ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

News Image

ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ် နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ် ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ရုရှားဖက်ဒရေးရှင်းနှင့် ကျူးဘားနိုင်ငံတို့သည် တစ်ဖက်သတ် အတင်း အကျပ် အရေးယူဆောင်ရွက်မှုများကို ဆန့်ကျင်သည့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုး

News Image

ရုရှားဖက်ဒရေးရှင်းနှင့် ကျူးဘားနိုင်ငံတို့သည် တစ်ဖက်သတ် အတင်း အကျပ် အရေးယူဆောင်ရွက်မှုများကို ဆန့်ကျင်သည့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဖ်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်စ်ပါရီလျာတို့သည် BRICS နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တစ်ဖက်သတ် အတင်းအကျပ် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို ကာကွယ်ရန်၊ လျှော့ချရန်နှင့် လျော်ကြေးပေးရန် နည်းလမ်းများဆိုင်ရာ ပူးတွဲကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗော်ဂိုဂရက်မြို့တွင် လေးနာရီကြာ ဆွေးနွေးမှု ပြုလုပ်

News Image

ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗော်ဂိုဂရက်မြို့တွင် လေးနာရီကြာ ဆွေးနွေးမှု ပြုလုပ်

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်တို့၏ ဗော်ဂိုဂရက်တွင် ပြုလုပ်သောစေ့စပ်ဆွေးနွေးမှုသည် လေးနာရီ ကြာမြင့်ခဲ့ပါသည်။

“ညှိနှိုင်းမှုပြီးသွားပါပြီ။ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို နှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် မျက်နှာချင်းဆိုင်ပြီး ၄ နာရီကြာ စကားပြောခဲ့ပါသည်” ဟု သမ္မတရုံးနှင့် နီးစပ်သော Telegram လိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရုရှားရောက် မြန်မာ့တပ်မတော်

News Image

ရုရှားရောက် မြန်မာ့တပ်မတော်

မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံကိုယ်စားပြု စစ်ရေးပြအဖွဲ့များ ဧပြီ ၂၇ ရက် (မော်စကိုစံတော်ချိန်) နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ အလာဘီနို လေ့ကျင့်ရေးကွင်းတွင် စစ်ရေးပြပွဲတွင် ပါဝင်သည့် နိုင်ငံများ၏ စစ်ရေးပြ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-နစက-၁