(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိ
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အားကစားနည်းပေါင်း ၅၃ နည်းကို ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆောင်ခလာ မြို့သုံးမြို့မှာနေရာခွဲပြီး ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ အားကစားနည်းပေါင်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့အတွက် စခန်းသွင်းပြင်ဆင်လေ့ကျင့်နေကြတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ နှလုံးသွင်းထားကြရမှာက ပြိုင်ပွဲဝင်နိုင်ငံတိုင်း၊ အားကစားသမားတိုင်း၊ အားကစားအသင်းအဖွဲ့တိုင်းက မိမိတို့အနိုင်ယူအောင်ပွဲခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြင်ဆင် လေ့ကျင့်နေကြတာဖြစ်လို့ ပြိုင်ပွဲက မကြေညာထားဘဲ အခုချိန်ကတည်းက စတင်ယှဉ်ပြိုင်နေကြပြီ ဆိုတာပါပဲ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့တာ၊ လေ့ကျင့်တာ၊ စီမံချက်ရေးဆွဲတာ၊ နည်းဗျူဟာ ချမှတ်တာစသဖြင့် စနစ်တကျ၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ ပံ့ပိုးမှုကောင်းကောင်း၊ အားပေးမှုကောင်းကောင်း ဆောင်ရွက်ကြခြင်းဖြင့် အခြေခံအကြောင်းတရားတွေ ပေါင်းစုံတဲ့အခါ အကောင်းဆုံးသော ရလဒ်၊ အမြင့်ဆုံးသော အောင်ပွဲတွေ ဆွတ်ခူးနိုင်ကြမှာဖြစ်ပါတယ်။
အနီးဆုံးပြိုင်ပွဲကို ပြန်ကြည့်ရင် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာအားကစားနည်း ၃၆ နည်း ထည့်သွင်း ကျင်းပခဲ့တဲ့အနက် မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အားကစားသမားပေါင်း ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရမှာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခုနဲ့ ကြေး ၆၈ ခု ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့တာမို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း(နှစ်ပေါင်း ၄၀ ကျော်အတွင်း) အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့တွေ ရွှေ၊ ငွေ၊ ကြေး အများဆုံးရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ နိုင်ငံအလိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်သူဦးရေကို ပြန်ကြည့်ရင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံက ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ပြိုင်ပွဲဝင်သူ ၈၀၀ ကျော်စီ၊ ဗီယက်နမ်က ၇၀၀ ကျော်၊ မလေးရှားက ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူတို့က ၅၀၀ ကျော်စီနဲ့ မြန်မာက ၃၄၁ ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားအရေအတွက်နဲ့ ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ ပြီးခဲ့တဲ့(၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းမှာ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး (၂၇)ကြိမ်မြောက် ဆီးဂိမ်းနောက်ပိုင်း အမြင့်ဆုံးသောအောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးနှစ်သင်းစလုံး အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဆိုရင် အာဆီယံရဲ့အင်အားကြီးဖြစ်တဲ့ ထိုင်းနိုင်ငံအမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး အရှုံးနဲ့ နောက်ကလိုက်ကစားပြီးပွဲအပြီးမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကိုလည်း အမှတ်ရနေကြဦးမှာပါ။ ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ငွေဆုနဲ့နှစ်သိမ့်ခဲ့ရတာမို့ လက်ရှိမှာတော့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာဆီယံရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိမှုဟာအား ကစားနည်းအလိုက် ပြိုင်ပွဲဝင်နိုင်တဲ့အရေအတွက်နဲ့ အားကစားသမားတွေရဲ့ အရည်အသွေးတို့အပေါ်မှာ မူတည်နေတာမို့ အားကစားအမျိုးအစားတိုင်းမှာ ဝင်ပြိုင်နိုင်မယ်၊ ကိုယ့်ရဲ့အားကစားသမားတွေ အားလုံးအရည်အသွေးမြင့်မားကြမယ်၊ စံချိန်ကောင်းကြမယ်ဆိုရင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးဂိမ်းရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတန်းစီဇယားမှာ ထိပ်ဆုံးပိုင်းကို ရောက်ရှိဖို့ဆိုရင် အားကစားသမားကောင်းတွေ ပိုမိုပြုစုပျိုးထောင်ဖို့၊ ပြိုင်ပွဲအားလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပြိုင်ပွဲတိုင်း ဆုတံဆိပ်တွေဆွတ်ခူးနိုင်ဖို့ ရေရှည်မျှော်မှန်းချက်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
အခုလာမယ့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းအတွက် မြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုဟာ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ တခမ်းတနားကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ အားကစားသမားပေါင်း ၁၂၀၀၀ လောက်နဲ့ အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စတဲ့ အားကစားနည်းတွေပါဝင်ပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးက လက်ရွေးစင်အဆင့်မီ အားကစားသမားတွေပေါ်ထွက်လာပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အားကစားနည်းတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းကို အဓိကဦးတည်ချက်ထားခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်တိတိကွာပါတယ်။ အမျိုးသား အားကစားပွဲတော်ကထွက်ပေါ်လာတဲ့ စံချိန်ရှင်တွေ၊ လက်ရွေးစင်အားကစားသမားတွေကို ဆက်လက်လေ့ကျင့်ပေးပြီး (၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ပိုမိုပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကိုယ့်စိတ်အလိုကျဆိုရရင် မြန်မာအားကစားသမားတွေပြိုင်ပွဲတိုင်းမှာ ရွှေဆုကိုသာမလွဲမသွေ ရယူကြလိမ့်မယ်လို့ ရဲရဲတင်းတင်း ပြောလိုက်ချင်တာပါ။
အားကစားဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်မှုတွေနဲ့ အစွမ်းကုန်မြှင့်တင်ပြီး ယှဉ်ပြိုင်ကြရတဲ့ ဖျော်ဖြေမှုတစ်ရပ်လို့ ယေဘုယျအဓိပ္ပာယ် ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အားကစားပွဲတွေကို နိုင်ငံအလိုက်၊ နိုင်ငံ့ကိုယ်စားပြုစသဖြင့် ယှဉ်ပြိုင်ကြတဲ့အခါ အနက်အဓိပ္ပာယ်နဲ့ အကျိုးသက်ရောက်မှုဟာ ဒီထက်များစွာပိုပြီး နက်ရှိုင်းကျယ်ဝန်းသွားပါတယ်။ အားကစားယှဉ်ပြိုင်မှုတွေက စစ်ပွဲတွေပမာဖြစ်သွားပါတယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို အခြေခံရတာ၊ နည်းလမ်းပေါင်းစုံနဲ့ အနိုင်ရအောင် တိုက်ရတာချင်းတူပေမယ့် ကျန်တာတွေကတော့ ဆန့်ကျင်ဘက်ပါ။ အားကစားသည်အပြု၊ စစ်သည်အဖျက်။ အားကစားသည် ချစ်ကြည်ရင်းနှီးမှု၊ စစ်သည်မုန်းတီးနာကြည်းမှု၊ အားကစားသည်ငြိမ်းချမ်းရေး၊ စစ်သည်ပျက်သုဉ်းရေး၊ အားကစားသည် အပေါင်းလက္ခဏာသဘော၊ စစ်သည် အနုတ်လက္ခဏာသဘော စသည်ဖြင့် ဆန့်ကျင်ခြားနားပါတယ်။
အားကစားမှာယှဉ်ပြိုင်ခြင်းသည် အဓိကဆိုပေမယ့် ဒါကကျင့်ဝတ်သဘောသာ ပြောခြင်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပြိုင်ပွဲဝင်အားကစားသမားတွေရော၊ အားပေးကြတဲ့ ပရိသတ်တွေပါ အောင်ပွဲကိုပဲ လိုချင်ကြတာပါ။ အနိုင်ရမှ အားရကြတာပါ။ အနိုင်ယူနိုင်မှ အားပေးကြတာလည်း သဘာဝပါ။ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်စတဲ့ အားကစားတွေမှာ မြန်မာအားကစားသမားတွေ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်စသဖြင့် အောင်မြင်မှုတွေရခဲ့တဲ့အချိန်တုန်းက မြန်မာတွေအားကစားကို အားပေးခဲ့ကြပါတယ်။ မြန်မာ့အားကစားအတွက် မြန်မာတွေဂုဏ်ယူခဲ့ကြရပါတယ်။ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေဟာလည်း မြန်မာတို့အဖို့ ဟီးရိုးတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ့အားကစားရွှေခေတ်ဟာ ရာစုနှစ်ဝက်လောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။ အားကစားပရိသတ်တွေအဖို့လည်း ကြားကာလနှစ်တွေမှာ တစ်ခါတစ်ခါရတတ်တဲ့ အောင်ပွဲ တချို့တလေနဲ့ပဲ နှစ်သိမ့်နေခဲ့ကြရတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ဘောလုံးအားကစားနည်းမှာ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းတွေကို အရှေ့တောင် အာရှရဲ့ထိပ်ဆုံးနေရာတွေမှာ တွေ့ချင်၊ မြင်ချင်ကြတဲ့ အာသီသဟာ ကြီးမားပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာမြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေဟာ (၃၂) ကြိမ်မြောက် ဆီးဂိမ်းထက်နှစ်ဆကျော်ပိုမို များပြားလာသလို အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြများလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ပိုမိုများပြားတဲ့နည်းတူ အရည်အသွေးမြင့်မားတဲ့ အားကစားသမားတွေဖြစ်အောင်၊ ပြိုင်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်အောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြပြီး အောင်စိတ်ကိုအမြင့်ဆုံးမှာ မြှင့်တင်ထားကြရမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အဘက်ဘက်က ဖြည့်ဆည်းစီမံဆောင်ရွက်ပေးမှု၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အမြင့်မားဆုံးသော အားပေးမှုတွေနဲ့အတူ (၃၃) ကြိမ်မြောက် ဆီးဂိမ်းမှာ သမိုင်းတစ်ခုရေးထိုးနိုင်ကြရအောင် အချိန်ရှိခိုက် လုံ့လဝီရိယစိုက်ကြပါစို့ရဲ့ဗျား။ ။
MOI

