လူထဲကလူ သိပ်တော်သောလူတစ်ယောက်ဖြစ်လိုလျှင် ပညာလေ့လာသင်ကြား အားထုတ်ရမည်ဖြစ် သည်။ ပညာသည် ဦးနှောက်ကိုကောင်းစွာအလုပ်ပေးနိုင်သဖြင့် စဉ်းစားတွေးခေါ်မှု၊ ဉာဏ်ရည် ဉာဏ်သွေး သာလွန်ထက်မြက်စေသည်။ စွမ်းရည်ပြည့်ဝသော လူ့အသိုက်အဝန်းတစ်ရပ် ပီပြင်စွာအကောင်အထည် ဖော်ရာတွင် လူတစ်ဦးချင်းစီ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းသည် လွန်စွာအရေးပါလျက်ရှိ သည်။ လူ့ဘဝတစ်လျှောက်တွင် အခက်အခဲဆုံးသော အလုပ်များဖြင့် ပြည့်နှက်နေလေ့ရှိပြီး လောကဓမ္မ၊ လောကဓံတရားများနှင့် ရင်ဆိုင်ကြရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြေရှင်းဆောင်ရွက်နိုင်ရေးမှာမူ အရေးကြီးလှပေသည်။

သက်ဝင်လှုပ်ရှားမှုရှိသော ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိရှိဖြင့် ဖြေရှင်းဆောင်ရွက်၍ ဘဝကို ထူထောင်ကြရသည်။ ဘဝရပ်တည်ရေးအတွက် ငွေကြေးသည် ဝင်သက်ထွက်သက်နှင့်အတူဖြစ်တည် လေ့ရှိသည်။ နေ့စဉ်ဘဝ ပိုက်ဆံငွေကြေးရရှိရေး ပုံစံမျိုးစုံ၊ အလုပ်မျိုးစုံ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ ကာယ၊ ဉာဏ၊ လုံ့လပြု၍ ဘဝအခြေပြုကာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးကူညီပေးကြသည်။ ကာယလုပ်သားကြီးများသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ဝေးကွာခဲ့ရပြီး ခွန်အားဗလအရင်းအနှီးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်။ဉာဏလုပ်သားများမှာမူအရိပ်အောက်တွင်ကိုယ်ခန္ဓာမပင်ပန်း တစ်ဖက်တစ်လမ်းမှ နိုင်ငံက အားထားကြရပေသည်။
ပညာရေးသည် ဘဝအဆင့်ဆင့်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ပညာသင်ကြားရာတွင် အဆင်ပြေမှု၊ အဆင်မပြေမှုကြားမှခြေလှမ်းစတင်ရခြင်းဖြစ်သည်။ ဘဝအခက်အခဲနှင့်ပညာသင် ကြားမှုဖြစ်စဉ် ကွဲပြားစွာနားလည်သိရှိမှသာပညာပန်းတိုင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးသည် ကဏ္ဍတစ်ခုအနေဖြင့် ထိပ်ဆုံးမှ ရပ်တည်နေလေ့ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အအုံနှင့် လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်း ပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင်အထည်ဖော်ရေးအစရှိသောအရေးပါသည့် နယ်ပယ် အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရမည်ဖြစ်သည်။ ဘဝအုတ်မြစ်ခိုင်ခံ့ အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။
ကျောင်းတွင်းပညာသင်ယူခြင်းကို အစပြု၍ ဘဝကို ပိုမိုတောက်ပအောင် ဆောင်ရွက်ကြရပေသည်။
ပညာအရင်းအနှီးကြီးမားလှသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည်။ ဖြတ်ထိုးဉာဏ်နှင့် ဗဟုသုတအထွေထွေ တိုးပွားရရှိစေရန် များစွာအထောက်အကူပြုသည်။ ပညာလိုအိုသည့်တိုင်သင်ယူနိုင်စွမ်းရှိသဖြင့် ပညာ၏အရေးပါမှုကိုသိရှိနိုင်ပေသည်။
