ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ
-

ဆီးချို ဟု ဆိုလိုက်ပါက အားလုံးကို အတူတူပဲဟု ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိကြောင်း သိသည့် သူများလည်း ရှိပါသည်။ ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုး ရှိပါသည်။

ထိုဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါသည်။ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေး ချင်ပါသည်။

ဆီးချိုဆိုတိုင်း အတူတူလား …….

ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါသည်။

အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက် နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်သောကြောင့်ဖြစ်ပါသည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက အင်ဆူလင်ကို ကောင်းကောင်း အသုံး မပြုနိုင်သောကြောင့်ဖြစ်ပါသည်။

ဒီလိုဆိုလို့ ဆီးချိုက အမျိုးအစား-၁ ရော အမျိုးအစား-၂ ရော အတူတူပဲဟု ယူဆစရာရှိပါသည်။ တကယ်တော့ ဒီဆီးချို အမျိုးအစားတွေက ရောဂါဖြစ်ရသည့် အကြောင်းရင်းခံတွေ မတူသလို ခံစားရသည့် လက္ခဏာတွေရော ကုသနည်း တွေပါ ကွာခြားနေနိုင်ပါသည်။

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချိုတို့ ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဘယ်လိုတွေ ကွာခြားနေလဲ……

ဖြစ်ရတဲ့ အကြောင်းအရင်း 

  • အမျိုးအစား-၁ ဆီးချို – ခန္ဓာကိုယ်က ပန်ကရိယမှာရှိသည့် ဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် မထုတ် နိုင်တာကြောင့် ဖြစ်ရတာပါ။ 

  • အမျိုးအစား-၂ ဆီးချို – ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တာကြောင့် ဖြစ်ရတာပါ။

ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချို ဖြစ်စေသည့် အကြောင်းအရင်းကို အခုချိန်ထိ တိတိကျကျ မသိရ သေးပါ။

  • အမျိုးအစား-၂ ဆီးချို – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နေထိုင်စားသောက်မှုပုံစံ ကျန်းမာရေးနှင့် မညီညွတ်တာတွေက အမျိုးအစား-၂ ဆီးချို ဖြစ်စေနိုင်ပါသည်။

လက္ခဏာတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုမှာ လက္ခဏာတွေက ပို၍ မြန်မြန်ပြသပါသည်။

  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချို လက္ခဏာတွေက သိသိသာသာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြသ တာကြောင့် သိရှိကုသဖို့ ခက်ခဲပါသည်။

စီမံထိန်းချုပ်နည်းတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုကို အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့် နည်းလမ်းဖြင့်သာ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။

  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုမှာတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့်နည်းလမ်းက အမျိုးအစား-၁ ဆီးချိုထက် ပိုများပါသည်။ အမျိုးအစား-၂ ဆီးချို ရှိသူများအနေဖြင့် သောက်ဆေးတွေအပြင် အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ပါသည်။

၂မျိုးလုံးမှာ ဆေးဝါးဖြင့် ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် စားသုံးခြင်း စသည့် အချက်များကို လိုက်နာဖို့ လိုပါသည်။

ကာကွယ်ကုသနည်းတွေ

အမျိုးအစား-၁ ဆီးချို – လက်ရှိမှာ အမျိုးအစား-၁ ဆီးချိုအတွက် ကုသနည်း မရှိသေးပါ။ လေ့လာသုတေသန ပြုမှုတွေတော့ လုပ်ဆောင်နေပါသည်။

အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ဖြစ်နိုင်ခြေကို လျှော့ချ၍ ရသလို သေချာလေး ဂရုစိုက်ပြီး ကျန်းမာရေးလိုက်စားမည်ဆိုပါက သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်မှာပါ။

သိထားဖို့လိုမယ့် ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါ အမျိုးအစား-၁နှင့် အမျိုးအစား-၂ မှာ လက္ခဏာလေးတွေက သိပ်မကွာလှပါ။

အမျိုးအစား-၁ ဆီးချို

အခုပြောပြမည့် လက္ခဏာတွေ ခံစားရမည်ဆိုလျှင် အမျိုးအစား-၁ ဆီးချို ရှိနေတာ ဖြစ်နိုင်ပါသည်။ အမျိုးအစား-၁ ဆီးချိုက အသက်ငယ်ငယ်ကလေးတွေမှာ ဖြစ်တတ်ပါသည်။

  • ရေ ခဏခဏ ဆာမည်

  • ဆီး ခဏခဏ သွားမည်

  • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျမည်

  • ပင်ပန်းနွမ်းနယ်မည်။ အားမရှိသလို ခံစားရမည်

  • အမြင်အာရုံတွေ ဝေဝါးမည်။

အမျိုးအစား-၂ ဆီးချို

အမျိုးအစား-၂ ဆီးချို ခံစားရသည့် အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါသည်။ ယခင်က အသက် ၄၀ အထက်မှာ ဖြစ်သော်လည်း နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသောကြောင့် ၄၀အောက်တွေမှာလည်း ဖြစ်လာ သည်ကို တွေ့ရပါသည်။

  • ရေအရမ်းဆာမည်

  • ဆီးခဏခဏ သွားမည်

  • ခြေလက်တွေ ထုံကျဉ်မည်

  • ခြေကုန်လက်ပမ်းကျမည်

  • အမြင်အာရုံ ဝေဝါးမည်

  • ဗိုက် ခဏခဏ ဆာမည်

  • အသားတွေ ယားမည်

အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချို က ယခုလို ကွာခြားမှုလေးတွေ ရှိပါသည်။

Hello ဆရာဝန်

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ဖြစ်ပွားနိုင်သောသွေးချိုဆီးချိုရောဂါအကြောင်း သိကောင်းစရာ
-

ကမ္ဘာကြီးသည် တိုးပွားလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် အသစ်တွေ့ရှိလာသော သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက် လာသည်ကို ရင်ဆိုင်နေရသည်။ ကိုဗစ် -၁၉ ရောဂါသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ သွေးချိုဆီးချိုရောဂါမရှိသောလူနာများတွင်  ရေရှည် နောက်ဆက်တွဲပြဿနာတစ်ခုအဖြစ်သွေးချိုဆီးချိုရောဂါအသစ် စတင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ မကြာသေးမီက လေ့လာမှုများ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေ နှစ်ဆနီးပါးတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံး၊ လူမျိုးစုအားလုံးနှ

ကမ္ဘာကြီးသည် တိုးပွားလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် အသစ်တွေ့ရှိလာသော သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက် လာသည်ကို ရင်ဆိုင်နေရသည်။ ကိုဗစ် -၁၉ ရောဂါသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ သွေးချိုဆီးချိုရောဂါမရှိသောလူနာများတွင်  ရေရှည် နောက်ဆက်တွဲပြဿနာတစ်ခုအဖြစ်သွေးချိုဆီးချိုရောဂါအသစ် စတင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ မကြာသေးမီက လေ့လာမှုများ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေ နှစ်ဆနီးပါးတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံး၊ လူမျိုးစုအားလုံးနှင့် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသောသူများတွင်ပင် ဖြစ်ပွားမှုတိုးလာနိုင်သည့်အန္တရာယ်ကို တွေ့လာရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်များစွာကို အခြေခံသော လေ့လာမှုတစ်ခုတွင်  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံထားရသူများသည်သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပြီး တစ်နှစ်အတွင်း သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုသည် လူပေါင်း ၁၀၀၀ တွင် ၁၃ ဦးမှ ၁၄ ဦးအထိရှိကြောင်း တွေ့ရှိရသည်။ တစ်ကမ္ဘာ လုံးတွင်  ပြင်းထန်သော  ကိုဗစ်-၁၉ရောဂါ၏အကျိုးဆက်များကို လေ့လာမှုများနှင့် စနစ်တကျပြန်လည်သုံးသပ်မှုများအရ အသစ်စတင် ဖြစ်ပွားသည့်  သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ကိုဗစ်- ၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် သုံးလအတွင်းတွင်  ပိုများလာ ကြောင်း  တွေ့ရသည်။  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက်  နောက် ဆက်တွဲဆိုးကျိုးအဖြစ်   အသစ်တွေ့ရှိသော  သွေးချိုဆီးချိုရောဂါတွင် အမျိုးအစား- ၁ နှင့် အမျိုးအစား-၂ သွေးချိုဆီးချိုနှစ်မျိုးစလုံး ဖြစ်ပေါ် လာစေနိုင်သည်။

သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားခြင်းဆိုသည်မှာ သွေးချိုဆီးချိုရောဂါရာဇဝင်မရှိသူများတွင် သွေးချိုဆီးချိုရောဂါလက္ခဏာများ ပထမ ဆုံးဖြစ်ပေါ်လာခြင်း သို့မဟုတ် သွေးစစ်ဆေး၍ ရောဂါသတ်မှတ်ခြင်း ဖြစ်သည်။ တချို့သောလေ့လာမှုများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရပြီးနောက် သွေးချိုဆီးချိုရောဂါအသစ်စတင်မှုနှင့်ပတ်သက်၍ လက်ရှိ သုံးသပ်ချက်အရ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာ များသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားသောလူနာများနှင့်နှိုင်းယှဉ်ပါက ပထမသုံးလတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါးရှိကြောင်း ပြသခဲ့သည်။

ကိုဗစ်-၁၉ရောဂါ၏သက်ရောက်မှုနှင့် သွေးချိုဆီးချိုရောဂါ

ကိုဗစ်-၁၉ ရောဂါသည် အင်ဆူလင်ထုတ်လုပ်သည့် ပန်ကရိယဘီတာ ဆဲလ်များကို  တိုက်ရိုက်ကူးစက်အန္တရာယ်ပြုနိုင်ပြီး  အင်ဆူလင်ထုတ် လွှတ်မှုကို လျော့ကျစေသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်တွင် ရောင်ရမ်းတုံ့ပြန်မှုနှင့် နာတာရှည်ရောင်ရမ်းခြင်းသည် ဂလူးကို့စ်ဇီဝဖြစ်ပျက်မှု၊ အင်ဆူလင်ခံနိုင်ရည်ရှိမှုနှင့် ပန်ကရိယဘီတာဆဲလ်များ၏လုပ်ဆောင်မှုအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်။ စတီးရွိုက်ဆေးများအသုံးပြုခြင်း၊ မျိုးရိုးဗီဇအရထိခိုက် လွယ်သူများတွင် ဘီတာဆဲလ်များပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း၊ အဝလွန်ခြင်း၊ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစုရှိခြင်း၊နာမကျန်းမှု၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကြောင့် သွေးတွင်းသကြားဓာတ် ကိုမြင့်တက်စေနိုင်သည်။ တချို့သောဗိုင်းရပ်စ်များသည်   ခန္ဓာကိုယ် တစ်သျှူးများတွင်ရှိနေနိုင်ပြီး သွေးတွင်းသကြားဓာတ်ထိန်းညှိမှုပြဿနာ များကို ဆက်လက်ဖြစ်ပေါ်စေသည်။

ကိုဗစ်-၁၉ ရောဂါအလွန် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအန္တရာယ်အများဆုံးရှိသူများ

ကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါစတင်မှုနှင့်  ဆက်နွှယ်သည့် အန္တရာယ်အရှိဆုံးအချက်များမှာ အသက်ကြီးသူများ၊ အဝလွန်သူ များ၊ ပြင်းထန်သောကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး စတီးရွိုက်အသုံးပြုရ ခြင်း၊ အောက်ဆီဂျင်လျော့ကျမှုနှင့် အသက်ရှူစက်တပ်ရသည့်အခြေအနေ များဖြစ်သည်။ ဆေးရုံတက်ရခြင်း သို့မဟုတ် အထူးကြပ်မတ်ကုသဆောင် တွင် ကုသရသူများသည် နောက်ပိုင်းတွင် သွေးချိုဆီးချိုဖြစ်နိုင်ခြေပိုများ သည်။ မိသားစုသွေးချိုဆီးချိုရောဂါရာဇဝင်၊ Metabolic syndrome ခေါ်  ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစု၊ မူလရောဂါအခံရှိမှုနှင့်  ဆေးလိပ်သောက်သည့်အလေ့အထရှိသူများတွင် ဖြစ်နိုင်ခြေများသည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူတိုင်း သွေးချိုဆီးချိုရောဂါရှိနိုင် သော်လည်း တချို့သောအုပ်စုများ (အသက် ၆၅ နှစ်အထက်၊ လူမည်းတိုင်းရင်းသားနွယ်ဖွားများ၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၃၀ ကျော်ပြီး  အဝလွန်သူများ၊ သွေးတိုးရောဂါ၊  နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကိုလက်စထရောများခြင်းကဲ့သို့သော တခြားကျန်းမာရေးအခြေ အနေရှိသူများ)သည် အန္တရာယ်ပိုများသည်။ သွေးချိုဆီးချိုရောဂါဖြစ်နိုင် ခြေအန္တရာယ်ရှိသည့်  တချို့သောအခြေအနေများသည် ကာကွယ်ဆေးထိုးခြင်းဖြင့်အန္တရာယ်ကိုလျှော့ချနိုင်သည်ဟုလေ့လာမှုတချို့က အကြံပြုထားသည်။

ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲများကွဲပြားခြားနားသောကြောင့်   သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအမျိုးမျိုးရှိနိုင်ပြီး  ကိုဗစ်-၁၉ ရောဂါ၏ Delta မျိုးကွဲသည် Omicron နှင့်နှိုင်းယှဉ်ပါက သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ  အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ Omicron မျိုးကွဲသည် Omicron  မဟုတ်သော  မျိုးကွဲများနှင့်နှိုင်းယှဉ်ပါက အမျိုးအစား-၂ သွေးချိုဆီးချို ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း တွေ့ရှိရသည်။  သို့သော်လည်း  ကျယ်ပြန့် သောလေ့လာမှုတစ်ခုအရ  Omicron  အမျိုးအစားကူးစက်ခံရပြီးနောက် သုံးလနှင့်ခြောက်လအတွင်းတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေတိုးလာကြောင်း  တွေ့ရှိမှုသည် Omicron  မျိုးကွဲ၏ လျင်မြန်စွာပျံ့နှံ့နိုင်စွမ်း၊ ဆဲလ်အချင်းချင်းကူးစက်မှုနှင့် ကိုယ်ခံစွမ်းအား၏တိုက်ထုတ်မှုမှ လွတ်မြောက်ခြင်းတို့ကြောင့်  သွေးချိုဆီးချိုရောဂါနှင့်  တခြားရောဂါများ၏ အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

အမေရိကန်နိုင်ငံမှသုတေသီများ၏၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ရှည်လျားသော ကိုဗစ်- ၁၉ ရောဂါကာလတွင် ဖြစ်ပွားခဲ့သည့် သွေးချို ဆီးချိုရောဂါ၏အန္တရာယ်နှင့် နောက်ဆက်တွဲရောဂါများလေ့လာမှုတွင်  အသက် ၁၈ နှစ်အောက်ကလေး ၂ ဒသမ ၅ သန်းကျော်၏  ဒေတာဘေ့စ် များအရ ကိုဗစ်-၁၉ ရောဂါပြန်လည်ကောင်းမွန်ပြီးနောက် သွေးချိုဆီးချို ရောဂါအသစ် ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရသည်။ ထို့ပြင် ကိုဗစ်-၁၉   ရောဂါကာလတွင်ဖြစ်သော   သွေးချိုဆီးချိုရောဂါအသစ်များ၏ အန္တရာယ်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမပေါ်ပေါက်မီ ကူးစက်ပျံ့နှံ့ နေသော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကူးစက်ခံရသူများ တွင်  သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုထက် ပိုများကြောင်း တွေ့ရှိရသည်။

စောင့်ကြည့်ရမည့် ရောဂါလက္ခဏာများ

ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သုံးလမှ ၁၂ လ အတွင်း  သွေးချိုဆီးချိုရောဂါလက္ခဏာများကို  စစ်ဆေးတွေ့ရှိနိုင်ပါ သည်။ မကြာခဏရေငတ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေး ခြင်း သို့မဟုတ် တချို့လူနာများတွင် သွေးချိုဆိပ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်အလွန်အမင်းမြင့်တက်၍ ရေဓာတ်ခန်းခြောက်ခြင်း ကြောင့် အရေးပေါ်အခြေအနေဖြစ်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သွေးချို ဆီးချိုရောဂါအသစ် စတင်ဖြစ်ပွားသည့်လူနာများသည် သွေးချိုဆီးချို ရောဂါရှိသူ သို့မဟုတ် ယခင်သွေးတွင်းသကြားဓာတ်မြင့်တက်ဖူးသော ကိုဗစ်-၁၉  ရောဂါလူနာများထက်  သေဆုံးနိုင်ခြေပိုများကြောင်း  သိရ သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူများ တွင်   သွေးချိုဆီးချိုရောဂါလက္ခဏာများကို   စောင့်ကြည့်စစ်ဆေးပြီး စောစောစီးစီးဖော်ထုတ်ရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ရောဂါအလွန်သွေးချိုဆီးချိုရောဂါမှ ကြိုတင်ကာကွယ်ခြင်း

ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကိုထိန်းသိမ်းပါ၊၊ သွေးချို ဆီးချိုရောဂါအန္တရာယ်ကိုလျှော့ချရန်  မျှတသောအစားအစာကိုစားပါ။ တက်ကြွစွာနေထိုင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။  ကျန်းမာသောကိုယ် အလေးချိန်ကို ထိန်းသိမ်းပါ။  အကြိုသွေးချိုရောဂါ သို့မဟုတ် တခြား နာတာရှည်ရောဂါများရှိပါက ကျန်းမာရေးအခြေအနေများ ပိုမိုဆိုးရွားလာမှု သို့မဟုတ် ပြင်းထန်ကိုဗစ်-၁၉ ရောဂါ၏  နောက်ဆက်တွဲဆိုးကျိုး များကို ကာကွယ်ထိန်းချုပ်ရန် အနီးကပ်စောင့်ကြည့်ပြီး အထူးကုဆရာ ဝန်များနှင့်ပြသ၍     လမ်းညွှန်ချက်များကို      လိုက်နာဆောင်ရွက်နိုင်ပါသည်။

နောက်ထပ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကာကွယ်ရန်နည်းလမ်းများ

တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်စေရန်လက်ကိုမကြာခဏဆေး ပါ။  အစာမစားမီ၊ သန့်စင်ခန်းသုံးပြီးနောက်၊  နှာချေ/ချောင်းဆိုးသည့် အခါနှင့်အများသူငါထိုင်သောနေရာများ၌ထိုင်ပြီးနောက်တွင် လက်ကိုဆပ်ပြာနှင့်ရေဖြင့်  အနည်းဆုံး  စက္ကန့် ၂၀  ကြာပွတ်တိုက်ပြီး သေချာစွာဆေးကြောပါ။ ဆပ်ပြာနှင့်ရေမရရှိနိုင်သောအခါတွင် အနည်း ဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါသော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။  လက်မဆေးဘဲ  နှာခေါင်းနှင့်ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။  ချောင်းဆိုး၊  နှာချေသည့်အခါ  ပါးစပ်နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ဖြင့်အုပ်ပါ။ တစ်ရှူးများကို စနစ်တကျ စွန့်ပစ်ပြီး လက်ကိုချက်ချင်းဆေးကြောပါ။ လူထူထပ်သောနေရာများသို့သွားခြင်းမှရှောင်ကြဉ်ပြီး မဖြစ်မနေသွားရန်လိုအပ်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ လူစည်ကားသော သို့မဟုတ် လေဝင်လေ ထွက်မကောင်းသောနေရာများကို ရှောင်ကြဉ်ပါ။

ကာကွယ်ဆေးထိုးခြင်းသည် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကိုတားဆီးရာတွင် အထောက်အကူဖြစ်စေပြီး ပြင်းထန်ဖျားနာမှု နှင့် ရေရှည်နောက်ဆက်တွဲပြဿနာများကိုကာကွယ်ရန် အထိရောက် ဆုံးနည်းလမ်းဖြစ်သည်။ အသက်ခြောက်လနှင့်အထက် လူတိုင်းအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးခြင်းသည် တုပ်ကွေးဖြစ်နိုင်ခြေနှင့်တုပ်ကွေးလက္ခဏာများ၏ပြင်းထန်မှုကိုလျှော့ချနိုင်သည်။

ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် နှစ်စဉ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများကို ထိုးထားသင့်သည်။ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ လုံလောက်စွာအိပ်စက်ပါ၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။

အကယ်၍အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကူးစက်ခံရသောလက္ခဏာများ  ပေါ်ပေါက်လာပါက  အဖျားမရှိသည့်တိုင်အောင် အနည်းဆုံး ၂၄ နာရီအိမ်တွင်နေပြီး တခြားသူများနှင့် ဝေးဝေးနေပါ။ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်သောအခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များကို သတိပြုလိုက်နာဆောင်ရွက်ပါ။

အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအကျိုးသက်ရောက်မှုများ  ခံစားခဲ့ရပြီးနောက် ပေါ်ပေါက်လာသောနောက်ဆက်တွဲရောဂါတစ်ခုမှာ ကိုဗစ်-၁၉  ရောဂါ မှ ပြန်လည်ကောင်းမွန်လာပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ်လာနိုင် ခြင်းဖြစ်သည်။  ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည်  ကိုဗစ်-၁၉ ရောဂါ၏   နောက်ဆက်တွဲအကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ လူထုအား  အသိပညာပေးခြင်းဖြင့်  အသိပညာမြှင့်တင်ရန်၊  ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များချမှတ်ရန်နှင့်  စစ်ဆေးကုသပေးရန်ပြင်ဆင်ထားသင့်ကြောင်း တင်ပြအပ်ပါသည်။

MWD Web Portal

ဒေါက်တာသိင်္ဂီကျော်

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ
-

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘာလဲ

ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင် အပေါ် မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။

အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်း သကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက် အရွယ် များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးအစား ၁ မှာ ၂ လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက် အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည် နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)၏ လက္ခဏာတွေကဘာတွေလဲ

အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ

  • အမြင်ဝေဝါးခြင်း

  • မကြာခဏဆီးသွားခြင်း

  • ရေအလွန်ငတ်ခြင်းနှင့် ဗိုက်အလွန်ဆာခြင်း

  • မကြာခဏ ပိုးဝင်ခြင်း

  • အချိန်တိုင်းလိုလို မောပန်းနေခြင်း

  • အနာကျက်နှေးခြင်း

  • ခြေထောက်များတွင် ထုံခြင်း ကျင်ခြင်း

  • ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့် ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နှင့် သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေ အတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)ကို ဘာတွေက ဖြစ်စေသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်း ဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့ ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းတချို့မှာ

  • မျိုးရိုးရှိခြင်း- အမျိုးအစား ၁ ဆီးချိုရောဂါရှိသော မိဘ သို့မဟုတ် မောင်နှမရှိထားလျှင် ဖြစ်နိုင်ခြေ အနည်းငယ် မြင့်နိုင်ပါသည်။

  • ဗီဇ- တချို့သောဗီဇများ ပါလာခြင်းက အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ခြေကို တိုးစေပါသည်။

  • အသက်- အမျိုးအစား ၁ ဆီးချိုမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဖြစ်များဆုံး အသက် အရွယ်နှစ်ခုရှိ၏။ ပထမတစ်ခုမှ အသက် ၄ နှစ်နှင့် ၇ နှစ်ကြားဖြစ်ပြီး ဒုတိယမှာ ၁၀ နှစ်နှင့် ၁၄ နှစ်ကြားတွင် ဖြစ်သည်။

  • အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေ မပြရသေးပါ။ ထိုအချက်များမှာ

  • Epstein-Barr virus, Coxsackie virus, mumps virus and cytomegalovirus တို့လို ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း၊

  • နွားနို့ကို အသက်ငယ်ငယ်တွင် သောက်သုံးခြင်း၊

  • ဗီတာမင်ဒီ ပမာဏနည်းခြင်း၊

  • နိုက်ထရိုက်ပါသောရေကို သောက်ရခြင်း၊

  • အစောဆုံး ၄ လ မတိုင်ခင် သို့မဟုတ် အနောက်ကျဆုံး ၇ လနောက်တွင် နှံစားသီးနှံများ၊ ဂလူတင်များကို   ကလေးအားကျွေးခြင်း၊

  • ကိုယ်ဝန်ဆိပ်တက်သော မိခင်မှ မွေးသည့်ကလေး၊

  • အသားဝါနှင့် မွေးလာသောကလေး၊

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမို သောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Diabetes Mellitus Type 1ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။

  • အစားမစားဘဲ ဂလူးကို့စ်စစ်ခြင်း (Fasting blood glucose) – ≥ 7.0 mmol/L (≥ 126 mg/dL)

  • ဆီးချိုလက္ခဏာများနှင့် ကျပန်းဂလူးကို့စ်လယ်ဗယ်စစ်ခြင်း (Random blood glucose)– ≥ 11.1 mmol/L (≥  200 mg/dL)

  • အစာစားပြီး ၂ နာရီခြား ဂလူးကို့စ်လယ်ဗယ် သို့မဟုတ် oral glucose tolerance test လုပ်ရာတွင် ≥ 11.1      mmol/L (≥ 200 mg/dL)

  • Hemoglobin A1c >6.5% (HbA1c test)

          သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကိုလုပ်နိုင်မည်ဖြစ်သည်။

  • ဆီးချိုကြောင့် အာရုံကြောထိခြင်းကို စစ်‌ဆေးခြင်း၊

  • သွေးပေါင်ချိန်ကို စစ်ဆေးခြင်း၊

  • မျက်လုံးနောက်ဖက်အား အလင်းပါကိရိယာတစ်မျိုးဖြင့် စစ်ဆေးခြင်း၊

  • HbA1C အားစစ်ဆေးခြင်း။ (ဆီးချိုထိန်းနိုင်ခြင်းရှိ၊ မရှိ ၆ လတစ်ကြိမ်စစ်ဆေးရမည်)

အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့ အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။

  • ကိုလက်စ်ထရောနှင့် ထရိုင်ဂလစ်စရိုက်လယ်ဗယ် စစ်ဆေးခြင်း

  • ကျောက်ကပ်လုပ်ငန်းစဉ် စစ်ဆေးခြင်း (Glomerular filtration rate – eGFR, blood urea nitrogen – BUN, microalbuminuria and serum creatinine)

  • သွားကျန်းမာ‌ရေးအတွက် ၆ လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသခြင်း။ထိုဆရာများကိုလည်း သင့်တွင် ဆီးချိုရှိကြောင်း ပြောပြထားရမည်။

Diabetes Mellitus Type 1 ကို ဘယ်လိုကုသပါသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလော မှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်း မထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။

အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ

အင်ဆူလင်

ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်း သကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုး ရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့် ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။

ကိုးကား- Hello ဆရာဝန်

ပညာတတ်လူငယ်များနှင့် တိုင်းပြည်အနာဂတ်
-

ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။

အထူးသဖြင့် ပုံမှန်ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ဘဝ တိုးတက်ရေးအတွက် များစွာအခရာကျလျက်ရှိသည်။ ပညာတတ်လူငယ်များပြားသော တိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံသည်လည်း ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

 နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုအပေါ်တွင် များစွာမူတည် လျက်ရှိသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ပညာရေးကဏ္ဍအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ လူငယ်များပညာဆုံးခန်း တိုင်အောင် သင်ကြားခွင့်ရရှိရေးအတွက် အစိုးရပိုင်းက အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးနေသလို မိဘအုပ်ထိန်းသူများကလည်း သားသမီးများ စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးသွားရန် လိုအပ်ပေသည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ပညာတတ်မြောက်မှုသည် ထိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအခရာကျလျက်ရှိသည်။

လူမဆန်သောလုပ်ရပ်များ

သို့သော် NUG နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ စတင်ချိန်မှာပင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်း ပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာလုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်းသေဆုံးသူ ၈၀ ၊ ဒဏ်ရာရရှိ သူ ၃၅ ဦး ရှိပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လူမဆန်သောလုပ်ရပ်များကြောင့် နိုင်ငံသားများ၏ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများကို ထိခိုက်စေလျက်ရှိသည်။

ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူ ဖော်ဆောင်ပေးနေသော ဆရာ ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် ပညာသင်ယူခွင့်အခွင့်အရေး တို့ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။

“နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး” အလေးအနက်အသိအမှတ်ပြုကာ ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။      

ဆိုရလျှင် တိုင်းပြည်အတွင်း ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေသည်။ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရန်လိုအပ်သည်။

အထူးသဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ သို့မှသာ ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများတိုးပွားလာပြီး ၎င်းတို့ဘဝအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများဖတ်ရှုခြင်းမှလည်း ရရှိနိုင်ပါသည်။

အလားတူ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့်သူများဖြစ်သည့် ဆရာ ဆရာမများအနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ်လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည်။ ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်ရှုခြင်းမှရရှိခဲ့သည့် အသိအမြင်များကိုလည်း ကလေးငယ်များကို မျှဝေပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် တိုင်းပြည်၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ်လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိစဉ် ကျောင်းစုံညီခန်းမ၌ ဆရာ ဆရာမများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၏ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက်ကိုလည်း သင်ကြားရေး တာဝန်ယူထားရသည့် ဆရာ ဆရာမများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက် အလက်များအရ မိမိတို့နိုင်ငံအနေဖြင့် ပညာရေး အားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲ ဖြစ်ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေး အားနည်းလျက်ရှိနေကြောင်း၊ ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ ဆရာမများကလည်း သွန်သင်ပေးမှုများ ရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့်အချိန်များသဖြင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်း လုံးဝမနေဖူးသူများအနေဖြင့် ဆရာ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ ဆရာမများအနေဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရေးသည် အဓိက အရေးကြီးကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကြီးကို တိုးတက်အောင်ထူထောင်နိုင်မည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်များ အနေဖြင့်လည်း တိုးတက်အောင်မြင်သော ဘဝပိုင်ဆိုင်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက ပညာရေးတွင် အပတ်တကုတ်ကြိုးပမ်းသွားရန်လိုအပ်သည်။ ပညာသင်ယူသည့်အရွယ်တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာအပါအဝင် ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုအပ်ပေသည်။ ပြိုင်ဆိုင်မှုပြင်းထန်သောခေတ်ကြီးတွင် လေ့လာသင်ယူမှုရပ်တန့်လိုက်သောသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့ရမည် ဖြစ်သည်။

အလားတူ မိဘအုပ်ထိန်းသူများကလည်း မိမိသားသမီးများ ပညာထူးချွန်ကာ လူတော်လူကောင်းများ ဖြစ်လာရေးအတွက် စနစ်တကျမြေတောင်မြှောက်ပေးရန်လိုအပ်သည်။ သားသမီးများကို မိမိထက်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာလျှင် မိဘဝတ္တရားကျေပွန်မည်ဖြစ်သည်။ မျိုးဆက်သစ်များ ပညာထူးချွန်ရေးအတွက် ကျွမ်းကျင်သော ဆရာ ဆရာမများ လိုအပ်သလို သင်ထောက်ကူပစ္စည်းများလည်း လိုအပ်သည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို တိုးတက်အောင် ပုံဖော်တည်ဆောက်မည့် မျိုးဆက်သစ်လူငယ်များအေးချမ်းစွာပညာသင်ယူနိုင်ရေး၊ ပညာထူးချွန်ပြီး လူတော်လူကောင်းများ ဖြစ်လာရေးအတွက် ဝိုင်းဝန်းပြုစုမြေတောင်မြှောက်ပေးကြရမည် ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ ။

ကိုးကား။ ။ နေ့စဉ်ထုတ်သတင်းစာများ။

MOI

ဝင်းဇင်(သုတေသန)

အအေးကြိုက်သူများ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပို၍များ
-

ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်ပေ။ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်က အာယုဗ္ဗေဒဆေးကျမ်းများတွင် တွေ့ရှိရသော 'မဓုပမေဟ' ခေါ် ဆီးတွင် ပုရွက်ဆိတ်များအုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ ယခုအခါ သွေးချို၊ ဆီးချိုရောဂါဟု ဆရာဝန်ကြီးများက ခေါ်ဝေါ်သုံးစွဲလာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါနှင့် အတူတူပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံသည့် အဆင့်ရောက်လျှင် သွေးချိုမှာ အတော်ပင်မြင့်နေပြီဖြစ်သည်။ လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို ကြောက်၍ သတိထားစစ်ဆေးကြသော်လည်း ဆီးချိုရောဂါကို သတိမေ့နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်

ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်ပေ။ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်က အာယုဗ္ဗေဒဆေးကျမ်းများတွင် တွေ့ရှိရသော 'မဓုပမေဟ' ခေါ် ဆီးတွင် ပုရွက်ဆိတ်များအုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ ယခုအခါ သွေးချို၊ ဆီးချိုရောဂါဟု ဆရာဝန်ကြီးများက ခေါ်ဝေါ်သုံးစွဲလာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါနှင့် အတူတူပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံသည့် အဆင့်ရောက်လျှင် သွေးချိုမှာ အတော်ပင်မြင့်နေပြီဖြစ်သည်။ လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို ကြောက်၍ သတိထားစစ်ဆေးကြသော်လည်း ဆီးချိုရောဂါကို သတိမေ့နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်ကြောင်းသိလျှင် နောက်ကျနေပြီဖြစ်တတ်သည်။ ဖြစ်နေသည်ကို နှစ်ချီကြာသည်အထိ မသိရှိ၊ သတိမထားမိဖြစ်တတ်ကြသည်။ မိတ်ဆွေတစ်ဦးသည် ခြေစွယ်ငုပ်သဖြင့် ဓားဦးချွန်ဖြင့် ဖော်လိုက်ရာမှ အနာမကျက်ဘဲ ပြည်တည်လာသည်။ ခြေမတစ်ဝိုက် ညိုမည်းပြီး ပုပ်တော့မည့်အနေအထားဖြစ်လာမှ ဆေးရုံပြပြီး စစ်ဆေးလိုက်သောအခါ သွေးချို၊ ဆီးချိုအဆင့် ၁၂ အထိတက်နေကြောင်း သိရသည်။ ဆီးချိုအမြန်ချပြီး ကုသလိုက်ရသည်။ ခြေမ မဖြတ်လိုက်ရသည်မှာ ကံကောင်းသည်ဟု ဆရာဝန်ကြီးကပြောသည်။ 'မဓုပမေဟ' ခေါ် ဆီးချိုရောဂါ၏အစမှာ အအေးကြိုက်ခြင်းကြောင့်ဖြစ်သည်ဟု ရှေးဆေးကျမ်းများက ဆိုသည်။ ခန္ဓာကိုယ် အအေးကြိုက်ခြင်းသာမက အေးသောအစားအစာကို ကြိုက်နှစ်သက်မှုလွန်ကဲခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်သည်။ ချိုသောအစာကို ကြိုက်နှစ်သက်လွန်းလျှင်လည်း ဖြစ်နိုင်သည်။ အချိုဓာတ်သည် သီတပထဝီဓာတ်ဟုခေါ်၍ ဝမ်းထဲရောက်ပြီး ခုနစ်နာရီခန့်ကြာသောအခါ သွေးထဲသို့ ရသရည်အဖြစ် ရောက်သည်။ ရသရည်အရောက်များသဖြင့် မကြေကျက်နိုင်သောအခါ သွေးချိုရောဂါ ဖြစ်ရသည်။ သွေးချိုရောဂါမှ စွန့်ထုတ်သောဆီးတွင် သကြားဓာတ်များပါသွားသဖြင့် ဆီးချိုရောဂါဟု ခေါ်ဆိုခြင်းဖြစ်သည်။ ယခုခေတ်တွင် နောက်ထပ်ပေါ်လာသော အအေးစာတစ်မျိုးမှာ ရေခဲသေတ္တာတွင် ကြာရှည်စွာသိမ်းထားသော အသားနှင့် အသီးများဖြစ်သည်။ မီးဖြင့် ချက်စားသော်လည်း အတွင်းတွင် အောင်းနေသော သီတဓာတ်ကို ပျက်အောင်မချက်နိုင်သဖြင့် ရသရည်မှတစ်ဆင့် သွေးထဲ ရောက်သွားပြီး သွေးချိုရောဂါ ဝင်လာတတ်သည်။ ကျန်းမာရေးအတွက် ဆီးချိုရောဂါ၊ သွေးချိုရောဂါကို ရှောင်လိုလျှင် သဘာဝအတိုင်း လတ်ဆတ်သော အသီးအနှံ ကိုသာ ရွေးချယ်စားသုံးသင့်သည်။ ပင်လယ်ငါးစားခြင်းဖြင့် Omega-3 ဖက်တီးအက်စစ်တို့ပါဝင်သဖြင့် သွေးတွင်းအဆီ၊ မကောင်းသောအဆီကျစေသည်ဟု ဆိုကြသော်လည်း ရေခဲရိုက်ထားသော လချီကြာသည့် ပင်လယ်ငါးများမှာ စားသုံးရန်မသင့်ပေ။ ရေခဲစိမ်ကြက်သား၊ ရေခဲစိမ်ငါးများကြောင့် အစာအဆိပ်သင့်ရောဂါနှင့် သွေးချို၊ ဆီးချိုရောဂါများ ဖြစ်ပွားနိုင်သည်။ မျိုးရိုးကြောင့် မဟုတ်ဘဲ သွေးချို၊ ဆီးချိုရောဂါရသူများမှာ ရေခဲရိုက်အစားအစာများကို နှစ်သက်စွာ စားသုံးသူများဖြစ်ကြောင်း လေ့လာသိရှိရသည်။ အအေးခန်းတွင် အိပ်စက်ခြင်းနှင့် အအေးခန်းတွင် နေ့စဉ် အလုပ်လုပ်ရခြင်းကြောင့်လည်း ကြာလျှင် ဆီးချိုရောဂါ ဝင်လာနိုင်သည်။ ကလေးများကို ငယ်စဉ်ကတည်းက အအေးနှင့် အချိုကြိုက်အောင် မပြုလုပ်သင့်ပေ။ ကလေးများသာမက သက်လတ်ပိုင်း အသက် ၄ဝ အရွယ်ရောက်မှ ကျွဲရိုင်းအချိုရည်သံဘူးကို တစ်ရက်လျှင် ၁ဝ ဘူးခန့်သောက်သုံးခဲ့သည့် အနုပညာရှင်တစ်ဦးကို တွေ့ဖူးသည်။ ၎င်းသည် အရက်သေစာမသောက်ဘဲ အသက်ငယ်ငယ်နှင့် သွေးချို၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးရောဂါတို့ဖြင့် ကွယ်လွန်သွားရသည်။ ပညာရှင်ဖြစ် ၍ နှမြောစရာပင်ဖြစ်သည်။ အလုပ်ပင်ပန်းသည်ကို အကြောင်းပြု၍ အချိုရည်သံဘူးများ အလွယ်တကူ သောက်သုံးခြင်းအကျင့်ကို သတိပြု ရှောင်ကြဉ်သင့်သည်။ဂက်စ်ပါသော အချိုရည်များကို နေ့စဉ်သောက်သုံးခြင်းကြောင့် အသက်ငယ်ငယ်နှင့် ဆီးချိုရောဂါ ခံစားနေရသူများလည်း ရှိသည်။ အေးစိမ့်၍ နေရောင်ခြည်မရသော အိပ်ခန်းများ၌ နေထိုင်သည့် လူကြီးများတွင် အချိုမစားဘဲ သွေးချို၊ ဆီးချိုရောဂါ ဝင်ရောက်လာတတ်သည်။ သွေးချို၊ ဆီးချိုရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ရန်ခက်ခဲသည့်ရောဂါဖြစ်သဖြင့် မဖြစ်မီ ကြိုတင်သတိရှိသင့်ကြောင်း တင်ပြအပ်ပါသည်။ ။

