ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကျောင်းတော်အတွေးမှသည် နိုင်ငံ့အရေးဆီသို့. . .
-

စာသင်ကျောင်းဆိုတာ စာပေတွေသင်ကြားပေးတဲ့ နေရာတစ်ခုသီးသန့်မဟုတ်ပါဘူး။ ပညာရေးရဲ့ အနှစ်သာရဖြစ်တဲ့ အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတတွ ေပေးအပ်တဲ့နေရာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းတွေ ပေးစွမ်းတဲ့နေရာလည်းဖြစ်တယ်။ ဒါတင်မက နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်တွေကိုပါ သင်ကြားပေးအပ်နိုင်တဲ့အထိ  မွန်မြတ်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့်   စာသင်ကျောင်းဆိုတာဟာ ကျောင်းသားဘဝ အမှတ်တရ ပုံရိပ်များသာမက လူ့စွမ်းအားအရင်းအမြစ်ကောင်းအဖြစ် သန္ဓေတည်ပေါက်ဖွားနိုင်တဲ့ အခြေခံအဆောက်အဦကောင်း တစ်ခုလည်းဖြစ်တယ်ဆိုတာကို မောင်တို့မယ်တို့အားလုံး သိထားကြရပါမယ်။

မောင်မယ်တို့နဲ့ မောင်မယ်တို့မိဘအပေါင်းတို့ရေ။  လူသားတွေရဲ့ဘဝမှာ အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိခြင်း၊ မရှိခြင်းအပေါ် မူတည်ပြီး ဘဝဆိုတာ  အနိမ့်အမြင့်ကွာခြား သွားတတ်ကြတယ်။ ပညာရည်ကွာခြားချက်ဟာ လူသားဘဝ ကိုယ်စီတင်မကဘဲ နိုင်ငံတစ်ခုနဲ့တစ်ခု အထိပါ အဆင့်အတန်း ကွာခြားသွားတတ်ကြတယ် ဆိုတာကို မောင်တို့မယ်တို့အားလုံးနဲ့ မိဘပြည်သူအပေါင်းကို လေ့လာတွေ့မြင်တတ်စေချင်ပါတယ်။ လူသားတစ်ယောက် အတွက် စာပေပညာ၊ အတတ်ပညာ ပြည့်ဝရေးဟာ အခြေခံလိုအပ်ချက် တစ်ခုဆိုတာကို အားလုံးတထစ်ချ သိထားကြရမယ်။ စည်းကမ်းကစလို့ စာပေပညာ၊ အတတ်ပညာသာမက အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆတွေအထိပါ ပြည့်စုံမှန်ကန်အောင် အုတ်မြစ်ချပေးတဲ့နေရာ တစ်ခုဆိုတဲ့ခံယူချက်ကို မြဲမြံစွာနှလုံးသွင်းထားကြပါ။

နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ် ပေါကြွယ်ဝရေးပဲဖြစ်ပါတယ်။ နိုင်ငံတော်မှာ လူသားအရင်းအမြစ်ကောင်းတွေ များစွာလိုအပ်နေတယ်ဆိုတာကို ပကတိမြေပြင် အကြောင်းတရားများက သက်သေညွှန်းဆိုနေဆဲလည်းဖြစ်ပါတယ်။ ဒေသတစ်ခုချင်းစီကစလို့ နိုင်ငံတစ်ဝန်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဝေဆာစေဖို့ နိုင်ငံတော်မှာ ပညာတတ်တွေပေါကြွယ်ဝရေးဟာ မဖြစ်မနေလိုအပ်ချက် တစ်ခုလည်း ဖြစ်တယ်။ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မယ့်  ပညာတတ်လူသား အရင်းအမြစ်တွေပေါကြွယ်ဝရေးမှသည် မွေးဖွားလာတဲ့ ဒီပညာတတ်လူသား အရင်းအမြစ်များကသာ နိုင်ငံတော်ဒေသအသီးသီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်ကြမှာပါ။ ဒါဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပါပဲ။

ယနေ့အဖြစ်အပျက်ဟာ မနက်ဖြန်ရောက်တိုင်း အတိတ်ဖြစ်သွားတတ်ကြတာ သဘာဝတစ်ခုပါပဲ။ စာရေးသူတို့ လူငယ်မျိုးဆက်တွေဟာ အတိတ်သမိုင်းကနေ အသိတရားတွေ၊ သင်ခန်းစာတွေယူပြီး ကြိုးစားတတ်ကြဖို့၊ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ယနေ့ နိုင်ငံအတွင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ၊ လက်နက်ကိုင် လမ်းစဉ်ရဲ့ဖြစ်တည်မှုတွေကို ဆန်းစစ်ကြည့်ရင် နိုင်ငံရဲ့ လူသားအရင်းအမြစ် ပျက်သုဉ်းရေးထိ ခရီးရောက်နေတာကို တွေ့မြင်ရတယ်။ ဒါဟာ ပညာရည်နိမ့်ပါးခြင်းကို ညွှန်းဆိုနေတဲ့အကြောင်းတရား တွေပဲဖြစ်တယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူကြီးလူငယ်တွေကြိုက်တဲ့ နိုင်ငံတကာ ကလပ်အသင်း  ဘောလုံးပြိုင်ပွဲအသီးသီးက ကစားသမားလူငယ်တွေကို လေ့လာကြည့်ပါ။ အချို့က  အသက် ၁၈၊ ၁၉ နှစ်လောက်နဲ့ ကမ္ဘာကျော်နေကြပြီ။ လုပ်ခလစာကောင်းကောင်းနဲ့   အသင်းငယ်တွေကနေ အသင်းကြီးတွေအထိ ကစားနိုင်အောင် ကြိုးစားနေကြတယ်။ အင်္ဂလန်ကလပ်ကနေ စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်စတဲ့ နာမည်ကြီးကလပ်အသင်း တွေအထိ ရောက်အောင် သူ့ထက်ငါအပြိုင် ခြေစွမ်းပြကြိုးစားနေကြပြီ။

ပြည်ပလူငယ်တွေက  တစ်ကမ္ဘာလုံးရဲ့ လက်ခုပ်သံတွေရအောင်  ကြိုးစားနေကြပေမယ့်  စာရေးသူတို့နိုင်ငံက လူငယ်အစုအဖွဲ့အချို့ ကတော့ တစ်ကမ္ဘာလုံးက စက်ဆုပ်ရွံရှာတဲ့ အကြမ်းဖက်လမ်းစဉ်တွေထဲမှာ ကျင်လည်နေကြ တယ်။ ဒါတွေဟာ စေ့စေ့တွေးရင် ပညာအခြေခံနည်းရာကနေ အသိပညာ၊ အတွေးအခေါ်အယူအဆ နုံနဲ့တဲ့အထိဖြစ်စေခဲ့တဲ့ အကြောင်းတရားတွေသာဖြစ်တယ်။ ဒါ့ကြောင့် ယနေ့လူငယ်တွေ အားလုံး သမိုင်းထဲက သင်ခန်းစာယူကြပါ။ ကမ္ဘာထိရှုမြင်ပြီး သင်ခန်းစာယူကြပါလို့ ပြောချင်တယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့လည်း လူသားအရင်းအမြစ်ကောင်းတွေ နိုင်ငံတော်မှာ ထွက်ပေါ်ဖို့ ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေတာကို တွေ့မြင်ရတယ်။ လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားလာစေဖို့ အခြေခံကျတဲ့ပညာရေး ကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်နေတယ်။ ပညာရေးကဏ္ဍမှာဆိုရင်  အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေး အဆင့်အထိ တစိုက် မတ်မတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများအထိ သင်ကြားစေပြီး နိုင်ငံတော်ကို ပြန်လည်အကျိုးပြုနိုင်ဖို့   စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံပညာကျောင်းများမှ အဆင့်မြင့်ကျောင်းတွေထိ နိုင်ငံသားမျိုးဆက်သစ် လူငယ်တွေ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဒါ့အပြင် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိတယ်။ နိုင်ငံတစ်နိုင်ငံဟာ အစိုးရကောင်းတစ်ခုတည်းနဲ့ ဦးဆောင်လို့မရဘူး။ ပြည်သူကလည်း ပြည်သူကောင်းဖြစ်အောင် ကြိုးစားပြီး ပူးပေါင်းဖို့လည်း သိပ်ကိုအရေးကြီးတယ်။ အစိုးရအတွေးဟာ ပြည်သူ့အရေးဖြစ်သလို ပြည်သူ့အတွေးဟာလည်း နိုင်ငံတော်ရဲ့အရေးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နေရာစုံထောင့်စုံ အဖြစ်အပျက်များက ဖော်ညွှန်းနေပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီး ရှိတယ်။ နိုင်ငံရေးစနစ်၊ အစိုးရစနစ်အမျိုးမျိုးနဲ့ ရပ်တည်နေကြတယ်။ ဘယ်စနစ်အမျိုးမျိုးနဲ့ ရပ်တည်နေပါစေ ပညာဆိုတဲ့အခြေခံ စနစ်ကောင်းကိုပဲ အားလုံးခြေကုပ်ယူကြရတယ်။ ဒါဟာအရှိတရားပဲ။ အရှိတရားပေါ်မှာ အသိတရားရတဲ့ နိုင်ငံတော်ဟာ ကျိန်းသေဖွံ့ဖြိုးတိုးတက်မှာပါပဲ။ စက်မှုစီးပွားကိုအခြေခံတဲ့နိုင်ငံတွေဟာ စက်မှုစွမ်းအားကို ထုတ်ပြပြီး နိုင်ငံရဲ့ Brand ကိုပြသနေဆဲဖြစ်တယ်။

ရေမြေတောတောင် သဘာဝအလှတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက သူတို့ရဲ့သဘာဝတရားတွေကို လက်တွေ့ကျကျ အသုံးချတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေကို    အောင်မြင်အောင် ဆောင်ရွက်ပြီး သူတို့ရဲ့ Brand ကို ပြသကြတယ်။ ရေနံဆိုတဲ့ သဘာဝတရားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက စက်သုံးဆီအမြောက်အမြားကို ထုတ်လုပ်ရင်း သူတို့ရဲ့ Brand ကိုပြသကြတယ်။ စသဖြင့်ပေါ့။ ဒါတွေဟာ ပညာကိုပဲ ကနဦး အခြေခံကြတာ မဟုတ်ပါလား။ ပညာကိုအခြေခံရင်း မွေးဖွားလာတဲ့ လူသားအရင်းအမြစ်ကောင်းတွေကတစ်ဆင့် ကမ္ဘာထိတောင် လွှမ်းမိုးနေကြတာတွေကလည်း အရှိတရားတစ်ခုပါပဲ။ ကဲ လူငယ်မောင်မယ်များနဲ့ မိဘပြည်သူအပေါင်းတို့ရေ ဒီနေရာမှာ မိမိတို့နိုင်ငံကရောဆိုတဲ့ အတွေးကို ရဲရဲကြီး မှန်မှန်ကန်ကန် တွေးလိုက်ကြပါ။ ကိုယ့်နိုင်ငံရဲ့ Brand ကိုပြနိုင်အောင် ကြိုးစားကြပါ။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘနဲ့ ဆရာ၊ ဆရာမများဟာ တွဲလက်ညီညီနဲ့ ပူးပေါင်းကြရမယ်။ ပညာတတ် လူသားအရင်းအမြစ်တွေ မွေးဖွားဖို့ဆိုရင်  သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများရဲ့ စွမ်းပကားကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တာကို တွေ့ရပြန်တယ်။ နိုင်ငံတော်အနေနဲ့လည်း ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဆရာ၊ ဆရာမများအနေနဲ့လည်း စာပေပညာ သင်ကြားပေးနိုင်ရုံမကဘဲ လူငယ်မျိုးဆက်သစ်လေးတွေကို နိုင်ငံ့သားကောင်းများအဖြစ် မှန်ကန်စွာ ရပ်တည်နိုင်သည်အထိ ထုဆစ်ပုံဖော်နိုင်ရပါမယ်။

ထုဆစ်ပုံဖော်လိုက်တဲ့ ပန်းပုရုပ်တစ်ရုပ်ရဲ့ကြွရွ လှပခံ့ညားနေမှုဟာ ပန်းပုဆရာကောင်းရဲ့ အယူအဆနဲ့ပညာ ဝမ်းစာပါ။ ဒီလိုပါပဲ။ လူငယ်မျိုးဆက်သစ်တွေကို  နိုင်ငံ့သားကောင်းအဖြစ် ထုဆစ်ပုံဖော်မယ့် ဆရာ၊ ဆရာမများရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ ကိုယ့်စိတ်သန္တာန်မှာ ရှင်သန်နေတဲ့ အသိပညာတွေ၊ အတတ်ပညာတွေ၊ ခံယူချက်ကောင်းတွေ၊ နည်းနာနိဿယတွေဟာ တစ်နေ့နိုင်ငံ့မျက်နှာစာမှာ ပုံပေါ်လာစမြဲပါ။  ကိုယ်တည်ဆောက် ပေးလိုက်တဲ့ အနာဂတ်ဟာ တစ်နေ့ကိုယ့်ရဲ့ပစ္စုပ္ပန်တွေဖြစ်လာမယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် ယနေ့နိုင်ငံတစ်ဝန်းက လူငယ်မောင်မယ်တစ်တွေဟာ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ဆိုတဲ့ ကျောင်းတော်အသီးသီးကို လျှောက်လှမ်းသွားကြပါ။ မိဘအပေါင်းကလည်း မိမိသားသမီးရဲ့ အနာဂတ်ဘဝ ကောင်းစားရေးမှသည် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားစေရေးအထိ  ရည်မှန်းမြော်တွေးပြီး ကျောင်းတော်အသီးသီးဆီ  လက်တွဲလို့ခေါ်သွားချိန်တန်ပါပြီ။   ပညာရည်မြင့်မားဖို့ ဆိုရင် ဆရာ၊ ကျောင်းသား၊ မိဘတစ်တွေဟာ ကျောင်းတော်အတွေးမှသည် နိုင်ငံ့အရေးဆီထိ မြော်တွေးနိုင်မှသာ ဘဝအတွက်၊ နိုင်ငံတော်အတွက် ချိန်ကိုက်အံကျဖြစ်မည်ဆိုတဲ့ အကြောင်း စာပန်းချီခြယ်မှုန်းလို့ တိုက်တွန်းလိုက်ရပါတော့တယ်။      ။

