ကဏ္ဍများ

အီရန်အနေဖြင့် အညံ့ခံမည်မဟုတ်ဟု ခါမေနီ ပြော

အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် အီရန်အနေဖြင့် ဆက်လက်၍ မဆုတ်မနစ်ရှိနေမည် ဖြစ်ကာ ဖိအားပေးမှုများရှိလင့်ကစား မည်သူ့ကိုမှ အညံ့ခံမည်မဟုတ်ကြောင်း အီရန်ထိပ်တန်း ခေါင်းဆောင် အလီခါမေနီက ဇွန် ၁၈ ရက်၌ ပြောကြားခဲ့သည်ဟု အီရန်၏ Tasnim သတင်း ဌာနက ဖော်ပြခဲ့သည်။

အစ္စရေး၏ “မိုက်မဲ၍ အငြိုးထားသော ကျူးကျော်ရန်စမှု” အား အီရန်ပြည်သူများ၏ “မဆုတ် မနစ် ရဲဝံ့စွာ အချိန်ကိုက်” တုံ့ပြန်မှုအပေါ် ခါမေနီက ရုပ်သံမိန့်ခွန်း၌ ချီးကျူးပြောဆိုခဲ့သည်။ အီရန်၏ မဆုတ်မနစ် ကြံ့ကြံ့ခံနိုင်စွမ်းက မိမိတို့နိုင်ငံ၏ ဆင်ခြင်တုံတရားနှင့် ဘာသာ အယူဝါဒ ခိုင်မာအားကောင်းမှုကို ထင်ဟပ်စေသည်ဟု ၎င်းက ဆိုသည်။

“အီရန်နိုင်ငံအနေဖြင့် အတင်းအကျပ်ဖန်တီးထားသည့် စစ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သလို အတင်းအကျပ်ယူထားသည့် ငြိမ်းချမ်းရေးကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင် သွားမှာပါ။ အီရန်သည် မည်သူဖိအားပေးတာကိုမျှ အညံ့ခံအရှုံးပေးမှာ မဟုတ်ပါ” ဟု ခါမေနီက ပြောကြားခဲ့ကြောင်း Tasnim သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ထို့အတူ အမေရိကန်၏ စစ်ရေးအရ ပါဝင်ပတ်သက်မှု ဟူသမျှမှာလည်း “အစားထိုးမရသော ဆုံးရှုံးမှု” ကို ဖြစ်ပေါ်စေမည်ဟု ခါမေနီက သတိပေးခဲ့သည်။ “အီရန်နိုင်ငံအကြောင်း၊ အီရန် သမိုင်းကြောင်းကို သိထားတဲ့သူတွေကတော့ ဒီနိုင်ငံကို ခြိမ်းခြောက်အကျပ်ကိုင်တာက အချည်းနှီးပဲဆိုတာကို သိကြမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ အီရန်အား “ခြွင်းချက်မရှိ အညံ့ခံရန်” တိုက်တွန်းထားပြီး ခါမေနီအား တိုက်ရိုက်ပစ်မှတ်ထားပုံရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာပို့စ်များ ဆက်တိုက်ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ခါမေနီ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဆိုရှယ်မီဒီယာပို့စ်များ ထွက်ပေါ် လာပြီးနောက် ထရမ့်အနေဖြင့် ထိုပဋိပက္ခ၌ အမေရိကန်စစ်တပ်အား ပါဝင်ပတ်သက်စေဖွယ်ရှိသည် ဟူသော ထင်ကြေးပေးမှုများကို အရှိန်မြင့်တက်စေခဲ့သည်။

အစ္စရေးနှင့် အီရန်ကြား လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်မှာ ခြောက်ရက်‌မြောက်သို့ ရောက်ရှိလာပြီဖြစ်ကာ တိုက်ခိုက်မှုများကြောင့် အီရန်ဘက်တွင် သေဆုံးသူ ၆၀၀ နီးပါး၊ အစ္စရေး ဘက်တွင် သေဆုံးသူ ၂၄ ဦး ရှိခဲ့ကြောင်းသိရသည်။ အစ္စရေးက အီရန်နိုင်ငံ အနှံ့အပြားတွင် ဇွန် ၁၃ ရက်က လျှပ်တစ်ပြက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ချိန်မှစ၍ စစ်ရေး တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ 