MWD Webportal

ကြည်လွင်မြင့် (မုဒြာ)

ကျန်းမာသက်ရှည်နေထိုင်ရေး ငါးအာဟာရစားသုံးပေး
-

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ။ ငါးနှင့်ပုစွန်များသည်အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကိုအကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသောအရင်းအမြစ်ဖြစ်သည်။ အဆိုပါ အကျိုးရှိသောအာဟာရဓာတ်များထဲမှတစ်မျိုးဖြစ်သော အိုမီဂါ-၃ အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများလျော့နည်းစေရန် ဆက်စပ်မှုများရှိသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသောသန္ဓေသားနှင့်မွေးဖွားပြီး ကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည်ကျန်းမာဖွံ့ဖြိုးရေးအ

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ။ ငါးနှင့်ပုစွန်များသည်အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကိုအကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသောအရင်းအမြစ်ဖြစ်သည်။ အဆိုပါ အကျိုးရှိသောအာဟာရဓာတ်များထဲမှတစ်မျိုးဖြစ်သော အိုမီဂါ-၃ အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများလျော့နည်းစေရန် ဆက်စပ်မှုများရှိသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသောသန္ဓေသားနှင့်မွေးဖွားပြီး ကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည်ကျန်းမာဖွံ့ဖြိုးရေးအတွက်လည်း ပိုမိုကောင်းမွန်စေပြီး ငယ်ရွယ်သူကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရန်အဟန့်အတားဖြစ်စေသည့် ပြဿနာများကိုလည်းတိုးတက်ကောင်းမွန်စေသည်။

ငါးစားသုံးခြင်းဖြင့် အခြားသောဖြစ်စေနိုင်သည့်အရာများအချို့သော ငါးမျိုးများမှာ မာကျူရီဓာတ်မြင့်မားစွာပါဝင်သဖြင့် အဆိုပါငါးမျိုးများကို ကာလကြာရှည်စွာပမာဏများများစားသုံးပါကကျန်းမာရေးဘေးအန္တရာယ်ရှိနိုင်သည်။ မာကျူရီဓာတ်သည် ဦးနှောက်နှင့်အခြားသော အာရုံကြောစနစ်၏ အချို့သောအပိုင်းများကို ပျက်စီးစေနိုင်သည်။ မမွေးဖွားရသေးသော သန္ဓေသားများ၊ ကလေးငယ်များနှင့်ငယ်ရွယ်သူများသည် ၎င်းတို့၏အာရုံကြောစနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်သဖြင့် မာကျူရီ၏ဘေးအန္တရာယ်မှာ အလွန်ကြီးမားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ အမြဲတမ်းထိခိုက်နိုင်သည်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့်အသက် ခုနစ်နှစ်အရွယ်အောက်ကလေးများသည် မာကျူရီအဆိပ်သင့်မှုအနည်းဆုံးဖြစ်စေရန်ဂရုပြုရမည်ဖြစ်သည်။

ငါးပမာဏမည်မျှစားသုံးသင့်ပါသနည်း။သင်စားသုံးမည့် ပင်လယ်စာအမျိုးအစားနှင့် ပမာဏတို့ကိုကန့်သတ်ချင့်ချိန်ခြင်းဖြင့် ငါးစားသုံးခြင်းမှ မာကျူရီအဆိပ်သင့်မှုကိုလျှော့ချနိုင်ပြီး အစာအာဟာရမှ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထောက်ခံထားသည်မှာရက်သတ္တပတ်လျှင် ပင်လယ်စာအမျိုးမျိုးနှစ်ကြိမ် စားသုံးသင့်ကြောင်းအကြံပြုထားသည်။ အရွယ်ရောက်သူများအနေဖြင့် ငါးကိုရက်သတ္တပတ်လျှင်  ၁၂ အောင်စ၊ ၆ အောင်စ နှစ်ကြိမ် စားသုံးသင့်ပြီး ငယ်ရွယ်သူကလေးများအနေဖြင့်  ရက်သတ္တပတ်လျှင် ၆ အောင်စ(၃ အောင်စ ၂ ကြိမ်) စားသုံးသင့်သည်။ ချက်ပြုတ်ပြီးသောငါး  ၆ အောင်စသည် မချက်ပြုတ်ရသေးသော ငါး ၈ အောင်စ (ပေါင်ဝက်) နှင့် ညီမျှသည်။

မည်သည့်ငါးမျိုးများသည် စားသုံးရန် အသင့်လျော်ဆုံးဖြစ်ပါသနည်း။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမြင့်မားသောငါးများသည်စားသုံးရန်အသင့်လျော်ဆုံးဖြစ်သည်။ မည်သူမဆို မာကျူရီဓာတ်နည်းသော ငါးမျိုးကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်စားသုံးရမည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမြင့်မားစွာပါရှိသည့်စားသုံးရန် အကောင်းဆုံးငါးမျိုးများမှာ ဟာရင်း (Herring)၊ ယောက်သွား (Mussels)၊ ကမာ(Oysters)၊ ဆယ်လ်မွန်(Salmon)၊ ငါးသေတ္တာငါး ခေါ် ငါးကုန်းညို (Sardine)၊ ငါးဖြူ (Whitefish) တို့ဖြစ်သည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှုမမြင့်မားသော်လည်း စားသုံးရန်သင့်လျော်သောငါးမျိုးများမှာ စည်သွတ်ကျူနာ (Light Canned  Tuna)၊ ငါးခူငါးမျိုး (Catfish)၊ ကဏန်း (Crab)၊ ရေချိုကျောက်ပုစွန် (Crawfish)၊ ခုံးကောင် (Scallops, Clams)၊ ရေငန်ပုစွန် (Shrimp)၊ ကင်းမွန် (Squid)၊ ထရောက်ငါး(Trout)၊ ဖလောင်ဒါငါး (ငါးခွေးလျှာငါးမျိုး Flounder)တို့ဖြစ်သည်။

မာကျူရီဓာတ်အသင့်အတင့် ပါဝင်သောအကန့်အသတ်အတိုင်းအတာဖြင့်  စားသုံးရမည့်ငါးမျိုးများမှာစည်သွတ်ကျူနာ (Canned Tuna- White/ albacore)၊ ငါးလက်ကိုက်/ငါးခွေးကဲ့သို့ငါးကင်(Halibat steak)၊ ကျူနာငါးကင် (Tuna Steak)တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့်အမျိုးသမီးများ၊ ကလေးအမေများနှင့်ကလေးငယ်များသည်အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့်ငါးမျိုးများကို ရက်သတ္တပတ်လျှင် တစ်နပ်သာစားသုံးပါက ဘေးအန္တရာယ်ကင်းနိုင်ပြီး မာကျူရီဓာတ်နည်းသော (ရေငန်ပုစွန်၊ စည်သွတ်ကျူနာ၊ ဆယ်လ်မွန်ငါး၊ ပိုလော့ငါးနှင့် ငါးခူ) ငါးများကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်စားသုံးနိုင်သည်။ သို့ပါ၍ အကြံပြုရလျှင်အိုမီဂါ-၃ ဓာတ်မြင့်မားစွာပါပြီး မာကျူရီဓာတ်ပါဝင်မှုနည်းသောငါးကိုစားပါ။ သေးငယ်ပြီးငယ်ရွယ်သောငါးကိုစားပါ။

အခြားငါးများကို မစားသောငါးကို ရွေးချယ်စားပါ။ အရွယ်ကြီးပြီး အသားစားသော ငါးမျိုးများသည် မာကျူရီဓာတ် ပိုမိုစုဆောင်းပါရှိနိုင်သောကြောင့် ဖြစ်သည်။မည်သည့်ငါးမျိုးများကိုရှောင်စားရမလဲ။အမေရိကန် FDA မှ အကြံပြုထားသည်မှာကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့်အမျိုးသမီးများ၊ကလေးအမေများနှင့်အသက် ခုနစ်နှစ်အောက်ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသောငါးများဖြစ်သည့် ငါးကွမ်းရှပ် (king mackerel)၊ ငါးဂဠုန်(Swordfish)၊ ငါးမန်း (Shark)၊ ငါးပါးနီ (Golden snapper) တို့ကိုစားသုံးခြင်းအား ရှောင်ရှားရမည်ဖြစ်သည်။ အရွယ်ရောက်သူများနှင့် အသက် ခုနစ်နှစ်အထက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသောငါးများကိုရက်သတ္တပတ်လျှင် တစ်နပ်စားသုံးပါက ဘေးကင်းနိုင်သည်။ မာကျူရီဓာတ်မြင့်မားသော ငါးများကိုစားပါက ကျန်းမာစေသော အိုမီဂါ-၃ ဓာတ်၏အကျိုး အာနိသင်ကိုလည်း လျော့နည်းစေမည်ဖြစ်သည်။ အခြားသောရေထွက်ကုန်ငါးများကိုရောဘယ်လိုစားနိုင်ပါသလဲ။

စည်သွတ်ကျူနာ (Chunk light tuna)သည် ကျူနာငါးအသားတုံး (Solid white or chunk white tuna) ထက် မာကျူရီဓာတ်ပါဝင်မှုနည်းသဖြင့် စားသုံးရန် ဘေးဥပဒ်ကင်းသည်။ တစ်နပ်လျှင် စည်သွတ်ကျူနာ (Chunk light tuna) ၆ အောင်စမှ ၈ အောင်စ စားနိုင်ပြီး ရက်သတ္တပတ်လျှင် နှစ်ကြိမ်အထိစားနိုင်သည်။ ကျူနာငါးအစိမ်း သို့မဟုတ် ကျူနာငါးအကင်ဆိုပါက ရက်သတ္တပတ်လျှင် တစ်ကြိမ်သာစားသင့်သည်။ မွေးမြူရေးရေထွက်ကုန်များဖြစ်သော ငါးခူမျိုးများ၊ တီလားဗီးယားငါးများ၊ ရေငန်ပုစွန်နှင့် ယောက်သွားများသည် မာကျူရီဓာတ်နည်းသော ရေထွက်ကုန်များဖြစ်သည်။ ငါးအသားချောင်း၊ အသားညှပ်ပေါင်မုန့်ကဲ့သို့ အမြန်စာ (fish sticks, fast food sandwiches)၊ အခြားသော အေးခဲငါးများ၊ ပေါင်မုန့်ကပ်ရေထွက်ကုန်များသည် မည်သူမဆိုစားသုံးရန်ဘေးကင်းပြီး ရက်သတ္တပတ်လျှင် နှစ်ကြိမ်အထိစားသုံးနိုင်သည်။ သို့သော် အဆိုပါ ရေထွက်ကုန်များသည် အိုမီဂါ-၃ အဆီအက်စစ်မြင့်မားစွာမပါရှိဘဲ အဆီဓာတ်နှင့် ကယ်လိုရီဓာတ်များပါဝင်မှုများသည်။ ကဏန်းနှင့်ကျောက်ပုစွန် အသားတုများသည် မည်သူမဆိုစားသုံးရန် ဘေးကင်းသည်။ ပင်လယ်စာ သို့မဟုတ် ခုံးတို့နှင့် ဟင်းသီးဟင်းရွက်များကျိုထားသော ဟင်းချိုပျစ်ပျစ် (Seafood chowder and clam chowder) များသည် မည်သူမဆိုစားသုံးရန် ဘေးကင်းသည်။ ရက်သတ္တပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသောပမာဏထက်ပိုစားပါက ဘာဖြစ်နိုင်ပါသလဲ။

