ဆန်ဖရန်စစ္စကိုတွင် ICE ဝင်ရောက်စီးနင်းမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီး ကျင်းပ

News Image

ဆန်ဖရန်စစ္စကိုတွင် ICE ဝင်ရောက်စီးနင်းမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီး ကျင်းပ

ဆန်ဖရန်စစ္စကိုရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ၊ တနင်္လာနေ့ (ဇွန် ၁၀) ညပိုင်းတွင် ထောင်နှင့်ချီသောလူများသည် Civic Center နှင့် Mission ရပ်ကွက်များအနီး၌ အလွန်အေးချမ်းစွာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ CNN ၏ အဖွဲ့အစည်းဖြစ်သော KGO သတင်းဌာန၏ ဖော်ပြချက်အရ ဆန္ဒပြသူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICE (လူဝင်မှု ကြီးကြပ်ရေး) ၏ ဝင်ရောက်စီးနင်းမှုများကို ကန့်ကွက်ရန်နှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူ အသိုင်းအဝိုင်းများ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့ ကြသည်။

မက္ကဆီကိုရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် ဆန္ဒပြသူများက နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများ ရပ်တန့်ရန် တောင်းဆို

News Image

မက္ကဆီကိုရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် ဆန္ဒပြသူများက နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများ ရပ်တန့်ရန် တောင်းဆို

မက္ကဆီကိုမြို့တော်ရှိ ဆန္ဒပြသူများသည် တနင်္လာနေ့ (ဇွန် ၁၀) တွင် အမေရိကန်သံရုံးအပြင်ဘက်၌ ဆန္ဒပြပွဲပြုလုပ်ကာ နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

Reuters ၏ ဗီဒီယိုတစ်ခုတွင် လူများသည် မက္ကဆီကိုနှင့် အမေရိကန် အလံများကို လွှင့်ထူပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်တုတစ်ခုကို မီးရှို့နေသည်ကို တွေ့ရသည်။

DOGE ဝန်ထမ်းများ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေ

News Image

DOGE ဝန်ထမ်းများ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေ

Wall Street ဂျာနယ် (WSJ) ၏ ဖော်ပြချက်အရ အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ဝန်ထမ်းများသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် DOGE ၏ ယခင်အကြီးအကဲ အီလွန်မက် အကြား ဆက်ဆံရေး ကတောက်ကဆ ဖြစ်ပွားမှုအပြီး ၎င်းတို့ကိုယ်တိုင် အကောင်အထည်ဖော်ခဲ့သော ကုန်ကျ စရိတ် လျှော့ချရေး လုပ်ငန်းစဉ်၏ နောက်ထပ်သားကောင် ဖြစ်လာ နိုင်သည်ကို စိုးရိမ်နေကြသည်။

ရုရှားနှင့် ယူကရိန်းတို့ အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို လဲလှယ်

News Image

ရုရှားနှင့် ယူကရိန်းတို့ အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို လဲလှယ်

ရုရှားနှင့် ယူကရိန်းတို့သည် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို နောက်ထပ် လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဇွန် ၉) တွင် ကြေညာခဲ့သည်။

တရားဝင် Telegram Channel တွင် ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပထမအသုတ် စစ်သုံ့ပန်းများကို ကိယက်ဗ် ထိန်းချုပ် ထားသော နယ်မြေများမှ ပြန်လည်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“အပြန်အလှန်အနေဖြင့် ယူကရိန်းတပ်မတော်၏ တန်းတူ အရေအတွက်ရှိ စစ်သုံ့ပန်းများကို လွှဲပြောင်းပေးခဲ့သည်” ဟု ဝန်ကြီးဌာနက ဆိုသည်။