အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် လူအုပ်ပြိုကျ အနည်းဆုံး၁၁ ဦး သေဆုံး
News Image

အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့ရှိ ခရစ်ကက်ကစားကွင်းတစ်ခု၏ အပြင် ဘက်တွင် ဇွန်လ ၄ရက်က လူအုပ်ပြိုကျမှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်သည် M. Chinnaswamy ကစားကွင်းပြင်ပ၌ အားပေးသူထောင်ပေါင်း များစွာက အောင်ပွဲရ ခရစ်ကက်အသင်းအား အားပေးထောက်ခံနေစဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အားပေးသူ ပရိသတ်များက အလုအယက်တိုးဝှေ့ရာမှ လူအုပ်ပြိုကျမှုဖြစ်ပွား ခြင်းဖြစ်ကြောင်းသိရသည်။
Ref: Xinhua, Abc
Photo - Aljazzera