ကိုးကား -ဆင်ဟွာ

နိုင်ငံတော်၊ နိုင်ငံသား၊ နိုင်ငံမဲ့

နိုင်ငံသားဆိုသည်မှာ နိုင်ငံ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံနှင့်နိုင်ငံသားတို့၏အကြားတွင် အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ရရှိနိုင်ရန်အတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံသားဖြစ်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ သို့မဟုတ် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဟူသည့် အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံရမည်ဖြစ်သည်။

ဖော်ပြပါအရည်အချင်းသတ်မှတ်ချက်တို့ ပြည့်စုံမှုအရ နိုင်ငံသားအဖြစ်ကို အလိုအလျောက်ရရှိလာသူ အများစုတို့မှာ နိုင်ငံသားဖြစ်မှု၏တန်ဖိုးကို အလေးထားဂရုမပြုမိသကဲ့သို့ နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များနှင့် ရရှိအပ်သည့် အခွင့်အရေးများရှိကြောင်းကိုလည်း မေ့လျော့နေတတ်ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့်ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာမရွေး ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးများကို ပေးအပ်ထားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာသာသနာ ဓလေ့ထုံးတမ်းများ၊ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့ကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ပြုထားသည်။

နိုင်ငံသားတိုင်း နိုင်ငံတော်အတွင်း မည်သည့်အရပ်၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်၊ တရားဝင်ပိုင်ဆိုင်ထားသောပစ္စည်းများကို ဥပဒေအရ အကာအကွယ်ရယူခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်၊ စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်အစရှိသည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း ရရှိကြသည်။

ထို့အတူ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဥပဒေနှင့်အညီ အခွန်ပေးဆောင်ရန်စသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ဖြစ်သည့်အခါ၊ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံကမျှ ၎င်း၏တည်ဆဲဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရသည့်အခါ နိုင်ငံသားအခွင့်အရေးများကို ဆုံးရှုံးကြရသည်။ ခွဲခြားဆက်ဆံခံရခြင်း၊ ကူးသန်းသွားလာရေးတွင် ခက်ခဲခြင်း၊ အကာအကွယ်ကင်းမဲ့ခြင်းကြောင့် လူကုန်ကူးခံရနိုင်ခြေများပြားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း စသည်ဖြင့် မကောင်းသည့်အကျိုးဆက်များ အများအပြားနှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်း မိမိတို့၏ နိုင်ငံသားဖြစ်မှုအပေါ် အလေးအနက်ထား ဂုဏ်ယူဝံ့ကြွားကာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေကြရန်၊ နိုင်ငံသားတစ်ယောက်၏တာဝန်များ ကျေပွန်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

MNP

Photo -Social Media

ကနေဒါနှင့်အိန္ဒိယ ဆက်ဆံရေးပြန်တည်ဆောက်မည်

နယူးဒေလီ၊ ဆက်ဆံရေး

ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်သဘောတူလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်တွင် ပြောသည်။ ထို့ပြင် ရပ်ဆိုင်းနေသော ကုန်သွယ်ရေးဆွေးနွေးမှုများကိုလည်း ပြန်လုပ်သွားမည်ဖြစ်သည်။

ကနေဒါနိုင်ငံဝန်ကြီးချုပ်မာ့ကာနေးနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ က G-7 ထိပ်သီးအစည်းအဝေး၏ဘေးပန်း က တွေ့ဆုံမှု၌ ယခုကဲ့သို့သဘောတူခြင်းဖြစ်သည်၊ မာ့ကာနေးက ဝန်ကြီးချုပ်ရာထူးကို ရရှိပြီးနောက် အိန္ဒိယဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကတည်းက ဆက်ဆံရေးယိုယွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Ref: Xinhua