ပညာရေးတွင်ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် မျိုးဆက်သစ်လူငယ်များ၏ပညာရေးကို အလေးထားကြသည်။ ပညာရေးအသုံးစရိတ်သုံးစွဲနိုင်မှုအပေါ်မူတည်၍ နိုင်ငံတစ်နိုင်ငံ၏အဆင့်အတန်းကို ဖော်ပြလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကိုတိုးတက်အောင်ထူထောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်သစ်များကို အလေးထားသင့်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုအဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။
ပညာသည်သာလျှင်
ဆိုရလျှင် စာမတတ်သူနှင့်ပညာနိမ့်ပါးသူတို့များပြားခြင်းသည် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မိုဖြစ်ပေါ်စေသည်။ ပညာပြည့်ဝနှလုံးလှသူများဖြင့်သာလျှင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင်စာမတတ်သူများပြားခြင်း၊ အလုပ်လက်မဲ့ ပေါများခြင်းတို့သည် ရာဇဝတ်မှုများကိုထူပြောစေပြီး လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများကိုလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်သည်။ ထို့ပြင် လူညံ့၊ လူဆိုးများ အင်အားကြီးမားသည်နှင့်အမျှ လူ့အဖွဲ့အစည်းကိုလည်း ပြန်လည်ခြိမ်းခြောက်ပြီး အန္တရာယ်ပေးလာနိုင်သည်။
မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁ သန်းကျော်ရှိသည့်အနက် ဘွဲ့ရသူမှာ သုံးသန်းခန့်သာ ရှိသည်။ မဟာဘွဲ့၊ ပါရဂူဘွဲ့များဆိုလျှင် ထိုအရေအတွက်ထက်နည်းပါးမည်ဖြစ်သည်။ အသက် ၂၅ နှစ် အထက် လူဦးရေ ၂၅ သန်းကျော်ရှိရာ ၎င်းလူဦးရေ၏သုံးပုံနှစ်ပုံကျော်သည် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်၌ပင် ကျောင်းထွက်ထားကြသူများဖြစ်သည်။ အများစုသည် အခြေခံပညာမူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သည်။
ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေး
လက်ရှိအချိန်တွင် CRPH၊ NUG နှင့် PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများသည် တချို့သောဒေသများတွင် အခြေခံပညာကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ကျောင်းသားမိဘများအားခြိမ်းခြောက်ခြင်း၊ ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ တချို့သော ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့်ဆရာ၊ ဆရာမများသည် အသက်ကိုပင်လျှင် ရန်ရှာခြင်းခံနေကြရသည်။ ထို့ပြင် အကြမ်းဖက်ထောက်ခံသူ တချို့သောမိဘများသည် အစိုးရကိုဆန့်ကျင်လျက် သား၊ သမီးများကို ကျောင်းတက်ခွင့်မပြုဘဲထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိရင်သွေးငယ်များ၏အနာဂတ်ကိုဖျက်ဆီးနေခြင်းပင်ဖြစ်သည်။
ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိသား၊ သမီးများ၏အနာဂတ်ကိုမြော်တွေးလျက် ကျောင်းပုံမှန်တက်ရောက်ခွင့်ပြုသွားစေလိုသည်။ မျိုးဆက်သစ်ကလေးငယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်။ ထို့ပြင် မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ တာဝန်သိပြည်သူများအနေဖြင့် အဖျက်အမှောင့် လုပ်ဆောင်ရန် ကြံစည်နေသူများ၏သတင်းနှင့်လှုပ်ရှားမှုများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များသို့ အချိန်မီအသိပေးသွားသင့်သည်။ စင်စစ်အားဖြင့် ကျောင်းသား၊ ကျောင်းသူအားလုံးဘေးကင်းလုံခြုံပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးသည် များစွာအရေးပါလျက်ရှိသည်။
သာယာကောင်းမွန်သောအနာဂတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၁ ရက်တွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် ကျောင်းစုံညီခန်းမ၌ ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့်အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါထိခိုက်လာစေကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့်အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေး သင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်ဘဝလမ်းတစ်လျှောက်၌ သာယာကောင်းမွန်သည့် လူမှုဘဝကိုရရှိစေမည်ဖြစ်ကြောင်း”တိုက်တွန်းပြောကြားခဲ့သည်။
ဆိုရလျှင် နိုင်ငံတော်၏အနာဂတ်သည် လူငယ်များလက်ဝယ်တွင်ရှိသည်။ လူငယ်များသည် ဆရာများ၏လက်ဝယ်တွင်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်သည် ဆရာများ၏လက်ဝယ်တွင်ရှိသည်ဟုဆိုနိုင်သည်။ အမှန်တော့ အရည်အသွေးပြည့်ဝသည့်ဆရာများကသာ အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။
ထို့ပြင် မသိသူကိုသိအောင်၊ မတတ်သူကိုတတ်အောင်၊ မကျွမ်းကျင်သူကို ကျွမ်းကျင်အောင်၊ မယဉ်ကျေးသူကိုယဉ်ကျေးအောင်၊ မလိမ္မာသူကို လိမ္မာလာအောင် “စာကိုလည်းသင်၊ လူကိုလည်းပြင်”ပေးရမည့်သူများမှာဆရာများပင်ဖြစ်သည်။ စင်စစ်အားဖြင့် မြန်မာ့လူမှုအသိုက်အဝန်းတွင် ဆရာ၊ ဆရာမများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ “ဆရာမပြနည်းမကျ” ဆိုသလို ဆရာ၊ ဆရာမများသည် တပည့်များ၏ စံပြပုဂ္ဂိုလ်များပင်ဖြစ်သည်။ ထို့ပြင် တိုင်းပြည်တည်ဆောက်ရာတွင်လည်း အခရာကျလျက်ရှိသည်။
အမျိုးသားပညာရေးစီမံကိန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်အတွင်း ပညာတတ်များမွေးထုတ်နိုင်ရေးရည်မှန်းချက်ဖြင့် လက်ရှိအချိန်တွင် ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံးတက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူအားလုံး ပညာများအမှန်တကယ်တတ်မြောက်ပြီးပုံမှန်တန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများပို့ချပေးရန်စီစဉ်လျက်ရှိသည်။ တစ်ဖက်တစ်လမ်းမှလည်း ဆရာ၊ ဆရာမများ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်စီမံလျက်ရှိသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းတိုးတက်ဖို့ ပညာတတ်များမွေးထုတ်စို့
အမှန်တော့ လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်နိုင်မှုသည် ထိုသူ၏ပညာတတ်မြောက်ထားမှုအပေါ်တွင်များစွာမူတည်နေသည်။ငယ်စဉ်ကပုံမှန်ကျောင်းပညာသင်ကြားခွင့်မရရှိခဲ့သော လူတစ်ဦး သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားကြရသည်။ ထိုသဘောတရားအရ နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှုသည်လည်း ထိုနိုင်ငံရှိ ပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအားလုံး ပညာတတ်မြောက်မှုနှုန်းအပေါ်တွင်သာ မူတည်လျက်ရှိသည်။ စင်စစ်အားဖြင့် ပညာရေးသည် လူသားအားလုံးအတွက် ပင်မဒေါက်တိုင်ဖြစ်နေသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံသားများ၏ပညာရည်မြင့်မားရေးအတွက် ရေတိုရေရှည်စီမံချက်များ၊ သုတေသနလုပ်ငန်းများအား ငွေကြေးမြောက်မြားစွာ အကုန်ကျခံလျက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ်များ ပညာရည်မြင့်မားနေမှသာလျှင် ထိုနိုင်ငံသည် တည်ငြိမ်အေးချမ်းတိုးတက်ပြီး အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တိုးတက်ရေးသည်မျိုးဆက်သစ်များ၏ပညာရည်တတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်ဆိုသောအချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံ ထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များပညာရည်မြင့်မားရေးအတွက် ရေတိုရေရှည်စီမံကိန်းများချမှတ်လျက် အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အမှန်တော့ အသိပညာရှင်၊ အတတ်ပညာရှင်ပေါများသော နိုင်ငံတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံများအဖြစ် ရပ်တည်နိုင်လေ့ရှိကြသည်။
ဆိုရလျှင် “ပညာသမာ အာဘာနတ္ထိ-ပညာနှင့်တူသော အလင်းရောင်သည်မရှိ”ဟူ၍မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ရာ ပညာတန်ဆောင်အလင်းရောင်ဖြင့် ဘဝကိုအောင်မြင်စွာတည်ဆောက်နိုင်ရေး၊ ပညာအလင်းကင်းမဲ့စွာ အမိုက်မှောင်တွင်းသက်ဆင်းကျရောက်မသွားစေရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်တစ်ဦးအဖြစ် နိုင်ငံကိုအလုပ်အကျွေးပြုနိုင်ရေးအတွက် မျိုးဆက်သစ်လူငယ်များ ပညာသင်ယူခွင့်ရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်။
မည်သို့ပင်ဆိုစေ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ပညာတတ်မြောက်မှုအဆင့်အတန်းပေါ်တွင်များစွာတည်မှီလျက်ရှိသည်။ထို့ကြောင့်နိုင်ငံတော်အစိုးရသည်ဘက်စုံထူးချွန်သောမျိုးဆက်သစ်လူငယ်များပေါ်ထွန်းရေးဘက်ပေါင်းစုံမှစဉ်းစားသုံးသပ်ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် အဆင့်မြင့်ပညာသင်ယူနိုင်သူအရေအတွက်တိုးတက်လာမှသာလျှင် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် မျိုးဆက်သစ်များပညာရည်မြင့်မားရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကမ္ဘာမြေကြီးပေါ်၌အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါက်ရောက်သီးပွင့်နေကြပြီး တစ်ခုစီသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီနှင့် ဆင်တူကြကာ အဆိုပါအစိတ်အပိုင်းများနှင့်သက်ဆိုင်သည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်လျက်ရှိခြင်းသည် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်ကြောင်း ပညာရှင်များ၏အဆိုအရ သိရသည်။

သဘာဝတရားက ရောဂါဘယများကို ပျောက်ကင်းစေနိုင်သောအစားအစာများကို ဖန်တီးပေးထားသည်။ ဥပမာအားဖြင့်မုန်လာဥနီသည်မျက်လုံးနှင့်ဆင်တူပြီး မျက်စိကျန်းမာရေးအတွက်ကောင်းမွန်သည်ဟုလူသိများသည်။သစ်ကြားသီးသည် ဦးနှောက်နှင့်တူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးသဖြင့် မှတ်ဉာဏ် ကျန်းမာရေးကို မြှင့်တင်ပေးသည်ဟု ယူဆကြသည်။ ခရမ်းချဉ်သီးတွင် နှလုံးကဲ့သို့ အနီရောင်နှင့် အခန်းလေးခန်းပါရှိပြီး နှလုံးကျန်းမာရေးနှင့် ဆက်စပ်မှုရှိသည်။
ပဲစေ့များသည် ကျောက်ကပ်ကဲ့သို့ပုံသဏ္ဌာန်ရှိပြီး ကျောက်ကပ် လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေသည်။ ထို့ပြင် ထောပတ် သီးသည် အမျိုးသမီးများ၏သားအိမ်နှင့်တူပြီး မျိုးပွားမှုဆိုင်ရာကျန်းမာ ရေးနှင့်ဆက်စပ်နေသည်။ တရုတ်နံနံပင်များသည် အရိုးနှင့်တူပြီး အရိုး ကျန်းမာရေးအတွက် ကောင်းမွန်သည်။ ချင်းသည် အစာအိမ်နှင့်တူပြီး အာယုဗ္ဗေဒဆေးကျမ်းအရ အစာမကြေခြင်းနှင့် ပျို့အန်ခြင်းကို သက်သာ စေသည့်အတွက် ကျော်ကြားသည်။
မုန်လာဥနီနှင့်မျက်စိ
မုန်လာဥနီတွင် ဗီတာမင်-A၊ ဗီတာမင်-C၊ Flavonoids နဲ့ Phytochemi-cal ကဲ့သို့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ ပါဝင်သည်။ လှီးထားသော မုန်လာဥနီသည် မျက်လုံးနှင့်ဆင်တူပြီး Beta-carotene ကြွယ်ဝစွာ ပါဝင်သောကြောင့် အမြင်အာရုံကောင်းမွန်စေရန်၊ အသက်အရွယ်နှင့် ဆိုင်သော အမြင်အာရုံယိုယွင်းခြင်းနှင့် အတွင်းတိမ်ဖြစ်နိုင်ခြေတို့ကိုကာကွယ်ပေးကြောင်း သိပ္ပံနည်းကျလေ့လာ မှုများက သက်သေပြခဲ့သည်။ မုန်လာဥနီကို ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်လုံးသို့ သွေးစီးဆင်း မှုကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကြည်လင်စေသည်။
သစ်ကြားသီးနှင့်ဦးနှောက်
အခွံမာသီး၏ အတွင်းဘက်တွင် ဦးနှောက်နှင့်တူညီသော ဘယ်ဘက် ခြမ်းနှင့် ညာဘက်ခြမ်း ပိုင်းခြားမှုအပြင် သစ်ကြားသီး၏မျက်နှာပြင်ရှိ အတွန့်ခေါက်များသည် ဦးနှောက်၏အတွန့်ခေါက် များကဲ့ သို့ပင် ထူးထူးခြားခြားဖြစ်နေသည်။သစ်ကြားသီးသည် ဦးနှောက်အတွင်းရှိ အာရုံကြော ပို့လွှတ်မှု၊ ချိတ်ဆက်မှုနှင့် ဦးနှောက်တစ်သျှူးများတွင် အချက်ပြမှုများကို ကူညီပေးသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် Omega-3 Fatty Acid ကြွယ်ဝသော ရင်းမြစ်တစ်ခုဖြစ်ပြီး တခြားသောအသီး အနှံများထက် ဖောလိတ် (ဗီတာမင် B-9) နှင့် ဗီတာမင်-E ပိုများသည်။ ဦးနှောက် ကျန်းမာရေးနှင့် မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။သစ်ကြားသီးစားခြင်းသည် မှတ်ဉာဏ်လျော့နည်းခြင်းကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါ နှင့်ဆက်စပ်သော ပရိုတင်းအလွှာများကို ချေဖျက်ပေးသည်။
ခရမ်းချဉ်သီးနှင့်နှလုံး
ခရမ်းချဉ်သီးသည်အနီရောင်ဖြစ်ပြီးလှီးဖြတ်လိုက်သောအခါတွင်များသောအားဖြင့် အခန်းလေးခန်းပါ၀င်ကာနှလုံးဖွဲ့စည်းပုံနှင့်ဆင်တူသည်။ ခရမ်းချဉ်သီးတွင် lycopene ကြွယ်ဝပြီး နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာကို ကာကွယ်ပေးသည်။ ထို့ပြင် ခရမ်းချဉ်သီးတွင် ဖောလိတ်ဓာတ်ကြွယ်ဝပြီး ရိုးတွင်းခြင်ဆီနှင့် သွေးတွင်းအောက်ဆီဂျင်ပို့ဆောင်ရာတွင် ကူညီပေးသည့် သွေးနီဥဆဲလ်များထုတ် လုပ်မှုကို ကူညီပေးသည်။
တရုတ်နံနံနှင့်အရိုး
ရှည်လျားသောတရုတ်နံနံ၏အညှာနှင့်ရိုးတံသည်အရိုးတည် ဆောက်ပုံနှင့်တူပြီး ဆီလီကွန်နှင့် ဗီတာမင်-Kကြွယ်ဝသောကြောင့်အရိုးတည်ဆောက်ပုံနှင့်အရိုးအဆစ်သန်မာမှုအတွက်လိုအပ်သည်။အရိုးများကို ဆိုဒီယမ် ၂၃ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထားပြီးတရုတ်နံနံတွင် ဆိုဒီယမ်ပါဝင်မှုနှင့်တူညီသည်။ Dimpleသည်အရိုးသိပ်သည်းဆနည်း ပါက တရုတ်နံနံဖျော်ရည်ကို သောက်သုံးရန် အကြံပြုထားသည်။
ချင်းနှင့်အစာအိမ်
အစာအိမ်ပုံသဏ္ဌာန်နှင့်ဆင်တူသောချင်းကိုဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် အစာအိမ်ရောဂါအမျိုးမျိုး ကိုကုသရာတွင် တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ ချင်း၏အစာခြေဂုဏ်သတ္တိများကို ရှေးခေတ်ကတည်း က တိုင်းရင်းဆေးအသိအမှတ်ပြုခဲ့သည်မှာ နှစ် ၅၀၀၀ ကျော်ခဲ့သည်။ ထို့ပြင် ချင်းသည်အူမကြီးအကျိတ်များကြီးထွားမှုကို ဟန့်တားနိုင်သည် ။
မှိုနှင့်နားရွက်
မှိုကိုတစ်ခြမ်းလှီးဖြတ်လိုက်လျှင် နားရွက်ပုံသဏ္ဌာန်နှင့်တူသည်။ မှိုသည် မရှိမဖြစ်လိုအပ်သော အာဟာ ရဓာတ် ဗီတာမင်-D ပါဝင်သောသဘာဝအစားအစာတစ်ခုဖြစ်သောကြောင့် အရိုးများကို ကျန်းမာစေ သည်။ အကြားအာရုံကိုထိန်းသိမ်းရန်နှင့် သန်မာသောအရိုးများ အထူး သဖြင့် ဦးနှောက်သို့ အသံအချက် ပြမှုများကိုပေးပို့သည့် နားရှိအရိုးနုသုံးချောင်းအတွက် အရေးကြီးသည်။
ထောပတ်သီးနှင့်သားအိမ်
ထောပတ်သီးသည် အမျိုးသမီးသားအိမ်၏ပုံသဏ္ဌာန်နှင့်ဆင်တူပြီး မျိုးပွားမှုဆိုင်ရာကျန်းမာရေးကို လည်း အထောက်အကူပြုသည်။ ထောပတ်သီးသည် ဖောလစ်အက်စစ်နှင့် ဗီတာမင်‑E ၏ အရင်းအမြစ် ကောင်းတစ်ခုဖြစ်သည်။ ဖောလိတ်သည် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားသည်။ ခေတ်သစ်သုတေသနပြုချက်များအရ အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် ထောပတ်သီး တစ်လုံးစားသုံးခြင်းသည်အမျိုးသမီးဟော်မုန်းများကို ထိန်းညှိပေးကာ ကိုယ်အလေးချိန်ကို လျော့ကျစေပြီး သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးကြောင်း သိရသည်။ အသားအရေနှင့် ဆံပင်အတွက် ကောင်းမွန်သည်။
ပန်ကရိယအတွက် အကျိုးကျေးဇူးများသောကန်စွန်းဥ
ကန်စွန်းဥသည် ကစီဓာတ်ပါရှိသောဥဖြစ်ပြီး ပန်ကရိယနှင့် ဆင်တူ၍ ပန်ကရိယကျန်းမာရေးကို မြှင့်တင်နိုင်သည်။ ကန်စွန်းဥတွင် အစွမ်း ထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သော ဘီတာကယ်ရိုတင်း ပမာဏ မြင့်မားစွာပါဝင်ပြီး ပန်ကရိယအပါအဝင် ခန္ဓာကိုယ်တစ်သျှူးအားလုံးကို အိုမင်းရင့်ရော်ခြင်းနှင့် ကင်ဆာကြောင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်သည်။ ဗီတာမင်-A၊ မဂ္ဂနိစ်နှင့် အမျှင်ဓာတ်များ စွာပါဝင်ပြီး ခန္ဓာ ကိုယ်တွင်းသကြားဓာတ်တိုးမြှင့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
စပျစ်သီးနှင့်အဆုတ်လေအိတ်များ
စပျစ်သီးသည် အဆုတ်အတွင်းရှိ လေအိတ်များနှင့် ဆင်တူပြီး အဆုတ်မှအောက်ဆီဂျင်ကို သွေးထဲသို့ ဖြတ်သန်းခွင့်ပေးသည်။ လတ်ဆတ်သောစပျစ်သီးများတွင် Resveratrol ကြွယ်ဝသောကြောင့် အဆုတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ စပျစ်စေ့တွင် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်စေသော ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် Proanthocyanidin ဟုခေါ်သော ဓာတုပစ္စည်းလည်းပါဝင်သောကြောင့် အလွန်အကျိုးရှိသည်။
ဂရိတ်ဖရုသီးနှင့် နို့ရည်ဂလင်းများ
လှီးဖြတ်ပြီး ဂရိတ်ဖရုသီး၏အတွင်းပိုင်းဖွဲ့စည်းပုံသည် အမျိုးသမီး ရင်သားရှိ နို့ရည်ဂလင်းများနှင့် တူသည်။ ဂရိတ်ဖရုသီးများတွင် ကင်ဆာ ဖြစ်ပွားမှုကို ဟန့်တားနိုင်ကြောင်း သက်သေပြထားသော Limonoids များ ပါဝင်သည်။ ရင်သားတစ်သျှူးအတွင်းတစ်ဝိုက်ရှိ ပြန်ရည်စီးဆင်းမှု လမ်းကြောင်းများ ကို ထောက်ပံ့ပေးပြီး ရင်သားကျန်းမာရေးကို ကောင်း မွန်စေသည်။
ကျောက်ကပ်ပုံသဏ္ဌာန်ရှိသောပဲစေ့များ၏အကျိုးကျေးဇူးများ
ကျောက်ကပ်ပုံသဏ္ဌာန်ရှိသည့် နက်မှောင်သောအနီရောင်ပဲစေ့များကို ပုံမှန်စားသုံးသောအခါတွင် ကျောက်ကပ်လုပ်ဆောင်ချက်ကိုထိန်းသိမ်းရန် ကူညီပေးသည်။ ပဲစေ့များသည် အမျှင်ဓာတ်နှင့် အပင်အခြေခံ ပရိုတင်းဓာတ်များ မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်၏သဘာဝ အဆိပ်ဖြေ ခြင်းလုပ် ငန်းစဉ်ကို ထောက်ပံ့ပေးသည်။ ပဲစေ့များကို မျှတစွာ စားသုံးပါက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သတ္တု ဓာတ်ကြွယ်ဝမှုသည် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရာတွင် အထောက် အကူဖြစ်စေသည်။
အိန္ဒိယနိုင်ငံဂျိန်းတက္ကသိုလ်မှအစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးအာယုဗ္ဗေဒနည်းပြနှင့် လူနေမှုပုံစံဆေးပညာအကျိုးဆောင် တစ်ဦးဖြစ်သူ Dimple Jangda က ခန္ဓာကိုယ်အင်္ဂါများအတွက် အများ ဆုံး အကျိုးပြုသောအစားအစာခုနစ်မျိုးကို အင်စတာဂရမ်၏ ဗီဒီယိုတစ်ခုတွင် ရှင်းပြခဲ့သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ အကျိုးကျေးဇူးများကို သက်သေပြသည့် သိပ္ပံနည်း ကျသုတေသနများစွာ ရှိသော်လည်း အမှန်တကယ်စိတ်ဝင်စားစရာကောင်းသောအချက်မှာ ခန္ဓာကိုယ် ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်အမျိုးမျိုးကို လူသားများ၏ ကျန်းမာရေးအတွက် အလွယ်တကူရရှိနိုင်စေရန် သဘာဝတရားက ဖန်တီးပေးထားခြင်း ပင်ဖြစ်ကြောင်းအာဟာရသုတမျှဝေလိုက်ရပါသည်။
MWD Web Portal

