ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသသို့ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်များနှင့်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားဟုဆို

News Image

ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသသို့ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်များနှင့်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားဟုဆို

ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Amarit Boonsuya သည် ကမ္ဘောဒီးယားနှင့် အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသကို လာရောက်ခဲ့ပြီး ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကိုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မေလ ၂၈ ရက်တွင် နယ်စပ်ဒေသ၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တင်းမာမှုများရှိနေပြီး နှစ်နိုင်ငံစလုံးက စစ်တပ်များသည် အငြင်းပွားလျက်ရှိနေသည့် ရှေ့တန်းစစ်မျက်နှာ ပြင်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားကြောင်းသိရသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသည် Elon Musk ၏ super bill အား ဝေဖန်မှုကြောင့် စိတ်မကောင်းဖြစ်နေဟုဆို

News Image

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသည် Elon Musk ၏ super bill အား ဝေဖန်မှုကြောင့် စိတ်မကောင်းဖြစ်နေဟုဆို

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က ဇွန်လ ၃ ရက်နေ့တွင် “Elon Musk ကို နားလည်မှုလွဲမှားနေပါသည်။ ဒါက လူထု ကိစ္စဖြစ်ပြီး ပုဂ္ဂလိကကိစ္စမဟုတ်ပါ။ လျှပ်စစ်ကားရန်ပုံငွေ အစီအစဉ်တွေ က ၎င်းအတွက် အရေးကြီးသည်ကို သိသော်လည်း Musk က ယင်း အစီအစဉ် တစ်ခုလုံးကို ဝေဖန်ပြောဆိုသည့်ပုံစံက စိတ်ပျက်စရာပါ။ အထူးသဖြင့် မနေ့က (ဇွန် ၂) ၎င်းနှင့်ဖုန်းပြောပြီးသည့်နောက်မှာ ယခုလို ပြောကြားသည်ကို အရမ်းအံ့ဩမိပါသည်” ဟု ပြောကြားခဲ့သည်။

မိတ်ကပ်နှင့် ပတ်သက်သော 'mukbang' အစားအသောက် ဗီဒီယိုများ ရိုက်ကူးသည့် အမျိုးသမီး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်

News Image

မိတ်ကပ်နှင့် ပတ်သက်သော 'mukbang' အစားအသောက် ဗီဒီယိုများ ရိုက်ကူးသည့် အမျိုးသမီး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်

ထိုင်ဝမ်၏ အလှအပလုပ်ငန်းတွင် လူကြိုက်များပြီး မိတ်ကပ်ပစ္စည်းများကို စားသုံးပြသည့် ဗီဒီယိုများဖြင့် ကျော်ကြားခဲ့သော အမျိုးသမီးငယ်တစ်ဦး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

Guava Beauty အမည်ရှိ အဆိုပါ အမျိုးသမီးငယ်သည် နုပျိုချစ်စရာကောင်းသော ဟန်ပန်နှင့် “မိတ်ကပ်နှင့် အစားအစာ” ပေါင်းစပ်ထားသည့် "mukbang" ဗီဒီယိုများကြောင့် လူမှုကွန်ရက်ပေါ်တွင် ပရိသတ် ၁၂,၀၀၀ ကျော်ရှိခဲ့သည်။ သူမ၏ ဗီဒီယိုများတွင် နှုတ်ခမ်းနီ၊ မိတ်ကပ်၊ မျက်နှာနှင့် ဝက်ခြံအတွက် အသုံးပြုသည့် ဂွမ်းပြားများအထိ စားသုံး နေသည်ကို တွေ့ရသည်။

အမေရိကန်သို့ အဆိပ်ပြင်းမှိုများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးတရားစွဲဆိုခံရ

News Image

အမေရိကန်သို့ အဆိပ်ပြင်းမှိုများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးတရားစွဲဆိုခံရ

အမေရိကန်ရှေ့နေချုပ်ရုံးက တရုတ်သိပ္ပံပညာရှင် ၂ ဦးကို သီးနှံများကို ပျက်စီးစေနိုင်သည့် အဆိပ်ပြင်းမှိုမျိုးကို တရားမဝင် သယ်ဆောင်လာမှုဖြင့် တရားစွဲဆိုလိုက်ပါသည်။

မစ်ရှီဂန်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှေ့နေရုံးက ဇွန်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား သိပ္ပံပညာရှင် ၃၃ နှစ်အရွယ် Yunqing Jian နှင့် ၃၄ နှစ် အရွယ် Zunyong Liu တို့အား အမေရိကန်သို့ တရားမဝင် ပစ္စည်းများ သယ်ဆောင်ခြင်း၊ လိမ်လည်ထွက်ဆိုခြင်းနှင့် ဗီဇာလိမ်လည်မှုများဖြင့် စွဲချက်တင်ကြောင်း ကြေညာခဲ့သည်။