သင့်ကျန်းမာရေးအတွက် အကျိုးရှိစေမည့် စားသုံးရန်သင့်လျော်သော ငါးပမာဏသည် သင်၏အသက်၊ နှလုံးကျန်းမာရေးအခြေအနေနှင့် သင်စားသုံးမည့် ငါးမျိုးအပေါ်မူတည်မည်။ အကယ်၍ သင်သည်ရက်သတ္တပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားလိုပါကသင့်အတွက် အသင့်လျော်ဆုံးဖြစ်မည့်ငါးမျိုးကို ရွေးချယ်နိုင်ရန်ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်သည်။ ပင်လယ်စာငါးများကိုမည်ကဲ့သို့ အကောင်းဆုံးချက်ပြုတ်ပြင်ဆင်စားသုံးသင့်ပါသလဲ။

ပင်လယ်စာသည်သဘာဝအားဖြင့်အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အဆီနှင့်ကယ်လိုရီဓာတ်နည်းပါးစွာ ပါဝင်သည်။ (စားမည့်ငါး ၆ အောင်စတွင် ကယ်လိုရီဓာတ် ၁၈၀-၂၀၀ ကယ်လိုရီပါရှိသည်။) ပင်လယ်စာ၏အာဟာရအကျိုးရှိမှုကို မပျက်စီးစေရန် အဆီအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများ သင်ရွေးချယ်စားသုံးရန် အရေးကြီးသည်။ ပင်လယ်စာ၏ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်ရန် အတွက် ချက်ပြုတ်သည့်နည်းလမ်းများသည်အရေးကြီးသည်။ ငါးတစ်ကိုယ်လုံးတွင် မာကျူရီဓာတ်များ တွေ့ရှိရပါသဖြင့် သန့်စင်ခြင်းနည်းစနစ်များသည် ငါးဟင်းတွင်ပါဝင်သော မာကျူရီပမာဏကိုလျှော့ချနို င်လိမ့်မည်မဟုတ်ပါ။  ငါးကိုဖုတ်ခြင်း (Baking)၊ မီးကင်ခြင်း (Broiling)၊ ရေနွေးဖြင့်ပြုတ်ခြင်း (Poaching)၊ ပေါင်းခြင်း(Steaming)၊ ကင်ခြင်း(Grilling)၊ မိုက်ခရိုဝေ့ဖြင့် ချက်ခြင်း (microwaving)၊ ထောပတ် သို့မဟုတ် ဆီအနည်းငယ်ဖြင့်ကြော်ခြင်းတို့သည် သင်၏ ဟင်းပွဲတွင်အဆီဓာတ်ပါဝင်မှု အနည်းဆုံးဖြစ်စေပါလိမ့်မည်။ ငါးအမျိုးမျိုးအတွက် တစ်ခုသော စံပြုချက်နည်းတစ်ရပ်မှာအထူ တစ်လက်မရှိသောငါးအသားလွှာကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ၁၀ မိနစ်ကြာ ဖုတ်ခြင်း(Baking) ဖြစ်သည်။ ငါးကိုချက်ပြုတ်ရာ၌ ဆီများများဖြင့် ကြာမြင့်စွာကြော်ပြီး ခရင်ဆော့ဖြင့် စားမည်ဆိုပါက သင်၏ဟင်းပွဲတွင် အဆီဓာတ်နှင့် ကယ်လိုရီဓာတ်မြင့်စေမည်ဖြစ်သည်။အရည်အသွေးကောင်းသော အေးခဲငါးကို  မည်ကဲ့သို့ရွေးချယ်နိုင်မည်နည်း။ အေးခဲငါးများ၏ ထုပ်ပိုးထားသောအရာများသည် ပျက်စီးမနေရပါ။

အေးခဲငါးများ၏ အထုပ်အပိုးအပေါ်၌ရေခဲမှုန်များနှင့် နှင်းခဲမှုန်များဖုံးနေပါက မဝယ်ပါနဲ့။ အဆိုပါ ငါးများသည် ရက်ကာလရှည်ကြာစွာသိုလှောင်ထားသောငါးများ သို့မဟုတ်အရည်ဖျော်ပြီးပြန်လည်အေးခဲထားသော ငါးများဖြစ်သည်။ လတ်ဆတ်သောငါးအသားလွှာ၏အရောင်သည် အမျိုးမျိုးဖြစ်နေသော်လည်း  များသောအားဖြင့် အရောင်ညီစွာတောက်ပနေပြီး အစွန်းဘက်များ၌ အဝါရောင် သို့မဟုတ်  မြေဖြူရောင်သန်းမနေပါ။ ငါးအသားလွှာများသည် စိုစွတ်၍တင်းမာနေရမည်ဖြစ်ပြီး လတ်ဆတ်သော အနံ့ဖျော့ဖျော့ဖြစ်နေရမည်။ ငါးညှီနံ့စူးစူးဝါးဝါးဖြစ်မနေရပါ။ အိမ်၌ မည်ကဲ့သို့ငါးများကို သိုလှောင်ထားရပါမည်နည်း။

ငါးများကိုနေရောင်ခြည်အောက်၌တိုက်ရိုက်မထားဘဲ ရေခဲအပေါ်၌ထားရှိရမည်။ လတ်ဆတ်သောငါးများ သို့မဟုတ် အေးခဲသောငါးများကို နှစ်ရက်အတွင်းချက်ပြုတ်စားသောက်ရမည်။ ငါးကိုအေးခဲခန်းဖြင့်ဆိုလျှင် သုံးလအထိ သိုလှောင်ထားနိုင်သည်။ ချက်ပြုတ်ပြီးသောငါးကို ရေခဲသေတ္တာအတွင်း၌ သုံးရက်မှလေးရက်ကြာသိုလှောင်ထားနိုင်ပြီး အေးခဲအခန်း၌ဆိုပါက တစ်လကြာ သိုလှောင်ထားနိုင်သည်။    ။

MWD Web Portal

ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)

ဇရာအိုသော်လည်း မြန်မာကို ဂုဏ်ဆောင်ခဲ့သော စာရေးဆရာမကြီး မမြတ်လေး၏ စာပေကမ္ဘာ
-

အသက်ခြောက်လသာကွာသော ဖေဖေနှင့်မေမေတို့၏ ၁၁၁ နှစ်ပြည့်မွေးနေ့အမီ အသက် ၁၀၀ ပြည့်မွေးနေ့တုန်းကကဲ့သို့ ဘုရားစာအုပ်ဓမ္မဒါနလှူချင်မိသည်။ စီစဉ်မှုနှောင့်နှေးသွားပြီး ၂၀၂၅ ခုနှစ် မတ်လက ဖေဖေ့မွေးနေ့မမီလိုက်၍ ယခုစက်တင်ဘာလတွင် မေမေ့မွေးနေ့အမီတော့ရေးမည်ဟု စိတ်ကူးရှိခဲ့သည်ကို အကောင်အထည်ဖော်ရန် ကြိုးစားရပါသည်။

ရှိခဲ့ပါလျှင် လာမည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စာရေးဆရာမကြီး မမြတ်လေး (ဒေါ်သိန်းဆိုင်)၏ အသက် ၁၁၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၉၂ နှစ်အရွယ်အထိသာ အသက်ရှိနေနိုင်ခဲ့သော သူ၏အတွေး၊ သူ၏အရေး၊ သူ၏လမ်းညွှန်မှုများသည် ခေတ်နှင့်အညီ တစ်ပြေးတည်းရှိနေဆဲပါ။

၁၉၆၂ ခုနှစ်တွင် ကင်းထောက်ဗဟိုကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော အမျိုးသမီး ကင်းထောက်မင်းကြီးလည်းဖြစ်ပါသည်။

လူငယ်များကို စာကြိုးစားသင်ချင်စိတ်ရှိစေရန် အားပေးသကဲ့သို့ အသက်ကြီးပြီးပညာလည်း တတ်ပြီးဖြစ်သည်မို့ဆက်လက်၍ စာသင်ယူရန် အရွယ်မဟုတ်တော့ဟု ယူဆကြသူများကိုလည်း life long learning (အသက်ရှင်နေသရွေ့ပညာရှာ) ဆိုသည့်အသိတရားကို ကိုယ်တိုင်လက်တွေ့ပြ၊ အကောင်အထည်ဖော်ခြင်းဖြင့် အသက် ၉၁ နှစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်မှဘွဲ့နှစ်ခုကို ထပ်မံယူခဲ့ခြင်းဖြင့် အမျိုးသမီးထုအတွက်ပါ ရှေ့ဆောင်လမ်းပြခဲ့ပါသည်။

တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်ဟူသောစကားကို သက်သေပြခဲ့ပါသည်။

ထို့ကြောင့် ကျောင်းစာပေပညာသင်ကြားခြင်းကို နောက်ဆုံးအချိန်အထိ သားသမီးမြေးများနှင့်အတူ သစ်ပုပ်ပင်ကြီးရှိရာ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရန်ကုန်)၌ ကိုယ်တိုင်တက်ရောက်သင်ယူခြင်းပြုရာ သူ၏အသက်ကို ပညာနှင့် အမှန်တကယ်ပင်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

စာပေသည် သူ၏အသက်

နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်သွားမည်ဟု ဆန္ဒရှိခဲ့သူ၊ စာပေကိုချစ်မြတ်နိုးသူ၊ ၉၂ နှစ်အရွယ်ရှိ စာရေးဆရာမကြီး မမြတ်လေးသည် မကွယ်လွန်မီလပိုင်းဖြစ်သော ၂၀၀၆ ခုနှစ် ဧပြီလထုတ် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ မေတ္တာစမ်းရေမဂ္ဂဇင်းအတွက် “ကျွန်တော် မဖြေရှင်းနိုင်သော်လည်း” ဝတ္ထုကို ရေးသားခဲ့ခြင်းဖြင့် အမှန်တကယ်ပင် နောက်ဆုံးအချိန်အထိ ကလောင်ကိုကိုင်ခဲ့ပါသည်။

ကျောင်းနေစဉ် အထက်တန်းကျောင်းသူဘဝမှစတင်ကာ ကျောင်းနံရံကပ်စာစောင်များတွင် စာပေများရေးသားခဲ့ကာ တစ်ဆင့်ပြီးတစ်ဆင့် ကလောင်သွေးခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး အထိမ်းအမှတ်ဝတ္ထုတိုပြိုင်ပွဲတွင် “အုတ်မြစ်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါသည်။

နိုင်ငံတော်က ပညာရေးကိုအားပေးသော၊ စာပေကိုတန်ဖိုးထားသော ယခုကာလတွင် မိမိတို့နိုင်ငံမှ လူငယ်များနှင့် စာရေးဆရာမကြီးမမြတ်လေး တို့ခေတ်ကာလ အလှမ်းကွာဝေးသဖြင့် မသိ၊ မကြား၊ မဖတ်ဖူးသူများအတွက် ဗဟုသုတအဖြစ် ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

- တစ်ချိန်က လွတ်လပ်ရေးအတွက် ခင်ပွန်းသည် တော်လှန်ရေးတပ်သားကောင်း ဗိုလ်တင်ဖေနှင့်အတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက်တိုင်းပြည်လွတ်လပ်ရေးမရမီ လွတ်လပ်ရေးရရန် ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန်အတွက် ကလောင်တိုက်ပွဲ ဝင်ခဲ့သည်။

- ၁၉၄၅ ခုနှစ်တွင် မိမိမွေးဖွားရာဇာတိအား ဂုဏ်ပြုသောအားဖြင့် ပဲခူးအမည်ပါသော ပဲခူးသိန်းသိန်း က‌လောင်အမည်ဖြင့် တိုးတက်ရေးဂျာနယ်တွင် ဆောင်းပါးစတင်ရေးခဲ့သည်။

- အသက် ၂၀ ကျော်မှစ၍ မဂ္ဂဇင်းများတွင် ပဲခူးသိန်းသိန်းအမည်ဖြင့် ဝတ္ထုဆောင်းပါးများ ရေးသားခဲ့သည်။

- တိုးတက်ရေးဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းနှင့် နဂါးနီဂျာနယ်များတွင် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။