ပညာရေးသည် နိုင်ငံတော်၏ မျှော်မှန်းချက်၊ အခြေခံအုတ်မြစ်ဖြစ်သည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေး ပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူသင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိရည်မှန်းထားပေသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိသည်။ ပညာသင်ကြားရာတွင် သင်ကြားရသည့် ဘာသာရပ်တိုင်း အထူးချွန်ဆုံး၊ အထက်မြက်ဆုံးဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ အားနည်းချက်၊ အားသာချက်များကို မိမိကိုယ်တိုင်သိရှိပြီး ပြုပြင်ပြောင်းလဲနိုင်မှုအလိုက် ကောင်းမွန်သောအခြေအနေသို့ရောက်ရှိအောင် မနှေးအမြန်အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင် တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး လိုက်ပါရမည်ဖြစ်သည်။ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက်၊ ဝါသနာအလိုက်ရွေးချယ်ပြီး နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍ၊ စက်မှုနည်းပညာ ကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်သွားနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေး အလှမ်းမဝေးရအောင် အနာဂတ်ရင် သွေးများကို ပညာအမွေပေးရမည်ဖြစ်သည်။
ပညာရည်အဆင့်အတန်းမြင့်မားသော နိုင်ငံအများစုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ကြသည်။ ပညာရေး အဆင့်မြင့်မားမှုမှတစ်ဆင့် တီထွင်ဆန်းသစ်မှုကိုဖြစ်စေသည်။ တိုးတက်မှုအရင်းခံ အခြေခံပညာရေး သည် အဓိကဖြစ်ပေသည်။ အနာဂတ်ကာလတွင် သာမန်ဘွဲ့တစ်ခုတည်းဖြင့် ရပ်တည်နိုင်ရေး ခက်ခဲလာ နိုင်သည်။ ပညာခေတ်တွင် အကျုံးဝင်ပါဝင်မည့် ဘွဲ့လွန်ပညာ၊ ပါရဂူပညာတွေပါရရှိလာပြီး အခြား သူများထက် အဘက်ဘက်ကသာလွန်ရေး ကြိုးစားလုံ့လပြုရမည်ဖြစ်သည်။ ငယ်စဉ်အခါ ပညာရှာ ချိန်တွင် ဆရာ၊ ဆရာမများ သင်ကြားလမ်းညွှန်မှုကို ခံယူလျက် ရည်မှန်းချက်ကိုယ်စီ၊ ဘဝအိပ်မက် ကိုယ်စီဖြင့်ရှေ့သို့ချီတက်ရမည်ဖြစ်သည်။ ပညာသင်ကြားတတ်မြောက်ပြီးချိန်၌လည်း ဆင့်ကဲပညာများ တိုးပွားရရှိအောင် စဉ်ဆက်မပြတ် ကြိုးစားကြရမည်ဖြစ်သည်။ပညာသင်ကြားတပည့်ဘဝမှ ကိုယ်တိုင် ဆရာ၊ ဆရာမအဖြစ် လက်ဆင့်ကမ်းပညာသင်ကြားမျှဝေပေးနိုင်သည့် နိုင်ငံအားထား လူချွန်လူ ကောင်းများအဖြစ် ပါဝင်ခွင့်ရှိပေသည်။
မျက်မှောက်ကာလသည် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေး မျှော်မှန်းဆောင် ရွက်မှုအဖြစ် ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းသား၊ကျောင်းသူကလေးများကျောင်းနေပျော်အောင်စွမ်းဆောင်မှုဖြစ်သည်။ ကျောင်းနေ အရွယ် ကျောင်းသား၊ ကျောင်းသူကလေးများ ပညာရေးတွင် ဆုံးခန်းတိုင်ပြီးမြောက်အောင်သင်ယူလျက် ပိုမိုကောင်းမွန်သောပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော်ရမည်ဖြစ်သည်။
အခြေခံပညာ၊ တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများလည်း တစ်ပါတည်း လမ်းပွင့်သွားစေမည်ဖြစ်သည်။
အသိနှင့်ပညာသည် ယှဉ်တွဲတည်ရှိနေသည့် သဘောတရားဖြစ်သည်။ ပညာတတ်ဖြစ်အောင် ကျင့်ဆောင်ပြီး ဘဝကို တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာဖြင့် လူ့အရည်အချင်းပြောင်လက်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။နိုင်ငံ၏အနာဂတ်နှင့် ပညာရည်မြင့်မားရေးအခန်းကဏ္ဍသည် ထင်ရှားလင်းလက်တောက်ပနေရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အရေးပါပြောင်မြောက်သည့်ပညာအရင်းအမြစ်ဖြင့် မှန်ကန်သောတွေးခေါ်ပုံ၊ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိရမည်ဖြစ်သည်။တစ်နည်းအားဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ကြွေးကြော်မှုသည် ပညာရည် အဆင့်အတန်းမြင့်မားမှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်မည့်ယုံကြည်ချက်ကို