MWD Daily Newspaper

Photo - Eastern Eye

ဟွန်ဆန်နှင့်ထိုင်းဝန်ကြီးချုပ်တို့ ဖုန်းပြောသည့်အသံဖိုင် ထွက်ပေါ်လာ၊ နှစ်နိုင်ငံတင်းမာမှုကိုပိုမိုမြင့်မားလာစေ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဖြစ်သည့် ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပေထုန်ထန်ရှင်နာဝပ်တို့ကြား ဖုန်းပြော ထားသည့်အသံဖိုင်ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံကြားဖြစ်ပေါ်နေသည့် တင်းမာမှု ကိုပိုမိုမြင့်မားလာစေကြောင်းသိရသည်။ အဆိုပါဖုန်းပြောမှုကို ဇွန်လ ၁၅ ရက် တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် အသံဖိုင်ထွက်ပေါ်လာခြင်းဖြစ် ရာ ထိုသို့ပြောဆိုထားသည်မှာလည်း မှန်ကန်ကြောင်း နှစ်ဖက်စလုံးကအတည် ပြုထားသည်။

ထိုအသံဖိုင်တွင် ထိုင်းဝန်ကြီးချုပ်က ၎င်းအနေဖြင့် ပြည်တွင်းဖိအားများကို ရင်ဆိုင်နေရကြောင်းနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်း၏ပြောဆိုမှုများကိုနားမထောင် ရန် ဟွန်ဆန်ကိုတိုက်တွန်းထားကြောင်း တွေ့ရသည်။ ယင်းအသံဖိုင်ပေါက်ကြား မှုသည် ဟွန်ဆန်က အသံဖမ်းထားသည့် ထိုစကားပြောဆိုမှုကို မျှဝေလိုက်သော နိုင်ငံရေးသမား ၈၀ အနက် တစ်ဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းကပြောထားသည်။

Ref: AGC

Photo - Yahoo

ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မြောက်ကိုရီးယား ခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေး

ပြုံယမ်း ဇွန် ၁၈

ရုရှားသမ္မတပူတင်၏ အထူး ညွှန်ကြားချက်များဖြင့် မြောက်ကို ရီးယားနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုဂူးသည် ဇွန် ၁၇ ရက်တွင် ပြုံယမ်းမြို့၌ မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၁၇ ရက် ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆာဂေးရှိုဂူး တို့သည် ရုရှားအစိုးရ၏ခါ့ချ်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ၌ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ခါ့ချ်နယ်မြေ စစ်ဆင်ရေးများ၌ ကျဆုံးခဲ့သော မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုရေးအစီအစဉ်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြ ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံအနောက်ပိုင်း ခါ့ချ် ဒေသကိုယူကရိန်းတပ်များက၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျူးကျော် တိုက်ခိုက်ခဲ့ရာ ယူကရိန်းတပ်များ ကို ပြန်လည်တိုက်ထုတ်ရာ၌ ရုရှား တပ်များနှင့်အတူ မြောက်ကိုရီး ယားတပ်များလည်း ပါဝင်ခဲ့ ကြသည်။

ခါ့ချ်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် မြောက်ကို ရီးယားနိုင်ငံက စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် ၆၀၀၀ စေလွှတ်ရန်စီစဉ်ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဇွန် ၁၇ ရက် မြောက်ကိုရီးယား ခရီးစဉ်သည် ရုရှားအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုဂူးအတွက် သုံးလနီးပါး ကြာကာလအတွင်း တတိယ မြောက် မြောက်ကိုရီးယားခရီးစဉ် ဖြစ်ကြောင်း သိရသည်။

Ref: RT

Trs:  KKO

ဒဏ်ခတ်ပိတ်ဆို့ခြင်းက တစ်လမ်းမောင်းမဟုတ်ဟု ထရမ့်ပြော

နိုင်ငံတစ်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခြင်းသည် အမေရိကန်နိုင်ငံ ကို စီးပွားရေးအရများစွာဆုံးရှုံးစေနိုင်ပြီး လွယ်ကူသည့်လုပ်ငန်းတစ်ခုမဟုတ်သည့် အပြင် တစ်လမ်းမောင်းသွားသည့်ပုံစံ ဖြစ်မနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ရုရှားနိုင်ငံအပေါ် ပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အသင့်မဖြစ်သေးကြောင်း၊ ရုရှား နိုင်ငံကို နောက်ထပ်ချမှတ်မည့်ဒဏ်ခတ် ပိတ်ဆို့မှုများသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးကို များစွာဆုံးရှုံးနိုင်စေမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်ဟု Bloom-berg သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြထားသည်။