- ၁၉၄၆ ခုနှစ်တွင် အရှေ့တိုင်းမဂ္ဂဇင်းဝတ္ထုပြိုင်ပွဲ၌ “မမြတ်လေး” ကလောင်အမည်ဖြင့် ဝတ္ထုတိုပြိုင်ပွဲဝင်ခဲ့ရာ ထိုစဉ်မှစ၍ မမြတ်လေးကလောင်အမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

- မြတ်လေးပန်းသည် အလွန်ရိုးသားပြီး မွှေးရနံ့သင်းသည်ကို နှစ်သက်ခြင်းကြောင့် ကလောင်အမည်ကို မမြတ်လေးဟု သုံးစွဲခဲ့ခြင်းဖြစ်သည်။

- လွတ်လပ်ရေးရပြီး တိုင်းပြည်အတွက် အကျိုးပြုစာပေများ၊ ဗဟုသုတဆောင်းပါးများ၊ ဝတ္ထုတို ဝတ္ထုရှည်များကို ငွေတာရီ မဂ္ဂဇင်းနှင့် မြဝတီမဂ္ဂဇင်းတို့တွင် ရေးသား ခဲ့သည်။

- အထက်တန်းပြဆရာမဘဝဖြင့် ရေကျော်အစိုးရအထက်တန်းကျောင်းနှင့် တာမွေ အစိုးရအထက်တန်းကျောင်းတို့တွင် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

- ၁၉၄၈ ခုနှစ် လွတ်လပ်ရေးဝတ္ထုတို ရွှေတံဆိပ်ဆုရှင်။

- ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုရှင်။

- ၂၀၀၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အတွက် ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို ရေးသားသူ၊ ဘွဲ့လွန်ပညာရပ်များကို ဆည်းပူးသူအသက်အရွယ်အကြီးဆုံး အမျိုးသမီးဆုရှင်။

- ၂၀၀၄ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန် ပထမ ဆင့်ရရှိသူ။

- သက်ကြီးကန်တော့ခံ စာပေပညာရှင်။

- သက်ကြီးကန်တော့ခံ တရားရုံးချုပ်ရှေ့နေကြီး ဥပဒေပညာရှင်။

- မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)အတွက် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန် “ထာဝရချစ်ခြင်းတရားကို ပိုင်ဆိုင်ထားသောချစ်သူများ” အမည်ရှိ အမျိုးသမီးများသားဆက်ခြား ကျန်းမာရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အတွက် မြန်မာ့ရုပ်မြင်သံကြားမှ အမျိုးသမီးများနေ့ ဂုဏ်ပြုထုတ်လွှင့်ရန် “အမေဆိုတာတစ်ခါတုံးက သမီးပါပဲ” အမည်ရှိ လူမှုရေးပညာပေးဝတ္ထုကို ရေးသားလှူဒါန်းပေးခဲ့သည်။

- မြတ်လေးမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေ ခဲ့သည်။

- မမြတ်လေး ပညာရည်ချွန်ဆု၊ မမြတ်လေး အခြေခံအုတ်မြစ်ဆု၊ မမြတ်လေး အခြေခံ အုတ်မြစ်အထူးဆု၊ မမြတ်လေး အခြေခံအုတ်မြစ်အားကစားဆုတို့အတွက် ငွေပဒေသာပင်စိုက်ထူခဲ့သူအဖြစ် အမျိုးသမီးထုအတွက် ဂုဏ်ဆောင်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ BA, DT, BL ဘွဲ့များကိုရယူခဲ့ပြီး ကျောင်းဆရာမအဖြစ် ရပ်တည်ခဲ့ကာ နိုင်ငံ့ဝန်ကိုထမ်းခဲ့ပါသည်။ ခင်ပွန်းသည် အငြိမ်းစားယူပြီးသောအခါ မိသားစုစားဝတ်နေရေးအတွက် ဗဟိုတရားရုံးရှေ့နေအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။ ။

MOI

ခင်မြတ်လေး

ပန်းကလေးများ မနွမ်းစေဖို့
-

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများ (CSA - Child Sexual Abuse) ကို မီဒီယာများတွင် အကြိမ်ကြိမ်မြင်တွေ့ကြားသိနေရပါသည်။ သို့သော် ကျွန်ုပ်တို့ မြင်တွေ့နေရသည်မှာ ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသော အစိတ်အပိုင်းငယ်လေးမျှသာဖြစ်ပြီး ရေအောက်တွင်နစ်မြုပ်လျက်ရှိသော အစိတ်အပိုင်းများ၏ ပမာဏကိုမူ မည်သူမျှ အပြည့်အဝမသိနိုင်ကြပါ။

CSA သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ စိုးရိမ်ဖွယ်ရာတိုးပွားလျက်ရှိသော လူမှုပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် CSA ကို ကြုံတွေ့နေရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် CSA ကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း အမှန်တကယ်အရေးယူနိုင်မှု နည်းပါးနေဆဲဖြစ်ပါသည်။ U-Report ၏ မြန်မာနိုင်ငံအတွင်း CSA ဆိုင်ရာ သုတေသနစစ်တမ်း၌ ပါဝင်ဖြေဆိုသူအားလုံး၏ ၅၁ ရာခိုင်နှုန်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် CSA များရှိကြောင်း အတည်ပြုခဲ့ပါသည်။ ဤပြဿနာ၏ ပိုမိုနက်ရှိုင်းသော အချက်မှာ လူမှုရေးယဉ်ကျေးမှုအရ CSA ကို ဖုံးကွယ်လေ့ရှိခြင်းနှင့် အစီရင်ခံမှုနည်းပါးခြင်းတို့ကြောင့် စာရင်းဇယားများတွင် ဖော်ပြထားသည်ထက် အမှန်တကယ်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားနေခြင်း ဖြစ်ပါသည်။

CSA ၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ

CSA ဆိုသည်မှာ လူကြီးတစ်ဦးဦး (သို့) အသက်ပိုကြီးသူတစ်ဦးဦးက ကလေးတစ်ဦးအား အာဏာ၊ ယုံကြည်မှု၊ စီးပွားရေးကိုအလွဲသုံးစားပြု၍ လိင်မှုကိစ္စအတွက် စော်ကားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုအဖြစ် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ CSA ကို အဓိကအားဖြင့် ထိတွေ့ကိုင်တွယ်မှုပါသော အလွဲသုံးစားမှုများ (ဥပမာ - လိင်အင်္ဂါထိတွေ့ခြင်း၊ အဓမ္မပြုကျင့်ခြင်း) နှင့် ထိတွေ့မှုမပါသော အလွဲသုံးစားမှုများ (ဥပမာ- လိင်ပိုင်းဆိုင်ရာရုပ်ပုံပြသခြင်း၊ အွန်လိုင်းမှ နှောင့်ယှက်ခြင်း) ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် အချက်အလက်များအရ အသက် ၅ - ၁၇ နှစ်အတွင်းရှိ ကလေးများသည် CSA ခံရနိုင်ခြေအမြင့်ဆုံးဖြစ်ပြီး ကျူးလွန်သူများ၏ ၉၁ ရာခိုင်နှုန်းမှာ ကလေး၏ မိသားစုဝင်ဆွေမျိုး သို့မဟုတ် ရင်းနှီးကျွမ်းဝင်သူ များ ဖြစ်နေတတ်ပါသည်။ ဤအချက်က ကလေး၏ စိတ်ဒဏ်ရာကို ပိုမိုနက်ရှိုင်းစေပါသည်။ CSA တွင် လိင်မှုဆိုင်ရာစကားများ အတင်းပြောစေခြင်း၊ ကလေးအား လိင်လုပ်သားအဖြစ်အသုံးချခြင်း (Child Trafficking)၊ ကလေးများအား လိင်မှုကိစ္စအတွက် ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးခြင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်း (Cyber Grooming) ကဲ့သို့သော ရှုပ်ထွေးသည့်ပုံစံများလည်း ပါဝင်နိုင်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ CSA သည် မိန်းကလေးများတွင်သာမက ယောက်ျားလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး ယောက်ျားလေးများတွင် အစီရင်ခံမှုနှုန်း ပိုမိုနည်းပါးလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အွန်လိုင်းမှ CSA အမှုများ တိုးပွားလာသည်ကို တွေ့ရှိရပါသည်။ CSA ၏ အခြားသောအန္တရာယ်ရှိသည့် ပုံစံတစ်ခုမှာ “Child Marriage” (ကလေးအား အတင်းအကျပ်လက်ထပ်စေခြင်း) ဖြစ်ပြီး ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များလေ့ရှိပါသည်။

CSA ၏ လက္ခဏာများနှင့် ရေရှည်ဆိုးကျိုးများ

CSA ပြုလုပ်ခံရသော ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအဖြစ် လိင်အင်္ဂါနာကျင်ခြင်း၊ ယားယံခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနှင့် HIV/AIDS အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ကူးစက်ခံရနိုင်ခြေမြင့်မားစွာ တွေ့ရှိရပါသည်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ကလေးငယ်များ ကြောက်ရွံ့လွန်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန် စဉ်းစားခြင်းများ ပါဝင်သည်။ ကလေး ၇၅ ရာခိုင်နှုန်းခန့်သည် CSA ဖြစ်စဉ်ကို အနည်းဆုံးငါးနှစ်အထိ ဖုံးကွယ်ထားတတ်ပြီး ယင်းမှာ ကျူးလွန်သူ၏ ခြိမ်းခြောက်မှု၊ အပြစ်ရှိသည်ဟုခံစားရမှုနှင့် မိသားစုဂုဏ်သိက္ခာကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာ ဆိုးကျိုးများအဖြစ် ကျောင်းစွမ်းဆောင်ရည်ကျဆင်းခြင်း၊ လူမှုဆက်ဆံရေးတွင် ယုံကြည်မှုပျောက်ဆုံးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ CSA ပြုလုပ်ခံရသော ကလေးများ၏ ၆၀ ရာခိုင်နှုန်းခန့်တွင် Post - Traumatic Stress Disorder (PTSD) စိတ်ဒဏ်ရာနောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်တတ်ပြီး ၄၅ ရာခိုင်နှုန်းခန့်တွင် နှစ်ရှည်လများ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety Disorder) ကို ခံစားရတတ်ပါသည်။ ရေရှည်တွင် CSA ပြုလုပ်ခံရသူများသည် အရွယ် ရောက်လာသည့်အခါ မူးယစ်ဆေးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများကို ပိုမိုပြုလုပ်တတ်ပြီး အိမ်ထောင်ရေးနှင့် အလုပ်အကိုင်ဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသနတွေ့ရှိ ချက်များက ဖော်ပြထားပါသည်။

မိဘများအနေဖြင့် သတိထားရမည့်အချက်များမှာ ကလေး၏အပြုအမူများ ရုတ်တရက်ပြောင်းလဲခြင်း (ဥပမာ - ရေချိုးခန်းဝင်ရန် ငြင်းဆန်ခြင်း၊ အခြားသူများနှင့် ထိတွေ့ရန် ရှောင်ဖယ်ခြင်း)၊ အသက်အရွယ်နှင့် မလိုက်အောင် လိင်ပိုင်းဆိုင်ရာ အကြောင်းအသိပညာများပြားလာခြင်းတို့ ဖြစ်ပါသည်။ CSA ၏ ဆိုးရွားသောအချက်တစ်ခုမှာ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာ အာဟာရချို့တဲ့ခြင်း (Stunted Growth) နှင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကို ဖြစ်စေနိုင်သည့်အချက်ဖြစ်ပါသည်။

CSA ကို ကာကွယ်ရန်နည်းလမ်းများ

ကလေးများကို CSA မှ ကာကွယ်ရန် “လုံခြုံသောထိတွေ့မှု” နှင့် “မလုံခြုံသောထိတွေ့မှု” တို့ကို ခွဲခြားသိရှိအောင် ပညာပေးရပါမည်။ ကလေးများအား ကိုယ်ခန္ဓာအကြောင်း သင်ကြားပေးပြီး တစ်ပါးသူ ထိတွေ့ခွင့်မပေးရမည့် အစိတ်အပိုင်းများ (Private Parts) အကြောင်း ရှင်းလင်းစွာ ပြောပြရပါမည်။ “မိမိခန္ဓာကိုယ်ကို မိမိပိုင်ဆိုင်သည်” ဟူသော အသိစိတ်ကို ကလေးငယ်ဘဝကတည်းက မွေးမြူပေးခြင်းဖြင့် CSA ကို ကာကွယ်နိုင်ပါသည်။ ကလေးများအား တစ်စုံတစ်ယောက်က ဘယ်သူ့မှမပြောနဲ့ဟု ခြိမ်းခြောက်လာပါက မိဘ /ယုံကြည်ရသူကို ချက်ချင်းပြောရန် သင်ကြားပေးရပါမည်။ မိဘများအနေဖြင့် ကလေး၏ အပြုအမူပြောင်းလဲမှုကို နေ့စဉ်စောင့်ကြည့်ပါ။ ရုတ်တရက်စကားပြောနည်းလာခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ကျောင်းစွမ်းဆောင် ရည်ကျဆင်းခြင်းများကို သတိထားပါ။ ကျောင်းများတွင် CSA ကာကွယ်ရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားပေးရပါမည်။