ကိုယ်စား ပြုပေသည်။လူ့စွမ်းအားအရင်းအမြစ်ကောင်းကို မွေးထုတ်ပေးနိုင်မှုကိုလည်းအထောက်အကူပြုစေသည်။ အလားတူ ပညာရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍများကို အမှန်နှင့်အမှား လမ်းပြပေးနိုင်သည်။ မိသားစုနှင့် ဝန်းကျင် တစ်ခုလုံးကို ပညာပြည့်ဝနှလုံးလှအောင်စွမ်းဆောင်နိုင်စွမ်းရှိသည့်ပညာသင်ကြား၊ သင်ယူမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
MWD
Photo- Apeejay Newsroom

အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ သားဦး ကိုယ်ဝန်ဆောင်တွေက အတွေ့အကြုံ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွေကို အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့ အောက်ပါအချက်တွေ ဂရုစိုက်သင့်ပါတယ်။
ကိုယ်ဝန်ရှိစဝေဒနာသက်သာစေဖို့
ကိုယ်ဝန်ရှိစမှာ ခါးနေရာက အရင်လိုမဟုတ်တော့ဘဲ အနည်းငယ်ပြည့်တင်းလာပါတယ်။

ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားနှစ်ဖက်စလုံး အနည်းငယ်ကြီးလာပြီး တင်းကျပ်ကျပ် ခံစားရပါတယ်။ ကိုယ်ဝန်ရှိစမှာ ပျို့ချင်အန်ချင်တာကလည်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်သလိုခံစားရတတ်ပြီး မကြာခဏအနားယူပေးဖို့လည်းလိုအပ်ပါတယ်။ နေ့ခင်းဘက်နာရီဝက်ခန့်အိပ်စက်ပေးသင့်ပါတယ်။
သွက်သွက်လက်လက်လှုပ်ရှားနိုင်စေဖို့
ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာက စွမ်းအင်ပြည့်ဝပြီး သွက်လက်နေစေပါတယ်။ ထို့ပြင် ကလေးမွေးဖွားရာမှာလည်း လွယ်ကူစေပါတယ်။ ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် လမ်းလျှောက်တာ၊ရေကူးတာတွေက အကောင်းဆုံးလေ့ကျင့်ခန်းတွေလို့ဆိုနိုင်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန် နှစ်နာရီခွဲလောက်ရှိသင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်အချိန်က အေရိုးဗစ်လေ့ကျင့်တာ၊ ပြေးတာ၊ အလေးမပစ္စည်းတွေနဲ့ လေ့ကျင့်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆက်ကစားဖို့ သင့်၊ မသင့်ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ရေဓာတ်ခန်းခြောက်တာဂရုပြုသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ရင်း ခေါင်းမူးတာ၊ မောပန်းနွမ်းနယ်သလိုခံစားရတာတွေဖြစ်ခဲ့ရင် လေ့ကျင့်ခန်းလုပ်တာကိုချက်ချင်းရပ်သင့်ပါတယ်။
တင်းအားပြေလျော့စေဖို့
ညင်သာစွာနှိပ်နယ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။
နှိပ်နယ်ပေးတာကြောင့် ကြွက်သားတွေရဲ့တင်းအားတွေ လျော့နည်းသွားပြီး ပျော့ပျောင်းလာတဲ့အတွက်
နာကျင်မှု၊ ကိုက်ခဲမှုကိုသက်သာစေပါတယ်။ ခန္ဓာကိုယ်အပူပေးတာ၊ တစ်ကိုယ်လုံး ပေါင်းတင်တာမျိုး တွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေပြားက တချို့အချိန်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုထိခိုက်လွယ်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။