အလားတူ လွှတ်တော်ကရေးဆွဲထား သည့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေမူကြမ်းအရ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကိုပါ ယိုယွင်းစေနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

Ref: RT

MWD Daily Newspaper

Photo - Euro News

ရုရှား၏ ခု(စ်)ဒေသသို့ မြောက်ကိုရီးယားက အင်ဂျင်နီယာစစ်သည်များစေလွှတ်ပေးမည်

မြောက်ကိုရီးယားနိုင်ငံသည် ရုရှား၏ ခု(စ်)ဒေသ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂျင်နီယာစစ်သည် ထောင်ပေါင်းများစွာကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ဆာဂျီရွှိုင်ဂူက ဇွန်လ ၁၇ ရက်တွင်ပြောသည်။

ယခုကဲ့သို့ အင်ဂျင်နီယာစစ်သည်များ စေလွှတ်ပေးခြင်းသည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်အရ ရုရှားနိုင်ငံသို့

မြောက်ကိုရီးယားနိုင်ငံက ကူညီပေးခြင်းဖြစ်ကြောင်း ဆာဂျီရွှိုင်ဂူကပြောသည်။

ဆာဂျီရွှိုင်ဂူသည် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်၍ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးနောက် ယခုသဘောတူညီချက်ကိုရရှိခဲ့ ခြင်းဖြစ်သည်။

မြောက်ကိုရီးယားစစ်သည်များသည် ရုရှားဘက်မှ ပါဝင်ကူညီတိုက်ပွဲဝင်ပေးခြင်းကြောင့် ခု(စ်)ဒေသက ယူကရိန်းတို့ လက်မှလွတ်မြောက်လာခြင်းဖြစ်ကြောင်း ဆာဂျီရွှိုင်ဂူကပြောထားသည်။ 

Ref : RT

Photo - The NewYork Times

ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီနှင့် အရှေ့အလယ်ပိုင်းကိစ္စရပ်များ ဆွေးနွေး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်မှ ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခတွင် အမေရိကန် အနေဖြင့် နက်နက်ရှိုင်းရှိုင်း ပါဝင်သင့်/မသင့်ကို ချိန်ဆလျက်ရှိပြီး ထရမ့်က ရန်လိုသည့် အရေးအသားများကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြလျက်ရှိသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ထရမ့်က “အီရန်အကြီးအကဲ အယာတိုလာခါမီနီ ပုန်းအောင်းနေသည့်နေရာကို အမေရိကန်အနေဖြင့် သိရှိကြောင်း၊ သို့ရာတွင် လက်ရှိအချိန်တွင် ၎င်းအား သုတ်သင်ရှင်းလင်းရန် အစီအစဉ် မရှိသေးကြောင်း”၊ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အီရန်ဘက်မှ “ချွင်းချက်မရှိ လက်နက်ချရန်” တိုက်တွန်းကြောင်းစသည့် အကြောင်းအရာများကို ရေးသားဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးမှ ချက်ချင်းပြန်လာပြီးနောက် အမျိုးသားလုံခြုံရေး ကောင်စီအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်အနေဖြင့် အီရန်နျူကလီးယားဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သွားလိုကြောင်း၊ ယူရေနီယန်သန့်စင်စက်ရုံသည် အီရန်နိုင်ငံအလယ်ပိုင်း Fordow မြို့ရှိ မြေအောက် ၈၀မီတာခန့်တွင် တည်ရှိသည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ယူရေနီယန်သန့်စင်စက်ရုံတည်ရှိရာ မြေအောက် ၈၀ မီတာခန့်ကို ဖျက်ဆီးနိုင်သည့် ဘန်ကာခွင်းဒုံး (bunker buster) များကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ကြောင်းနှင့် ထရမ့်အနေဖြင့် အဆိုပါဒုံးများကို အသုံးပြုလာနိုင်ကြောင်း အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် Axios က ရေးသားဖော်ပြခဲ့သည်။

ကိုးကား - Axios

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက (၄)

