ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက် ခုတို့တွင် ဧပြီ ၂၉ ရက်ထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိ

News Image

ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး နှင့် ပြည်နယ်  ခြောက် ခုတို့တွင် ဧပြီ ၂၉ ရက်ထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိ

■ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး နှင့် ပြည်နယ်  ခြောက်ခုတို့တွင် ဧပြီ ၂၉ ရက်ထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိ

■ အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၈ ဦး ရှာဖွေပေးနိုင်ခဲ့

ဟင်္သာတမြို့နယ်မှ ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

ဟင်္သာတမြို့နယ်မှ ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဟင်္သာတ  ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ သရက်သီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

မြင်လွှာကြောပါးလွှာမှုပြဿနာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် Dementia ဖြစ်ပွားနိုင်

News Image

မြင်လွှာကြောပါးလွှာမှုပြဿနာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် Dementia ဖြစ်ပွားနိုင်

ဝယ်လင်တန်   ဧပြီ ၂၉

အမြင်အာရုံဝေဝါးမှုနှင့် အစက်အပြောက်များ တွေ့မြင်ရမှုသည် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ငယ်ငယ်ရွယ်ရွယ်နှင့် ဖြစ်ပွားနိုင်ကြောင်း ဧပြီ ၂၈ ရက် သတင်းများအရ သိရသည်။

နယူးဇီလန် သုတေသနပညာရှင်များ၏ အဆိုအရ မျက်လုံး၏ နောက်ဘက်ပိုင်းရှိ အလင်းအာရုံခံတစ်ရှူးလွှာများ ပုံမှန်မဟုတ်ဘဲ ပါးလွှာနေသူများတွင် အသက် ၆၀။ ၅၀ နှင့် ၄၀ ခန့်မှာပင် Dementia ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မေလ (၁) ရက်နေ့တွင် ပြန်ဖွင့်မည်

News Image

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မေလ (၁) ရက်နေ့တွင် ပြန်ဖွင့်မည်

ငလျင်ဘေးဒဏ်ကြောင့် ယာယီရပ်နားထားသည့် နိုင်ငံကူးလက်မှတ် အွန်လိုင်းမှ လျှောက်ထားမှုကို မေ(၁)တွင် ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မေလ (၁)ရက်တွင် အွန်လိုင်းစနစ်ဖြင့် QR Code ရယူနိုင်တော့မည်လည်း ဖြစ်သည်။

ယခင်က QR Code တင်ထားသူများသည် လာမည့် ဇွန်လထိ ရက်ချိန်းရှိသည့်အတွက် ယင်းရက်ချိန်းထိ ရယူထားသူများကို နိုင်ငံကူးလက်မှတ် ပုံမှန်အတိုင်း ထုတ်ပေးနေပြီး ကျန်းမာရေး/ပညာရေးကိစ္စနှင့် အရေးပေါ် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။