လူအတော်များများက ဦးရေပြားမှာ ဗောက်ထတတ်ပါတယ်။ ဦးရေ ပြားကနေ အဆီနဲ့ချွေးတွေအမြဲထွက်လေ့ရှိပါတယ်။ ဒါကြောင့် ဦးရေပြား သန့်ရှင်းရေးအတွက် ခေါင်းမကြာခဏမလျှော်ဖြစ်တဲ့အခါ ဦးရေပြားမှာ အဆီနဲ့ချွေးတွေစုပုံပြီးယားယံလာပါတယ်။ဦးရေပြားမှာရှိတဲ့အရေပြားအကြေးခွံလေးတွေစုပုံလာတာကြောင့် ဗောက်တွေဖြစ်လာ ပါတယ်။ ဒါ့ပြင် ဦးရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။
ဦးရေပြားဗောက်ထတာကို ဘယ်လိုကာကွယ်နိုင်လဲဆိုတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပြီးအနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းပုံမှန်လျှော်သင့်ပါတယ်။

ဦးရေပြားခြောက်သွေ့တဲ့သူတွေဗောက်ထတတ်ပါတယ်။ ဦးရေပြား မှာဖုံးအုပ်ထားတဲ့အဆီကိုအရေပြားအဆီကျိတ်လေးတွေကထုတ်ပေးပြီး ဦးရေပြားကိုချောမွတ်စေဖို့နဲ့ ရောဂါပိုးတွေအလွယ်တကူမဝင်စေဖို့ကာကွယ်ပေးပါတယ်။ဒါကြောင့်ဦးရေပြားခြောက်သွေ့သူတွေကအရေပြားခံနိုင်ရည်နည်းပြီးတုံ့ပြန်လွယ်တဲ့အရေပြားဖြစ်နေတတ်ပါ တယ်။
နေ့တိုင်းခေါင်းလျှော်တာ၊ မကြာခဏခေါင်းလျှော်တာ၊ ခေါင်းလျှော်ရည်ပြင်းပြင်းတွေအမြဲသုံးတာ၊ Dryer ကို ဦးရေပြားနဲ့နီးကပ်စွာလေမှုတ်တာတွေရှောင်သင့်ပါတယ်။ ပတ်ဝန်းကျင်လေထုခြောက်သွေ့နေချိန်ဆိုရင် ဦးရေပြားခြောက်သွေ့တတ်တာကို သတိထားသင့်ပါတယ်။
စိတ်ဖိစီးမှုများတဲ့သူတွေမှာ ဦးရေပြားပြဿနာရှိနိုင်ပါတယ်။ စိတ်ဖိစီး မှုကြောင့် ဦးရေပြားသာမက မျက်နှာ၊ လည်ပင်း၊ အရေပြားတို့လည်းခြောက်သွေ့တတ်ပါတယ်။ ဒါ့ပြင် စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ် အပူချိန်တက်တာ၊ ဦးရေပြားယားယံတာတွေဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုများနေချိန်မှာ ခေါင်းမှန်မှန်လျှော်သင့်ပါတယ်။ ဦးရေပြား ယားယံတဲ့အခါ အေးမြတဲ့ပတ်ဝန်းကျင်နဲ့ စိတ်ကိုငြိမ်းချမ်းစွာထားတတ် ဖို့ သတိထားသင့်ပါတယ်။ ယားယံတာသက်သာစေမယ့် ဆေးဝါးတွေ၊ လိမ်းဆေးတွေလိမ်းနိုင်ပါတယ်။
မှိုပိုးကြောင့်အရေပြားယားယံတာလည်းရှိပါတယ်။အရေပြားအပေါ်ယံထိခိုက်စေတဲ့မှိုပိုးတွေကဦးရေပြားမှာ ဒက်ဖြစ်စေပါတယ်။
ဒက်ဖြစ်ရင် ဦးရေပြားနီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အကြေးခွံလေးတွေ၊ အနီကွက်လေးတွေဖြစ်ပြီး ယားယံစေပါတယ်။ ဒက်က ထိတွေ့မှုကြောင့် ကူးစက်တဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေ အတူသုံးတာကြောင့် လည်း ကူးစက်တတ်ပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ့်အပြင် ခေါင်းဘီး၊အဝတ်အစား၊ ခေါင်းရိတ်ဓားနဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း တွေကို သီးသန့်အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် လူစုလူဝေးနဲ့နေရတဲ့ အဆောင်၊ ကျောင်းတွေမှာ ဒက်ကူးစက်လွယ်တာကြောင့် သတိထား သင့်ပါတယ်။
မှိုရဲ့အဆီဖတ်တွေကြောင့်လည်းအရေပြားရောင်ရမ်းမှုဖြစ်စေပါတယ်။ ဦးရေပြားသာမကနားနောက်၊ နှာခေါင်းကြား၊ မျက်ခုံးစပ်၊ရင်ဘတ်၊ ကျော၊ ချိုင်း၊ လက်သည်းခွံတွေမှာယားယံပြီးအနီပြင်၊ အကြေးဖတ်တွေအဖြစ်တွေ့ရတတ်ပါတယ်။ လူတိုင်းက အရေပြားမှာရှိ တဲ့ မယ်လယ်စီးယားဖာဖာ(Malassezia FurFur)ဆိုတဲ့ မှိုတစ်မျိုးကတချို့ကိုယ်ခံစွမ်းအားစနစ်ရှိသူတွေမှာ အဆီကျိတ်လေးတွေကနေအဆီထွက်များတာ၊ တုံ့ပြန်လွယ်တာ၊ အရေပြားရောင်ရမ်းတာနဲ့အကြေးခွံလေးတွေဖြစ်စေပါတယ်။ အရွယ်ရောက်ချိန်မှာဟော်မုန်း အပြောင်းအလဲဖြစ်တာကြောင့်ပိုဆိုးတတ်ပါတယ်။ဆောင်းရာသီမှာပိုဆိုးတတ်ပါတယ်။
ဒါကိုကာကွယ်လို့ရပါတယ်။အရေပြားရောင်ရမ်းမှုကိုဖြစ်စေတဲ့အကြောင်းရင်းဖြစ်တဲ့မှိုပိုးကိုကုသရပါမယ်။ မှိုပိုးအတွက်ဆေးတွေ၊ခေါင်းလျှော်ရည်တွေသုံးနိုင်ပါတယ်။ပူလွန်းတဲ့ရေနဲ့ခေါင်းလျှော်တာရှောင်ရပါမယ်။ ခေါင်းလျှော်တဲ့အခါ ဦးခေါင်းမှာ ခေါင်းလျှော်ရည်တွေ မကျန်အောင် ရေနဲ့သေချာဆေးချရပါမယ်။ ဇင့်ပါတဲ့ခေါင်းလျှော်ရည်၊ ဆီလီနီယမ်ပါတဲ့ခေါင်းလျှော်ရည်၊ မှိုပိုးကိုပျောက်စေတဲ့ဆေးတွေပါတဲ့ ခေါင်းလျှော်ရည်တွေသုံးနိုင်ပါတယ်။ လက်ဖက်စိမ်းခေါင်းလျှော် ရည်ကလည်း ဗောက်သက်သာစေပါတယ်။
ဦးရေပြားမှာ နေလောင်တာဖြစ်တတ်ပါတယ်။ နေလောင်တာကိုအရေပြားသာမကဦးရေပြားမှာလည်းခံစားရပါတယ်။ဦးရေပြားနေလောင်တဲ့အခါဦးရေပြားနီရဲနေပြီး နာကျင်၊ ယားယံနေတတ်ပါ တယ်။ အကြေးခွံအဖတ်လေးတွေလည်း လန်လာတတ်ပါတယ်။
ဦးရေပြားကို နေရောင်ခြည်ကနေကာကွယ်ဖို့ နေပူထဲထွက်ရင် ဦးထုပ်၊ ထီး ဆောင်းရပါမယ်။ ဦးရေပြားကိုထိခိုက်စေမယ့် ပရာသီးနဲ့အရေပြားတုံ့ပြန်လွယ်စေမယ့်ဆံ ပင်သုံးပစ္စည်း တွေကိုရှောင် ရပါမယ်။
ဦးရေပြားမှာ သန်းကြောင့် အရေပြားရောင်ရမ်းတာဖြစ်ရင် ယားယံ တာနဲ့ ဗောက်များတာတွေဖြစ်တတ်ပါတယ်။ သန်းကြောင့် ဦးရေပြား သာမက လည်ပင်းနဲ့ ပခုံးမှာပါ အရေပြားရောင်ရမ်းတတ်ပါတယ်။သန်းကိုကာကွယ်လို့ရပါတယ်။ သန်းပျောက်စေမယ့် ခေါင်းလျှော် ရည်၊ ဆေးရည်တွေလိမ်းနိုင်ပါတယ်။ ခေါင်းမှန်မှန်လျှော်သင့်ပါတယ်။
သန်းက တစ်ယောက်နဲ့တစ်ယောက် ဦးခေါင်းချင်းထိရုံနဲ့ကူးစက်နိုင်ပြီး ဦးထုပ်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ခေါင်းဘီးအတူသုံးတာတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။
ဦးရေပြားမှာ မျက်နှာလိုပဲ ဝက်ခြံပေါက်တတ်ပါတယ်။ အထူးသဖြင့် ဆံစပ်နေရာမျိုးမှာ ဝက်ခြံအနီဖုလေးတွေတွေ့ရတတ်ပါတယ်။ တစ်ခါ တစ်ရံ ရာသီဥတုပူပြင်းချိန်၊ ခေါင်းမှန်မှန်မလျှော်နိုင်ချိန်မှာ ဆယ်ကျော် သက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။
အဆီကျိတ်လေးတွေကနေ အဆီထွက်တာများတဲ့ဆယ်ကျော်သက် အရွယ်မှာ ဝက်ခြံပိုပေါက်တတ်တာကို သတိထားသင့်ပါတယ်။ ဘယ်လို ကာကွယ်နိုင်လဲဆိုရင်ဦးရေပြားကိုအလှဆီလိမ်းတာ၊ Gel၊ Wax လိမ်းတာတွေရှောင်သင့်ပါတယ်။တတ်နိုင်သမျှတစ်ကိုယ်ရေသန့်ရှင်းရေး၊ဦးရေပြားသန့်ရှင်းရေးပြုလုပ်သင့်ကြောင်းရေးသားလိုက်ရပါတယ်။ ။
Photo - Kyarlay