G-8 အဖွဲ့မှ ရုရှားကိုထုတ်ပယ်မှုက မှားယွင်းမှုကြီးဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော

G-8 အဖွဲ့မှ ရုရှားနိုင်ငံကိုထုတ်ပယ်မှု သည် မှားယွင်းမှုကြီးတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားသည်။ ထို့ပြင် ယင်းအဖွဲ့၌ရုရှား နိုင်ငံရှိနေမည်ဆိုပါက ယူကရိန်းပဋိပက္ခ တင်းမာမှုများဖြစ်ပွားလာမည်ကို ကာကွယ်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ထရမ့်ကဆက်ပြောသည်။

ရုရှားနိုင်ငံက ၁၉၉၇ ခုနှစ်တွင် G-7 အဖွဲ့သို့ပါဝင်ပြီးနောက် G-8 အဖွဲ့ဖြစ်လာ ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကိစ္စနှင့်ပတ်သက်၍ ထိုအဖွဲ့က ရုရှားနိုင်ငံ ကို ထုတ်ပယ်ပြီးနောက် G-7 အဖွဲ့အဖြစ် ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 
ထရမ့်သည် ဇွန်လ ၁၆ ရက်တွင်ပြုလုပ် သည့် G-7 ထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ ယခုကဲ့သို့ပြောခြင်းဖြစ်ပြီး ရုရှားနိုင်ငံကို ထိုအဖွဲ့မှထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ အကြိမ်ကြိမ် ဝေဖန်ထားသည့်အပြင် ရုရှားကို ထိုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံရေးတောင်းဆိုထားကြောင်း သိရသည်။

Ref: RT

Photo- A news

အီရန်က အစ္စရေးကို ဒဏ်ခတ်သည့်တိုက်ခိုက်မှု စတင်လုပ်ဆောင် သွားမည်

လက်ရှိအီရန်က အစ္စရေးအပေါ် တန်ပြန်တိုက်ခိုက်မှုသည် ၎င်း၏စတင်တိုက်ခိုက်မှုကို ဟန့်တားရုံမျှသာရှိသေးကြောင်းနှင့် “ဒဏ်ခတ်တိုက်ခိုက်သည့်စစ်ဆင်ရေးများ” ဆက်လက်လုပ်ဆောင်သွားမည့်အစီအစဉ်ကို အီရန်စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ရုပ်သံထုတ်လွှင့်မှုတစ်ခုတွင် ဗိုလ်ချုပ် Abdolrahim Mousavi က အီရန်နိုင်ငံအပေါ် ကျူးကျော်ရန်စသည့်လုပ်ဆောင်မှုအတွက် အစ္စရေးအနေဖြင့် တန်ပြန်ခံစားရလိမ့်မည်ဖြစ်ကြောင်း၊ ယခုမိမိတို့အီရန်ဘက်မှ လုပ်ဆောင်နေသည့် စစ်ဆင်ရေးသည် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားသည့် သတိပေးတိုက်ခိုက်မှုမျှသာရှိသေးကြောင်းနှင့် ဒဏ်ခတ်တိုက်ခိုက်သည့် စစ်ဆင်ရေးကို မကြာမီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ထို့အပြင် အီရန်စစ်ဦးစီးချုပ်က အထူးသဖြင့် အစ္စရေးမြို့တော် Tel Aviv နှင့် Haifa မြို့များနှင့် ပါလက်စတိုင်းနယ်မြေ အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်၊ နေတန်ယာဟု၏ လူမဆန်သည့် လုပ်ရပ်အတွက် မိမိတို့၏အသက်များကို စွန့်လွှတ်ခြင်းမပြုကြရန် ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပြီး မြင့်မြတ်သည့် အီရန်နိုင်ငံသည် မိမိအပေါ် ကျူးကျော်ရန်စလာပါက ခေါင်းငုံ့ခံသည့်သမိုင်းမရှိကြောင်း၊ အခုတစ်ဖန် တွင်လည်း အစ္စရေး၏ ရိုင်းစိုင်းသည့်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏ ရာဇဝတ်မှုမြောက်သည့် လုပ်ဆောင်မှုအတွက် ဒဏ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tasnim News Agency       

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)