စိတ်ဖိစီးမှုလျော့နည်းစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်တဲ့အကောင်းဆုံးနည်းလမ်းက တရားထိုင်တာ၊ ယောဂကျင့်တာတို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလေ့ကျင့်နိုင်တဲ့ ယောဂကျင့်နည်းတွေကို သင်တန်းခန်းမမှာ မလေ့ကျင့်နိုင်ရင် အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်တွေ ယောဂလေ့ကျင့်နည်းအတိုင်း အနေအထားမှန်ကန်ဖို့တော့ လိုပါတယ်။ ယောဂလေ့ကျင့်မယ်ဆိုရင် ဆရာဝန်ရဲ့ အကြံဉာဏ်ကို အရင်ဆုံးရယူဖို့လိုအပ်ပါတယ်။
စိတ်လှုပ်ရှားပြောင်းလဲမှုများတည်ငြိမ်စေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အတက်အကျပြောင်းလဲမှုတွေများတတ်ပါတယ်။ ကလေးမွေးဖွား ဖို့အတွက် စိုးရိမ်ကြောက်ရွံ့တာ၊ ငွေရေးကြေးရေးပူပန်ရတာ၊ မိဘတစ်ယောက်ဖြစ်လာဖို့ ကြိုတင်ပြင်ဆင် ရတာတွေကြောင့် စိတ်လှုပ်ရှားပြောင်းလဲမှုတွေ များနေတတ်ပါတယ်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် စိတ်ခံစားရမှုတွေ ပြောင်းလဲနေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောတာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်ထောင်ဖက်နဲ့ ချစ်ခင်စွာနေထိုင်တာတွေက စိတ်သက်သာစေပါတယ်။ စိတ်ဓာတ်ကျဆင်းတဲ့အခါဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
နှစ်ယောက်စာအာဟာရစားပေးသင့်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၃၀၀ ကယ်လိုရီအပိုရရှိဖို့လိုအပ်ပါတယ်။ ကယ်လိုရီအပိုရရှိအောင် ကောက်နှံတစ်ခုလုံးပါဝင်စာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးပေးသင့်ပါတယ်။ နံနက်စာမစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားသင့်ပါတယ်။မချက်ပြုတ်ဘဲ အစိမ်းအတိုင်းစားတာ (ဥပမာ-ကြက်ဥအစိမ်းသောက်တာမျိုး)တွေ ရှောင်သင့်ပါတယ်။ ငါးမှာ မာကျူရီပါဝင်မှုများနိုင်တာကြောင့် ကျက်အောင်သေချာချက်စားသင့်ပါတယ်။ မကျက်တကျက်ချက်ထားတဲ့အသားတွေကိုမစားသင့်ပါဘူး။
အပန်းဖြေခရီးထွက်သင့်ပါတယ်
ကလေးမမွေးခင်မှာ ဇနီးမောင်နှံအတူတကွခရီးထွက်သင့်ပါတယ်။ ကိုယ်ဝန် ၃၆ ပတ်အတွင်း ခရီးထွက်သင့်ပါတယ်။ ခရီးသွားမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သွားရပါမယ်။ ခရီးသွားမယ့်နေရာပေါ် မူတည်ပြီး လိုအပ်တာတွေကို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။ ခရီးမထွက်နိုင်ခဲ့ရင် အကောင်းဆုံးဟိုတယ်တစ်ခုမှာ တစ်ညတာတည်းခိုပြီး အပန်းဖြေသင့်ပါတယ်။
အကောင်းမြင်စိတ်မွေးသင့်ပါတယ်
မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေက အရင်နဲ့မတူဘဲ ပြောင်းလဲသင့်တာတွေပြောင်းလဲရပါမယ်။ မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေတွေးနေတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းစေပါတယ်။ အကောင်းမြင်တဲ့ စိတ်မျိုးထားသင့်ပါတယ်။ ကျန်းမာရေးစာအုပ်၊ စာစောင်တွေဖတ်ရှု လေ့လာသင့်ပါတယ်။ အတွေ့အကြုံကောင်းတွေ မှတ်သားထားသင့်တယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်သင့်တယ်။ သင့်တင့်တဲ့လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်။ ဒါဆိုရင် ကျေနပ်ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့မိခင်ဖြစ်စေမှာပါ။
ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးမသောက်သင့်ပါဘူး