ကလေးများအား တစ်စုံတစ်ယောက်က CSA ပြုလုပ်လာပါက လုပ်ဆောင်ရမည့် “NO-GO-TELL” (ငြင်းဆို-ထွက်ပြေး-ပြောပြ) နည်းလမ်းကို လက်တွေ့သင်ကြားပေးခြင်းဖြင့် အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းမြှင့်တင်ပေးနိုင်ပါသည်။ အွန်လိုင်းလုံခြုံရေးအတွက် ကလေး၏ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ပါ။ မသင့်လျော်သောဆက်သွယ်မှုများ၊ ဗီဒီယိုစာမျက်နှာများမှ ကာကွယ်ရန် Parental Control Software များ တပ်ဆင်ပေးပါ။ မိဘနှင့် သားသမီးအကြား ယုံကြည်စိတ်ချရသောဆက်ဆံရေးတည်ဆောက်ပါ။ CSA ကာကွယ်ရေးတွင် အရေးကြီးဆုံးအချက်မှာ ကလေးများ၏စကားကို နားထောင်ပေးခြင်းနှင့် ယုံကြည်မှုပေးခြင်းဖြစ်ပါသည်။

CSA ကြုံလာပါက တုံ့ပြန်ဆောင်ရွက်နည်းများ

ကလေး၏စကားကို အပြစ်မတင်ဘဲ နားထောင်ပါ။ ကလေးကိုယုံကြည်ကြောင်း၊ ကလေးမှာ အပြစ်မရှိကြောင်း ရှင်းလင်းစွာပြောဆိုပါ။ သံသယဖြစ်ဖွယ်အခြေအနေများတွေ့ပါက ရဲတပ်ဖွဲ့ (အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ) ဖုန်း 199 (မြန်မာနိုင်ငံရဲတပ်ဖွဲ့အရေးပေါ်ဖုန်း)၊ အနီးစပ်ဆုံးရဲစခန်းသို့ ဆက်သွယ်ပါ။ နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ သွားရောက်ကာ ဒဏ်ရာများ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် စိတ်ဒဏ်ရာများအတွက် ချက်ချင်းစစ်ဆေးကုသမှုခံယူပါ။ ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် မဖော်ပြဘဲသက်ဆိုင်ရာ အာဏာပိုင်များသို့သာ အကြောင်းကြားပါ။ တရားဥပဒေဆိုင်ရာ အကူအညီရယူရန် ရဲစခန်းတွင် အမှုဖွင့်ပါ။

သက်သေအထောက်အထားများ (အဝတ်အစား၊ မက်ဆေ့ချ်များ) ကို မဖျက်ဘဲ သိမ်းဆည်းထားပါ။ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး ဥပဒေအရ CSA ကျူးလွန်သူများအား ထောင်ဒဏ် နှစ် ၂၀ မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါသည်။

လိုအပ်လျှင် ကလေးသူငယ်စိတ်ကျန်းမာရေးပညာရှင်နှင့် ချိတ်ဆက်ကာ ကုသမှုခံယူပါ။ ကျူးလွန်သူနှင့် ထပ်မံမထိတွေ့စေရန် ယုံကြည်စိတ်ချရသော မိသားစုဝင်များနှင့်သာ နေထိုင်စေပါ။ အခြားကလေးများနှင့် အတူတူထားပါ။ တစ်ယောက်တည်းမနေစေရ။ CSA ခံရသော ကလေးများသည် နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာကို ခံစားရနိုင်သဖြင့် မိသားစုအနေဖြင့် စိတ်ရှည်လက်ရှည်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

CSA သည် ကလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသည့် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ခြိမ်းခြောက်နေသော ပြဿနာဖြစ်ပါသည်။ ထို့အပြင် CSA ပြုလုပ် ခံရသောကလေးများ သေချာစွာ ပြုစုစောင့်ရှောက်မှု မခံရဘဲကြီးပြင်းလာပါက လူကြီးဘဝတွင် အလားတူအကြမ်းဖက်မှုများ ပြုလုပ်နိုင်ခြေ သုံးဆပိုများကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားရာ ဤပြဿနာသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ကူးစက်တတ်သော အရာတစ်ခုအဖြစ်ရှိနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။

သို့ဖြစ်၍ CSA ဖြစ်ပွားမှုမှကာကွယ်ရန် မိဘများ၊ ဆရာများနှင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် အရေးကြီးပါသည်။ CSA ကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် ကလေးများအား လုံခြုံစွာနေထိုင်နည်း ပညာပေးခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများပေးခြင်းတို့ကို အချိန်မီဆောင်ရွက်ရမည်။ ကလေးတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို လုံခြုံစွာကာကွယ်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ဤအခွင့် အရေးသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါသည်။ ထို့ကြောင့် “ကလေးတိုင်းသည် လုံခြုံစိတ်ချရသောဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည်” ဟူသောအသိဖြင့် လူတိုင်းက CSA ကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးထားတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

References

1. Ministry of Social Welfare, Relief and Resettlement (Myanmar) & UNICEF (2020).

*“National Plan of Action on the Prevention and Response to Violence Against Children in Myanmar (2019-2023).”*

2. UNICEF Myanmar – Child Protection Programs.

https://www.unicef.org/myanmar/child-protection

3. Child Helpline International – Myanmar (2022). “Support Services for Child Abuse Victims in Myanmar.”

MOI

ဒေါက်တာ ဇင်ဇေယျာဝင်း

မိုးရာသီနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း သိကောင်းစရာများ
-

မိုးရာသီရောက်သည့်အခါ နွေရာသီ၏ပူပြင်းမှုမှ သက်သာရာရသည့် အပြင်လန်းဆန်းစိုပြည်သည့်မိုးရေနှင့်အတူမလိုချင်သော်လည်းရောက်ရှိလာတတ်သည့် ကျန်းမာရေးစိန်ခေါ်မှုများရှိနေသည်။ မိုးရာသီတွင်စိုထိုင်းမှုနှင့်ရေဝပ်မှုများကရောဂါပိုးမွှားများပေါက်ပွားရန်အကောင်းဆုံးအခြေအနေဖြစ်ပြီး အအေးမိ၊ တုပ်ကွေးနှင့် ရေမှတစ်ဆင့် ကူးစက်သည့်ရောဂါများ  ပိုမိုဖြစ်ပွားလေ့ရှိသည်။  သတိမထားမိပါက  အဆိုပါအခြေအနေများကြောင့်ခန္ဓာကိုယ်၏ခုခံအားစနစ်ကို  ထိခိုက် စေနိုင်သည်။ ထို့ကြောင့်  မိုးရာသီတွင် ကျန်းမာရေးကို  အထူးဂရုစိုက်ရန် အရေးကြီးသည်။

သန့်စင်သည့်ရေ (ရေသန့်) သောက်သင့်သည်။ မိုးရာသီတွင် ရေသန့် သောက်သုံးရန်အရေးကြီးသည်။ မိုးရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်စေနိုင်သည်။ မိုးရာသီတွင် ရေကိုကျိုချက်သောက်ခြင်း သို့မဟုတ် ရေသန့်ကိုသာသောက်ခြင်းက အန္တရာယ်ရှိသောပိုးမွှားများကို ဖယ်ရှား ပစ်နိုင်သည်။ ယုံကြည်စိတ်ချရသည့်အရင်းအမြစ်ကမဟုတ်သော မသန့်စင်သည့်ရေနှင့် ရေခဲများကို ရှောင်ကြဉ်သင့်သည်။

တစ်ကိုယ်ရေသန့်ရှင်းမှုကိုအလေးထားသင့်သည်။ရောဂါပိုးများပျံ့နှံ့မှုမရှိစေရန် အထူးသဖြင့် အပြင်မှအိမ်ပြန်ရောက်တိုင်း  လက်ကို ရေ၊ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကျော်ကြာမကြာခဏဆေးကြောသင့်သည်။လက်သန့်ဆေးရည် (Hand Sanitizer)ကိုအမြဲဆောင်ထားသင့်သည်။ အဆိုပါအလေ့အကျင့်ကိုထိန်းသိမ်းကာ သန့်ရှင်းစွာနေထိုင်ခြင်းက ရေမှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါများနှင့် မိုးရာသီတွင်ဖြစ်တတ်သော တခြားရောဂါများမဖြစ်စေရန် ကာကွယ်ပေးသည်။

လတ်ဆတ်ပြီး ပူနွေးသောအစားအစာများသာ စားသင့်သည်။ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသည့်အစားအစာများကို ပူပူနွေးနွေး စားသုံးခြင်း၊ လမ်းဘေးအစားအစာများကိုရှောင်ခြင်းက မိုးရာသီအတွက် အရေးကြီးဆုံးကျန်းမာရေးအကြံပြုချက်တစ်ခုဖြစ်သည်။ မိုးရာသီတွင် လတ်ဆတ်သည့်အစားအစာများကိုစားသုံးခြင်းကမသန့်ရှင်းသည့် အစားအစာများထက် ပိုမိုစိတ်ချရသည်။ ပူနွေးသည့်အစားအစာများက အန္တရာယ်ရှိသည့်ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီးအစားအစာမှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါများ မဝင်ရောက်စေရန်ကာကွယ်ပေးသည်။  လတ်ဆတ်သည့်အစားအစာများက  ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရာသီအလိုက် ကူးစက်ရောဂါများ မကူးစက်နိုင်စေရန် အကူအညီပေးသည်။ ရေအိမ်သုံးပြီး၊ အစားအစာမပြင်ဆင်မီနှင့် အစာမစားမီ လက်ဆေးသင့်သည်။

မကြာခဏထိတွေ့မိသည့်နေရာများကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။ တံခါးလက်ကိုင်၊ မီးခလုတ်၊ စားပွဲမျက်နှာပြင်စသည့်နေရာများက ပိုးမွှားများပေါက်ပွားလွယ်သည့်နေရာများဖြစ်သည်။ မိသားစုဝင်တစ်ဦးနေမကောင်းဖြစ်နေစဉ် ၎င်းထိတွေ့မိသည့်နေရာများမှ အလွယ် တကူရောဂါကူးစက်နိုင်သည်ထို့ကြောင့်  မကြာခဏထိတွေ့မိသည့် နေရာများကို ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းက မိုးရာသီတွင် လိုက်နာရမည့်အရေးကြီးသောအလေ့အထတစ်ခုဖြစ်သည်။ ဖုန်း၊ ကီးဘုတ်၊  ကွန်ပျူတာနှင့် နေ့စဉ်သုံးပစ္စည်းများကို  ပုံမှန်သန့်စင်ခြင်းဖြင့်  ရောဂါပိုးများပျံ့နှံ့ခြင်းမှကာကွယ်နိုင်သည်။ရာသီတုပ်ကွေးမှ ကာကွယ်နိုင်ရန်  ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ပေးခြင်းက  မိမိမှ တခြားသူထံသို့၊ တခြားသူမှမိမိထံသို့ တုပ်ကွေးကူးစက်မှုကို  ကာကွယ် ပြီးသားဖြစ်စေသည်။

ခြင်အန္တရာယ်ကာကွယ်သင့်သည်။ ခြင်များသည် ငှက်ဖျား၊ သွေးလွန် တုပ်ကွေးကဲ့သို့   ရောဂါများသယ်ဆောင်နိုင်သည်။ခြင်ကိုက်ခြင်းမှကာကွယ်ရန် ခြင်မကိုက်လိမ်းဆေး(Mosquito Repellent)များ အသုံးပြုနိုင်သည်။အရေပြားကိုမပေါ်အောင်ဖုံးအုပ်ရန်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စသည့်အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ ခြင်အများဆုံးထွက်သည့် ညနေပိုင်းတွင် တံခါးနှင့်ပြတင်းပေါက်များပိတ်ထားသင့်သည်။ ခြင်များမပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို သန့်ရှင်း ထားသင့်သည်။