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ဖြစ်ပွားခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတ်လ ၁၁ ရက်က ကမ္ဘာ့ကပ်ရောဂါအသွင်အဖြစ် ကမ္ဘာအနှံ့သို့ပျံ့နှံ့ကာ ရောဂါ ဖြစ်ပွားနှုန်းသာမက အသေပျောက်နှုန်းလည်းများခဲ့သည်။ လူဦးရေ ၇၇၅ သန်းကျော်ရောဂါခံစားခဲ့ရပြီး ၇ သန်းကျော် သေဆုံးခဲ့သဖြင့် သေဆုံးနှုန်း သုည ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ အမှန်တကယ် ဖြစ်ပွားမှုနှုန်း၊ သေဆုံးနှုန်းမှာ လက်ရှိကိန်းဂဏန်းများထက် ပိုများနိုင်မည်ဟုလည်း သိမြင်ခဲ့ကြသည်။ကမ္ဘာ့ကပ်ရောဂါသမိုင်းတွင် အဆင့် ၅ သေဆုံးမှု အများဆုံးကပ်ရောဂါဖြစ်ခဲ့သည်။
ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ရန် ကျောင်းများ၊ အလုပ်ခွင်များ ပိတ်ထားရပြီး ခရီးသွားလာမှုများ ကန့်သတ်ထားရသဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက် နစ်နာမှုများကို တစ်ကမ္ဘာလုံး ခံစားခဲ့ရသည်။ မိသားစုဝင်များဆုံးရှုံးခြင်း၊ မိမိကိုယ်တိုင် နာမကျန်း ဖြစ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများခံစားရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အစာ ရေစာရှားပါးခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းမှုများကိုလည်း ခံစားကြရသည်။ ကျန်းမာရေးဝန်ထမ်း များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကာကွယ်ဆေးစမ်းသပ်အောင်မြင်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှစ၍ ပြည်သူလူထုကို စတင်ထိုးနှံပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်က ပထမလှိုင်း၊ ဒုတိယလှိုင်း၊ ၂၀၂၁ ခုနှစ်က တတိယလှိုင်းအထိ ပြင်းထန် စွာဖြစ်ပွားခဲ့ပြီး အစိုးရ၏ ဦးဆောင်ကြိုးပမ်းမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လူမှုဝန်ထမ်းဆောင်ရွက်သူများ၏ မလျှော့သော ဇွဲလုံ့လနှင့်ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုများဖြင့် ကျော်ဖြတ်ခဲ့ကြရသည်။ ကာကွယ်ဆေးများ အချိန်နှင့်တစ်ပြေးညီထိုးနှံနိုင်ရန်တာဝန်ရှိသူများ ကကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စတုတ္ထလှိုင်းမှစ၍ရောဂါဖြစ်ပွားနှုန်းများသော်လည်း ရောဂါပြင်းထန်မှုနည်းလာသဖြင့် အသေပျောက်နှုန်းနည်းလာကြသည်။ နောက်ပိုင်းကာလများတွင် မိမိကိုယ်တိုင်ရောဂါခံစားခဲ့ရသဖြင့် ကိုယ်ခံစွမ်းအားရှိလာခြင်းနှင့် ကာကွယ်ဆေးများတစ်ကြိမ်မကထိုးနှံခဲ့ရခြင်းကြောင့် ရောဂါပြင်းထန်မှုနည်းလာကြသည်။ ကိုဗစ်-၁၉ ရောဂါကို ရာသီတုပ်ကွေးအသွင်ဖြင့် သတ်မှတ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးကာ လူမှုရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ခဲ့ကြသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အသွင်ပြောင်းများစွာသည် လူထုကြား ဆက်လက်တည်ရှိနေပြီး အခါအခွင့်သင့်လျှင် လှိုင်းအသွင်ဖြင့် လူအများကြား ရောဂါဖြစ်ပွားစေခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲများအခြေအနေကို ဆက်လက်စောင့်ကြည့်လေ့လာလျက်ရှိသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ မျိုးကွဲ BA.2.86 နှင့် JN.1 ကိုအထူးစောင့်ကြည့်လေ့လာခဲ့သည်။ လက်ရှိတွင် JN.1 ၊ NB.1.8.1 ၊ XEC ၊LP.8.1၊ XFG တို့မှာ ကမ္ဘာ့နိုင်ငံတချို့တွင် ရာသီတုပ်ကွေးအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော်လည်း ဆေးရုံတက်ရောက်ကုသရနှုန်း၊ သေဆုံးနှုန်းမှာ နည်းလာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ခံယူထားပြီး ရောဂါပိုးအခြေအနေ၊ ရောဂါဖြစ်ပွားမှုနှင့် ရောဂါလက္ခဏာများကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း မေလဆန်းမှစ၍ ရောဂါဖြစ်ပွားမှုကို စတင်သိရှိခဲ့ပြီး မေလအတွင်း လူနာခြောက်ဦးကို တွေ့ရှိခဲ့သည်။ ရာခိုင်နှုန်းအနေဖြင့်သုည ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။ ဇွန်လအတွင်း၌ လူနာသစ်တွေ့ရှိမှု ၁၀၀ နီးပါးရှိလာခဲ့သည်။ အဓိကအားဖြင့်ရန်ကုန်တိုင်းဒေသကြီး၌တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့တွင်လည်း အနည်းငယ်စီဖြစ်ပွားခဲ့သည်။ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ် သေဆုံးမှုဦးရေ သတင်းပို့အချက်အလက်များမရှိခဲ့ပါ။ သို့ရာတွင်ကျန်းမာရေးဌာနသို့ သတင်းမပို့၊ စစ်ဆေးမှုမခံယူဘဲ မိမိအိမ်အတွင်း၌သာ အိမ်သုံးဆေးသောက်ပြီးသက်သာသူ ဆေးခန်းများတွင် တုပ်ကွေးအဖြစ် ပြသကုသမှုခံယူသူများစွာ ရှိနေခဲ့သည်။ထို့ကြောင့်ကျန်းမာရေးဌာနများမှ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီးအသက်၆၅နှစ်နှင့်အထက်၊ ကိုယ်ဝန်ဆောင်သုံးလနှင့်အထက်ရှိသူ၊ကိုယ်ခံစွမ်းအားကျဆင်းနေသူ၊ကင်ဆာရောဂါ၊ဆီးချိုရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနာတာရှည်ရောဂါရှိသူများ၊ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါသည် အိမ်သုံးဆေးများဖြစ်သော အကိုက်အခဲပျောက်ဆေး၊ နှာစေး၊ ချောင်းဆိုးခြင်းကို သက်သာစေသောဆေးနှင့် ဓာတ်ဆားများသောက်သုံးခြင်းဖြင့် သက်သာနိုင်သော်လည်း ရောဂါပြင်းထန်ပါက ပိုးသတ်ဆေးများပါ သောက်သုံးရသည်။ အထူးသဖြင့် ထိုကာလများတွင် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေရန် နွေးနွေးထွေးထွေးနေထိုင်ခြင်း၊ အာဟာရပြည့်ဝပြီး ပူနွေးသန့်ရှင်းသော အစားအစာများစားသုံးခြင်း၊ ရေများများသောက်ခြင်း၊ စိတ်ရောကိုယ်ပါအနားယူခြင်းများ လုပ်ဆောင်သင့်ပါသည်။ ရောဂါဝေဒနာခံစားနေရချိန်တွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။ ရောဂါပြင်းထန်ပါကသက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပြသကာ စနစ်တကျကုသမှုခံယူရပါမည်။ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါသည် သွေးဆိပ်ပြန့်ခြင်း၊ နှလုံးရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့သွေးခဲများ ပိတ်ဆို့ခြင်းကိုဖြစ်စေကာ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါသည်။
ကိုဗစ်-၁၉ ရောဂါလှိုင်းအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားနေချိန်တွင် ရောဂါမကူးစက်စေရန် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းမှကူးစက်တတ်သောရောဂါဖြစ်သောကြောင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေသင့်သကဲ့သို့ လူစုလူဝေးရှိရာသို့ သွားလျှင် နှာခေါင်းစည်းတပ်ဆင်သင့်ပါသည်။ ရောဂါရှိသူထံမှ နှာစေး၊ ချောင်းဆိုး၊ စကားပြော၊ အသက်ရှူထုတ်ခြင်းဖြင့် ရောဂါပိုးမွှားများ အနီးရှိသူများကို ကူးစက်နိုင်သဖြင့် ပါးစပ်ကိုအုပ်၍နှာစေး၊ ချောင်းဆိုးခြင်းနှင့် နေမကောင်းစဉ်နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်သည်။
ရောဂါပိုးများကပ်ငြိနေသည့်အသုံးအဆောင် တံခါး၊ စားပွဲ စသည်တို့ကို ထိတွေ့ခြင်းဖြင့် မိမိထံသို့ ကူးစက်နိုင်သောကြောင့်လက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးကြောသင့်သကဲ့သို့ရေမလိုလက်သန့်ဆေးရည်များကိုလည်း မကြာခဏ အသုံးပြုသင့်သည်။လက်ဖြင့်မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များကို ကိုင်တွယ်တတ်သည့်အလေ့အကျင့်ကို ရှောင်ကြဉ်ရပါမည်။ နေမကောင်းစဉ်မိမိထံမှ သူတစ်ပါးသို့မကူးစက်စေရန်မိမိအိမ်တွင်း၌ သီးသန့်နေထိုင်သင့်သည်။ရောဂါကူးစက်ပြန့်ပွားနိုင်သောကာလမှာ ရှစ်ရက်ရှိသဖြင့် ထိုကာလအတွင်း တခြားသူသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် သတိပြု ဆင်ခြင်နေထိုင်ရပါမည်။
ကိုဗစ်-၁၉ ရောဂါခံစားရပြီးနောက်ပိုင်း လူနာ ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများအဖြစ် နုံးချိခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ချွေးများထွက်ခြင်း၊ ရင်တုန်ခြင်း၊ မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းဆောင်ရည်များကျဆင်းခြင်း၊ ကြွက်သားများအားနည်းခြင်းတို့ကို ခံစားရနိုင်သည်။ ထို့ပြင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများလည်း ခံစားရတတ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အမြဲသတိရှိနေရန်နှင့် ကာကွယ်ရမည့်နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သည်။ ကျန်းမာရေးဌာနမှအချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာလျက် ရောဂါဖြစ်ပွားကူးစက်နိုင်မှုလျှော့ချနိုင်ရန် ကာကွယ်နိုင်မှုနည်းလမ်းများကိုလည်းဆက်လက်လိုက်ပါ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

“ပညာရဲရင့် ပွဲလယ်တင့်”
“ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး”
“ပညာပြည့်ဝ နှလုံးလှသော်၊ ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊
ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏”
“ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး”