MWD Web Portal

အမည်မသိ

သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေ ဘာအစားအစာတွေ ဘာဆေးတွေ ရှောင်ရမလဲ ။ ။
-

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ။

သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာ သိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။

ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ

• ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ

သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု ခံယူထားရတဲ့သူတွေ

• သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ထုတ်ထားရတဲ့သူတွေ

• သိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့ အစားအသောက်တွေ ဆေးတွေ သောက်နေရတဲ့ အခါမျိုးတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ ပြဿနာဖြစ်တတ်ပါတယ်။

ရှောင်သင့်တဲ့ အစားအစာများ ။

သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ သူတစ်ယောက်အဖို့ သူရှောင်သင့်တဲ့အစားအသောက်တွေရှိပါတယ်။ ဒီအစားအစာတွေကို ရှောင်ပါမှ အားနည်းနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို ပြန်အားဖြည့်ရာရောက်သလို နည်းနေတဲ့သိုင်းရွိုက်ဟော်မုန်းတွေ ပိုအားနည်းသွားတာမျိုး မဖြစ်ရလေအောင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ရှောင်သင့်တဲ့ အစားအစာတွေကတော့

ဟင်းနုနွယ်

ကိုက်လန်

• ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်

• မုန်ညင်းတို့ကိုရှောင်ရပါမယ်။

နောက်ပြီး ပဲပိစပ်ကနေထုတ်တဲ့ ပဲနို့၊ ပဲပိစပ်ဆီ ပဲငံပြာရည်စတာတွေကိုလည်းရှောင်ဖို့လိုပါလိမ့်မယ်။

သိုင်းရွိုက်များတဲ့သူတွေသာမက သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတွေပါ ရှောင်သင့်တဲ့ အစားအစာတွေကတော့ ကော်ဖီ လက်ဘက်ရည် ၊ အရက်နဲ့ ဆေးရွက်ကြီးတွေ တို့ပဲဖြစ်ပါတယ်။ ကော်ဖီ လက်ဘက်ရည်မှာပါတဲ့ ကဖင်းဓာတ်က သိုင်းရွိုက်ဂလင်းကိုသက်ရောက်မှု ရှိတာကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့သူတွေ အတွက် သတိထားစရာပါပဲ။ နောက်ပြီး ဆေးရွက်ကြီးတွေမှာပါတဲ့ နီကိုတင်းဓာတ်ကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းတွေ ကမောက်ကမဖြစ်နိုင်တာကြောင့် အဲဒါတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။

ရှောင်ရမယ့် ဆေးတွေ 

ကိုယ့်သိုင်းရွိုက်ဟော်မုန်းက ပုံမှန် မဟုတ်တာကြောင့် အခြားသူတွေလို ဆေးတွေ ဝယ်သောက်လိုက်တာမျိုး လုပ်လို့မရပါဘူး။ ဆေးသောက်ခါနီးတိုင်း ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုသလို ကိုယ်နဲ့မတည့်တဲ့ဆေးတွေက ဘာတွေလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေကို ကုသတဲ့ antiပthyroid drugs ( သိုင်းရွိုက်ဟော်မုန်းဆန့်ကျင်ဆေး) တွေကတော့ hypothyroidism ( သိုင်းရွိုက်ဟော်မုန်းနည်းသူ) တွေ သတိထားရှောင်ရမယ့်ဆေးပါ။

• သူတို့တွေကတော့ radioactive iodine, methimazole and propylthiouracil တို့ဖြစ်ပြီး

• hypothyroidism ( သိုင်းရွိုက်ဟော်မုန်းနည်းသူ)တွေ ရှောင်ရမယ့် အခြားဆေးတွေကတော့ lithium နဲ့ amiodrone တို့ပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတိုင်းသိထားသင့်တဲ့ ရှောင်သင့်တဲ့ အစားအစာတွေနဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါလေးတွေ သိထားတော့ ကိုယ်နဲ့မတည့်တာကဘာလဲ ဘာကိုရှောင်မလဲဆိုတာသိသွားလို့ ကုသမှု မြန်မြန်ဆန်ဆန်နဲ့ ပိုထိရောက်တာပေါ့ ။ ။

Hello ဆရာဝန်

သိုင်းရွိုက်ဟော်မုန်းနှင့်စိတ်ကျန်းမာရေး
-

လူတို့၏သိုင်းရွိုက်ဂလင်းသည် သေးငယ်သော်လည်း ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှု၊ စွမ်းအင်အသုံးပြုမှုနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကိုဟန်ချက်ညီအောင်ထိန်းညှိရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင် ပါသည်။ သိုင်းရွိုက်ဂလင်းတွင်ဖြစ်သောရောဂါများသည် ကမ္ဘာတစ်ဝန်း တွင် အဖြစ်အများဆုံးဟော်မုန်းရောဂါများဖြစ်ပြီး သွေးချိုဆီးချိုရောဂါပြီးလျှင်  ဒုတိယအများဆုံးဖြစ်သည်။   အဖြစ်အများဆုံးသိုင်းရွိုက်ရောဂါအမျိုးအစားနှစ်မျိုးမှာ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းခြင်း (Hypothy-roidism ) နှင့်  သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း  (Hyperthyroidism)  တို့ဖြစ်သည်။

သိုင်းရွိုက်ဟော်မုန်းနှင့်စိတ်ခံစားချက်များ၏ဆက်စပ်မှု

သိုင်းရွိုက်ဟော်မုန်းများတွင် အဓိကအားဖြင့်T3 (Triiodothyronine) နှင့်T4 (Thyroxine) သည်  ဦးနှောက်လုပ်ဆောင်မှုအပေါ်   တိုက်ရိုက်လွှမ်းမိုးမှုရှိသည်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းခြင်း (Hypothyroidism) နှင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Hyperthyroidism) နှစ်မျိုးစလုံး သည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်သောကများခြင်းနှင့်ဆင်တူသည့် စိတ်ကျန်းမာရေးလက္ခဏာများဖြင့် အစပျိုးပေးနိုင်သည်။ သိုင်းရွိုက် ဟော်မုန်းနည်းလွန်းသောရောဂါတွင် လူနာများသည် အမြဲလိုလိုစိတ်ဓာတ် ကျခြင်း၊ နှေးကွေးခြင်း၊ စိတ်တိုခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့်မှတ်ဉာဏ်ကျဆင်းခြင်းများကို တွေ့ကြုံရတတ်သည်။ သိုင်းရွိုက်ဟော်မုန်း လွန်ကဲသော ရောဂါရှိသူသည် ဂနာမငြိမ်ခြင်း၊   ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာ   မတည်ငြိမ်မှုများနှင့်တွေ့ကြုံရတတ်သည်။

လူနာများအတွက်  မရှင်းပြနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်မှု၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာအခက်အခဲများသည်  စိတ်ဖိစီးမှု  သို့မဟုတ် အိုမင်းရင့်ရော်မှု၏နောက်ဆက်တွဲအဖြစ်   မကြာခဏ  ယူဆတတ်ကြသော်လည်း နောက်ခံသိုင်းရွိုက်ဟော်မုန်းများ၏  ချို့ယွင်းမှုကြောင့် ဖြစ်သောအကြောင်းရင်းအမျိုးမျိုး၏ လက္ခဏာတစ်ခုဖြစ်နိုင်သည်။ သိုင်းရွိုက်ရောဂါ၏လက္ခဏာများသည်စိတ်ကျန်းမာရေးလက္ခဏာများနှင့်ထပ်တူညီမှုကြောင့် မကြာခဏဆိုသလို  ရောဂါရှာဖွေမှုမှားယွင်းခြင်းသို့မဟုတ်  ကုသမှုနှောင့်နှေးခြင်းတို့ဖြစ်စေတတ်သည်။အထူးသဖြင့် သိုင်းရွိုက်ပြဿနာရှိသော်လည်း စိတ်ရောဂါလက္ခဏာတစ်ခုတည်း သာရှိနေသောလူနာများတွင်ဖြစ်တတ်သည်။ လူနာများ၏စိတ်ပိုင်းဆိုင်ရာလက္ခဏာများအတွက်   ပုံမှန်သိုင်းရွိုက်စစ်ဆေးမှုသည်သိုင်းရွိုက်လုပ်ဆောင်ချက်များ ကမောက်ကမဖြစ်မှုကို အချိန်မီသိရှိနိုင်သဖြင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုကိုလည်း သိသိသာသာတိုးတက်စေနိုင်ကြောင်း မကြာခဏတွေ့ ရှိရတတ်သည်။

သတိထားစောင့်ကြည့်သင့်သည့် လက္ခဏာများ

စိတ်နေစိတ်ထား  သို့မဟုတ်အပြုအမူရုတ်ခြည်းပြောင်းလဲခြင်း၊လုံလောက်စွာအနားယူနေသော်လည်း  ပင်ပန်းနွမ်းနယ်မှု  ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း သို့မဟုတ် မှတ်ဉာဏ်လျော့ နည်းသောပြဿနာများ၊ စိတ်ဓာတ်ကျခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ ဓမ္မတာမမှန်ခြင်း၊  ဆံပင်ပါးခြင်း   သို့မဟုတ်   ဆံပင်ကျွတ်ခြင်းစသည့်လက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်ကျန်းမာရေးသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ဆက်စပ်နေသည်။ သိုင်းရွိုက်ရောဂါများသည်  သတိပြုရန်ခက်ခဲနိုင်သောကြောင့်  လူအများစုတွင် အချိန်ကြာမြင့်စွာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင်စိတ်ခံစားချက် သို့မဟုတ် မှတ်ဉာဏ်နှင့်သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်သည့်အခါ    သိုင်းရွိုက်ရောဂါများကို    အမြဲထည့်သွင်းစဉ်းစားသင့်သည်။ ထို့ကြောင့် သိုင်းရွိုက်၏လုပ်ဆောင်မှုများကို ပုံမှန်စစ်ဆေးရန်နှင့် သိုင်းရွိုက်ဂလင်းကျန်းမာသန်စွမ်းစေရန် လိုအပ်ချက်များအကြောင်း အသိပညာပေးနေရန်အရေးကြီးပါသည်။

သိုင်းရွိုက်ရောဂါများအကြောင်း အသိပညာပေးခြင်း၏အရေးပါမှု

လူများစွာတွင် ရောဂါလက္ခဏာများခံစားရနိုင်သော်လည်း သိုင်းရွိုက် ရောဂါနှင့်ဆက်စပ်မှုရှိကြောင်း သတိမပြုမိခြင်းကြောင့် နှစ်ပေါင်းများစွာ ရောဂါရှာမတွေ့ဘဲဖြစ်နေတတ်သည်။  ပင်ပန်းနွမ်းနယ်ခြင်း၊  ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ စိတ်ခံစားချက်ပြောင်းလဲခြင်းနှင့် ပုံမှန်မဟုတ် သောနှလုံးခုန်နှုန်းများသည် သိုင်းရွိုက်ရောဂါကြောင့်ဖြစ်သော်လည်းတခြားအခြေအနေများနှင့် အလွယ်တကူလွဲမှားနိုင်သည်။ သိုင်းရွိုက် ကျန်းမာရေးအကြောင်း ပိုမိုလေ့လာသိရှိခြင်းဖြင့် သိုင်းရွိုက်ရောဂါ၏အစောပိုင်းလက္ခဏာများကို သတိပြုမိရန်နှင့် အမြန်အကူအညီရယူရန် အခွင့်အရေးရှိလာပါသည်။   သိုင်းရွိုက်ရောဂါအခြေအနေများသည်အထူးသဖြင့်  စောစီးစွာတွေ့ရှိသည့်အခါတွင် သာမန်ကုသမှုများဖြင့်စီမံခန့်ခွဲနိုင်သည်။ ထို့ပြင် သိုင်းရွိုက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ခြင်းဖြင့်  စိုးရိမ်ပူပန်မှုများကိုလျှော့ချနိုင်ပြီး   အချိန်မီစစ်ဆေးခြင်းဖြင့် သိုင်းရွိုက်ရောဂါများကို  စောစီးစွာရှာဖွေသိရှိနိုင်ခြင်းနှင့် အချိန်မီကုသနိုင်မှုကြောင့် ထိခိုက်ခံစားရသူတိုင်းအတွက်      ပိုမိုကောင်းမွန်သောရလဒ်များကို ရရှိစေနိုင်ပါသည်။

သိုင်းရွိုက်ရောဂါများကိုကာကွယ်ရန် အကြံပြုချက်များ

အိုင်အိုဒင်း၊ ဆီလီနီယမ်၊ သံဓာတ်နှင့် ဗီတာမင် D တို့လုံလောက်စွာ ပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံသောက် ခြင်းမှရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း၊ နေ့စဉ် လုံလောက်စွာအိပ်စက်ခြင်း၊ နေရောင်ခြည်နှင့်အန္တရာယ်ကင်းစွာထိတွေ့ပြီး လုံလောက်သော ဗီတာမင် D ပမာဏကို ထိန်းသိမ်းရန်လေ့ကျင့်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သော လူနေမှုပုံစံနှင့် အပြုအမူများကို လက်ခံကျင့်သုံးခြင်းဖြင့် သိုင်းရွိုက်ရောဂါများကို ကာကွယ်နိုင်သည်။ ထို့ပြင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနှင့်သိုင်းရွိုက်ဟော်မုန်းများ၏လုပ်ဆောင်မှုကို  စောင့်ကြည့် စစ်ဆေးခြင်းဖြင့်     သိုင်းရွိုက်ရောဂါများကိုစောစီးစွာသိရှိနိုင်ပြီး အချိန်မီကုသနိုင်ပါသည်။

ကုသမှုနည်းလမ်းများ

သိုင်းရွိုက်နှင့်ပတ်သက်သောစိတ်ကျန်းမာရေးလက္ခဏာများကိုကုသရာတွင် ဟော်မုန်းအစားထိုးကုသခြင်း သို့မဟုတ် ဟော်မုန်းထိန်း ညှိပေးသောဆေးဝါးများဖြင့်ကုသခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းများကိုပုံမှန်စစ်ဆေးစောင့်ကြည့်ကုသရန်လိုအပ်ပါသည်။ အိုင်အိုဒင်း၊ ဆီလီ နီယမ်၊  သံဓာတ်နှင့်  ဗီတာမင်  D တို့ကို  လုံလောက်စွာစားသုံးခြင်း၊လုံလောက်စွာအိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် လိုအပ်ပါက စိတ်ကျန်းမာရေးကုထုံး သို့မဟုတ် လူနာအခြေပြု နှစ်သိမ့်ဆွေးနွေးအကြံဉာဏ်ပေးကူညီမှုရယူခြင်းတို့ဖြင့်ကုသရန် လိုအပ်ပါသည်။