မိုးရာသီတွင်  သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများလာ၍   သွေးလွန်တုပ်ကွေးဖြစ်စေသောခြင်များမပေါက်ပွားရန် သိုလှောင်ထားသည့်ရေ၊ ပန်းအိုးများဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊လဲလှယ်ခြင်း၊ရေစစ်ဖြင့်စစ်ခြင်းတို့ ပြုလုပ်သင့်သည်။  ခြင်များကိုနှိမ်နင်းရေးအတွက်  ခြင်ဖျန်းဆေးဒီဒီတီ (DDT)၊ မာလာသီယွန်(Malathion) သုံးသင့်သည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်သင့်သည်။ မိုးရာသီ တွင် နာမကျန်းဖြစ်ခြင်းမှကာကွယ်ရန် နေ့စဉ် နာရီဝက်မှ  တစ်နာရီ ကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊  ရေကူးပြုလုပ်သင့်သည်။ မိုးရွာသောကြောင့်အိမ်အပြင်မထွက်ဖြစ်ခဲ့သော်အိမ်တွင်း လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်။ ယောဂကျင့်ခြင်း၊ တိုက်ချိကစားခြင်း၊ ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်း၊ အေရိုးဗစ်နှင့်  ကခုန်ခြင်း  စသည့် လှုပ်ရှားမှုများ ပြုလုပ်နိုင်သည်။ ပုံမှန်လေ့ကျင့်ခန်းကြောင့် ရောဂါပိုးမွှား များကိုတိုက်ထုတ်နိုင်ပြီးမိုးရာသီတွင်ခံစားရနိုင်သည့်စိတ်ဖိစီးမှုကို လျော့ကျစေကာ စိတ်ခံစားမှုသက်သာကောင်းမွန်စေနိုင်သည်။

အဝတ်နှင့်ဖိနပ်များကို သေချာစွာအခြောက်ခံသင့်သည်။ မိုးရာသီတွင်  အဝတ်နှင့်ဖိနပ်များစိုထိုင်းလွယ်ပြီး  ဗက်တီးရီးယားနှင့်မှိုပိုးများပေါက်ပွားစေနိုင်သည်။ အရေပြားရောဂါနှင့်အနံ့ဆိုးများကို ဖြစ်‌စေနိုင်သောကြောင့် အဝတ်များကိုပြန်မဝတ်မီ အခြောက်ခံပြီးမှသာ ဝတ်သင့်သည်။ အဝတ်ခြောက်ရန် ကြိုးတန်း သို့မဟုတ် အဝတ်အခြောက်ခံစက်ကို အသုံးပြုသင့်သည်။ ဖိနပ်များကို  လေဝင်လေထွက်ကောင်းသော နေရာ၌ထားရှိခြင်းဖြင့် စိုထိုင်းမှုကိုဖယ်ရှားနိုင်သည်။

ကျန်းမာရေးဆိုင်ရာသတိပေးချက်များကိုသတိထားသင့်သည်။ ကျန်းမာရေးဌာနနှင့် အစိုးရအဖွဲ့အစည်းများက မိုးရာသီတွင်ဖြစ်ပွားနိုင်သောရောဂါများနှင့်  ကာကွယ်ရေးနည်းလမ်းများကိုအသိပေးချက်ထုတ်ပြန်လေ့ရှိသည်။မိမိနေရာဒေသ၌ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်သောUpdateသတင်းများကိုအမြဲသတိထားသင့်သည်။   ခြင်များမ‌ပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းခြင်းအပြင် ရောဂါလက္ခဏာများ စသည့်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို လိုက်နာသင့်သည်။

ရေဝပ်မှုမရှိစေရန်ဂရုပြုသင့်သည်။ရေဝပ်သောနေရာများသည် ခြင်ပေါက်ပွားရာနေရာဖြစ်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေ ထောက်စသောရောဂါများကိုဖြစ်စေနိုင်သည်။ထို့ကြောင့်မိမိပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်ရေဝပ်သောနေရာများမရှိစေရန်  သတိပြုသင့်သည်။ အကြောင်းတစ်စုံတစ်ခုကြောင့်ရေသိုလှောင်ထားရပါက သန့်ရှင်းသောရေအိုး၊ ရေပုံးများအတွင်း ရေထည့်ပြီးပါက အဖုံးဖြင့်လုံအောင်အုပ်ထားသင့်သည်။

ဗီတာမင်-C ဓာတ်ကို ပို၍စားသုံးသင့်သည်။ မိုးရာသီတွင် ဗီတာမင်-C ဓာတ် များများစားခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ ဗီတာမင်-C သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားများကို ကောင်းစွာတိုက်ထုတ်ပေးနိုင်သည်။ လိမ္မော်သီး၊ ဂရိတ် ဖရုသီး၊ သံပရိုသီး၊ ရှောက်သီးကဲ့သို့သော အချဉ်ဓာတ်ပါသည့်အသီးအနှံ များစားသင့်သည်။ ထို့ပြင် ပိန္နဲသီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင်လည်း   ဗီတာမင်-C   ကြွယ်ဝစွာပါဝင်၍ အသားနှင့်ဟင်းသီးဟင်းရွက်မျှတစွာ၊ အာဟာရပြည့်ဝစွာ စားသုံးသင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။             ။         

MWD Web Portal

Photo - Prime View Magazine

ဒေါက်တာလွင်သန့်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှုရရှိရေးဆီသို့ …
-

အားကစားဟူသော ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

အားကစား၏ အဓိကရည်မှန်းချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားမှာ တစ်ဦးချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှသည် လူပေါင်းရာထောင်ချီပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲများအထိလည်းကောင်း၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိလည်းကောင်း ကျင်းပလျက်ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသည်။ ထိုမှတစ်ဆင့် အားကစားပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားခေါ်ဝေါ်လာနေကြပြီ ဖြစ်ပါသည်။

အားကစားသည် အမျိုးသားရေးတာဝန်

အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်ရာ ကျန်းမာရေးသက်သက်၊ အားကစားသက်သက်အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ အမျိုးသားရေးတာဝန်တစ်ရပ်၏ အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသားအားကစားပွဲတော်အဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများ ကျင်းပပြီး အားကစားနည်းအလိုက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိကလုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ခေတ်အဆက်ဆက်ကပင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ယခင့်ယခင်ကာလ များကပင် ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ ကျင်းပကာ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပျိုးထောင်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် သာဓကများလည်း ခိုင်ခိုင်မာမာရှိခဲ့ပြီး ဖြစ်ပါသည်။

သို့ရာတွင် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းတွင် မြန်မာ့အားကစားအဆင့်မှာ အရှေ့တောင်အာရှတွင် တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုမှာ အဆင့် ၇ အထိ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့သော အခြေအနေကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်ကပင် ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးစားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များအား ကျင်းပပေးခဲ့သည့်အပြင် ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား ပြန်လည်ကျင်းပပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

အားကစားပြိုင်ပွဲများကျင်းပခြင်းသည် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးများစွာ အထောက်အကူပြုနေမှုများ

အမျိုးသားအားကစားပွဲတော်ကြီးကျင်းပခြင်းမှာ အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးအဓိကထားရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများပင်လျှင် မိမိတို့နိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲမျိုးစုံနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအား ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ အားကစားနည်းအလိုက် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် စံချိန်စံညွှန်းများ တိုးတက်အောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။

အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကျောင်းသားလူငယ်အားကစားပြိုင်ပွဲ The First Student (Youth) Game ကို နန်နင်းမြို့တွင် ကျင်းပခဲ့ရာ အဆိုပါလူငယ်အားကစားပြိုင်ပွဲမှ ကမ္ဘာ့လူငယ်စံချိန် ၁၁ ခု ချိုးနိုင်ခဲ့ပြီး ထိုစံချိန် ၁၁ ခုအနက်မှ ကမ္ဘာ့စံချိန်တစ်ခုချိုးနိုင်ခဲ့သည်အထိ အောင်မြင်မှုများ မြင့်မားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါပြိုင်ပွဲ၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ပါရီအိုလံပစ်ပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၄၀ ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ရွှေတံဆိပ်အရေအတွက် ရရှိမှုတူညီခဲ့သော်လည်း ငွေတံဆိပ်လျော့နည်းရရှိခဲ့မှုကြောင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်နေရုံမျှမက လူငယ်ပြိုင်ပွဲများမှ ကမ္ဘာ့စံချိန်များကိုပင် ချိုးနိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိပါ အထောက်အကူပြုလျက်ရှိခြင်းကို ထင်သာမြင်သာရှိသည့် သာဓကအဖြစ်မြင်တွေ့နိုင်ပါသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာ့အားကစားဖွံ့ဖြိုး တိုးတက်ရေးအား ရေရှည်အထောက်အကူပြုနိုင်မည့် အမျိုးသားရေးဦးတည်ချက်များဖြင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး မှာ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြီးလျှင် အားကစားနည်းအများဆုံးနှင့် ပြိုင်ပွဲဝင်အားကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများ

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝန်ကြီးဌာနအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲဟူ၍ ပြိုင်ပွဲအား အဆင့်သုံးဆင့်ခွဲခြားကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး ပြေးခုန် ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/စနူကာ(အမျိုးသား)၊ လက်ဝှေ့ (အမျိုး သား/အမျိုးသမီး)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (အမျိုးသား/အမျိုးသမီး)၊ ခရစ်ကက် (အမျိုး သား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး (အမျိုး သား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး(အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)၊ တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုး သမီး)၊ ဗိုဗီနမ်(အမျိုး သား/အမျိုးသမီး)၊ အလေးမ(အမျိုးသား/အမျိုးသမီး)၊ ဝူရှူး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ပါဝင်ပါသည်။

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ ထိုင်လျက်ဘော်လီဘော(အမျိုးသား)နှင့် မျက်မမြင်စစ်တုရင် ( အမျိုးသား/အမျိုးသမီး) စသည့်အားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားနှင့် ဒိုင်/ဂျူရီအင်အား

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားအနေဖြင့် ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတွင် ၂၅၀၄ ဦး၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ၆၀၂၉ ဦး၊ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ၁၈၃ ဦး စုစုပေါင်း ၈၇၁၆ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အားကစားပြိုင်ပွဲအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည့် ဒိုင်/ဂျူရီအင်အားအနေဖြင့် ၈၂၃ ဦးခန့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။

ချီးမြှင့်ပေးအပ်ခဲ့သည့် ဆုတံဆိပ်အရေအတွက်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ ၂၃ မျိုးအတွက် ရွှေတံဆိပ် ၂၃၈ ခု၊ ငွေတံဆိပ် ၂၃၈ ခု၊ ကြေးတံဆိပ် ၃၃၁ ခု စုစုပေါင်း ၈၀၇ ခု၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲ ခြောက်မျိုးအတွက် ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၅၁ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၁၅၃ ခု၊ မသန်စွမ်းအားကစားပြိုင်ပွဲ လေးမျိုးအတွက် ရွှေတံဆိပ် ၅၀၊ ငွေတံဆိပ် ၅၀၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ၁၄၉ ခု၊ ပြိုင်ပွဲ သုံးရပ်လုံးအတွက် ရွှေတံဆိပ် ၃၃၉ ခု၊ ငွေတံဆိပ် ၃၃၉ ခု၊ ကြေးတံဆိပ် ၄၃၁ ခု စုစုပေါင်း ၁၁၀၉ ခု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ပြိုင်ပွဲကြီးအပြီးတွင် ရွေးချယ်ရရှိခဲ့သည့် မျိုးဆက်သစ်များနှင့် စံချိန်ချိုးခဲ့မှုမှတ်တမ်းများ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအပြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ်အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းအင်အား ၈၄၀ ကျော်ရွေးချယ်ရရှိခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ လမ်းလျှောက် Event တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့က အနီးကပ်ဆုံးကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲစံချိန်များအားလည်းကောင်း၊ အမျိုးသားတစ်ဦးက သံလုံးပစ်အားကစားနည်းတွင် ဝန်ကြီးဌာနစံချိန်နှင့် မြန်မာပြည်စံချိန်အားလည်းကောင်း၊ အလေးမပြိုင်ပွဲတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့က မြန်မာပြည်စံချိန်များအား ချိုး၍ စံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဖော်ဆောင်ရမည့် လူထုအားကစား

မြန်မာ့အားကစားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိသော်လည်း မဖြစ်မနေတစိုက်မတ်မတ်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုမှာ “လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေးတွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများအပြင် လူထုအားကစားလှုပ်ရှား ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအား အများပြည်သူများ (ကျောင်းသား ကျောင်းသူများအပါအဝင်) ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး အင်တိုက်အားတိုက် လိုက်ပါဆောင်ရွက်လာစေရေးအတွက် အားကစားအသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေးပင်ဖြစ်ပါသည်။”

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်း၏ အမျိုးသားရေးဦးတည်ချက်များ အောင်မြင်စေရေး

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်က အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲကြီးမှ အားကစားနည်းအလိုက် မျိုးဆက်သစ်များလည်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ပြီးဖြစ်ရာ ရရှိခဲ့သည့် မျိုးဆက်သစ်အားကစားသမားများနှင့် ယခင်ရှိပြီး မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင် အားကစားသမားများအား ထိရောက်စွာအသုံးချ၍ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက်လည်းကောင်း၊ မကြာမီကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှု ရရှိစေရေးအတွက်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အင်တိုက် အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေးအတွက်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက ဆက်လက်အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။          ။

MOI

ကိုဌေး (ကနောင်)