အခုတလော ပညာနှင့်ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးလင်္ကာများနှင့် လူကြီး၊ မိဘ၊ ဆရာသမား တို့၏အဆုံးအမများကို မကြာခဏပြန်လည်ကြားယောင်နေမိသည်။ ကြားယောင်မိသည့်အကြောင်းရင်း များလည်းရှိနေပါ၏။ အကြောင်းရင်းများကိုစေ့စေ့တွေးရင်း နောက်ကပူးတွဲလိုက်လာသည်က ပညာ၏ အရေးပါမှုနှင့်တန်ဖိုးကြီးမားမှုတို့ပင်ဖြစ်ပါ၏။ လောကကြီးအတွင်းနိစ္စဓူဝ ပညာဖြင့်မောင်းနှင် လည်ပတ် နေရမှုတွင် ကိုယ်လေ့လာဆည်းပူးထားသည့်ပညာသည်ကား စကြဝဠာကြီးနှင့်နှိုင်းဆသော် မြူမှုန် တစ်မှုန်မျှစာရှိသည်ကို ခပ်ရေးရေးလေးမြင်လိုက်ရ၏။
ဇနီးသည်ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားလာရလွယ်ကူစေရန် စာမူခဆုကြေးငွေလေးများ တွင် ဇနီး၏လက်ဝတ်လက်စားလေးများဖြည့်စွက်လျက် ကားလေးတစ်စီးဝယ်ထားလိုက်မိ၏။
ထိုကားသည်မိုးကာလရောက်တိုင်းလူတွေဖြစ်လေ့ရှိသည့်ဝမ်းပျက်ဝမ်းလျှောနည်းတူကားပျက်ကားလျှောသဘောနှစ်စဉ်ဖြစ်၏။ဖြစ်တိုင်းငွေစများပူးတွဲလိုက်ပါဖြေရှင်းသဖြင့်မီးဖိုချောင်ကိစ္စအတွက်ပါသက်ရောက်မှုရှိလာ၏။ကားပျက်၍ကားဝပ်ရှော့ပို့ရတိုင်းကိုယ်နားမလည်မတတ်ကျွမ်းသောဝပ်ရှော့ပညာရပ်များကို မျက်ဝါးထင်ထင်မြင်ရ၏။
ကျွန်တော့် သုံးပတ်နွမ်းကားလေးကိုမိတ်ဆွေကားပြင်ဆရာက တတ်စွမ်းသမျှကြည့်ရှုပေး၏။ သူ မနိုင်မှသာလျှင် သင့်လျော်ရာဝပ်ရှော့ဆီလွှဲ၏။ သူပြင်ပေးသည့်အခါတိုင်း ခြောက်တန်းအရွယ်သူ့သားငယ် လေးက ၁၀၊ ၁၂၊ ၁၄ ဂွများယူခိုင်းလျှင်ယူပေးခြင်း၊ ဖခင်ဖြစ်သူက “ဘာလိုသည်၊ ညာလိုသည်”ဟု ဆိုလိုက်သည်နှင့် လိုအပ်သည်များကို ကူလုပ်ပေးခြင်းများဖြင့် ဖခင်ကိုကူညီသည်။ ထိုအခိုက် ကျွန်တော့် အတွေးထဲချက်ချင်းရောက်လာသည်က“တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး”ဟူသော အတွေးပင် ဖြစ်၏။
ဤကားနှင့်ပတ်သက်သည့်အခြေခံပညာသည် လူတိုင်းသင်ယူတတ်မြောက်ဖို့မလွယ်။ ကျောင်းပိတ်ချိန် ဖခင်အနီးတွင် တိုလီမိုလီဝင်ရောက်လုပ်ကိုင်ပေးရင်း နှစ်ကြာလာသည့်အခါ ကားနှင့်ပတ်သက်သည့် ဝေါဟာရများယဉ်ပါးလာသည်။ သူတို့သားအဖ ကားပြင်ပေးသည်ကိုကြည့်ရင်းစိတ်ပါဝင်စားစွာ ဖခင်ကို ကူညီလျှင် ငွေမကုန်ဘဲ အခမဲ့သင်ရသော ထမင်းစားပညာများရရှိသည်ဟူသောအတွေးနှင့် ကားတစ်ခါ ပျက်တိုင်း သွားပြင်ရသောဒုက္ခကြောင့် ကားဝပ်ရှော့ပညာကို စိတ်ဝင်စားမှုဖြစ်ပေါ်လာရသည်။ ဤကား ကျွန်တော့်အတွေး၊ ငယ်သူများဘက်ကြည့်ပြန်တော့ ဤသို့ ဖခင်ကိုကူညီရခြင်းကြောင့် ကိုယ်ပိုင်ချိန်တွင် အနားမရ၊ အခြားသူငယ်ချင်းများနည်းတူ သွားမကစားရ၊ လူငယ်ဘက်မှအတွေး၊ လူငယ်တိုင်း မိဘလက် ငုတ်လက်ရင်း ထမင်းစားပညာကို စိတ်ပါဝင်စားမှုအာရုံနည်းတတ်ကြသည်မှာ ဖြစ်လေ့ရှိသည့်အရာပင် ဖြစ်သည်။ အချိန်တန်လူလားမြောက် လုပ်ငန်းခွင်အတွင်း အတွေ့အကြုံအချို့ရလာမှ ပညာ၏အရေးပါမှု ကို လက်သင့်ခံတတ်လာကြသည်။
ကားပြင်ဆရာသည် တက္ကသိုလ်မှ ဘွဲ့မရခဲ့။ သို့သော် သူ၏ပညာရပ်ဖြင့် သားသမီးများကို ပညာတည်းဟူသော အမွေကောင်းများပေးထားနိုင်ခဲ့ကြောင်း ကျွန်တော်ကြားသိခဲ့ရသည်။ ကျွန်တော့်ကိုမွေးသောရွာတွင် ဦးစိန်ဝင်းဆိုသော အဖေ့မိတ်ဆွေရှိ၏။ သူသည်လည်း ဘွဲ့မရခဲ့။ သို့သော် ရွာတွင်ရေစက်၊ မီးစက်များပျက်ပါက သူနိုင်နင်းစွာပြုပြင်သည်။ ဗီဒီယိုရုံပင်ထောင်ထားလိုက်သေးသည်။ တော်ရုံစက်ပျက်တာလောက်ကတော့ ဦးစိန်ဝင်းနှင့်ပြီးသည်။ သူ့သားသမီးတွေကိုလည်း ဘွဲ့တွေရအောင် ကြိုးစားပေးခဲ့သည်။ သို့သော် သူ၏ပညာရပ်များအား သားသမီးများက လက်ဆင့်ကမ်းမယူနိုင်ခဲ့ပါ။
ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများရောက်စဉ် ကုသရသောရောဂါအတိမ်အနက်ပေါ်မူတည်၍ ဆရာဝန်များက ကုသမှုပေးကြသည်။ ထိုအခါ ဆေးပညာရပ်ကိုအသုံးချနေသော ဆရာဝန်များကို ကြည့် လျက် ပညာ၏အစွမ်းကို ထပ်မံအတွေးပွားမိပြန်သည်။ ကိုယ်မသိနားမလည်သောနယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာကုသမှုပေးနေကြသော ဆရာဝန်များကြောင့် လူနာများသက်သာပျောက်ကင်းကြ သည်။ ဤသည်လည်း သူတို့ပညာရပ်ဖြစ်ပါ၏။ ဆရာဝန်သည်လည်း သူ့ပညာနှင့်သူဖြစ်သလို လယ်ထဲ ယာထဲမှ တောင်သူလယ်သမားကြီးများသည်လည်း သူတို့အတတ်ပညာနှင့်သူတို့ဖြစ်ကြပါ၏။ နွေမိုး ဆောင်းဥတုသုံးလီစလုံး ဘယ်အချိန်တွင် ဘာစိုက်ရမည်၊ မိုးမကျမီ လယ်စိုက်ရန် ဘာတွေပြင်ဆင် ရမည်၊ သီးနှံအထွက်ကောင်းရန် မည်သို့ဆောင်ရွက်ရမည် စသောအသိပညာများသည် လက်တွေ့ လုပ်ငန်းခွင်မှ စုဆောင်းမိခဲ့သောပညာရပ်များပင်ဖြစ်ပါ၏။
ယနေ့ ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ဆေးပညာမတတ်၊ ကားပညာမသိ၊ လယ်ယာမစိုက်၊ ရှေ့နေမလိုက်တတ်သော်လည်း သူ့ပညာဖြင့် ကမ္ဘာကျော်လျက်ရှိပါ၏။ ကြည့်ရှု သူဘောလုံးပရိသတ်များ ဟင်ခနဲ ဟာခနဲ ရင်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်များ၊ လှပသောဂိုးကန် သွင်းချက်များ စသည်တို့သည် သူအနှစ်နှစ်အလလ လေ့လာသင်ယူခဲ့သော ဘောလုံးပညာ၏ အသီး အပွင့်များပင်ဖြစ်ပေသည်။ ကောက်ကာငင်ကာဖြင့် အောင်မြင်ကျော်ကြားခဲ့ခြင်းမဟုတ်။ ယခု သူ၏သား တို့အား ဘောလုံးပညာအမွေပေးနေသည်။ စာရေးသူတို့လုပ်ငန်းခွင်တွင် ဝန်ထမ်းလေး မောင်သုတဆိုသူ ရှိသည်။ သူသည် ဆယ်တန်းပင်မအောင်၊ သို့သော် ဝန်ထမ်းအိမ်ရာတစ်ခုလုံး၏ ရေ၊ မီး၊ မိလ္လာစနစ် များနှင့်ပတ်သက်၍ ဘာပျက်လျှင်ဘယ်ကဖြစ်သည်။ ဘယ်လိုပြင်ရမည်ဟူသော အတတ်ပညာရှိ၏။ သူ၏အသက်မွေးမှုသည် ထိုအရာဖြစ်သည့်အတွက် ထိုလုပ်ငန်းခွင်တွင် သူလေ့လာ၍ မဆုံးသော ပညာများရှိနေသည်။ ထို့ကြောင့် အခြားသောနယ်ပယ်မှ ဘွဲ့ရထားသူများအနေဖြင့် ရှစ်တန်းအောင် ကိုသုတကို ရေ၊ မီး၊ မိလ္လာကိစ္စအတွက် အားကိုးနေရသည်။
စာရေးသူတို့ပတ်ဝန်းကျင်တွင် ပညာများဖြင့်ထုံမွမ်းလျက်ရှိ၏။ ထိုအရာသည် ယနေ့မှသာလျှင်မဟုတ်။ ဖြတ်သန်းခဲ့ပြီးသော ကြေးခေတ်၊ကျောက်ခေတ်၊သံခေတ်တို့မှသည် ယနေ့တိုင် သဘာဝတရားအပေါ် တွင်လူတို့ကြံဆမှုဖြင့် ဆင့်ကဲပြောင်းလဲတိုးတက်ခဲ့သည်ကို သမိုင်းကထင်ရှားစွာ ဖော်ညွှန်းနေသည်။ အခြေခံအကျဆုံးသော တောင်သူလယ်သမားများ၊ လက်လုပ်လက်စား နေ့စားသမားများ၊ ရေသမား၊ မီးသမား၊ ဝပ်ရှော့ဆရာ၊ ဆံသဆရာ၊ အားကစားသမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတို့မှသည် နှုတ်မှုပညာဖြင့်အကျိုးဆောင်နေကြသော ပွဲစားများအထိ ပညာရပ်အသီးသီးဖြင့်ကျင်လည်နေကြသူများ ဖြစ်သည်။ “ဆရာမပြနည်းမကျ” နှင့် “အမေမပြလျှင်ငါးပိတောင်ဖြောင့်အောင်မဖုတ်တတ်” ဟူသော စကားတို့သည် ပညာလက်ဆင့်ကမ်းယူခြင်းနှင့်စပ်လျဉ်းသည့် သဘောကိုဆောင်နေသည်။ ပညာကို နယ်ပယ်ကန့်သတ်ထားခြင်းရှိသော်လည်း သင်ယူတတ်မြောက်လိုစိတ်ရှိမည်၊ အခြေအနေ အချိန်အခါ လည်းပေးမည်ဆို မည်သူမဆို သင်ယူ၍တတ်မြောက်ကြမည်ဖြစ်၏။ အချို့သော ကမ္ဘာကျော်မသန်စွမ်း ပုဂ္ဂိုလ်များက အကောင်းဆုံးသက်သေပင်ဖြစ်ပါသည်။
စာရေးသူငယ်စဉ်ကဖြစ်သည်။စာရေးသူတို့အိမ်ကရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင်ရှိသည်။ လမ်းတစ်ဖက်တွင် သကြားစက်ရုံရှိ၏။ စက်ရုံမှ အင်ဂျင်နီယာတစ်ဦးနှင့် ဖခင်ဖြစ်သူက ရင်းနှီးသည်။
ထိုအင်ဂျင်နီယာဦးလေးသည် အိမ်သို့လာလည်တတ်၏။ သူလာလည်နေချိန် စက်ရုံအတွင်းမှ စက်ပစ္စည်း တစ်ခုခု၏ ချွတ်ယွင်းသံထွက်ပေါ်လာလျှင် သွားမကြည့်ပါဘဲ မည်သည့်အစိတ်အပိုင်းက ပျက်ခြင်းဖြစ်ကြောင်းပြောသည်။ သူပြောသည့်အတိုင်းပင် မှန်နေတတ်သည်။ ထို့ပြင် အိမ်ချင်းကပ်လျက် ထမင်း ဆိုင်မှ ဆိုင်ပိုင်ရှင်သည်လည်း အဝေးမှကားတစ်စီး၏စက်သံကိုနားထောင်လိုက်သည်နှင့် သူတို့ဆိုင်တွင် စားနေကျမည်သူ၏ကားဖြစ်ကြောင်း သုံးသပ်တတ်သည်။ အလုပ်မှသင်ပေးသွားသော အာရုံခံစားမှု အသိပညာတို့ဖြစ်ကြောင်းတွေ့ရှိရသည်။ လူငယ်များ ဂိမ်းအလွန်အမင်းကစားကြသည်။ ဂိမ်းတွင်ပါရှိ သည့် အင်္ဂလိပ်စာလုံးများကို သူတို့နားလည်ကြသည်။ သို့သော်ကျောင်းစာတွင်သင်ပေးသည့် အင်္ဂလိပ် စာနှင့် အသုံးအနှုန်းများကိုမူ ကြိမ်ဖန်များစွာသင်ပေးရသည်။ စိတ်ပါဝင်စားမှုနှင့်ဆက်စပ်ပါ၏။
ရှေးလူကြီးသူမများ ချန်ထားခဲ့သည့် “ငယ်စဉ်အခါ ပညာရှာ” ဟူသော ဆုံးမစကားသည် အလွန်မှန် ပေသည်။ ဆရာဝန်၏သားသမီးများ မိဘအမွေဆက်ခံကြသည်။ရှေ့နေ၏သားသမီးများသည်လည်း မိဘအမွေဆက်ခံကြသည်။ မိဘများထက် ပို၍ထူးချွန် ပို၍တော်သူများဖြစ်လာကြပါ၏။ လယ်ထဲယာထဲမှတောင်သူလယ်သမားများ၏ သားသမီးများသည်လည်းမိဘတို့၏ရှေးကျသောစိုက်ပျိုးနည်းအတတ်ပညာပေါ်တွင် ခေတ်မီသိပ္ပံပညာတို့ပေါင်းစပ်လျက် စိုက်ပျိုးရေးကို အဆင့်မြှင့်တင်နိုင်သောမျိုးဆက်သစ်စိုက်ပျိုးရေးပညာရှင်များအဖြစ်ရပ်တည်နိုင်ခွင့်ရှိပါ၏။ ကားပြင် ဆရာ၏သားသည်လည်း ခေတ်မီအတတ်ပညာများကို သင်ယူတတ်မြောက်လျက် ဖခင်ထက်သာသော ပညာရှင်ဖြစ်နိုင်ပါ၏။ ရေသမား၊ မီးသမားတို့၏ သားသည်လည်း အင်ဂျင်နီယာပညာရှင်များဖြစ်နိုင်ပါ၏။ ထို့ကြောင့်ပင် “နိမ့်ကျသူ၏သားပင်ဖြစ်လင့်ကစားမင်းအမတ်ဖြစ်နိုင်၏။သူမိုက်၏သားပင်ဖြစ်လင့်ကစားပညာရှိဖြစ်နိုင်၏။ ဥစ္စာမရှိသူ၏သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏” ဟု လောကနီတိ တွင် ဆိုခဲ့ခြင်းဖြစ်သည်။
အနှစ်ချုပ်ဆိုရသော်“လက်တစ်ကမ်းဟင်းချိုဟူသောအမည်ကိုအချို့ကြားဖူးကြပါလိမ့်မည်။ဟင်းရည် သောက်တစ်ခွက်အတွက် အနီးအနားရှိ သီးပင်စားပင်များမှအရွက်တို့ကိုခူး၍ ဟင်းချိုအဖြစ်ချက် ခြင်းဖြစ်သည်။ မည်သည့်ဟင်းမျှမရှိသည့်တိုင်အောင် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် လက်တစ်ကမ်း ဟင်းချိုတစ်ခွက်စာအတွက် အသီးအရွက်တို့ရှိနေတတ်သည်။ ယူငင်အသုံးချတတ်ဖို့သာလိုပါသည်။ ထိုနည်းတူစွာ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် သုံးမကုန်နိုင်သောပညာရပ်ပေါင်းများစွာရှိနေကြသည်။ ထိုပညာများအား မှန်ကန်သောအသိ၊မှန်ကန်သောသတိတို့ဖြင့်ပေါင်းစပ်သုံးစွဲကြရပေမည်။ ပညာများပြည့်ဝပါလျက်နှလုံးသားမလှခဲ့သော် တတ်ထားသောပညာရပ်များသည် အကျိုးမဖြစ်ထွန်းနိုင်ပေ။ မိမိသင်ယူခဲ့သောအတတ်ပညာများအားအမှားအမှန်ခွဲခြားနိုင်ခြင်းမရှိသည့် အသိပညာတို့ဖြင့် တလွဲ ဆံပင်ကောင်းအသုံးချမှုကြောင့် မိမိကိုယ်တိုင်ပင်လျှင်မကမိမိပတ်ဝန်းကျင်၊မိမိတို့နိုင်ငံသည်လည်း ထိခိုက်နစ်နာရပေသည်။ ထို့ကြောင့်လူငယ်တိုင်းလူငယ်တိုင်းသည်“ငယ်စဉ်အခါ ပညာရှာ”၊“ပညာလို အိုသည်မရှိ” ဟူသော အဆုံးအမစကားများအတိုင်း လေ့လာသင်ယူစရာ အခွင့်အလမ်း ကောင်းများပေါများနေသည့်ယနေ့အချိန်အခါတွင် မြတ်ဗုဒ္ဓဟောကြားသောမင်္ဂလာတရားတော်များနှင့်အညီပညာကိုကြိုးစားရှာဖွေသင့်ပေသည်။ သင်ယူတတ်မြောက်ထားသောပညာရပ်များဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုး မှန်ကန်စွာသယ်ပိုးနိုင်သော မျိုးဆက်သစ်များပေါ်ထွန်းစေလိုသည်မှာ စာရေး သူ၏ မှန်ကန်သောဆန္ဒမွန်ပင်ဖြစ်ပါသည်။ ။