သိုင်းရွိုက်ရောဂါများကို စောစီးစွာရှာဖွေကုသနိုင်မှု၏ရလဒ်များသိုင်းရွိုက်ရောဂါများကို    စောစီးစွာရှာဖွေကုသနိုင်ခြင်း၏     အကျိုးသက်ရောက်မှုသည်   လူနာ၏သက်တမ်းကို ပြောင်းလဲစေနိုင်ပါသည်။

သိုင်းရွိုက်ပြဿနာများကို စောစီးစွာသိရှိနိုင်သည့်အခါ ရောဂါလက္ခဏာများမပြင်းထန်မီ  သို့မဟုတ် ကျန်းမာရေးမထိခိုက်မီ ကုသမှုကိုစတင်နိုင်သည်။ ဆေးဝါးသောက်သုံးမှုအနည်းငယ်နှင့် ရောဂါလက္ခဏာများ သက်သာလာပြီး နှလုံးပြဿနာများ သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာ များကဲ့သို့ နောက်ဆက်တွဲရောဂါများဖြစ်နိုင်ခြေနှင့် မလိုအပ်ဘဲ စိတ်ကျန်းမာရေးဆေးဝါးများ သောက်သုံးရမှုလျော့နည်းစေနိုင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောလူတို့သည် သိုင်းရွိုက်ရောဂါ ရှိနေသည်ကို သတိမထားမိကြသောကြောင့်  စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် အချိန်မီကုသခြင်းကို အာရုံစိုက်ရန် အထူးအရေးကြီးပါသည်။ နှစ်စဉ် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာသိုင်းရွိုက်အသိပညာပေးရက်သတ္တပတ်အဖြစ်သတ်မှတ်၍ လူအများကို သိုင်းရွိုက် ရောဂါများအကြောင်း အသိပညာပေးခြင်းအခမ်းအနားများနှင့် လှုပ်ရှား မှုများကို တစ်ကမ္ဘာလုံးတွင်ကျင်းပပါသည်။ သိုင်းရွိုက်ဂလင်း ကျန်းမာသန်စွမ်းစေရန် လိုအပ်ချက်များအကြောင်း   အသိပညာမြှင့်တင်ရေးကြိုးပမ်းမှုများလုပ်ဆောင်ရန်၊ အထူးသဖြင့် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊  ကလေးငယ်များနှင့်သက်ကြီးရွယ်အိုအများစုတွင် သိုင်းရွိုက်၏ လုပ်ဆောင်မှုကို အချိန်မီစစ်ဆေးကုသကာကွယ်ပေးရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

MWD Web Portal

ဒေါက်တာသိင်္ဂီကျော်

သိုင်းရွိုက်ဟော်မုန်းများတဲ့ပြဿနာကို ဘယ်လိုကုသကြသလဲ
-

သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာဆိုတာ လူတိုင်းနဲ့ စိမ်းတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ လည်ပင်းကြီးလာတယ် သိုင်းရွိုက်ဟော်မုန်း လုပ်ဆောင်မှုတွေ ပုံမှန်မဟုတ်တော့ဘူး သိုင်းရွိုက်ဟော်မုန်းများလာတယ်စတဲ့ ပြဿနာတွေက လူအများစုမဟုတ်တောင် လူအနည်းစု

သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာဆိုတာ လူတိုင်းနဲ့ စိမ်းတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ လည်ပင်းကြီးလာတယ် သိုင်းရွိုက်ဟော်မုန်း လုပ်ဆောင်မှုတွေ ပုံမှန်မဟုတ်တော့ဘူး သိုင်းရွိုက်ဟော်မုန်းများလာတယ်စတဲ့ ပြဿနာတွေက လူအများစုမဟုတ်တောင် လူအနည်းစု ကြုံတွေ့နေရတတ်တယ်လေ။ ဒီလိုပြဿနာတွေ ကြုံလာပြီဆို ဆေးခန်းသွားပြ ဆရာဝန်ပေးတဲ့ ဆေးတွေချည်းသောက် ကုသမှုတွေ ခံယူနေတာထက်စာရင် ကုသနည်းလေးတွေ အကြောင်းပါသိထားတော့ ပိုကောင်းတာပေါ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းများနေရင် ဘယ်လိုကုသကြမလဲ ။ ။

သိုင်းရွိုက်ဟော်မုန်းများခြင်း ( hyperthyroidism) အတွက် ကုသနည်းတွေ ။ ။

( ၁ ) beta-blockers

Hyperthyroidism ရဲ့ လက္ခဏာတွေထဲမှာ

ရင်တုန် နှလုံးတုန် လက်တုန်စတဲ့ လက္ခဏာတွေပါတာဆိုတော့ ဒါတွေကိုအရင်ထိန်းဖို့အတွက် beta-blockers ဆိုတဲ့ သောက်ဆေး က အရေးပါပါတယ်။ သူက များနေတဲ့သိုင်းရွိုက်ဟော်မုန်းကို နည်းသွားအောင် လျှော့ချပေးတာမျိုး မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် ဖြစ်နေတဲ့ လက္ခဏာတွေကို သက်သာစေတဲ့ ဆေးပါ။

Anti- thyroid drugs

toxic nodular goiter တို့ Graves’ disease တို့လိုမျိုး ပြင်းထန်တဲ့ သိုင်းရွိုက်ဟော်မုန်းများ ပြဿနာတွေမှာတော့ anti-thyroid medications လို့ခေါ်တဲ့ သိုင်းရွိုက် ဟော်မုန်း ဆန့်ကျင်ဆေးတွေကို သောက်ဖို့လိုအပ်ပါတယ်။ ဒီဆေးတွေရဲ့ အဓိက အာနိသင်ကတော့ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်း အများအပြားထုတ်ခြင်းကို လျှော့ချပေးတာပဲ ဖြစ်ပါတယ်။ အသုံးများတဲ့ သိုင်းရွိုက်ဟော်မုန်းလျှော့ချဆေး ၂ အုပ်စုရှိပါတယ်။

  • Methimazole
  • propylthiouracil (PTU) တို့ပါ။

ဒီဆေးတွေကို သေသေချာချာ ညွန်ကြားထားတဲ့အတိုင်း သောက်မယ်ဆိုရင် များနေတဲ့ သိုင်းရွိုက်ဟော်မုန်းကြောင့် ခံစားရတဲ့ ပြဿနာတွေ ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာတင် သက်သာလာမှာ ဖြစ်ပါတယ်။ တစ်ခုသတိထားမှာက ဒီ သိုင်းရွိုက်ဟော်မုန်းများနေခြင်းကို လျှော့ချတဲ့ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။

  • ကိုယ်ခန္ဓာပေါ်မှာအနီကွက်တွေပေါ်တာ
  • ယားယံတာနဲ့
  • ဖျားနာတာမျိုးတွေ။

ဖြစ်တတ်တာကြောင့် ဆေးသောက်နေရင်း ဒီလိုလက္ခဏာတွေ ရှိပြီဆိုရင် ဆရာဝန်နဲ့ သွားပြန်ပြဖို့ အရေးကြီးပါတယ်။ အဖြစ်နည်းပေမယ့်လည်း ဒီသိုင်းရွိုက်ဟော်မုန်းဆေးလျှော့ချတဲ့ဆေးတွေက အသည်းကိုထိခိုက်နိုင်တဲ့အပြင် သွေးဖြူဥနည်းသွားအောင်လည်း လုပ်နိုင်တာကြောင့်ဆေးသောက်နေရင်း

အသားဝါတာ၊

• အပြင်းဖျားတာ

လည်ချောင်းနာတာမျိုးတွေဖြစ်ရင် လုံးဝမပေ့ါဆသင့်ပါ။

ဒီဆေးတွေကို အနည်းဆုံး ၂ နှစ်အထိ စွဲသောက်ရမှာ ဖြစ်ပြီး လုံးဝ ပျောက်သွားမယ့် ရာခိုင်နှုန်းနဲ့ ဆေးဖြတ်လိုက်ရင် hyperthyroidism ပြန်ဖြစ်မယ့်ရာခိုင်နှုန်းက ၅၀း၅၀ ရှိနေပါတယ်။ ၂ နှစ်ပြည့်ချိန်ပျောက်သွားလို့ ဆေးဖြတ်လိုက်ပေမယ့် ပြန်ဖြစ်လာတဲ့အခါ ဒီဆေးပဲ ဆက်သောက်မလား အောက်မှ ာဖော်ပြမယ့် အခြားကုသနည်းတွေ လုပ်မလားဆိုတာ စဉ်းစားရတော့မှာပါ။

( ၂ ) Radioactive iodine treatment

ဒီကုသနည်းကတော့ အပေါ်မှာပြောထားတဲ Anti- thyroid drugs တွေနဲ့ မနိုင်တော့တာ၊ Anti- thyroid drugs

ဆေးတွေဖြတ်ပြီးချိန် hyperthyroidism ပြန်ဖြစ်တဲ့အခါမျိုးမှာ ဒီကုသနည်းကို စဉ်စားပါတယ်။ ဒီကုသနည်းကလည်း အာနည်းချက်ရော အားသာချက်ရောရှိတဲ့ကုသနည်းပါ။

အားသာချက်ကတော့

• သောက်လိုက်တဲ့ Radioactive iodine တွေကို စုပ်ယူတာ သိုင်းရွိုက်ဂလင်းတစ်ခုတည်းရှိတဲ့အတွက်ကြောင့် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိခိုက်မှာ မဟုတ်ပါဘူး။

• နောက်ပြီး Radioactive iodine ကို စုပ်ယူလိုက်တဲ့ သိုင်းရွိုက်ဆဲလ်လေးဟာ ပျက်စီးခံလိုက်ရတဲ့အတွက် hyperthyroidism ပြန်ဖြစ်ဖို့ အလားအလာနည်းသွားပါတယ်။

• အကြာကြီးစွဲသောက်စရာမလိုဘဲ အများဆုံး ၂ လလောက်နဲ့တင်ဖြစ်နေတဲ့ သိုင်းရွိုက်ပြဿနာတွေကို ဖြေရှင်းပေးမှာပါ။

အားနည်းချက်

• အားနည်းချက်ကတော့ Radioactive iodine က သိုင်းရွိုက်ဆဲလ်တွေကို လုံးဝဖျက်ဆီးလိုက်တာ ဖြစ်တဲ့အတွက် အများကြီးဖျက်ဆီးလိုက်မိတဲ့အခါမျိုးမှာ သိုင်းရွိုက်ဟော်မုန်းတွေ လုံဝ မထုတ်နိုင်တော့တာဖြစ်တဲ့ hypothyroidism အထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါကျ သိုင်းရွိုက်ဟော်မုန်းလုံးဝမထုတ်နိုင်တော့တာကြောင့် အပြင်ကနေ သိုင်းရွိုက်ဟော်မုန်းဆေးတွေ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်

( ၃ ) သိုင်းရွိုက်ဂလင်းအား ခွဲစိတ်ဖယ်ထုတ်ခြင်း။

hyperthyroidism အတွက် နောက်ကုသနည်းတစ်မျိုးကတော့ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ခွဲစိတ်တဲ့နေရာမှာ သိုင်းရွိုက်တစ်ခုလုံးကို ထုတ်မှာလား အစိတ်အပိုင်းလေး တစ်ခုကိုပဲ ခွဲစိတ်ပြီးထုတ်မှာလားဆိုတာ ရှိပါသေတယ်။ ဂလင်းတစ်ခုလုံးထုတ်လိုက်ရင် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်နိုင်တော့မှာမဟုတ်တော့လို့ hypothyroidism ကို ကာကွယ်ဖို့ အပြင်ကနေ သိုင်းရွိုက်ဟော်မုန်းဆေးတွေ ပြန်သောက်ရမှာဖြစ်ပြီး အစိတ်အပိုင်း နည်းနည်းလောက်ပိုပဲ ထုတ်မယ်ဆိုရင်တော့ ဟော်မုန်းဆေးတွေ ပြန်သောက်ဖို့ မလိုအပ်ပါဘူး။

• သိုင်းရွိုက်ဂလင်းတစ်ခုလုံးထုတ်တာကို သိုင်းရွိက်ကင်ဆာသမားတွေမှာပဲလုပ်လေ့ရှိပြီး

• Anti- thyroid drugs ( သိုင်းရွိုက်ဆန့်ကျင်ဆေးတွေနဲ့ မတိုးတော့တာ) Radioactive iodine ဆေးတွေ လုံးဝသောက်လို့မရတဲ့ အခါမျိုးမှာတော့ သိုင်းရွိုက်အစိတ်အပိုင်းလေးကိုပဲ ခွဲစိတ်ထုတ်လေ့ရှိပါတယ်။

ထုံးစံအတိုင်း ခွဲစိတ်မှုကြောင့် မေ့ဆေးထုံဆေးရဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ ခွဲစိတ်မှုလုပ်စဉ် သိုင်းရွိုက်ဂလင်းပတ်ဝန်းကျင်က အစိတ်အပိုင်းတွေကို ထိခိုက်မိတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကလည်း ၁၀၀ မှာ ၁ ယောက်သာဖြစ်နိုင်တာမို့ အရမ်းကြီး စိုးရိမ်ရတဲ့ အထဲမှာတော့ မပါပါဘူး။

ဒါတွေကတော့ hyperthyroidism သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာအတွက် ကုသနည်းတွေပါ။ ဒါလေးတွေသိထားတော့ကိုယ်နဲ့သင့်တော်တာက ဘယ်လိုကုသနည်းလဲ ဘယ်လိုကုသနည်းမှာ အားသာချက် အားနည်းချက်တွေ ရှိသလဲ အတွင်းကျကျသိထားတော့ ကိုယ်ရှေ့ဆက်ဘယ်လိုကုသမလဲဆိုတာ ဆုံးဖြတ်လို့ရတာပေါ့ ။ ။

