ့မှာ စနစ်ရဲ့မျက်နှာပြင် ကိုကိုယ့်စိတ်ကြိုက်ထားနိုင်ရုံသာမကဘဲ ဖျော်ဖြေရေး ဖန်သားပြင်ကိုလည်း စိတ် ကြိုက်ပြုပြင်နိုင်မှာပါ။

သူ့မှာ ကားရဲ့အသံပိုင်းစနစ်၊ အပူအအေးစနစ်တို့ကို အပြည့်အဝချိန်ညှိနိုင်တဲ့ အပြင် ကားရဲ့လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ တခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

လက်ရှိမှာတော့ ကီယာ၊ ဟွန်ဒေး၊ ပေါ်ရှေးနဲ့ ဂျန်နီဆစ်တို့က ဒီစနစ်ကို တပ်ဆင်လိုတယ်လို့ Apple က ဆိုပါတယ်။ လတ်တလောဆိုရင် Aston Martin ကား တချို့မှာပဲရဦးမှာပါ။