ကျောက်ကပ်မှာ ကျောက်တည်ပြီဆိုပါတော့။ မိမိဘာသာ ဂရုတစိုက် ဆင်ခြင်ရမည့် အချက်တွေရှိပါသည်။ အဲဒါတွေကတော့ -
ရေများများသောက်ရမည်။
အစားအသောက်ကို ရွေးစားရမည်။
ကျောက်ကပ်မှာတည်သည့် ကျောက်အမျိုးအစားက အများကြီးဖြစ်နိုင်ပါသည်။
Calcium stone က အဖြစ်အများဆုံးကျောက် အမျိုးအစားပဲ ဖြစ်ပါသည်။
Uric acid stone က မိမိ၏ ဆီးထဲမှာ acid ဓာတ်တွေ များနေပါက ဖြစ်တတ်ပါသည်။
Struvite stone က ဆီးလမ်းကြောင်းပိုးဝင်ပါ များပါက ဖြစ်တတ်သည့် ကျောက်ပါ။

Cystine stone က မျိုးရိုးလိုက်ပြီး ဖြစ်တတ်သည့် ကျောက်ကပ်ကျောက်တစ်မျိုးပါ။
အရွယ်အစားကတော့ သေးသေးမွှားမွှားလေးတွေကနေ ပုလဲလုံးလောက်အထိ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အဆိုပါ ကျောက်များသည် ဆီးလမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ပြီး နာကျင်၊ ရောင်ရမ်းတာကို ဖြစ်စေသလို တစ်ခါတလေကျတော့လည်း သူ့ဘာသာ ရှောရှောရှူရှူ ခန္ဓာကိုယ်ထဲက ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကုသတာပဲ ဖြစ်ဖြစ်၊ ကာကွယ်တာပဲ ဖြစ်ဖြစ် အရေးကြီးသည်မှာ ရေများများသောက်ရန် ဖြစ်ပါသည်။
တစ်နေ့ကို ဆီး ၂ လီတာ နီးပါး ထုတ်နိုင်သည့် ပမာဏအထိ သောက်ပါ။
ရေအစား အသီးဖျော်ရည်တွေ ၊ သံပရာရည်တွေလည်း သောက်နိုင်ပါသည်။
ကော်ဖီနှင့် လက်ဖက်ရည်ကိုတော့ တစ်ရက်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနှင့်။
ဆီးအရောင်ရင့်နေခြင်းသည် ရေလုံလောက်စွာ မသောက်ထားဘူးဆိုသည်ကို ပြနေခြင်းဖြစ်သည့်အတွက် ဆီးအရောင် ဖျော့ဖျော့သွားသည်အထိ ရေသောက်ပါ။
ဘယ်လို အစားအသောက်တွေ စားရမလဲ/ရှောင်ရမလဲ?
ရှောင်သင့်သည့် အစားအစာတွေက သင်၏ကျောက် အမျိုးအစားပေါ် မူတည်ပါသည်။
သင်၏ကျောက်သည် calcium stone ဆိုပါက -
ဆား လျှော့စားပါ။
နို့တွေ၊ ဒိန်ချဉ်များကို တစ်ရက် တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ ဒိန်ခဲ၊ ကမာ၊ တို့ဖူးနှင့် တခြား calcium ပါသည့် အစားအစာတွေ များများစားတာမျိုး ရှောင်ပါ။
လိမ္မော်သီး၊ သံပရာသီးနှင့် တခြားချဉ်သည့် အသီးတွေကို များများစား/ဖျော်သောက်တာမျိုး လုပ်ပါ။
အသား လျှော့စားပါ။ အဆီများသည့် အသားများကို ရှောင်ပါ။
Vit D အားဆေးတွေ၊ calcium ပါသည့် ဆေးများ သောက်သုံးခြင်းကို ရှောင်ပါ။
တချို့အစာအိမ်ဆေးတွေမှာ calcium ပါဝင်ခြင်းများ ရှိတတ်သဖြင့် ဆရာဝန်ကို မေးပြီးမှသောက်ပါ။
Vit C နှင့် ငါးကြီးဆီ သောက်သုံးလိုပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ။
Calcium oxalate stone ဆိုပါက ဘယ်ရီသီးခြောက်၊ စတော်ဘယ်ရီ၊ စပျစ်သီးတွေရယ်၊ သကြားမုန်လာ၊ ကြက်သွန်မြိတ်၊ ဖရုံသီး အနွယ်ဝင် အသီးတွေ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်၊ ကော်ဖီ၊ အစေ့အဆံ၊ တို့ဖူးနှင့် ချောကလက်တွေကိုပါ လျှော့စားရပါမည်။
သင်၏ကျောက်သည် Uric acid stone ဆိုရင်တော့ -
အရက်
ငါးပါးနီ၊ ငါးသလောက်၊ sardines
ကညွတ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ မှို
ပဲအမျိုးမျိုး
ကလီစာ
အဆီတွေကို ရှောင်ပါ။
တခြား ဆင်ခြင်ရမှာက ဆီကြော်မုန့်၊ ရေခဲမုန့် စသည့် အဆီများသော အစားအစာများ အပြင် အသားကို တစ်နပ် ၃ အောင်စထက် ပိုမစားပါနှင့် ။ ကိုယ်အလေးချိန် လျှော့ချနေသည်ဆိုပါက ဖြေးဖြေးပဲ လျှော့ပါ။ အမြန်လျှော့လိုက်ရင် uric acid stone ဖြစ်ခြင်းကို ပို၍အားပေးပါသည်။
ဆရာဝန်ဆီ အမြန်ဆုံး သွားရမည့် အချိန်
ချမ်းတုန်၍ ဖျားလျှင်၊ အန်လျှင်၊ ခါးနာတာ အရမ်းဆိုးပြီး မပျောက်လျှင် ဆီးထဲမှာ သွေးပါလျှင်၊ ဆီးက အနံ့ အရမ်းဆိုးပြီး နို့နှစ်ရောင်/ အဖြူရောင်တွေ ဖြစ်ပါက ဆီးသွားတိုင်း နာတာ ကျင်တာ ပူတာမျိုးဖြစ်ပါက ဆရာဝန်ဆီ အမြန်ဆုံး သွားသင့်ပါသည်။

အရောင်အသွေးစိုပြေသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နှင့် သတ္တုဓာတ်တွေများစွာ ရရှိနိုင် ပါသည်။ အရောင်ရင့်ရင့် အသီးအရွက်ဖြစ်လေ ကျန်းမာရေးအတွက် ပိုကောင်းလေဆိုတာ အားလုံး သိထားပြီး ဖြစ်မှာပါ။ သို့သော် အရောင်အသွေး ကင်းမဲ့သည်ဟု ဆိုရလောက်သည့် အဖြူရောင်၊ အညိုရောင်သာ အများစု ရှိသည့် မှိုပွင့်လေးတွေမှာလည်း လူ့ကျန်းမာရေးကို အကျိုးပြုနိုင်သည့် အာဟာရဓာတ်တွေများစွာ ပါ၀င်နေ ပါသည်။ ထို့ကြောင့်ကျန်းမာရေးအတွက် မှိုစားပေးကြပါဟု တိုက်တွန်းရင်း မှိုစားခြင်းကြောင့်ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါသည်။

မှိုမှရနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) ကင်ဆာမဖြစ်စေနိုင်ပါ
အသီးအနှံ၊ ဟင်းသီးဟင်းရွက်အများစုမှာ မပါသည့် selenium ဓာတ်ဟာ မှိုမှာပါရှိပါသည်။ ၄င်းဓာတ်သည် အသည်းလုပ်ငန်းဆောင်တာကို ကောင်းစေပြီး ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းတွေကို ခြေဖျက်ပေးနိုင်ကာ ရောင်ရမ်းခြင်းဖြစ်စဉ်တွေ၊ အလုံးအကျိတ်ကြီးထွားခြင်းတွေကို အားပျော့စေပါသည်။ ထို့အပြင် မှိုမှာပါသည့် ဗီတာမင် D ဓာတ်က ကင်ဆာဆဲလ်ကြီးထွားမှုမရှိအောင် ဟန့်တားပေးနိုင်ပြီး ပါ၀င်သည့် ဖောလိတ် ဓာတ်ကလည်း မျိုးဗီဇပြောင်းလဲ၊ ပြုပြင်ပေးခြင်းမှာ အဓိကဏ္ဍအနေဖြင့် ပါ၀င်သောကြောင့် မျိုးဗီဇအသွင်ပြောင်း သွားသဖြင့် ကင်ဆာဆဲလ်ဖြစ်သွားနိုင်ခြင်းမှ ကာကွယ်ပေးပါသည်။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ဖရုံသီး၊ ပဲစိမ်းတွေမှာ အင်တီအောက်ဆီးဒင့် ကြွယ်၀စွာပါသလိုမှိုမှာလည်း အင်တီးအောက်ဆီးဒင့်ပါ၀င်ပါသည်။
(၂) ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်
လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်၀သည့် အစားအစာစားသုံးသော အမျိုးအစား (၁) ဆီးချိုသွေးချို ရောဂါသည် တွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျသွားကြောင်းနှင့် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါကို ဖြစ်စေသည့် သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီမြင့်တက်ခြင်း၊ အင်ဆူလင်ထုတ်နိုင်အား ကျဆင်းခြင်းတို့ မဖြစ်စေကြောင်း သိရှိရပါသည်။ အမျှင်ဓာတ်သည် ဆီးချိုသွေးချိုရှိသူများအတွက် လိုအပ်သည့် အာဟာရဓာတ် တစ်ခုဖြစ်သောကြောင့် ဆီးချိုသွေးချိုရှိသူအမျိုးသမီးများသည် တစ်နေ့လျှင်အမျှင်ဓာတ် 21-25 ဂရမ်၊ အမျိုးသား များတွင် တစ်နေ့လျှင် 30-38 ဂရမ် စားသုံးပေးသင့်ကြောင်း သုတေသနပညာရှင်တွေက ထောက်ခံပေးထား ပါသည်။ မှိုမှာအမျှင်ဓာတ်ကြွယ်၀စွာပါ၀င်သည့်အတွက် ဆီးချိုသွေးချိုထိန်းလိုသူတွေပဲဖြစ်ဖြစ်၊ ဆီးချိုသွေးချို မဖြစ်အောင် ကာကွယ်လိုလျှင်ပဲဖြစ်ဖြစ် စားပေးသင့်ပါသည်။
(၃) နှလုံးကျန်းမာရေးကောင်းစေပါသည်
မှိုမှာပိုတက်ဆီယမ်ကြွယ်၀စွာပါ၀င်ပြီး ဆိုဒီယမ်ပါ၀င်မှုနည်းတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကောင်းစေ နိုင်ပြီး သွေးဖိအားရုတ်တရက် မြင့်တက်သွားခြင်း၊ ကျသွားခြင်းတွေ မဖြစ်စေနိုင်ပါ။
(၄) ကိုယ်ခံအားကောင်းစေပါသည်
မှိုမှာပါသည့် selenium ဓာတ်သည် ရောဂါကိုခုခံနိုင်စွမ်းရှိသော T-cells များကို လှုံ့ဆော်ပေးသည့်အတွက် ရောဂါပိုး ၀င်ရောက်သည့်အခါ ပြန်လည်ခုခံနိုင်အားကောင်းစေပါသည်။ ထို့အပြင် မှိုမှာပါ၀င်သည့် beta-glucan အမျှင်ဓာတ်က ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ကင်ဆာဆဲလ်များဖြစ်ခြင်း၊ အလုံးအကျိတ်များဖြစ်ပေါ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။
(၅) ကိုယ်အလေးချိန်ကျစေပါသည်
မှိုမှာဗိုက်ပြည့်အင့်ခြင်းကိုဖြစ်စေပြီး အစာစားချင်စိတ်ကိုလျော့နည်းစေနိုင်သည့် beta-glucan နှင့် chitin ဟု ခေါ်သည့် အမျှင်ဓာတ်နှစ်မျိုးပါ၀င်သောကြောင့် ကြာကြာဗိုက်ပြည့်နေစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေရော ကိုယ်အလေးချိန် လျှော့ချနေသူများပါ မှိုကိုစားပေးသင့်ပါသည်။
မှိုမှရနိုင်သော အဓိကကျသည့် အာဟာရဓာတ်အုပ်စုများ
မှိုမှာအင်တီအောက်ဆီးဒင့်ပါဝင်သောကြောင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် မှိုအုပ်စု၀င်အများစု၏ ဆဲလ်နံရံမှာ တွေ့ရတတ်သော beta-glucans ဟုခေါ်သည့် အမျှင်ဓာတ် အမျိုးအစားသည်လည်း အင်ဆူလင်ခံနိုင်ရည်အား တိုးတက်ကောင်းမွန်အောင်၊ သွေးတွင်းကိုလက်စထရောအဆင့် ညီမျှအောင်ဆောင်ရွက်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေရန် ထောက်ပံ့ပေးနိုင်ကာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါသည်။
နောက်ထပ်အရေးကြီးသည့် အာဟာရဓာတ်တစ်ခုကတော့ Choline ပါ။ Choline သည် အိပ်စက်ခြင်း၊ ကြွက်သားလှုပ်ရှားနိုင်စွမ်း၊ သင်ယူမှုလုပ်ငန်းစဉ်နှင့် မှတ်ဉာဏ်အားတိုးတက်စေရေးအပိုင်း စသည့် လုပ်ငန်း ဆောင်တာများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ပြီး အမြှေးပါးတည်ဆောက်ရေးပိုင်း၊ နာဗ်ကြောများ ဆက်သွယ်ရေးပိုင်းနှင့် လိုအပ်သည့် အဆီစုပ်ယူမှုအပိုင်းကို ထောက်ပံ့ပေးနိုင်ကာ ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကို လည်း လျှော့ချပေးနိုင်ပါသည်။
မှိုမှာဆိုဒီယမ်၊ အဆီဓာတ်၊ ကိုလက်စထရောနှင့် ကယ်လိုရီပါ၀င်မှုနည်းပါသည်။ အခြားအစားအစာတွေကနေ ရရှိဖို့ခက်ခဲသည့် အာဟာရဓာတ်တွေဖြစ်သော ဆီလီနီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ သံဓာတ်နှင့် ဖော့စဖောရပ်စ် စသည်တို့ကို မှိုမှရနိုင်ပါသည်။
မှိုစားခြင်းကြောင့် ဆိုးကျိုးများလည်းဖြစ်နိုင်ဖွယ်ရာရှိ
အလေ့ကျပေါက်သည့် မှိုတွေကို စားမိသည့်အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ပြင်းထန်စွာဖျားနာရာမှ သေစေ နိုင်သည်အထိတောင် ဖြစ်တတ်ပါသည်။ ယခုလိုအလေ့ကျပေါက် မှိုများတွင် သတ္တုဓာတ်နှင့် အခြားသော အန္တရာယ်ဖြစ်စေသည့် ဓာတုဓာတ်များ ပါ၀င်နေခြင်းကြောင့် လူကိုအန္တရာယ်ဖြစ်စေခြင်းဖြစ်ကြောင်း လေ့လာ ထားမှုများအရ သိရှိရပြီး စနစ်တကျစိုက်ပျိုးထားခြင်းမရှိသည့်မှိုကို မစားကြရန် သုတေသီများက အကြံပြုထား ပါသည်။
ထို့အပြင်မှိုမှာပါသည့် beta-glucans ဓာတ်သည် အရေးကြီးသည့် အာဟာရဓာတ်တစ်ခုဖြစ်သည်ဟု ဆိုနိုင် သော်လည်း သွေးလေးဖက်နာ၊ အရေပြား TB၊ ပန်းနာရင်ကျပ်၊ နာတာရှည်နဗ်ကြောဖွဲ့ရောဂါရှိသူတွေမှာ ၄င်းဓာတ်က ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေသောကြောင့် ထိုရောဂါများကို ခံစားနေရသူအနေဖြင့် မှိုကိုမစားသင့်ပါ။