ဆရာဝန်ညွှန်ကြားချက်မပါရှိဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့အအေးမိ၊ နှာစေးပျောက်ဆေး၊ ဓာတ်မတည့်တဲ့ကုသဆေး၊ ရောင်ရမ်းမှုသက်သာဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။ သောက်သုံးလိုက်တဲ့ဆေးဝါးတွေက သန္ဓေသားပေါ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ဆေးဝါးသောက်သုံးဖို့လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

ပီလောပီနံကို လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန်(အမှုန့်)နှင့် အဖျော် ယမကာတို့တွင် ထည့်သွင်းအသုံးပြုကြသည်။ မြန်မာနိုင်ငံ၌ အများအားဖြင့် ပီလောပီနံဥကိုပြုတ်၍ ဆီ၊ ဆားတို့နှင့်တို့ ကာ သရေစာအဖြစ်စားသုံးကြပြီး ပီလော ပီနံဥကြော်နှင့် ပီလောပီနံဥပေါင်းအဖြစ် လည်း စားသုံးကြသည်။

ပီလောပီနံမှ ကျန်းမာရေးအကျိုး အာနိသင်များရရှိစေရန် ပီလောပီနံဥကို လုံလောက်စွာ ကျက်သည်အထိ အချိန်ကြာကြာပြုတ်ပြီးမှသာ စားသုံးသင့်သည်။ ပီလောပီနံဥစားပြီးနောက် အချိန်လေးနာရီ အကြာတွင် မူးဝေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားခြင်းသည် ပီလော ပီနံဥတောက်သော လက္ခဏာများဖြစ် သည်။
ပီလောပီနံဥစားသုံးရာတွင် အဆိပ် အတောက်များ လျော့ပါးစေရန် ပီလောပီနံ ဥကို ရေနှင့်ပွက်ပွက်ဆူအောင် ၁၀ မိနစ် ခန့်ပြုတ်လိုက်ပါက ယင်းတွင်ပါဝင်သော Glucoside အဆိပ်များ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် သည်။
ပီလောပီနံရွက်နှင့် အာဟာရဓာတ်ပါဝင်မှုများ
ပီလောပီနံပင်မှ ပီလောပီနံဥကိုသာ စားသုံးနိုင်ခြင်းမဟုတ်ဘဲ ပီလောပီနံ အရွက်ကိုလည်း စား၍ရပြီး ကျန်းမာရေး အတွက် အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်သည်။
ပီလောပီနံရွက်တွင် ပြည့်ဝဆီ(Satura-ted Fat) ပါဝင်မှုနည်းသကဲ့သို့ အကျိုးမပြု ကိုလက်စထရောနှင့် ဆိုဒီယမ်ပါဝင်မှု လည်းနည်းသည်။ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင် သကဲ့သို့ အကျိုးပြုကို လက်စထရောနှင့် ပရိုတင်းတို့လည်းပါဝင်သည်။ တခြား အာဟာရဓာတ်များ အနေဖြင့် ဗီတာမင်-B အုပ်စု၊ ဖောလိတ်၊ ဗီတာမင်-B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဆီလီ နီယမ်တို့ပါဝင်သည်။
စား၍ရသော ပီလောပီနံရွက်နှင့် ကျန်းမာရေးအာနိသင်များ
ပီလောပီနံရွက်အနုများကို အသားဟင်းထဲ ထည့်ချက်၍ရသကဲ့သို့ အရွက်ကို ကြော်စားခြင်း၊ ဟင်းရည်ပြုလုပ်၍ သောက်ခြင်းနှင့်ပြုတ်တို့ခြင်းများ ပြုလုပ်နိုင်သည်။ ကယ်လိုရီပါဝင်မှုနည်းသော ပီလောပီနံရွက်သည် အစာခြေစနစ်ကိုကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်နာ၊ ခံတွင်းအနာများကို သက်သာစေနိုင်သကဲ့သို့ သက်လုံကောင်းစေရန်လည်း ထောက် ကူပေးနိုင်သည်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးအားနည်းခြင်းမဖြစ်ရန် ကာကွယ်ပေးပြီး ဖောလိတ်နှင့် ဗီတာမင်- C ကြွယ်ဝစွာပါဝင်မှုကြောင့် ကိုယ်ဝန် ဆောင်ချိန်တွင် ကိုယ်ခံအားကောင်းစေ သည်။
ပီလောပီနံရွက်တွင် Lysine Protein ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန် ဗီတာမင်ချို့တဲ့မှုမဖြစ်စေရန် ကာကွယ် ပေးသည်။ ပီလောပီနံရွက်သည် အဖျား ကျစေပြီး ခေါင်းကိုက်သက်သာစေ ခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာခြေစနစ်ကို ထိခိုက်စေသည့် ပိုးများကို ဖယ်ရှားပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေပြီး ဝမ်းမှန်စေခြင်း၊ ခံတွင်းမြိန်စေပြီး