ဘန်ကောက်-ကွာလာလမ်ပူ တိုက်ရိုက်ရထားခရီးစဉ် ယခုနှစ်အတွင်း ပြန်လည်ဖွင့်လှစ်မည်

News Image

ဘန်ကောက်-ကွာလာလမ်ပူ တိုက်ရိုက်ရထားခရီးစဉ် ယခုနှစ်အတွင်း ပြန်လည်ဖွင့်လှစ်မည်

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့တော်များအကြား တိုက်ရိုက် ရထားလမ်း ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်များကို အတည်ပြုခဲ့သည်။

The Independent သတင်းဌာနအရ မလေးရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Anthony Loke Siew Fook သည် ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit တို့နှင့် အဆိုပါအစီအစဉ်ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။

ထိုင်းသစ်သီးထုတ်လုပ်သူများ K-Pop ကြယ်ပွင့် Lisa အား ကမ္ဘာလုံးဆိုင်ရာ ထိုင်းသစ်သီးများ မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်စေရန် ဝန်ကြီးချုပ်အား တောင်းဆို

News Image

ထိုင်းသစ်သီးထုတ်လုပ်သူများ K-Pop ကြယ်ပွင့် Lisa အား ကမ္ဘာလုံး ဆိုင်ရာ ထိုင်းသစ်သီးများ မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်စေရန် ဝန်ကြီးချုပ် အား တောင်းဆို

ထိုင်းနိုင်ငံ၏ သစ်သီးထုတ်လုပ်သူများအသင်းက ဝန်ကြီးချုပ် Paetongtarn Shinawatra အား K-Pop ကြယ်ပွင့် Lisa (လီဆာ) ကို ဖိတ်ကြား၍ ထိုင်းသစ်သီးများ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ချဲ့ထွင်ရေး လှုပ်ရှားမှုကို ဦးဆောင်စေရန် တောင်းဆိုလိုက်သည်။

ဘန်ကောက်ပို့စ် ၏ ဖော်ပြချက်အရ သစ်သီးထုတ်လုပ်သူများအသင်းက Lisa ၏ ကမ္ဘာကျော် ကျော်ကြားမှုသည် ထိုင်း၏သစ်သီးတင်ပို့မှုအတွက် အထူးသဖြင့် တရုတ်မှလွဲ၍ အခြားဈေးကွက်သစ်များကို ဖွင့်ပေးနိုင်မည် ဟု ဝန်ကြီးချုပ်အား စနေနေ့ (မေ ၁၇) က Chanthaburi ခရိုင်သို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများ စတင်ပြုလုပ်ပေး

News Image

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများ စတင်ပြုလုပ်ပေး

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများစတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း လားရှိုး မြို့ခံ အချို့၏ ပြောကြားချက်များအရ သိရသည်။

မေ ၁၉ ရက်မှ စတင်ကာ လားရှိုးမြို့ပေါ်တွင် နေထိုင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လားရှိုးမြို့နယ် ဦးစီးမှူးရုံးတွင် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည့် မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ၊ မွေးတိုးပြုလုပ်ခြင်းများ၊ UID ကောက်ယူခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ကားများ ၂၀၂၇ ခုနှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်သော်လည်း Uber ကုမ္ပဏီက ၎င်းတို့သည် ယခုပင် အဆင်သင့် ဖြစ်နေပြီဟု ပြော

News Image

ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ကားများ ၂၀၂၇ ခုနှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်သော်လည်း Uber ကုမ္ပဏီက ၎င်းတို့သည် ယခုပင် အဆင်သင့် ဖြစ်နေပြီဟု ပြော

Uber က ဗြိတိန်တွင် မောင်းသူမဲ့တက္ကစီများ ယခုအချိန်မှစ၍ “အဆင်သင့်ဖြစ်နေပြီ” ဟု ကြေညာသော်လည်း အစိုးရက လုံးဝအလိုအလျောက် မောင်းနိုင်သောယာဉ်များအား အတည်ပြုရန် ရက်စွဲကို နောက်ဆုတ် လိုက်သည်။

ယခင်အစိုးရလက်ထက်က လုံးဝအလိုအလျောက် မောင်းနိုင်သည့်ကားများကို “၂၀၂၆ ခုနှစ်အတွင်း လမ်းများပေါ်တွင် မြင်တွေ့ရမည်” ဟု မျှော်မှန်းခဲ့သော်လည်း အသစ်ဖွဲ့စည်းထားသောအစိုးရက ယခုအခါ ၎င်းတို့ကို ၂၀၂၇ ခုနှစ် ဒုတိယခြောက်လပတ်မှသာ စတင်မြင်တွေ့ နိုင်မည်ဟု ပြောဆိုလိုက်သည်။