အင်္ဂလိပ်လို Guava၊ ရုက္ခဗေဒအရ Psidium Guajava ဟုအမည်ရသော မာလကာပင်ကိုမြန်မာနိုင်ငံနေရာအနှံ့ ပေါများစွာတွေ့ရသည်။မာလကာသီးသည်မိုးရာသီစာ သစ်သီးတစ်မျိုးဖြစ်၍မိုးရာသီတွင် အသီးလှိုင်လှိုင်ထွက်ရှိသည်။ စျေးနှုန်းသင့်တင့်ကာအလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် မာလကာသီးကို လူတန်းစေ့စားနိုင်ကြသည်။အမျိုးအစားပေါ်မူတည်၍မာလကာသီး၏ အတွင်းပိုင်းအသားမှာ အဖြူရောင်(အူဖြူသီး)နှင့် ပန်းရင့်ရောင် သို့မဟုတ် ကြက်သွေးဖျော့ရောင်(အူနီသီး)ဟူ၍နှစ်မျိုးရှိသည်။

လတ်ဆတ်သောအသီး၏အတွင်းသားမှာချို၍ ကြွပ်ဆတ်ကာရနံ့မွှေးသည်။ အသီးမှည့်သွားသောအခါအတွင်းထဲရှိအသားမှာပျော့အိကာ ပိုချိုပြီး ပို၍မွှေးလာသည်။အသီးထဲတွင် အလွန်မာသော အစေ့များစွာပါရှိပြီးကြေညက်အောင် ဝါးစားပေးသင့်သည်။ အပေါ်ယံအခွံမှာအစိမ်းဖျော့သို့မဟုတ် အစိမ်းရင့်ရောင်နှင့် စိမ်းဝါရောင်တို့ဖြစ်ပြီးထိုအခွံကိုလည်းစားနိုင်သည်။မာလကာသီးကိုသူ့ချည်း သက်သက် အဆာပြေစားသုံးလေ့ရှိပြီး အခွံနွှာ၊ရေခဲစိမ်၍ဆား၊နွယ်ချိုမှုန့်နှင့်ငရုတ်သီးမှုန့်တို့ထည့်ပြီးစားကြသည်။
မာလကာသီးနှင့် မာလကာရွက်တို့၏ ကျန်းမာရေး
မာလကာသီးကိုတစ်ကြိမ်သာဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံးရှောင်ရှား ဟု ဆိုရိုးစကားရှိသည်။အသီးသာမက အရွက်၊ အစေ့နှင့် အခွံတို့ကလည်းလွန်စွာ ဆေးဖက်ဝင်သည်။မာလကာသီးတွင် ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရောနှင့် ဆိုဒီယမ်တို့ လုံးဝမပါရှိသည့်အပြင် ကယ်လိုရီနှင့်အဆီဓာတ်အနည်းငယ်သာပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့်လူသားတို့၏ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေသည်။ မာလကာသီးက ဗီတာမင် - C စုဝေးရာ အရင်းအမြစ်ဖြစ်ပြီး လိမ္မော်သီးတွင်ပါရှိသော ဗီတာမင်-C ထက် ငါးဆပိုသည်။
၁၀၀ဂရမ်အလေးချိန်ရှိသောမာလကာသီးတွင် ဗီတာမင်- A ၂၅၀ I.U၊ ဗီတာ မင်- B (ခေါ်) သီအာမင် သုည ဒသမ ၇ မီလီဂရမ်၊ နီအာစင် ၁ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်-C ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရပ်စ် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ်နှင့် ကယ်လိုရီ ၇၀ ခန့်ပါရှိသည်။
ဆီးချိုရောဂါအတွက် မာလကာသီးစားပါ
မာလကာသီးကို အိန္ဒိယနိုင်ငံရှိ The University of Allahabad တွင် သုတေသနပြုစမ်းသပ်ခဲ့ရာ မာလကာသီးအခွံသည် သွေးထဲရှိသကြားပမာဏကို မြင့်တက်စေနိုင်သော်လည်းအသီးအတွင်းရှိ အသားနှင့်အစေ့တို့က သွေးထဲရှိ ဂလူးကို့စ်ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိသည်။
ထို့ကြောင့်ဆီးချိုရောဂါဝေဒနာသည်များ မာလကာသီးကို အခွံဖယ်၍ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းကျိုးပြုသည်။ တိုကျိုမြို့ရှိ The Yakult Central Institute for Microbiological Research တွင် သုတေသနပြုလုပ်ခဲ့ရာ မာလကာရွက်ကို ရေနွေးကြမ်းအဖြစ်သောက်ပေးခြင်းဖြင့် အင်ဆူလင်ပမာဏပြောင်းလဲခြင်းမရှိဘဲသွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကိုထိထိရောက်ရောက် ဟန့်တားပေးနိုင်၍ ဆီးချိုရောဂါဝေဒနာသည်များ ယုံကြည်စိတ်ချစွာသောက်သုံးသင့်ကြောင်း အကြံပြုထားသည်။
ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းအတွက် မာလကာသီးစားပါ
မာလကာသီးတွင်အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသော ဗီတာမင်-C၊ ကယ်ရိုတီနွိုက်စ်နှင့် ပိုတက်ဆီယမ်တို့ပါရှိသည့်အပြင် လူသားတို့၏ အူနှင့် ကလီစာတစ်သျှူးများကို ကောင်းကျိုးပြုသည့် astringentsဓာတ်ပေါင်းစုတို့ အမြောက်အမြားပါရှိခြင်းကြောင့် အူထဲရှိ မကောင်းသောဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်ခြင်း၊ အလွန်သေးငယ်သော ရောဂါပိုးမွှားများ ကြီးထွားလာမှုကို တားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသော အရိအချွဲများကိုဖယ်ရှားသန့်စင်ပေးနိုင်ခြင်း စသည့်အစွမ်းသတ္တိများကြောင့် မာလကာသီးစားခြင်းဖြင့်ဝမ်းလျှော၊ဝမ်းပျက်ရောဂါ၊ဝမ်းကိုက်ရောဂါ၊အစာအိမ်နှင့် အူရောင်ခြင်းတို့ကိုကောင်းစွာကုသပေးနိုင်သည်။ ထို့ပြင် မာလကာရွက်ကို ရေနွေးကြမ်းခတ်သောက်ပေးခြင်းဖြင့် အူကိုအဆိပ်အတောက်ဖြစ်စေသည့် ပိုးမွှားများအား ဟန့်တားကာကွယ်ပေးသောကြောင့် ကာလဝမ်းရောဂါမဖြစ်စေဘဲအော်ဂလီဆန်ပျို့အန်ခြင်းများကိုလည်း သက်သာစေသည်။
သွေးတိုးရောဂါအတွက် မာလကာသီးစားပါ
မာလကာသီးသည် သွေးထဲရှိ မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးကာ သွေးခဲခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ထို့ပြင်အမျှင်ဓာတ်နှင့် သဘာဝ Hypoglycemia တို့ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်း သွေးဖိအားကျစေသည်။လူတစ်ယောက်၏တစ်နေ့တာ ပိုတက်ဆီယမ်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို မာလကာသီးကြီးကြီးတစ်လုံးမှ ရရှိနိုင်သည်။ ထို့ကြောင့်မာလကာသီးစားခြင်းက သွေးတိုးရောဂါသက်သာစေနိုင်သကဲ့သို့ ယင်းရောဂါနှင့်ဆက်စပ်သောနှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ခြေ အလားအလာတို့ကိုလည်း လျှော့ချပေးနိုင်သည်။
ကင်ဆာရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ
မာလကာသီး၏အတွင်းထဲရှိအသားထက်အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကပိုမိုဆေးစွမ်းထက်သည်။ အထူးသဖြင့် မာလကာသီး(အူနီသီး)အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့် Lyco-pene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော Free Radical များကို တိုက်ထုတ်ပေးပြီး အမျိုးသားများ ဆီးကျိတ်ကင်ဆာနှင့် အမျိုးသမီးများ ရင်သားကင်ဆာအကျိတ်ကြီးထွားလာမှုတို့ကို တားမြစ်ပေးနိုင်သည်။ ထို Lycopene ဓာတ်က သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေအလားအလာကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြသည်။
သွားနှင့် ခံတွင်းရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ
မာလကာရွက်ထဲတွင်ပါရှိသော Gu-aijaverin ခေါ် Flavonoids ဓာတ်ပေါင်းက သွားပိုးရောဂါဖြစ်စေသော ဗက်တီးရီးယားများ ကြီးထွားခြင်းကို ဟန့်တားကာကွယ်ပေးနိုင်သည်။ လည်ချောင်းနာခြင်း၊ လည်မျိုနှင့်အာသီးရောင်ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း စသည့် ခံတွင်းရောဂါအမျိုးမျိုးတို့အတွက် မာလကာရွက်ပြုတ်ရည်နွေးနွေးဖြင့် အာလုတ်ကျင်းပေးနိုင်သည်။ ထို့ပြင် Astringents ခေါ် တစ်သျှူးများကိုကျုံ့ကာ သွေးတိတ်စေသော အစွမ်းသတ္တိပါရှိသည့်အတွက် ဗီတာမင်-C ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သွားဖုံးရောင်၍ သွေးယိုစီးခြင်းကိုလည်း ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။
အရေပြားပြဿနာများအတွက် မာလကာသီးစားပါ
နိုက်ဂျီးရီးယားနိုင်ငံရှိ Federal Uni-versity of Technology ၌ လေ့လာစမ်းသပ်ချက်များအရ မာလကာရွက်တွင် ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည့်အစွမ်းသတ္တိပါရှိနေခြင်းကြောင့် ခွဲစိတ်ထားသောဒဏ်ရာများကို ပိုးမဝင်စေရန်၊ အရေပြားပေါ်ရှိ ကူးစက်နာများကို ပိုးသေစေရန်၊ အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိခိုက်မှုဖြစ်ပွားပါက သွေးတိတ်ပြီး အနာမြန်မြန်ကျက်စေရန် စသည်တို့အတွက် မာလကာရွက်ကို ရေစင်စင်ဆေးကာ ကြိတ်ခြေပြီး အုံပေးနိုင်သည်။ ထို့ပြင် သွေးဆိပ်တက်၍ ခန္ဓာကိုယ်ယားယံခြင်းအတွက်မာလကာရွက်ကိုရေစိမ်ပြီးချိုးပေးသင့်သည်။ဦးရေပြားပေါ်တွင်ဒက်ပေါက်ခြင်းနှင့် ဆံသားများခြောက်သွေ့ခြင်းတို့အတွက် မာလကာရွက်အရည် လိမ်းပေးနိုင်သည်။ မာလကာရွက်ထဲတွင် ဗီတာမင်-A ပါရှိခြင်းကြောင့် ဆံသားအမြစ်များသန်မာအောင် စွမ်းဆောင်ပေးနိုင်သည်။ ကျန်းမာသန့်ရှင်းသော အသားအရေပိုင်ဆိုင်လိုပါက မာလကာရွက်နုများနှင့် လတ်ဆတ်သော မာလကာသီးတို့ကို ရောပြုတ်၍ နေ့စဉ် ရေချိုးပေးခြင်းဖြင့် အသားအရေပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပစ်ပြီး စိုပြည်လှပလာပါလိမ့်မည်။
အထွေထွေရောဂါများအတွက် မာလကာသီးစားပါ
အိပ်မပျော်ခေါင်းမကြည်ခြင်းနှင့် ခေါင်းမူး၊ခေါင်းကိုက်ခြင်းဝေဒနာများအတွက် မာလကာရွက်ကိုရေဆေးပြီး လက်ဖြင့်ပွတ်ခြေကာရှူပေးရုံမျှဖြင့် ဝေဒနာများပျောက်ကင်းစေနိုင်သည်။တာမင်-Cကြွယ်ဝသည့်အတွက် မာလကာသီးကိုမှန်မှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းဆေးဝါးကုထုံးများတွင်ဝက်ရူးပြန်ဝေဒနာရှင်များကို မာလကာရွက်ပြုတ်ရည်ဖြင့်ရေချိုးစေပါသည်။
နှာစေး၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကျပ်နှင့် အဆုတ်ရောဂါဝေဒနာရှင်များ မာလကာရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သက်သာစေနိုင်သည်။
မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်းမာလကာသီး Lotion ကို လိမ်းလိုက်သောအခါ အသီးထဲတွင်ပါရှိသော ဗီတာမင်-A နှင့် ဗီတာမင်-C များက အသားထဲသို့စိမ့်ဝင်သွားပြီး အစိုဓာတ်ထိန်းပေးကာ အရေးအကြောင်းများမရှိတော့ဘဲ မျက်နှာအသားအရေကို ချောမွေ့ဝင်းမွတ်လာစေသည်။ အဆီများပြီး ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များလည်း ယုံကြည်စိတ်ချစွာလိမ်းနိုင်ပါသည်။ အလှကုန်စျေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ထားသော အလှပြင်ပစ္စည်းများက အတော်အတန် စျေးနှုန်းမြင့်မားသည်။ သို့သော် ကုန်ကျစရိတ်နည်းနည်းနှင့် အာနိသင်ရှိသော မာလကာသီး Lotion ကိုမိမိအိမ်တွင်အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
ရှေးဦးစွာမာလကာသီးနှစ်လုံးကို အခွံနွှာ၍ကြိတ်စက်ထဲထည့်ပြီးအစေ့များကြေသွားသည်အထိနှစ်မိနစ်ခန့် ကြိတ်ထားပါ။ ထို့နောက် အပူခံခွက်တစ်ခုထဲသို့ ပျားရည်လေးဇွန်းထည့်၍ Micro-wave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည်ပျော်သွားသည်အထိ ၁၀ စက္ကန့်မျှ အပူပေးပါ။ ပျားရည်ထဲသို့သံလွင်ဆီ လေးဇွန်းထည့်၍ရောမွှေပေးပါ။ထိုအရောအနှောများထဲသို့ ကြိတ်ထားသောမာလကာသီးအနှစ်ရည်များ အားလုံးလောင်းထည့်ပြီးတစ်ပြေးညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။ ၎င်းတို့ကို Micro-wave ထဲထည့်၍ အငွေ့ပြန်သွားသည်အထိ စက္ကန့် ၃၀ ခန့် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဘူးတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကိုလုံအောင် ပိတ်ထားပါ။ အေးသွားသောအခါ ထို Lotion ဘူးကိုရေခဲသေတ္တာထဲသိမ်းပါ။ထိုသို့ပြုလုပ်သောLotion ထဲတွင်တာရှည်အထားခံရန် ဖြည့်စွက်ဓာတုပစ္စည်းလုံးဝမပါရှိသည့်အတွက်အခန်းအပူချိန်တွင်ထားပါက အာနိသင်ပျက်ပြယ်စေနိုင်၍သတိပြုသိမ်းဆည်းပါ။အချိန်နှစ်လကျော်ကြာ ပြုလုပ်ပြီးသော Lotion ကိုမသုံးပါနှင့်။
သတိပြုရန်
မာလကာသီးက သွေးချုပ်စေတတ်၍ ရာသီသွေးအဆင်းလွန်သူများမှန်မှန်မှီဝဲစားသုံးပေးသင့်သော်လည်းပုံမှန် ဓမ္မတာလာသူများနှင့်ဓမ္မတာမမှန်သူများရာသီလာစဉ် မာလကာသီးလုံးဝ မစားပါနှင့်။ မာလကာသီးအခွံက အနည်းငယ်ဖန်၍ အခွံနွှာစားတတ်ကြသည်။ တချို့ကလည်း မာလကာစေ့က အူအတက်ပေါက်စေနိုင်သည်ဟု ယုံကြည်ကြသည်။ အမှန်တကယ်မှာ မာလကာသီး၏အသားထက်အခွံနှင့်အစေ့တို့က ကျန်းမာရေးကို ပိုမိုအကျိုးပြုစေသော အစိတ်အပိုင်းများဖြစ်သည်။ထို့ကြောင့်အခွံနှင့်အစေ့တို့ကိုပါညက်ညက်ဝါး၍ စားပေးသင့်ပါသည်။
မှတ်ချက်
မာလကာသီး သေးသေးကျစ်ကျစ်က အဖန်ဓာတ်များပြီးချောင်းဆိုး၊ သလိပ်ပွစေတတ်၍ထိုအသီးမျိုးကိုရှောင်ပါ။ အပေါ်ယံအခွံပြောင်တင်းပြီး အပြစ်အနာအဆာကင်းသောအသီးတို့ကိုသာရွေးချယ်ပါ။ မာလကာသီး၏သဘောသဘာ၀သည် အပင်မှခူးဆွတ်ပြီးနောက် တဖြည်းဖြည်းမှည့်လာတတ်၍ အခန်းအပူချိန်တွင် ထားပေးသင့်သည်။ အပူဓာတ်စာအသီးဖြစ်၍ ရေခဲသေတ္တာထဲသိမ်းဆည်းမထားသင့်ပေ။