အစာစားချင် စိတ်ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း၊ အဆစ်ရောင်ခြင်း၊ အဆစ်နာကျင်ကိုက်ခဲ ခြင်းတို့ကိုသက်သာစေခြင်း၊ သဘာဝ သန်ကျဆေး တစ်မျိုးဖြစ်သည့် ပီလောပီနံ ရွက်က သန်ကျစေရန် ထောက်ကူပေးနိုင် ပြီး အစာခြေစနစ်အတွင်းမှ ကပ်ပါးပိုးများ ကို ဖယ်ရှားပေးနိုင်ခြင်း၊ အနာကျက်မြန် စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သကဲ့သို့ ပရိုတင်း၊ ဗီတာ မင်- C နှင့် သံဓာတ်တို့ပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေရန် ထောက်ကူ ပေးနိုင်သည်။ ပီလောပီနံ သည် ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရှိသော်လည်း အလွန် အကျွံစားသုံးပါက ဆိုးကျိုးများလည်း ရှိနိုင်သည်။
သတိထားစားရမည့် ပီလောပီနံရွက်
ပီလောပီနံရွက်ကို စားသုံးမည်ဆိုပါက ရေစင်အောင်ဆေးကြောရန်နှင့် သေချာစွာ ကျက်အောင်ချက်ပြုတ်ရန် လိုအပ်သည်။ အဆိပ်အတောက် မဖြစ်စေရန် အစိမ်းစားခြင်းနှင့် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ ရောဂါအခံ ရှိသူများ၊ ဓာတ်မတည့်မှုဖြစ်တတ်သူ များ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ် ကြောင့် ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်၏ ခွင့်ပြုချက်ရမှသာ စားသုံးသင့်သည်။
ပီလောပီနံအစာအဆိပ်သင့်ခြင်း
ပီလောပီနံပင်၏အမြစ်တွင် အဆိပ်သင့်စေသော ဆိုင်ယာနိုက်(Cyanide) ဓာတ်တစ်မျိုးပါဝင်သောကြောင့် အစာအဆိပ်သင့်ခြင်းလည်း ဖြစ်နိုင်သည်။ အစာအဆိပ် သင့်ခြင်းသည် အသက်အန္တရာယ်ရှိပြီး ဆိုင်ယာနိုက်အဆိပ်သင့် လက္ခဏာများဖြစ်သည့် နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ သတိ လစ်ခြင်းနှင့် အခန့်မသင့်ပါက အသက် သေဆုံးခြင်းတို့အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် ပီလောပီနံအစာအဆိပ် သင့်သောလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံး သွားရောက်သင့် သည်။
ပီလောပီနံသည် တခြားသီးနှံများ စိုက်ပျိုး၍မရသော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးနိုင်သည်။ ပီလောပီနံကို စိုက်ပျိုးချိန်မှစ၍ သိုလှောင် သိမ်းဆည်းသည့်အချိန်ထိ လုပ်ဆောင်ရမည့် လုပ်ငန်းများကို အချိန်ကိုက် လုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းထားသည့် အထွက်နှုန်းနှင့် စံချိန်မီအရည်အသွေး ကိုရရှိနိုင်မည်ဖြစ်သည်။ ကုန်ချောထုတ် လုပ်ပြီး ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း များနှင့် အပင်၏အစိတ်အပိုင်းများကို မြေဆွေးပြုလုပ်၍ စိုက်ခင်းများအတွင်း ထည့်သွင်းခြင်း၊ မှိုစိုက်ပျိုးနိုင်ခြင်းနှင့် တိရစ္ဆာန်များအတွက်အစာအဖြစ် ကျွေးမွေးခြင်းတို့ ပြုလုပ်နိုင်သည်။ ရောဂါနှင့်ပိုးမွှားဒဏ်ကို အသင့်အတင့်ခံနိုင်၍ ဓာတု ဆေးဝါးသုံးစွဲမှု အနည်းငယ်သာရှိသောကြောင့် ဓာတ်ကြွင်းအာနိသင်နည်းပြီး စိုက်ပျိုးသူများ၊ စားသုံးသူနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည်။
သို့ရာတွင် ပီလောပီနံဥများကို တူးဖော် ပြီး ၂၄ နာရီအတွင်း တခြားအဆင့်တစ်ခု သို့ ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။