နှလုံး နှလုံးသွေးကြောကျဉ်းရောဂါများနှင့် ဆီးချိုရောဂါ
-

နှလုံးအကြောင်း သိကောင်းစရာလူသားတို့၏နှလုံးသည်တစ်ပေါင်အောက်လေးပြီးအမျိုးသားတို့၏ နှလုံး က အမျိုးသမီးတို့ထက်နှစ်အောင်စခန့်ပိုလေးသည်။အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတစ်ဦး၏   နှလုံးသည် တစ်ရက်လျှင် အကြိမ် ၁၁၅၀၀၀ ခန့် စည်းချက်မှန်မှန်ခုန်သည်။ အမျိုးသမီးတို့က အမျိုးသား များထက် နှလုံးခုန်နှုန်းအနည်းငယ်ပို၍မြန်ဆန်သည်။ လူ့ခန္ဓာကိုယ်မှ နှလုံးကိုထုတ်လိုက်လျှင်စက္ကန့် တော်တော်ကြာသည်အထိ  နှလုံးက ဆက်လက်ခုန်နိုင်သည်။

ရင်ကွဲနာကျသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း  သုတေသီများကအတည်ပြုထားကြပြီးယင်းကို ဆေးသိပ္ပံ နည်းအရ နှလုံးကွဲကြေရောဂါဟုခေါ်သည်။      ထိုရောဂါသည်   နှလုံးတိုက်ခိုက်ခံရခြင်းနှင့် ပုံစံတူညီကာ  ရုတ်တရက်အသက်သေဆုံးတတ်သည်။  နှလုံးသွေးကြောပိတ်ခြင်းကြောင့်လည်း  နှလုံးတိုက်ခိုက်ခံ ရတတ်သည်။ နှလုံးကွဲကြေရောဂါကမူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ  အလွန်အမင်း ထိခိုက်ပင်ပန်းမှုများကြောင့်    ဖြစ်ပေါ်လာရသည်။ တစ်နည်းဆိုသော် စိတ်ဖိစီးမှု ဟော်မုန်းများကြောင့် နှလုံးကွဲကြေရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။

အထူးသဖြင့် အသက် ၇၀ ကျော်လာလျှင် လူကြီးများသည် သွားလာလှုပ်ရှားမှု နည်းပါးလာရာမှ နှလုံး ကျန်းမာရေး ကျဆင်းလာတတ်သည်။ ထိုသို့   နှလုံးကျန်းမာရေးဆုတ်ယုတ်လာကာ နောက်ပိုင်းတွင် အသက် ၈၀ မတိုင်မီ နှလုံးထိခိုက်မှုကြောင့် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်။ ထိုကြောင့်  အသက် ၇၀ ကျော်လာလျှင် အမျိုးသားရော အမျိုးသမီးပါ နှလုံးအားကောင်းစေရန်တစ်ရက်လျှင် မိနစ်  ၂၀  ကြာမျှကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ  ပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့်  သွေးလည်ပတ်စီးဆင်းမှုမြန်ဆန်လာကာ နှလုံးကျန်းမာရေး  ကောင်းမွန်လာရုံသာမက သွေးဖိအား၊ သွေးတွင်းရှိ သကြားဓာတ်ပါဝင်မှုတို့ကိုလည်း ထိန်းညှိပေးနိုင်သည်။

ဆီးချိုရောဂါ

ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး  ကုသပျောက်ကင်းရန် မဖြစ်နိုင်သော်လည်း ကျန်းမာ ရေးစောင့်ရှောက်မှုကို စနစ်တကျခံယူပါက သက်တမ်းစေ့နေနိုင်သည့်ရောဂါဖြစ်သည်။    မကူးစက်တတ် သောရောဂါဖြစ်သော်လည်း လူတို့၏  နေထိုင်စားသောက်မှုပုံစံအပြောင်းအလဲကြောင့် ရောဂါဖြစ်ပွားမှု နှုန်း ပိုများလာသည်။ ယေဘုယျအားဖြင့် မျိုးရိုးဗီဇနှင့် နေထိုင်မှုဘဝပုံစံကြောင့်  ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ   ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင့်  ဖြစ်ပွားမှုနှုန်းပိုများလာသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းဇယားများအရကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ  ၁၀ ဦးတွင် တစ်ဦးသည် ဆီးချို၊ သွေးချိုရောဂါ ခံစားနေရပြီး အဆိုပါရောဂါကြောင့်  နှစ်စဉ် လူဦးရေ နှစ်သန်းကျော်      အသက်သေဆုံးနေရကြောင်း သိရသည်။ ၂၀၂၁  ခုနှစ်က ထုတ်ပြန်ခဲ့သော အပြည်ပြည် ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ် (IDF) ၏ ထုတ်ပြန်ချက်ကလည်း ကမ္ဘာပေါ်တွင်   အသက်  ၂၀ မှ  ၇၉ နှစ်အတွင်း   ဆီးချို၊   သွေးချိုရောဂါ  ဖြစ်ပွားနေသူ   ၅၃၇  သန်းရှိပြီး  ရောဂါဖြစ်ပွားသူထက်ဝက်နီးပါး ခန့်သည်  မိမိတွင် အဆိုပါရောဂါရှိနေသည်ကို မသိရှိကြဟုဆိုသည်။    

၂၀၃၀    ပြည့်နှစ်တွင်  လူဦးရေ ၆၄၃ သန်း၊  ၂၀၄၅ ခုနှစ်တွင်  ၇၈၃ သန်းအထိ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားသူ  မြင့်တက်လာမည်ဟုခန့်မှန်းထားသည်။

ဆီးချိုနှင့် နှလုံးရောဂါ ဆက်စပ်မှုရှိ

သွေးတွင်း ဂလူးကို့စ်ပမာဏ မြင့်မားခြင်းသည် သွေးကြောများ၏ ပျော့ပြောင်းမှုကို လျော့ကျ စေသည့်အပြင် သွေးကြောများကို ကျဉ်းမြောင်းစေပြီး သွေးစီးဆင်းမှုကို ဟန့်တားနိုင်သည်။ ထို့ပြင် သွေး နှင့် အောက်ဆီဂျင်ထောက်ပံ့မှုလျော့ကျစေပြီး သွေးတိုးရောဂါ၊ သွေးကြောငယ်များနှင့် နှလုံးသွေးကြော စနစ် ပျက်စီးနိုင်ခြေ အလားအလာတို့ကို မြင့်တက်စေသည်။ သွေးတိုးခြင်းသည် နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသောအချက်ပြသင်္ကေတတစ်ခုလည်းဖြစ်သည်။    သွေးပေါင်ချိန်မြင့်မားခြင်းက  သွေးလွှတ်ကြောများမှ တစ်ဆင့်   သွေးဖိအားကိုတိုးစေပြီး သွေး လွှတ်ကြောနံရံများကို    ပျက်စီးစေနိုင် သည်။ အမေရိကန်ပြည်ထောင်စုရှိ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးစင်တာ  (CDC) ၏ အတည်ပြု ချက်အရ ဆီးချို ရောဂါရှိသော အရွယ်ရောက်ပြီးသူများ၏ ၇၄ ရာခိုင်နှုန်းမှာ သွေးတိုး ရောဂါရှိသူများ ဖြစ်ကြောင်း၊  သွေးတိုးနှင့် ဆီးချိုရောဂါ နှစ်မျိုးစလုံးရှိနေခြင်းသည်  နှလုံးရောဂါ ဖြစ်နိုင် မှုကို    မြင့်မား စေကြောင်း  သိရ သည်။

သွေးကြောကြီးများ ပျက်စီးခြင်း၏ နောက်ဆက်တွဲပြဿနာများမှာရုတ် တရက် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ခြင်း တို့ဖြစ်သည်။ သေးငယ်သော ဆံချည်မျှင် သွေးကြောများ ပျက်စီးခြင်းသည် မျက်စိ၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်တို့ကို အနှောင့်အယှက်ဖြစ်စေသည်။ နှလုံးရောဂါ သည် ပြင်းထန်သောအခြေအနေတစ်ခု ဖြစ်သော်လည်း နှလုံးခုန်ရပ်တန့်သွားခြင်း မျိုးမဟုတ်ဘဲ နှလုံးကသွေးကိုကောင်းစွာ စုပ်ယူနိုင်ခြင်းမရှိတော့ပေ။ ထိုအခါ ခြေထောက်များရောင်ရမ်းပြီး   အဆုတ်ထဲတွင် အရည်များစုနေသောကြောင့် အသက်ရှုရခက်ခဲစေသည်။  နှလုံးရောဂါ၏ သဘောသဘာဝသည် အချိန်ကြာလာသည်နှင့်အမျှ  ပိုမိုဆိုးရွားလာတတ်သော်လည်း စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် ရောဂါလက္ခဏာများကိုသက်သာရာရစေသည်။  ထို့ပြင် ရောဂါအခြေအနေပိုမိုဆိုးရွားလာခြင်းကို ရပ်တန့်စေနိုင် သို့မဟုတ် နှောင့်နှေးစေနိုင်သည်။

ထို့ကြောင့်နောက်ဆက်တွဲကျန်းမာရေး ဆိုးကျိုးများ မဖြစ်ပေါ်စေရန် နှလုံးရောဂါကိုမွေးမထားဘဲ ဆောလျင်စွာကုသမှု ခံယူသင့်သည်။

ဆီးချိုရောဂါရှိသူများ  နှလုံးသွေးကြောကျဉ်းရောဂါအဖြစ်များ

ဆီးချိုရောဂါသည်  နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှင့်လည်း ဆက်စပ်နေသည်။   အဝလွန်လေ ဆီးချို၊ သွေးချို ရောဂါဖြစ်ရန် အခွင့်အလမ်းများလေဖြစ်သည်။ အဝလွန်သောအခါ မကောင်းသော  အဆီဓာတ်များခြင်းကြောင့် နှလုံးသွေးကြောနံရံများတွင် အဆီများစုကာ နှလုံးသွေးကြောကျဉ်းရောဂါ ကိုဖြစ်စေနိုင်သည်။  ဆီးချို၊   သွေးချိုရောဂါရှိသူများ တွင် အာရုံကြော စနစ်အားနည်း ခြင်းအပြင် သွေးချိုဓာတ်များခြင်းကြောင့်   ဆဲလ်များတွင် မူမမှန်ပြောင်းလဲမှုများဖြစ်ပေါ်ကာ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေပိုများသည်။

ဆီးချိုရောဂါလူနာများတွင်အလိုအလျောက် အာရုံကြောတုံ့ပြန်မှုစနစ်များ ချို့ယွင်းနေခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါခံစားရသောအခါ တခြားသူများကဲ့သို့  ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေနည်းသည်။ ဥပမာ-အစာမကြေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊   နုံးခြင်း စသည့် မသိသာသောဝေဒနာများ ခံစားရသည့်အတွက် ပေါ့ပေါ့ဆဆနေထိုင်မိခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေများသည်။

ထို့ကြောင့်   ဆီးချိုရောဂါလူနာများတွင် နှလုံးသွေးကြောကျဉ်းရောဂါကို   အထူးဂရုပြုရန်လိုသည်။အောက်ဖော်ပြပါ နည်းလမ်းတို့ဖြင့်မိမိကျန်းမာရေးကို စစ်ဆေးသင့်သည်။

- သွေးချိုဓာတ် ပုံမှန်စစ်ဆေးပါ။

- သွေးတွင်းအဆီဓာတ်စစ်ဆေးပါ။

- ဆရာဝန်နှင့်ပုံမှန်ပြသပြီး ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။

-  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ။

- နှလုံးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ။

ယာဉ်မမောင်းသင့်

နှလုံးရောဂါနှင့်ယှဉ်တွဲနေသော ဆီးချို၊ နှလုံးရောဂါဝေဒနာရှင်များသည်  ယာဉ် မောင်းနှင်ရာတွင်သာမန်လူများထက် ဂရုစိုက်သင့်သည်။အဘယ်ကြောင့်ဆိုသော် လမ်းဘေး ဝဲ၊ ယာ အာရုံစူးစိုက်၍ ယာဉ်မောင်းနှင်ရခြင်း၊  အချက်ပြမီးပွိုင့်များကို ဂရုစိုက်ခြင်း၊  ယာဉ်လမ်းကြောင်း ရွေးချယ်ရခြင်း၊ တခြားသောယာဉ်များကို သတိထားရခြင်းနှင့်အတူ မထင်မှတ်သော အချိန်၊နေရာတို့တွင်မထင်မှတ်သော တခြားယာဉ်တစ်စီးစီး၏ကျော်တက် ဖြတ်မောင်းသောအန္တရာယ်ကိုရှောင်ကွင်းရခြင်း စသည်တို့ကြောင့် မူလအရင်းခံ နှလုံးရောဂါရှိသူများတွင် ဘေးဖြစ်စေနိုင်သည်။ အကယ်၍ ဆီးချို၊ သွေးချို မြင့်တက်နေချိန်နှင့်တိုက်ဆိုင်နေပါက အန္တရာယ်ကိုရှောင်လွဲရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

မဖြစ်မနေ ယာဉ်မောင်းရမည်ဆိုပါက  အဖော်တစ်ယောက်ခေါ်သွားပါ။ ယာဉ်မောင်းနှင်နေချိန်တစ်စုံတစ်ရာခံစားရပါက လမ်းဘေးတွင်ယာဉ်ခေတ္တရပ်ပြီး ရောဂါလက္ခဏာများ သက်သာသွားသည်အထိ အချိန်တစ်ခုမျှ အနားယူပါ။ (စကားချပ်)   ယာဉ်မောင်းနှင်ခြင်းဟုဆိုရာဝယ် အနှေးယာဉ်၊    အမြန်ယာဉ်၊   စက်ဘီး၊ ဆိုင်ကယ်အားလုံးကို ရည်ညွှန်းပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်သော အချက်အလက်များ

နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများသော   အချက်အလက်တချို့ကိုကျန်းမာသုတအနေဖြင့်    အကြံပြုလိုပါသည်။    အသက်အရွယ်ကြီးရင့်လာခြင်း (ပျမ်းမျှ အမျိုးသားများတွင်  အသက် ၅၅ နှစ်ကျော်အရွယ်၊    အမျိုးသမီးများတွင် သွေးဆုံးပြီးချိန်)၊ သွေးပေါင်ချိန်များခြင်း၊ ကိုယ်အလေးချိန်များ ခြင်း    သို့မဟုတ် အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊   မိသားစုမျိုးရိုးတွင်  နှလုံးသွေးကြော ကျဉ်းရောဂါရှိခြင်း၊ ဆီးချို၊ သွေးချို ရောဂါ သို့မဟုတ် Metabolic Syndrome  (ခေါ်) ဇီဝဖြစ် ပျက်ရောဂါစုရှိခြင်း၊ LDL (ခေါ်)  မကောင်းသော   ကိုလက်စထရော  များနေပြီး၊   HDL  (ခေါ်)   ကောင်းသော ကိုလက်စထရောနည်းနေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည်တို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ   ဖြစ်စေနိုင်သည်။ အချုပ်အားဖြင့်ဆိုသော်  ကျား၊ မ အားလုံးတွင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့်    ဆီးချိုရောဂါတို့   ဖြစ်ပေါ်ခံစားရနိုင်သည်။  ဓမ္မတာ မမှန်သော  အမျိုးသမီးများသည်  ဆီးချို၊သွေးချိုရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း၊ ဆေးလိပ်၊  အရက်သောက်သုံးသော အမျိုးသားများနှင့် အမျိုးသမီးများ မီးယပ်ဆုံးချိန်  (ဝါ) အသက် ၅၀ ကျော် အမျိုးသားများတွင်လည်း  ဆီးချို၊ သွေးချို ရောဂါနှင့်   နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း သုတေသီများ၏လေ့လာချက်အရ သိရသည်။

အထူးသတိပေးလိုသည်မှာယနေ့ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါ ပုံပြောင်းဗိုင်းရပ်စ်သစ်များ အားကောင်းကောင်းဖြင့် ထွက်ပေါ်နေဆဲဖြစ်ရာ ယင်းဗိုင်းရပ်စ်များက နှလုံးကြွက်သားကို တိုက်ရိုက်ထိခိုက်စေကြောင်း   သုတေသနရလဒ်များအရ သိရသည်။ ထို့ပြင် နှလုံးနှင့် ဆီးချိုရောဂါတို့၏ဇီဝဖြစ်ပျက်မှု က   လူတစ်ဦးမှ တစ်ဦးဆီသို့  မကူးစက်နိုင်သော်လည်း လုံးဝပျောက်ကင်းရန်မလွယ်သည့် နာတာရှည်ရောဂါတစ်မျိုး    ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင်  အသက်ဘေးကိုခြိမ်းခြောက်နိုင်ကြောင်း၊ ယခင်က  နှလုံးလုပ်ငန်းဆောင်တာပျက်စီးမှုရှိခဲ့ဖူးသူက    ကိုဗစ်-၁၉ ရောဂါကာလအတွင်းသေဆုံးနိုင်ခြေ ၂ ဒသမ ၀၉ ဆ ပိုများကြောင်း၊ ယခင်က နှလုံးသွေး ကြောပိတ်ဆို့မှုရှိခဲ့ဖူးသူက သေဆုံးနိုင်ခြေ   ၁ ဒသမ ၁၁ ဆ ပိုများကြောင်း၊ ဆီးချိုရောဂါရှိသူများက ထို့ထက်ပင် ဘေးအန္တရာယ်ပိုများကြောင်း သတိပေးထားသည်။ ထို့ကြောင့်  ဆီးချို၊ နှလုံးရောဂါယှဉ်တွဲဝေဒနာခံစားရသူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါမဖြစ်အောင် အထူးသတိပြု၍ကိုဗစ်-၁၉   ရောဂါစည်းကမ်းချက်များနှင့်အညီလိုက်နာရင်း ကြိုတင်ကာကွယ်    ပြုမူနေထိုင်သင့်ပါကြောင်း     အကြံ ပြုရေးသားတင်ပြလိုက်ရပါသည်။    

MWD Web Portal

ပေါက်ပေါက်

“မိုးတိမ်” တဲ့လား၊ နိုးနိုးကြားကြားသတိထား
-

ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ကစိုးရိမ်မိသလို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါလက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့ စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအားမြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်း လျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန်တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်က ဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စု ဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ်ထွက်လာတာကို ကမ္ဘာက စောင့်ကြည့်နေကြပြီဖြစ်ပါ တယ်။

လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ဦး ကူးစက်ခံခဲ့ရ ပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာတွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိတိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံ မှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။

Nimbus (NB.1.8.1) ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင် အချိန်တိုအတွင်း ကူးစက်ခံရသူအရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းတွေအရသိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့သိရပါတယ်။ ရောဂါကို ဖြစ်မလာခင် ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှုခံယူဖို့လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက် ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြား သတိထားကြဖို့လိုပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာ ဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူတွေကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလမှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေထိုးနှံပေးလာတဲ့အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကို စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။       ။

MOI

သာထူး

 ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် (JN.1 နှင့် XEC) အကြောင်းသိကောင်းစရာ
-

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည်  အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ  ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည်  အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ  ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက်ပုံက အသက်ရှူလမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ်ရောင်ရောဂါနှင့်  နမိုးနီးယားရောဂါတို့ ဖြစ်ပွားရသည့်အတွက်  ရောဂါပြင်းထန်ပြီး သေဆုံးမှုများပြားရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၄၁၂၈၃ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာရခြင်းမှာ မုတ်သုံအဝင်စောခြင်းနှင့် ကျောင်းများဖွင့်လှစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု  ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်လာမှုများခြင်း၊ လူစုလူဝေးနှင့်  ပွဲလမ်းသဘင်များပြုလုပ်လာခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာရခြင်း ဖြစ်သည်။

အိုမီခရွန်မျိုးကွဲအသစ် JN.1 နှင့် XEC

လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာ ခြင်းဖြစ်ပြီး  JN.1 အုပ်စုနှင့် ၎င်းမှတစ်ဆင့်ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ၎င်းမျိုးကွဲကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။  ထိုင်းနိုင်ငံ၌  ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲမှာ XEC ဖြစ်ပြီး ကူးစက်နှုန်းပိုမြန်သော်လည်း     တုပ်ကွေးကဲ့သို့သောလက္ခဏာများသာရှိသည်။ ထို့ကြောင့် တုပ်ကွေးဖြစ်ခြင်း၊  အအေးမိခြင်းတို့ကြောင့်ဖြစ်သော  ရောဂါလက္ခဏာများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်သော ရောဂါလက္ခဏာများကိုခွဲခြားရန် ခက်ခဲနိုင်သော်လည်း ကုသမှုနည်းလမ်းများမှာမူ တူညီမှုရှိသည်။ ကိုဗစ်-၁၉ ရောဂါမပြင်းထန်သော လူနာများနှင့် အခြေအနေမဆိုးသောအုပ်စုဝင်များကို အအေးမိခြင်းအတွက် ကုသသည့်နည်းလမ်းအတိုင်း  ကုသမှုပေးနိုင်သည်။  ဆေးကုသမှုခံယူရန် လိုအပ်သူများသည် ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း  သို့မဟုတ်  သွေးအတွင်း  အောက်ဆီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိမှသာ ကုသမှုခံယူရမည်ဖြစ်သည်။ စိုးရိမ်ရသည့်အုပ်စုဝင်များတွင် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။

ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် JN.1 နှင့် XEC ၏ရောဂါလက္ခဏာများ

အဆိုပါကိုဗစ်မျိုးကွဲအသစ်များ ကူးစက်ခံရပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင် နေ့ရက်အလိုက် ထူးခြား လာနိုင်သောရောဂါလက္ခဏာများနှင့်ပတ်သက်၍    ထိုင်းနိုင်ငံ   ချူလာလောင်ကွန်ဆေးရုံက  သုတေသန ပြုလုပ်ထားသည်။ ထိုသုတေသနအရဆိုလျှင် ရောဂါပိုးကူးစက်ပြီး ပထမဆုံးရက်များဖြစ်သည့် တစ်ရက်မှ သုံးရက်အတွင်း  အအေးမိခြင်း၊  လည်ချောင်း အနည်းငယ်နာခြင်းများသာဖြစ်တတ်ပြီး  ဖျားခြင်း၊  ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်မှုမရှိသေးပေ။ ရောဂါပိုးကူးစက်ပြီး လေးရက်မှငါးရက် အတွင်းဆိုပါက အာသီးရောင်ပြီး လည်ချောင်းနာလာခြင်း၊ ကိုယ်အပူချိန် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ  ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိ လာပြီး  အစာမျိုချရခက်ခဲခြင်း၊  ခေါင်းကိုက်ခြင်း၊ အနည်းငယ်မူးဝေမှုများ နှင့်အတူ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဆစ်အမျက်ကိုက်ခဲခြင်းများကို ခံစားရမည်ဖြစ်သည်။ ခြောက်ရက်မြောက်နေ့မှစ၍ ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ထိ  သိသိသာသာမြင့်တက်လာပြီး   ချောင်းခြောက်ဆိုးခြင်း၊  လည်ချောင်းနာခြင်း၊  အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်းတို့  ဖြစ်လာနိုင်သည်။ ထို့နောက် ကိုယ်အပူချိန်  ၃၇ ဒသမ  ၄  ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပြီး အသက်ရှူရခက်လာခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊  ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်ကာ  ကိုးရက်မြောက်နေ့အထိ  ရောဂါအခြေအနေ သက်သာလာခြင်းမရှိဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲလာပါက အထူးကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေသည့်အချက်များ

အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများစွာတိုးမြင့်လာပြီး  ၂၀၂၅ ခုနှစ်  မေလကုန်တွင် ကူးစက်သူ ၂၇၀၀ ကျော်အထိရောက်ရှိကာ ခုနစ်ဦးသေဆုံးထားသည်။ ထို့ကြောင့် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ လူစုလူဝေး သို့မဟုတ် လေဝင်လေထွက် မကောင်းသော နေရာများတွင်    နှာခေါင်းစည်းတပ်ခြင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင်   ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်များအတွက်လည်း   ဓာတ်ခွဲခန်းများတွင်   စမ်းသပ်စစ်ဆေးလျက်ရှိသည်။

ထိုင်းနိုင်ငံ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသည် အထူးသဖြင့် ဗန်ကောက်နှင့်  ချွန်ဘူရီပြည်နယ်တို့တွင်  ဖြစ်ပွားလျက်ရှိပြီး  ၂၀၂၅ ခုနှစ် မေလ  ၃၀ ရက်ထုတ်ပြန်ချက်အရ လူနာအသစ် ၄၁၂၈၃ ဦးရှိရာ ယခုနှစ်အတွက် ရောဂါပိုးကူးစက်ခံရသူ   စုစုပေါင်း  ၂၅၇၂၈ဝ   ဦးနှင့် သေဆုံးသူ ၅၂  ဦးအထိရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့်   သက်ကြီးရွယ်အိုများ၊  နာတာရှည်ရောဂါရှိသူများနှင့်  ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး  ဗီဇပြောင်းမျိုးကွဲအသစ်များ  ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍  သင့်လျော်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင်လူစုလူဝေးနေရာများကိုရှောင်ရှားရန်၊  လက်ကိုပုံမှန်ဆေးကြောရန်၊   လူစည်ကားသောနေရာများတွင်နှာခေါင်းစည်းတပ်ရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်နှင့် ဖျားနာခြင်း၊  ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်း  သို့မဟုတ် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့မဟုတ် ဆေးရုံသို့အမြန်ဆုံးပြသကြရန် အစိုးရက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာမှုနှင့် ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ  ၂၃ ရက်တွင်  ပထမဆုံး အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း  နိုင်ငံအနှံ့အပြား၌ ကူးစက်မှုများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် မျိုးကွဲအသစ်များ ရောက်ရှိလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  စောင့်ကြည့်ကာ  သတိပေးချက်များနှင့်  သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အလားတူကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ပြည်တွင်းရောဂါ ဖြစ်ပွားမှုနှုန်းများ၊  နိုင်ငံတကာနှင့်  အိမ်နီးချင်းနိုင်ငံများတွင်  ဖြစ်ပွားလျက်ရှိသည့် ဗီဇပြောင်းမျိုးကွဲ အသစ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် PCR  စစ်ဆေးမှုများ၊ Rapid Antigen Test (RAT) စစ်ဆေးမှုများဆောင်ရွက်ကာရောဂါကူးစက်မှုမြင့်တက်လာပါကသို့မဟုတ် ထူးခြားသည့်လက္ခဏာများတွေ့ရှိရပါက မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်း (genomic sequencing)များ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရောဂါကူးစက်မှုနှုန်း၊   သေဆုံးမှုနှုန်း၊   ဆေးရုံတက်ရမှုနှုန်း စသည့် အချက်အလက်များကို   စနစ်တကျမှတ်တမ်းတင်ခြင်း၊   ကူးစက်မြန်သောမျိုးကွဲအသစ်များအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ (လက်ဆေးခြင်း၊  နှာခေါင်းစည်းတပ်ခြင်း၊  လူစုလူဝေးရှောင်ရှားခြင်း) စသည်တို့ကို  မီဒီယာမျိုးစုံမှတစ်ဆင့်  အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက မျိုးကွဲအသစ်များနှင့်ကိုက်ညီသော ကာကွယ်ဆေးများရရှိရေး စီမံခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်သင့်သည့်အချက်များ

ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်JN.1 နှင့် XEC တို့၏ကူးစက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုကာကွယ်ရေးတို့အတွက်ခြောက်လသို့မဟုတ် တစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်သည်။  ကိုဗစ်-၁၉  ရောဂါ မကူးစက်ဖူး၊ မဖြစ်ဖူးသူများနှင့်   ရာသီတုပ်ကွေးကဲ့သို့   ရောဂါလက္ခဏာပြင်းထန်သူများ    ကိုဗစ်ရောဂါစစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊နာတာရှည်ရောဂါအခံရှိသူများနှင့်   ကိုယ်ဝန်ဆောင်မိခင်များ  ကိုဗစ် စစ်ဆေးသင့်သည်။

မြန်မာနိုင်ငံသည်  ကိုဗစ်-၁၉  ရောဂါမျိုးကွဲသစ်များကို ဗီဇဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိန်းချုပ်ရေးအစီအမံများ  စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအားနှင့်အချက်အလက်စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့်  မျိုးကွဲသစ်များ၏ခြိမ်းခြောက်မှုအောက်တွင် အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များသည် လူ့ခန္ဓာကိုယ်၏ကိုယ်ခံအား စနစ်ကိုရှောင်ရှားပြီးကူးစက်မှုမြန်ဆန်စေသည်။ အဆိုပါမျိုးကွဲများသည် ယခင်ကာကွယ်ဆေးများ၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ယခင်က ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကိုယ်ခံအား နည်းလာကာ ပြန်လည်ကူးစက်ခံရနိုင်မှုနှုန်းများ မြင့်မားလာနိုင်သဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိအချိန်ကာလသည်စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ကာလဖြစ်ခြင်းကြောင့် လူစုလူဝေးပိုမိုများပြားခြင်း၊    မိုးရာသီကာလ ဖြစ်ခြင်းကြောင့် တုပ်ကွေးရောဂါများဖြစ်ပွားလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားမှုအရှိန်မြင့်တက် နေခြင်းတို့ကြောင့်   ပြည်သူလူထုကိုယ်တိုင်    ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအစီအမံများဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့်  မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံ ကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းအပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့်  ဝယ်ယူဖြည့်တင်းခြင်းများဆောင်ရွက်သင့်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal

ရွှေပြည်အေး

မိဘ၊ ဆရာပူးပေါင်း၍ ကလေးကိုပြုပြင်ပါ
-

ကလေးတို့သည် ငယ်စဉ်က ပထမဆရာဖြစ်သော မိဘပတ်ဝန်းကျင်ကို ဖြတ်သန်းရသည်။ ကျောင်းနေသည့်အရွယ်တွင် ဒုတိယဆရာဖြစ်သော ဆရာ၊ ဆရာမတို့နှင့်ထိတွေ့ရသည်။ ဤတွင် ဆရာ၊  ဆရာမများသည် ကလေးအားလုံးကို သာတူညီမျှ တော်စေတတ်စေချင်ကြသည်။ သို့သော် မတစ်ထောင်ဖွားကလေးများသည် တတ်သိလိမ္မာမှုတွင်မတူညီကြပေ။ စိတ်ဓာတ်အခြေခံစရိုက်ချင်းလည်း မတူကြပေ။ ဤသို့ဖြစ်ရခြင်းသည် မိဘပတ်ဝန်းကျင်စရိုက်ပေါ်တွင် များစွာမူတည်နေလေသည်။

ကျွန်တော်တို့သည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်နေကြရသူများဖြစ်ရာ အခြေခံပညာကျောင်းများတွင် စရိုက်ဗီဇအမျိုးမျိုးကွဲပြားလျက်ရှိသော  ကလေးများကို ကြုံတွေ့ကြရစမြဲဖြစ်သည်။

ကလေးတို့၏ ထိုစရိုက်ဗီဇတို့သည် မိဘပတ်ဝန်းကျင်တွင် အခြေတည်စမြဲဖြစ်သည်။ အတန်းထဲတွင် အလွန်ဆိုးလွန်းနွဲ့လွန်းသော ကလေးမျိုးကိုတွေ့ဖူးသည်။ အတန်းဖော်သူငယ်ချင်းတို့နှင့် သဟဇာတမဖြစ်။

အရာရာကို သူကအနိုင်ယူချင်သည်။ အသာရချင်သည်။ ဤကလေးမျိုးသည် ဘိုးဘွားမိဘအလိုလိုက်ခံရသော ကလေးမျိုးဖြစ်နေတတ်သည်။ ကျောင်းဟူသောပတ်ဝန်းကျင်သစ်တွင် အခြားကလေးများနှင့် တွေ့ကြုံရသောအခါ အချင်းချင်း သဟဇာတဖြစ်အောင် မနေတတ်ဘဲ အိမ်မှာသူနေထိုင်ရသည့်အတိုင်း အရာရာအသာစီးရချင်စိတ်ဖြင့် ဗိုလ်ကျစိုးမိုးချင်ကြလေသည်။ သူ့အလိုမကျလျှင် အတူနေကလေးများနှင့် အချင်းများကာ ရန်ဖြစ်လေတော့သည်။ ထိုအခါ ကျွန်တော်တို့ ဆရာ၊ ဆရာမများက ကလေးကိုဆုံးမသွန်သင်ရလေသည်။ ဆုံးမသွန်သင်ရာ၌ ဆရာတစ်ယောက်၏ သြဇာအာဏာကိုသုံးပြီး ကိုယ်ထင်သလို သုံးသပ်ဆုံးဖြတ်ဆောင်ရွက်၍မရပေ။ ပြဿနာဖြစ်သောကလေး၏  အကြောင်းခြင်းရာဇာစ်မြစ်ကို  သေချာစွာစုံစမ်းလေ့လာပြီးမှ သင့်လျော်သော ဆုံးမပဲ့ပြင်မှုကိုပြုရသည်။အချို့ကလေးများသည် အိမ်တွင် မိဘ၏ဂရုစိုက်ခြင်းကို မခံရ။

ထိုအခါ သူ့ရင်ထဲတွင် မကျေနပ်စိတ်များခိုအောင်းနေတတ်ပြီး ကျောင်းပတ်ဝန်းကျင်ရောက်သည့်အခါ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် အဆင်မပြေဖြစ်တတ်သည်။ အိမ်တွင် အလိုမကျခဲ့သောစိတ်များဖြင့် ဆရာ၊ ဆရာမစကားကို နားမထောင်ချင်ဘဲ သူငယ်ချင်းများကိုလည်း အနိုင်ကျင့်ဗိုလ်ကျချင်စိတ်များလွှမ်းမိုးနေရာ ကျောင်းပတ်ဝန်းကျင်တွင် လူဆိုးလေးဖြစ်လာရသည်။ မိဘဂရုစိုက်မခံရသော ကလေးများတွင် အခြေခံဇာစ်မြစ်အကြောင်းရင်းအမျိုးမျိုးရှိတတ်သည်။ မိဘက စီးပွားရေးလုံးပန်းနေရသဖြင့် ဂရုစိုက်မခံရသောကလေး၊  မိဘ၏ အိမ်ထောင်ရေးပြဿနာကြောင့်  ဂရုစိုက်မခံရသောကလေး၊ မိဘနှင့် ဝေးကွာနေသောကြောင့် ဂရုစိုက်မခံရသောကလေး စသည်ဖြင့် ရှိသည်။ စာရေးသူ၏ တပည့်မတစ်ဦးသည် ဖခင်က နောက်အိမ်ထောင်နှင့်ဖြစ်၍ မိဘနှင့် နီးနီးကပ်ကပ်မနေရ။ ဘိုးဘွားများနှင့်သာနေရပြီး သူ့ကို အချိန်ပြည့်မကြီးကြပ်နိုင်ပေ။  ထိုအခါ ကျောင်းစာကို ပုံမှန်မလုပ်၊ ဖုန်းတစ်လုံးနှင့် ဂိမ်းကို ညပိုင်းညဉ့်နက်သည်အထိ အလွန်အကျွံ ကစားသည်။ ဖုန်းအင်တာနက်အတွင်းမှ မတော်မလျော်သော ဗီဒီယိုများကို ကြည့်သည်။ ထိုသို့ဖြင့် သင်ခန်းစာများ ပုံမှန်မလုပ်နိုင်၊ အိပ်ရေးလည်းပျက်သဖြင့် မလန်းမဆန်းဖြစ်ကာ ကျောင်းမတက်နိုင်။ သင်ခန်းစာများ မလိုက်နိုင်သောအခါ ကျောင်းမတက်ချင်စိတ်များ ဖြစ်လာသည်။ ထို့နောက် ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်မိသူအချို့နှင့် အပြင်၌သွားလာတွေ့ဆုံကာ ဆယ်ကျော်သက်အရွယ်တို့၏စိတ်ကစားခြင်းများဖြင့် မဆီလျော်သော လူမှုအကျင့်အကြံများကို ပြုလုပ်မိသည်။ တာဝန်သိတတ်သော လူကြီးအချို့က ထိုကလေးကို အပြင်တွင် ရုတ်တရက် တွေ့ဆုံမိပြီး ကျွန်တော်တို့ထံအကြောင်းကြားပေးခဲ့သည်။ ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာ၊ ဆရာမအဖွဲ့သည် ထိုကလေးရှိသည့်နေရာသို့လိုက်သွားခဲ့ကြပြီး ကျောင်းသို့ ပြန်လည်ခေါ်ယူထိန်းသိမ်းနိုင်ခဲ့သည်။ ကလေး၏ မိဘထံ အသိပေးအကြောင်းကြားကာ ကလေး၏ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ရသည်။

တစ်နေ့တွင် ကလေးတစ်ဦး အတန်းထဲ၌ဆူပူသောင်းကျန်းနေသည်ဟု သိရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်အတန်းထဲသို့သွားရောက် တွေ့ဆုံကာ အကြောင်းရင်းကိုစုံစမ်းရသည်။ အလယ်တန်းကျောင်းသား အရွယ်သာရှိသေးသောကလေးသည် အမူအရာတစ်မျိုးဖြစ်နေသည်ဟု အကဲခတ်မိသည်။ သို့သော် သံသယဖြစ်ဖွယ်အခြားအကြောင်းရှာမတွေ့။

နောက်မှအနံ့မထွက်သော ယနေ့ယမကာများအကြောင်းစဉ်းစားမိပြီး အသေအချာစစ်ဆေးသောအခါမှ ယမကာသုံးစွဲထားကြောင်း သိရတော့သည်။ ထိုကလေးသည် ယမကာကို မည်သို့ဝယ်ယူရရှိပုံနှင့် သုံးစွဲသည့်နေရာကိုစစ်မေးသောအခါ ဖြစ်ပုံကိုထူးဆန်းအံ့ဩစွာသိရသည်။ ထိုကလေး၏ မိဘသည် ယမကာရောင်းသူဖြစ်ပြီး ယမကာမျိုးစုံ အချိန်မရွေးရသည်ဟုဆိုသည်။ သို့ဖြစ်ရာ မိဘ၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး အလွယ်တကူရရှိသော ယမကာ၏ အကြောင်း ကလေးကစမ်းသပ်သောက်ကြည့်ချင်သည်။ စမ်းသပ်ပြီးသော် ဆက်သောက်ချင်စိတ်သာ လွှမ်းမိုးလာသည်။ ယမကာ၏ ဆိုးကျိုးကိုပြောပြပြုပြင်ပေးမည့်သူမတွေ့မီ ဆက်မှားနေခြင်းဖြစ်သည်။ ဆရာများသိပြီးနောက်ပိုင်းတွင် ကလေး၏မိဘများနှင့် တွေ့ဆုံအသိပေးညှိနှိုင်းစဉ်မှာတော့ ကလေးက ယမကာကို ယူငင်သုံးစွဲနေမှန်းမသိဟု ပြောပြလာသည်။ အကြောင်းစုံသိလျှင်သိချင်း ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးထိုင်၍အဖြေရှာရခဲ့သည်။ မိဘကလည်း သားသမီးကို ဂရုစိုက်ထိန်းသိမ်းမည်၊ ဆရာကလည်း ဆုံးမသွန်သင်မည်၊ တပည့်ကလည်း လိုက်နာရမည်၊ မလိုက်နာဘဲ ဆက်လက်ကျူးလွန်လျှင် ကျောင်းစည်းကမ်းအရ အရေးယူမည်ဟု ၀န်ခံကတိယူရသည်။ သည့်နောက်ပိုင်းတွင်မှ ကလေးအခြေအနေပုံမှန်ဖြစ်ကာ ပညာကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။

ကျောင်းခဏခဏပျက်နေသော ကျောင်းသားတစ်ဦး တွေ့ခဲ့ဖူးသေး၏။ ရိုးရိုးသားသားနှင့်စာကြိုးစားသူဟု ဆရာသမားများသိထားကြသည်။ သို့သော် မည်သည့်အကြောင်းမျှမသိရဘဲ ကျောင်းခဏခဏပျက်ကာ စာမလိုက်နိုင်ဖြစ်လာသည်။ ထို့ကြောင့် မိဘကိုခေါ်ယူတွေ့ဆုံရပြန်သည်။ ဖခင်ကိုယ်တိုင်ရောက်လာပြီး ဆရာနှင့်ဆွေးနွေးသည်။

ဖခင်က နောက်အိမ်ထောင်ပြုထားသဖြင့် ကလေးက မိထွေးနှင့် နေထိုင်ရသည်။ လက်လုပ်လက်စားဘဝဖြစ်၍ မျှစ်ချိုး၊ ဝါးခုတ်၊ ပေါင်းနုတ်၊ နှမ်းရိတ်၊ ကောက်ရိတ် စသည်ဖြင့် ကြုံရာကျပန်း အကုန်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုရသည်။ မိထွေးက မွေးစကလေးငယ်လေးနှင့် အိမ်မှာရှိပြီး ဖခင်ကနေ့တိုင်းတောထဲအလုပ်သွားရသဖြင့် ကလေးနှင့် အေးအေးဆေးဆေးမတွေ့ဖြစ်။မိထွေးနှင့် အဆင်မပြေတော့ ကျောင်းစာကြိုးစားနေသောကလေးအတွက် အနှောင့်အယှက်ဖြစ်ရသည်။ တစ်ခါတစ်ရံ ဖခင်နှင့်အတူ အဖော်ရရန်တောထဲလိုက်ရသည့်အခါများလည်းရှိသည်။ နောက်ပိုင်း ကလေးကစာမလိုက်နိုင်သည့်အခါ အိမ်ကိုမပြောဘဲကျောင်းလစ်သည်။ တစ်နေရာမှစောင့်၍ သူငယ်ချင်းများကျောင်းဆင်းချိန်တွင် အိမ်သို့ရောနှောပြန်သည်။အကြောင်းစုံသိရသည့်အခါ ကလေး၏ လိုအပ်ချက်များကို ဆရာများက ဖြည့်ဆည်းပေးမည်၊ အိမ်တွင် မိဘက ကြီးကြပ်ထိန်းကျောင်း၍ ကျောင်းမှန်မှန်တက်ရေး ဂရုစိုက်ပေးရမည်ဟု ညှိနှိုင်းဆွေးနွေးကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။အချို့ကလေးများသည် မှားယွင်းသောအတွေးကို လက်ကိုင်ပြုလျက်  အကောင်းမှတ်ထင်ကာတလွဲဂုဏ်ယူနေတတ်ကြသည်။