အာဒါလွတ်သည်အပူပိုင်းဒေသများမှထွက်ရှိသော သစ်ဥသစ်ဖုဖြစ်သည်။ ယင်းကိုကြိတ်၍ ပုံမှန်စာ (Stable Food) အဖြစ် စားကြသည်။ မိုးသစ်တောတို့ တွင်ပေါက်သော ရုက္ခဗေဒအမည် Maranta Arun-dinacea ခေါ် ချုံပင်တစ်မျိုးမှထွက်သော အာတာလွတ်ဥဖြစ်သည်။ အာဒါလွတ်ပင်သည် Maranta မျိုးစုဝင်နှင့် Marantaece မျိုးရင်းဝင်ဖြစ်ပြီးလျှင် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်သည်။

အာဒါလွတ်ဥသည် အစာကြေလွယ်သော Starch (ကစီ)ဖြစ်သဖြင့်ယင်းကိုကလေးနှင့်နာမကျန်း ဖြစ်နေသူများအတွက်အစားအစာအဖြစ်အသုံးပြုလေ့ရှိကြသည်။ သို့သော်စီးပွားရေးသမားများကအာဒါလွတ်မှုန့်များတွင်အာလူးမှုန့်၊ ဆန်မှုန့်၊ သို့မဟုတ် ရိုးရိုးဂျုံမှုန့်များဖြင့်ရော၍ အာဒါလွတ်မှုန့် အဖြစ်ရောင်းချလေ့ရှိကြသည်။
အာဒါလွတ်ဥစားသုံးမှုပုံစံ
မြန်မာနိုင်ငံ၏ တချို့အရပ်ဒေသများတွင် အာဒါ လွတ်ဥကို ကလားဝါးဥ၊ သင်ဥ၊ ဝါးဥဟုအမျိုးမျိုးခေါ် ဝေါ်ကြသည်။ အာဒါလွတ်ဥကိုပြုတ်ပြီး ဆီ၊ ဆား၊ နှမ်းတို့ဖြင့် စားကြပြီး အရသာစိမ့်စိမ့်လေးနှင့် မြန်မာ့ အစားအစာများတွင် နေရာတစ်ခုယူထားသည့် အာဒါ လွတ်ဥက ဆေးဖက်ဝင်သည်။ အာဒါလွတ်ဥကို ပါးပါး လှီး၍ကြော်ခြင်း၊ ပြုတ်ထောင်းပြီး မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်းနှင့်သက်သတ်လွတ်သမားများပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲ သရေစာအဖြစ်လည်း စားသုံးကြသည်။ အာဒါလွတ်ဥ တွင်ပါဝင်သည့်အာဟာရဓာတ်များနှင့် ဆေးဖက်ဝင်အာနိသင်များကို သိပ္ပံပညာလေ့လာမှုအထောက်အထားများလည်း တွေ့ရှိထားသည်။
အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ
အာဒါလွတ်ဥတွင် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်-B အုပ်စုကဲ့သို့ အာဟာရ ဓာတ်များပြည့်စုံစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက် စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ်စ်ကဲ့သို့ သတ္တုဓာတ်များကြွယ်ဝသည်။အာဒါလွတ်ဥတွင်အာဟာရဓာတ်များနှင့် သတ္တုဓာတ်များပါဝင်သည့် အတွက် အစာခြေစနစ်ကောင်းမွန်ခြင်း၊ အရိုးကို သန်မာစေခြင်း၊ သွေးလှည့်ပတ်မှုနှင့် နှလုံးကျန်းမာ ရေးကို ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သည်။ အာဒါလွတ်ဥ ၁၀၀ ဂရမ် တွင် ကာဗိုဟိုက်ဒရိုတ် ၁၃ ဂရမ် (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ် (၈ ရာခိုင်နှုန်း)၊ အဆီ သုည ဒသမ ၂ ဂရမ် (သုည ရာခိုင်နှုန်း)၊ ကိုလက်စထရော သုည ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း) နှင့် ပိုတက်ဆီယမ် ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။
အာဒါလွတ်ဥ၏ဆေးဖက်ဝင်အကျိုးကျေးဇူးများ
အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။
ခန္ဓာကိုယ်၏အစာခြေစနစ်တွင်အမျှင်ဓာတ်ကအရေးပါဆုံးဖြစ်ပြီးအာဒါလွတ်ဥအမျှင်ဓာတ်က အူလမ်းကြောင်းအတွင်း၌အစားအစာရွေ့လျားမှု ကောင်းမွန်စေပြီးအာဟာရဓာတ်များစုပ်ယူနိုင်အောင် နှိုးဆွပေးကာ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုသက်သာပျောက်ကင်းစေပြီး သွေးတွင်းသကြား ဓာတ်ကိုလည်း ထိန်းညှိပေးပါသည်။ အဆိုပါ အမျှင် ဓာတ်ကြောင့် ပိုလျှံနေသော ကိုလက်စထရောများကို ရှင်းလင်းပေးပြီးနှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေသည်။
အာဒါလွတ်ဥတွင် Gluten ဓာတ်မပါဝင်သောကြောင့်အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမအီမသာဖြစ်ခြင်းတို့ကိုကာကွယ်ပေးနိုင်သည်။
အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ပါဝင်မှုပမာဏ များသောကြောင့်နှလုံးနှင့်ပတ်သက်သည့့်ရောဂါများကို ကာကွယ်ပေးသည်။ ပိုတက်ဆီယမ်က နှလုံး သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများကိုပြေလျော့စေပြီး သွေးဖိအားကိုကျစေသဖြင့် နှလုံး ရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်ကို လျော့နည်းစေ ပါသည်။ အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါဝင်မှုများသောကြောင့်သွေးအားကိုထိန်းညှိပေးနိုင်ပါသည်။သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအစာတစ်ခု ဖြစ်ပါသည်။အာဒါလွတ်ဥထဲတွင်ပါဝင်သည့် ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့် Homocysteine ဓာတ်ကိုလျှော့ချပေးသည်။
မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝသောကြောင့် သွေးလှည့်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင်-B အုပ်စုကြွယ်ဝစွာ ပါဝင်ပြီး ကောင်းမွန်သည့်ကိုလက်စထရောများ ပါဝင်သောကြောင့် နှလုံးသွေးကြောနှင့်ပတ်သက်သည့်ရောဂါများကိုကာကွယ်ပေးပါသည်။ သွေးအားနည်း ရောဂါအပြင် မူးမော်ခြင်းမဖြစ်အောင်ကာကွယ်ပေးပါသည်။
အာဒါလွတ်ဥထဲတွင်ပါဝင်သည့်သံဓာတ်ကသွေးလှည့်ပတ်မှုအားကောင်းစေသဖြင့် ဦးနှောက်ထဲကိုအောက်ဆီဂျင်လုံလောက်စွာရောက်ရှိစေသည့်အတွက် ဉာဏ်ကောင်းစေပါသည်။ သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသည်။
အာဒါလွတ်ဥတွင်ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်အရိုးများကိုသန်မာစေပါသည်။အာဒါလွတ်ဥတွင် ကြေးနီဓာတ်နှင့်သံဓာတ်ပါဝင် သောကြောင့်သွေးနီဆဲလ်များကိုတိုးပွားစေပြီးပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းမှ ကာကွယ်ပေးသည်။ အဆိုပါဓာတ်များကြောင့်သွေးလှည့်ပတ်မှုကိုကောင်းမွန်စေသဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။
အာဒါလွတ်ဥတွင်ဖောလိတ်ဓာတ်ပါဝင်မှုများသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များစားသုံးပါက ကျန်းမာစွာဖြင့် မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်း ချက်ပါလာနိုင်ခြေနည်းစေပါသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့် ဆဲလ်ကျန်းမာရေးများတွင် အရေးကြီးသောဓာတ်ဖြစ်ပြီးဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။
အသားမှရသောပရိုတင်းများထက် အသီးအနှံနှင့် သစ်ဥသစ်ဖုကရသောပရိုတင်းကို ခန္ဓာကိုယ်ကစုပ်ယူမှုလုပ်ရတာပိုမိုလွယ်ကူသောကြောင့် ပရိုတင်း အသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကို စားပေးခြင်းဖြင့်ကျန်းမာသည့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။အာလူး၊ပီလောပီနံတို့ကဲ့သို့ တခြားဥတွေထက် ကယ်လိုရီနည်းသည့်အာဒါလွတ်ဥက ကိုယ်အလေး ချိန်လျှော့ချရာတွင် ပိုသင့်တော်ပါသည်။ အာဟာရဓာတ်များနှင့်အမျှင်ဓာတ်ပါသည့် အာဒါလွတ်ဥကို တွဲစားလျှင်ကိုယ်အလေးချိန်လျှော့ခြင်းအတွက် ပိုအကျိုးထူးနိုင်ပါသည်။ အဆာပြေအနေဖြင့်လည်း စားသုံးနိုင်ပါသည်။
အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမကြာခဏဖြစ်တတ်သည့်အမျိုးသမီးများ အာဒါလွတ်ဥစားပေးသင့်သည်။ အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင်အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များအတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး ခွန်အားလည်း မြင့်တက်စေသည်။
အာဒါလွတ်တွင် ဗီတာမင်-B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့်ဇီဝကမ္မဖြစ်စဉ်အတွက်အရေးပါလှသည်။ ဗီတာမင်-B အုပ်စုသည် ဟော်မုန်းများမှ အစနှလုံးခုန်နှုန်းအထိခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက်ဖြစ်စဉ်များကိုထိန်းညှိရာတွင်အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲ က အယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါသည်။အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့်ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲကအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
သတိပြုရန်အချက်များ
အာဒါလွတ်ဥသည် ချောကလက်၊ နို့အေးချောင်း (ရေခဲချောင်း)၊ ဂွေးသီးတို့နှင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ ဂေါက်ရောဂါရှိသူများစားသုံး ပါက ခြေဆစ်လက်ဆစ်များနာတတ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊သံဓာတ်နှင့် ဖောလစ်အက်စစ်၊မဂ္ဂနီစီယမ်၊ ဖော့စဖရပ်စ်တို့ပါဝင်သည့်အပြင် တခြား ဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေခြင်း၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊သွေးအား နည်းခြင်းကိုကာကွယ်ပေးပြီးသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ဆီးချိုရောဂါအတွက်အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက်သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေးအကျိုးအာနိသင်များကို ပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင်-B အုပ်စုကြွယ်ဝစွာပါဝင်သောကြောင့်ခန္ဓာကိုယ် တစ်ခုလုံး၏လုပ်ငန်းလုပ်ဆောင်ချက်များကိုထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။