၎င်းအချက်သည်လည်း မိဘများ၏ စရိုက်မှားများမှဆင်းသက်လာသည်။ ရပ်ရွာထဲတွင် မိဘအသိုင်းအဝိုင်းက အများရွံ့ကြောက်ရသူများ(လူမိုက်များ)ဟု မကောင်းသတင်းကျော်ကြားသည်။ ထိုအခါ သားသမီးများကလည်း မည်သူမျှယှဉ်ပြိုင်မပြောဝံ့သော၊ အများကြောက်ရွံ့ရသော လူမိုက်ဟူသော မကောင်းသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူစရာဟု ထင်နေသည်။  ထို့ကြောင့် ကျောင်းပတ်ဝန်းကျင်တွင် အများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၊  လူမိုက်ဆန်နိုင်မှဂုဏ်ရှိသည်ဟု တလွဲမှတ်ယူနေတော့သည်။ ထိုကလေးမျိုးသည် ဆရာကပင် ဆုံးမသွန်သင်ရခက်တတ်သည်။  လူချင်းယှဉ်လိုက်လျှင်   ကိုယ်ကဦးအောင်ချခဲ့ဟု တလွဲသင်မိဘမိုက်အချို့၏စရိုက်ကြောင့်လည်း ကလေးတို့ ရိုင်းပျတတ်ကြသည်။ ထိုကလေးမျိုးကို ဆရာက ခပ်တင်းတင်း ကိုင်တွယ်ဆုံးမရုံသာမက မိဘကိုပါနားလည်အောင်ရှင်းပြ၍ မှန်ကန်သော သွန်သင်ဆုံးမမှုပေးရန် ညှိနှိုင်းရသည်။ မိဘရော ကျောင်းသားပါ နားလည်လိုက်နာသည်နှင့် တစ်ဆစ်ချိုးပြောင်းလဲ၍ လိမ္မာသွားလေတော့သည်။

အချို့ကလေးများသည် မိဘ၏ ကဲကဲလှုပ်တလွဲအလိုလိုက်ခြင်းကို ခံရသည်။ သူ့ကလေးကို မည်သူမျှမထိနှင့်၊ ထိလျှင် ပြဿနာတက်သွားမည်ဆိုသော မိဘအချို့ရှိသည်။ ထိုမိဘမျိုး၏ ကလေးကို ဆရာ၊ ဆရာမလည်း ဆိုဆုံးမရခက်သည်။ ကလေးမှာ အပြစ်ရှိ၍ မလိမ္မာ၍အနည်းငယ် ရိုက်နှက်မိသည်ကိုပင် အပြစ်အနာလုပ်၍ တိုင်ကြားတတ်သည်။

ကိုယ့်ကလေးကို နည်းနည်းလေးမှမထိနှင့်၊ ထိလျှင် တိုင်တောမည်ဖြစ်နေသော မိဘမျိုး၏ကလေးသည် ဆရာတို့ပစ်ပယ်ခြင်းကိုခံရသည်။ ဆရာပစ်ပယ်ထားသောကလေးသည် ပို၍ဆိုးသွမ်းတတ်ပြန်လေသည်။ ထိုသို့မဖြစ်ရန် ဆရာကလည်း ဆရာပီသစွာ ကျောသားရင်သားမခွဲခြားဘဲ ဆိုဆုံးမတတ်ရမည်။ မိဘကလည်း ကိုယ့်ကလေး တတ်သိလိမ္မာရေးအတွက် ဆရာ၊ ဆရာမများအပေါ် အမြင်မှန်ဖို့လိုသည်။ တပည့်ကလည်း ဆရာ၊ ဆရာမ၏ စေတနာ၊ မေတ္တာကို နားလည်သိမြင်လျက် ဆိုဆုံးမမှုကို နှစ်လိုခံယူတတ်ရမည်။ သာဓကအနေဖြင့် တင်ပြရလျှင် မင်းတုန်းမင်းကြီးငယ်စဉ် ဆရာဘုန်းတော်ကြီးထံ မိဘက အပ်နှံသင်ကြားစေသည်။ ဆရာဘုန်းတော်ကြီးက သိမ်းခိုင်းထားသော ငါးခြောက်ပြားပျောက်သည်ကို အကြောင်းပြု၍ တာ၀န်ကျေပွန်ရန်၊နောက်နောင် ဤသို့ မဖြစ်ရန် ပြောဆိုသွန်သင်၍ ရိုက်နှက်ဆုံးမခဲ့သည်။

စည်းကမ်းရိုသေ၍ အသိပညာအတတ်ပညာပြည့်စုံသွားသော ဘုန်းကြီးကျောင်းသားလေးသည် သမိုင်းတွင်ထင်ရှားသော မင်းတုန်းမင်းကြီးဖြစ်ခဲ့သည်။

ဆိုရသော် မိဘတို့သည် သားသမီးကို ကျောင်းပို့ရုံနှင့်တာဝန်မကျေပါ။ ဆရာသည်လည်း ပုံမှန်စာသင်ရုံနှင့် တာဝန်မပြီးပါ။ ကျောင်းသားသည်လည်း မိဘဆရာဆိုဆုံးမစကား နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေ၍မရပါ။ မိဘသည် သားသမီးကို အမြဲစောင့်ကြပ်ကြည့်ရှု၍ မှန်ကန်သောလမ်းကို ညွှန်နိုင်ရမည်။ ဆရာသည် တပည့်တို့၏ အမူအကျင့်နှင့် ပြဿနာဇာစ်မြစ်ကို မှန်ကန်စွာရှာဖွေ၍ သင်နိုင်၊ ပြင်နိုင်ရမည်။

ထို့ကြောင့် ဆရာသည် တပည့်တို့ကို “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍” ဆုံးမသွန်သင်ရန် လိုအပ်သကဲ့သို့ မိဘများကလည်း သားသမီးအပေါ်တွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” မှသာ တတ်သိလိမ္မာသောလူငယ်များဖြစ်လာပေလိမ့်မည်။  ဆရာ၊ မိဘ၊ ကျောင်းသားဟူသော ပညာရေးတြိဂံ၏ အနားများညီနေလျှင် လှပသောပညာရေးတြိဂံအဖြစ်  မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။    ။

MWD Web Portal

ညွန့်ဝင်း(နတ်တလင်း)

“မိုးတိမ်”တဲ့လား၊ နိုးနိုးကြားကြားသတိထား
-

ကမ္ဘာတစ်လွှား ကိုဗစ်- ၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်က စိုးရိမ်မိသလိုသက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါ လက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအား မြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်းလျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန် တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်ကဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စုဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ် ထွက်လာတာကို ကမ္ဘာကစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ယောက် ကူးစက်ခံခဲ့ရပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာ တွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိ တိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံမှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။

Nimbus (NB.1.8.1)ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင်အချိန်တိုအတွင်း ကူးစက်ခံရသူ အရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းများအရ သိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါကို ဖြစ်မလာခင်ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏ ဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြားသတိထားကြဖို့လိုပါတယ်။

ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူများကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလ မှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇ ပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတွေ ထိုးနှံပေးလာတဲ့ အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကိုယ် စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။     ။

ရှေးအစဉ်အလာမှ ယနေ့ထိတိုင် ကမ္ဘာ့ကျန်းမာရေးခြိမ်းခြောက်မှု ထောင့်သန်း (Anthrax)ရောဂါ
-

ထောင့်သန်း (Anthrax) ရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကတည်းက လူနှင့်တိရစ္ဆာန်များကို ဒုက္ခပေးခဲ့သော ရှေးကျသည့်ရောဂါ (Ancient Disease) ဖြစ်သော်လည်း ယနေ့ ၂၁ ရာစုတွင်ပင်  ကမ္ဘာ့နေရာအများအပြားတွင်စိုးရိမ်ရသောကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းနှင့် အာရှဒေသအချို့ (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ တူရကီနှင့် မြန်မာနိုင်ငံအပါအဝင်) တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့်တိရစ္ဆာန်များတွင် အဖြစ်များသောရောဂါအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ခြောက်သွေ့ဇုန်ဒေသများ (ဥပမာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း) တွင် ဖြစ်ပွားလေ့ရှိသည်။

ထောင့်သန်းရောဂါ (Anthrax) သည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စားမြုံ့ပြန်သတ္တဝါများ(ဥပမာ- နွား၊ သိုး၊ ဆိတ်)တွင် အချိန်တိုအတွင်း အသက်ဆုံးရှုံးမှုများဖြစ်စေနိုင်ကာ လူသို့လည်းကူးစက်နိုင်သော (zoonosis) ရောဂါတစ်မျိုးဖြစ်သည်။  ဤဗက်တီးရီးယားပိုးမှ ထုတ်လုပ် သော အလွန်ပြင်းထန်သည့်အဆိပ်အတောက်များကြောင့် ဆိုးရွားသည့်လက္ခဏာများပေါ်ပေါက်လာပြီးအသက်ဆုံးရှုံးမှုနှုန်းအလွန်မြင့်မားသည်။ ဤရောဂါပိုး (Bacillus anthracis) သည် မျိုးစေ့ (Spores) အဖြစ် မြေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး အောက်ဆီဂျင်နှင့်ထိတွေ့ပါက  Vegetative cells (အသက်ရှင်ဆဲပိုးများ)အဖြစ် ပြောင်းလဲနိုင်ပြီး လျင်မြန်စွာပွားများနိုင်သည်။ ထောင့်သန်း (Anthrax) သည် လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်သော်လည်း ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့်  ထိတွေ့မိပါက လူသားများတွင်ပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သူများ၊ ကျေးလက်ဒေသများတွင်နေထိုင်သူများသည် ပိုမိုသတိထားရန်လိုအပ်သည်။ မွေးမြူရေးနှင့် တောရိုင်းတိရစ္ဆာန်များ (အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများ) သည် ရောဂါပိုးဝင်ရောက်ပါက ရောဂါလက္ခဏာများရုတ်တရက်ပြင်းထန်စွာပေါ်ပေါက်လေ့ရှိသည်။ လူသားများတွင် အရေပြားရောဂါ (cutaneous anthrax)ကို အတွေ့များသော်လည်း အဆုတ်နှင့်အူလမ်းကြောင်းဆိုင်ရာ အန်သရက်စ်များမှာ ပိုမိုပြင်းထန်သည်။

ထောင့်သန်းရောဂါသည် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဆက်စပ်မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သောကြောင့်  (One Health) ချဉ်းကပ်မှုဖြင့်ကာကွယ်ခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ မြို့ပြအခြေချနေထိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု တို့သည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ဇူနိုးတစ်ရောဂါများ(Zoonotic diseases) ပေါ်ပေါက်လာခြင်းနှင့် ပြန်လည်ထကြွလာမှုကို အရှိန်မြှင့်တင်ပေးလျက်ရှိသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း လူသားများကို ကူးစက်ခဲ့သောရောဂါအသစ်များ၏ ၇၅ ရာခိုင်နှုန်း ခန့်သည် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases) ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည်။

ဤအချက်အလက်သည်လူသားတို့၏ကျန်းမာရေးကိုကာကွယ်ရန်အတွက် တိရစ္ဆာန်များတွင်ဖြစ်ပွားသောရောဂါများကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို ပေါ်လွင်စေသည်။ ထို့ကြောင့် ဇူနိုးတစ်ရောဂါများသည် တိရစ္ဆာန်ကျန်းမာရေးနှင့် လူသားကျန်းမာရေးကြား နယ်စပ်တွင်ရှိနေပြီး ရောဂါထိန်းချုပ်ရေးအောင်မြင်ရန် တိရစ္ဆာန်ကျန်းမာရေး၊ လူသားကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပေါင်းစပ်ကိုင်တွယ်ရန်လိုအပ်သည်။

အန်သရက်စ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုစက်ဝန်း

Bacillus anthracis (ထောင့်သန်းရောဂါပိုး)သည် တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေး တိရစ္ဆာန်များ (နွား၊ ကျွဲ၊ သိုး၊ ဆိတ်)နှင့် သဘာဝပတ်ဝန်းကျင်အကြား ဂေဟဗေဒဆိုင်ရာ အပြန်အလှန်သက်ရောက်မှုများကြောင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။  Bacillus anthracis သည်  သေဆုံးသောတိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်မရှိသောအခြေအနေတွင်  spores အဖြစ်သို့ ပြောင်းလဲသွားသည်။ တိရစ္ဆာန်သေဆုံးပြီး ဆွေးမြည့်သောအခါ spores များကို  သွေး၊ lymph အရည်၊ တစ်သျှူးအရည်များမှတစ်ဆင့် မြေဆီလွှာထဲသို့ ပြန်လည်ထုတ်လွှတ်လိုက်သည်။  Bacillus anthracis ၏ sporulation (spores အဖြစ် ပြောင်းလဲခြင်း) နှင့် သဘာဝပတ်ဝန်းကျင်တွင် ကြာရှည်စွာအသက်ရှင်နိုင်မှုသည် ထောင့်သန်း (Anthrax) ရောဂါကို ထိန်းချုပ်ရခက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

မြေဆီလွှာနှင့် ရာသီဥတု

Bacillus anthracis   ဗက်တီးရီးယား၏စပိုး (spores)များသည် Exosporium, Coat, Cortex စသည့် အလွှာများပါသဖြင့် ပြင်ပပတ်ဝန်းကျင်ဒဏ်ကို အလွန်ခံနိုင်ရည်ရှိပြီး  ခြောက်သွေ့သောဒေသများ (ဥပမာ သဲကန္တာရ)နှင့် ရေဝပ်ဒေသများ (ဥပမာ ရွှံ့ညွန်မြေ၊   စိုစွတ်သောမြေပြင်)တွင်  နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်များစွာ အသက်ရှင်နိုင်သည်။ အပူချိန်မြင့်မားခြင်း (40–60°C) နှင့် ခြောက်သွေ့မှုကိုခံနိုင်ရည်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းပါက မြေဆီလွှာမှ spores များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပြီး စားကျက်များ၊ ရေစည်များတွင်စုပုံနိုင်သည်။ တိရစ္ဆာန်များစားသုံးမိပါက အစာခြေလမ်းကြောင်း အန်သရက်စ်  (Gastrointestinal Anthrax)ဖြစ်နိုင်သည်။ ရေလွှမ်းမိုးမှုကြောင့် spores များ ပိုမိုပျံ့နှံ့ကာ ကူးစက်ရောဂါဖြစ်ပွားမှု (Outbreak) ဖြစ်နိုင်သကဲ့သို့ ပူပြင်းခြောက်သွေ့သောရာသီတွင် spores  များသည် လေထုထဲတွင်လွင့်မျောနိုင်ပြီး  အသက်ရှူလမ်းကြောင်း အန်သရက်စ် (Inhalation Anthrax) ကို ဖြစ်စေနိုင်သည်။

တိရစ္ဆာန်များ၏အပြုအမူနှင့် ထောင့်သန်း (Anthrax) ကူးစက်မှု

ကျွဲ၊ နွားများသည် မြက်စားသည့်အခါ spores များပါဝင်သောမြေမှုန့်များကို အလွယ်တကူ ရှူရှိုက်မိနိုင်သည်။ ရောဂါပိုးရှိသော မြေ၊ စားကျက်မှ မြက်၊ အစာ၊ ရေ စားသောက်မိခြင်း၊ ရောဂါပိုးပါရှိသည့်လေကိုရှူမိခြင်းဖြင့် တိရစ္ဆာန်သို့ကူးစက်နိုင်သည်။ မိုးဦးကျကာလနှင့်  ရောဂါဖြစ်ဖူးသောဒေသများတွင် အထူးသတိထားကာကွယ်ရန် လိုအပ်သည်။ သေဆုံး သွားသောတိရစ္ဆာန်များကိုစားသောက်သည့် အသားစားသတ္တဝါများ (ဥပမာ - ခွေး၊ ကြောင်နှင့် ကြောင်ရိုင်းများ)မှတစ်ဆင့်  ရောဂါပျံ့နှံ့နိုင်သည်။  Bacillus anthracis သည်  အသက်ရှင်နေသော တိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း ပုံမှန်အားဖြင့် vegetative cells (အသက်ရှင်ဆဲပိုးများပုံစံ)အဖြစ်ရှိနေပြီး  သွေးနှင့်တစ်သျှူးများတွင် ကြီးထွားသည်။ ဤအဆင့်တွင် ဗက်တီးရီးယားများသည် Toxins ထုတ်လုပ်ခြင်းနှင့် ပွားများခြင်းကိုစတင်ပြီး   ရောဂါဖြစ်စေနိုင်သည်။

လူသားများသည်   ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်၊ အသား၊ အရေခွံ၊ အမွေး၊ အရိုးများကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့်  ကူးစက်နိုင်သည်။ တိရစ္ဆာန်များကို နှစ်စဉ်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကိုလျှော့ချနိုင်သည်။   လူသားများသည် ရောဂါအတွက် အဆုံးသတ်လက်ခံသူ (dead-end host) ဖြစ်ပြီး လူမှလူသို့  ကူးစက်မှုမတွေ့ရသေးပါ။  လူသားများတွင်တွေ့ရသော ရောဂါအမျိုးအစားများမှာ-

(၁) အရေပြားထောင့်သန်းရောဂါ (Cutaneous anthrax)

•        ဖြစ်ပွားမှုအများဆုံးအမျိုးအစားဖြစ်သည်။

•        လူ့ခန္ဓာကိုယ်အရေပြားရှိ ပြတ်ရှဒဏ်ရာ၊ အနာများအတွင်းသို့ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွား သည်။

•        ရောဂါပိုးဝင်ရောက်ပြီးနောက်   တစ်ရက်မှ ခုနစ်ရက်အကြာတွင်ဖြစ်ပွားနိုင်သည်။

•        ရောဂါလက္ခဏာများမှာ -  စတင်ဖြစ်ပွားချိန်တွင် အရေပြား၌ ယားယံသည့်အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်ပြီးနောက်ရောင်ရမ်းကာအလယ်တွင်မည်းနေသည့် အနာအဖြစ်ကျန်ခဲ့သည်။ နာကျင်မှုမရှိပါ။ပြန်ရည်ကျိတ်များပါ ရောင်ရမ်းတတ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့်လက်များတွင်အတွေ့ရများသည်။

(၂) အစာအိမ်အူလမ်းကြောင်းတွင်ဖြစ်ပွားသောထောင့်သန်းရောဂါ (Gastrointestinal anthrax)

•        ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ၏အသားကိုစားခြင်းဖြင့် ဖြစ်ပွားနိုင်သည်။

•        ရောဂါပိုးဝင်ရောက်ပြီး တစ်ရက်မှ ခုနစ်ရက်အတွင်း ဖြစ်ပွားသည်။

•        ရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်သည်။

(၃) အဆုတ်တွင်ဖြစ်သော   ထောင့်သန်းရောဂါ (Inhalation anthrax / Woolsorter’s disease)

•        အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ထောင့်သန်းရောဂါပိုး (Spores)များ  ဝင်ရောက် ခြင်းကြောင့် ဖြစ်ပွားသည်။

•        စတင်ဝင်ရောက်ပြီး တစ်ပတ်မှ နှစ်လအတွင်း ဖြစ်ပွားသည်။

•        ရောဂါလက္ခဏာများမှာ- လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊အစာမျိုရန်ခက်ခဲခြင်းတို့ဖြစ်ပွားသည်။

•        ပိုမိုဆိုးရွားလာပါက အဖျားကြီးပြီး အသက်ရှူခက်ခြင်း၊ သွေးအန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့အထိဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။

တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ မွေးမြူရေးတိရစ္ဆာန်များတွင် ထောင့်သန်း (Anthrax)ရောဂါကိုထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ ထောင့်သန်းရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့် တိရစ္ဆာန်များအကြား အုပ်စုလိုက် ကိုယ်ခံအား (herd immunity) ဖြစ်ပေါ်စေရန် မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ အကောင်အထည်ဖော်ရန် အရေးကြီးသည်။ အထူးသဖြင့် ထောင့်သန်း(Anthrax)ရောဂါ အမြဲဖြစ်ပွားနေသောဒေသများတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းသည်  အရေးကြီးသည်။ ကျေးလက်ဒေသရှိ ကျွဲ၊ နွား၊ ဆိတ်စသော အိမ်မွေးတိရစ္ဆာန်များကို နှစ်စဉ်ထောင့်သန်းရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။  တိရစ္ဆာန်များတွင်ကာကွယ်ဆေးထိုးနှံခြင်းသည် လူသားများအတွက် ကူးစက်မှုအန္တရာယ်ကို အထိရောက်ဆုံးလျှော့ချနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   ထုတ်သောကျွဲ၊ နွား ထောင့်သန်းရောဂါကာကွယ်ဆေး(Anthrax Vaccine for Cattle and Buffalo)ကျွဲ၊ နွားများကို ထောင့်သန်း (Anthrax) ရောဂါမှ ကာကွယ်ပေးသည့် ပိုးအရှင်ဖြင့်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်။

ဖော်စပ်ပုံ

ရောဂါဖြစ်ပွားမှုအားပျော့သော ပိုးအရှင်၏စပိုး Bacillus anthracis (Mukteswar Strain)ကို Saponin ပါဝင်ဖျော်စပ်ထားပြီး မူမှန်ဂလစ်စရင်းဆားရည်တွင် သတ်မှတ်ထားသည့် ပိုးအရေအတွက် စံနှုန်းကိုက်ညီအောင်ထည့်သွင်းဖော်စပ်ထားသည့်ဆေးဖြစ်သည်။

ဆေးအညွှန်း

ကျွဲ၊ နွားများအား ထောင့်သန်းရောဂါမှကာကွယ်ရန်အသုံးပြုသောဆေးဖြစ်သည်။ ခြောက်လနှင့်အထက် ကျန်းမာသော ကျွဲ၊ နွားများကို ထိုးနှံပေးနိုင်သည်။ ရောဂါဖြစ်ပွားသောဒေသများတွင် နှစ်စဉ် တစ်နှစ်တစ်ကြိမ်မှန်မှန်ထိုးပေးရန်လိုအပ်သည်။

အသုံးပြုပုံ

ဆေးမထိုးမီပုလင်းကိုသေချာစွာလှုပ်ပါ။ ကျွဲ၊  နွားတစ်ကောင်လျှင် 1CC နှုန်းဖြင့် အရေပြားအောက်သို့ ထိုးနှံပေးရမည်။

သိမ်းဆည်းခြင်း

အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိမ်းဆည်းပါ။ပြည်သူလူထုအား အသိပညာပေးခြင်း ကျေးလက်ဒေသများရှိ လယ်သမားများ၊ တိရစ္ဆာန်မွေးမြူသူများ၊ကျန်းမာရေးဝန်ထမ်းများထောင့်သန်းရောဂါကူးစက်နိုင်ခြေမြင့်မားသော ပြည်သူများအားထောင့်သန်း(Anthrax)ရောဂါ၏လက္ခဏာများ၊ ရောဂါကူးစက်နိုင်သောလမ်းကြောင်းများနှင့် ကာကွယ်ရေးနည်းလမ်းများကိုပညာပေးအစီအစဉ်များဖြင့်   အသိပညာမြှင့်တင်ရန်  အရေးကြီးသည်။ 

စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်း (Active Surveillance System)

ထောင့်သန်း (Anthrax)ရောဂါ၏  ကူးစက်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်းသည် ရောဂါထိန်းချုပ်ရေးအတွက် အဓိကအချက်ဖြစ်သည်။ ရောဂါဖြစ်ပွားဖူးသောဒေသများ (Previous Outbreak Areas)၊ တိရစ္ဆာန်မွေးမြူရေးဇုန်များ (Livestock Farming Zones)၊ရာသီဥတုပူပြင်းပြီး မြေဆီလွှာခြောက်သွေ့သောဒေသများ (Arid and Semi-Arid Regions)နှင့် နယ်စပ်ဒေသများ (Border Areas with Weak Veterinary Controls)တွင် စောင့်ကြည့်စနစ်များထူထောင်ရန် လိုအပ်သည်။  လူသားများအား ကူးစက်မှုမဖြစ်မီ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များထဲမှ Bacillus anthracis (spores)များကို   စောစီးစွာရှာဖွေဖော်ထုတ်နိုင်သည့်    အဆင့်မြင့်ရောဂါရှာဖွေရေးနည်းပညာအသုံးပြုခြင်းများ ပါဝင်သည်။  ထောင့်သန်းရောဂါပိုးသည် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော မျိုးစေ့ (spores)အဖြစ် ရှိနေနိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားဖူးသောဒေသများ၊ ကျွဲ၊ နွားများ ကျက်စားရာနေရာများတွင် မြေဆီလွှာနမူနာများ ပုံမှန်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ PCR (Polymerase Chain Reaction) နှင့် ELISA (Enzyme-Linked Immunosorbent Assay)ကဲ့သို့သောအဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာများဖြင့် သွေး၊ မြေနမူနာများတွင် ထောင့်သန်းရောဂါပိုးကို မြန်ဆန်စွာဖော်ထုတ်နိုင်သည်။  အထူးသဖြင့် ရုတ်တရက်သေဆုံးသော တိရစ္ဆာန်များအား ထောင့်သန်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းနှင့်  သေဆုံးသောတိရစ္ဆာန်များကို မြေမြှုပ်ခြင်း/ မီးရှို့ခြင်း ဖြင့်ပိုးမွှားများ ပြန့်ပွားမှုကို  ကာကွယ်နိုင်ပေသည်။

ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းထောင့်သန်းရောဂါ ကူးစက်ဖြစ်ပွားသော တိရစ္ဆာန်အသေကောင်မှ အသား၊ သွေး၊ ကိုယ်တွင်းအင်္ဂါနှင့် အရည်တို့သည် ရောဂါပိုးများပါဝင်သဖြင့် တိရစ္ဆာန်နှင့် လူတို့အတွက် အန္တရာယ်ရှိသည်။

တိရစ္ဆာန်တစ်ကောင်တွင် ထောင့်သန်းရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ၎င်းအား သတ်ဖြတ်ခြင်း၊ သွေးထုတ်ခြင်းမပြုလုပ်ရပါ။ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန် လိုအပ်သည်။ ၎င်းတိရစ္ဆာန်သေဆုံးပါက အသေကောင်အား ရွှေ့ပြောင်းခြင်း၊ အရေခွံခွာခြင်း၊ လှီးဖြတ် ခြင်း၊ တိရစ္ဆာန်အားခွဲစိတ်ခြင်း မပြုလုပ်သင့်ပါ။  တိရစ္ဆာန်အသေကောင်မှထွက်သောသွေးအား အလျင်အမြန်   ပိုးသတ်ဆေးများများလောင်း၍  ပိုးသတ်ရမည်။

ထောင့်သန်းရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့်ထိတွေ့သောတိရစ္ဆာန်များအား သီးခြားခွဲထားပြီး သေချာစောင့်ကြည့်ရမည်။ ကူးစက်ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်နှင့်တကွ ၎င်း၏ အညစ်အကြေးများကို ၆ ပေအနက်ရှိ မြေကျင်းတူး၍မြေမြှုပ်ပါ။  အသေကောင်ကို ရေမျှောခြင်း၊ မြစ်ချောင်းအနီး၊ ရေတွင်း ရေကန်အနီး မြေမြှုပ်ခြင်းမပြုလုပ်ရ။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၏အကူအညီကို ရယူပါ။

နိဂုံးချုပ်အားဖြင့်ဆိုရသော် ထောင့်သန်း (Anthrax) ရောဂါသည် Bacillus anthracis  ဗက်တီးရီးယားကြောင့်ဖြစ်သော  ရှေးအကျဆုံး   ဇူနိုးတစ်ရောဂါ (zoonotic disease) တစ်ခုဖြစ်ကာ လူနှင့်တိရစ္ဆာန်များ ကို ကူးစက်နိုင်ပြီး ရောဂါပိုးသည် မျိုးစေ့သဖွယ် (spore) အဖြစ် နှစ်ပေါင်းများစွာ မြေကြီး၊ အမွေးအမျှင် နှင့် အရေပြားတို့တွင် ရှင်သန်နိုင်ခြင်းကြောင့် စိုးရိမ်စရာကောင်းသော်လည်း ခေတ်မီသိပ္ပံနည်းကျ ကာကွယ်ထိန်းချုပ်မှုများဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ သို့သော် ဇီဝလက်နက်အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျေးလက်ဒေသများတွင်  ဆင်းရဲမှုတို့ကြောင့် ထောင့်သန်း(Anthrax)သည်   ၂၁  ရာစုတွင်လည်း  ကမ္ဘာ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေနိုင်သည်။  တိရစ္ဆာန်များ၊ လူသားများနှင့်   သဘာဝပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီသောဆက်စပ်မှုကို ထိန်းသိမ်းခြင်းဖြင့်သာ ကမ္ဘာ့ကျန်းမာရေးအန္တရာယ်များကို   လျှော့ချနိုင် မည်ဖြစ်သည်။    ။

 “ကျန်းမာသော တိရစ္ဆာန်များ = ကျန်းမာသောလူသားများ = ကျန်းမာသော ကမ္ဘာ”

MWD Web Portal

ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)