ပီလောပီနံဥများမှ ပီလောပီနံမှုန့် ထုတ်လုပ်ရာတွင် တူးဖော်ပြီး ၂၄ နာရီအတွင်း ထုတ် လုပ်နိုင်မှသာ အရည်အသွေး ကောင်းမွန် နိုင်သည်။ ပီလောပီနံမှုန့်များကို အိတ်ခွံ များအတွင်း ထည့်သွင်းသိမ်းဆည်း၍ အခန်းအပူချိန်တွင် နှစ်နှစ်အထိ သိုလှောင် နိုင်ပြီး ဈေးကွက်ပေါ်မူတည်၍ ရောင်းချနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ပီလောပီနံသည် ကျန်းမာရေးပိုင်းနှင့် စီးပွားရေးပိုင်း တွင် ကောင်းကျိုးများစွာရှိသကဲ့သို့ ကျန်းမာရေးပိုင်းတွင် ဆိုးကျိုးသက်ရောက်မှု အနည်းငယ်လည်းရှိသည်။ ပီလောပီနံကို သံပရာသီးအပါအဝင် အချဉ်ကဲ သော အစားအစာများနှင့် တွဲဖက်စားသုံးမိပါက အော့အန်တတ်သည်။ သပြေသီးနှင့် ပီလောပီနံဥတွဲစားလျှင် အဆိပ်ဖြစ်စေတတ်ပြီး ဒန့်သလွန်သီးနှင့် ပီလောပီနံဥတွဲစားလျှင် တောက်တတ်သည်။ ကိုယ်ဝန် ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေး ငယ်များ၊ ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးအမြဲသောက် နေရသူများနှင့် ကျန်းမာရေးပြဿနာ အခံရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍ ဆရာဝန်ခွင့်ပြုချက်ရမှသာ စားသုံးသင့်သည်။ စားသုံးမည်ဆိုလျှင်လည်း အခွံကို သေချာစွာ ဖယ်ရှားပြီးမှ စားသုံးသင့်ကြောင်းနှင့် အလွန်အကျွံစားသုံးရန် မသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

ယနေ့ကာလတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက တိုင်းပြည်အနာဂတ်များဖြစ်သော လူငယ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ရှစ်ဘီလီယံကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်း နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။ အာဆီယံဒေသတွင်း၌လည်း လူဦးရေ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင် နှုန်းကျော်ရှိသည်ဟု လေ့လာသိရှိရပါသည်။
ထိုကဲ့သို့သော ကမ္ဘာ့လူငယ်ထုတို့ ဖွံ့ဖြိုး တိုးတက်စေလိုမှုကိုအကြောင်းပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟူ၍ ဖြစ်ပေါ်လာရပါသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်က လစ်စဘွန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာ ဝန်ကြီးများညီလာခံက ထောက်ခံအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့နှင့်သက်ဆိုင်သည့် ဆောင်ပုဒ်သတ်မှတ်ကာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိကြပါသည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရသည့်ရည်ရွယ်ချက်တွင် ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၌ လူငယ်များ၏အနာဂတ်ကို အလေးထားလာရန်နှင့် မြှင့်တင်ရန်အတွက် ကျင်းပခြင်းလည်း ပါဝင်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိကြပါသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” “Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်ပါသည်။
ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) ပြီးဆုံးရမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ်ဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိလာ မည်ဖြစ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားများဖြစ်သော ထိုလူငယ်ထုသည် စွမ်းဆောင်ရည်မြင့်မားကာ တော်တတ်၊ ထက်မြက်နေရန် အထူးလိုအပ်လှပါသည်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၌လည်း လူငယ်ကဏ္ဍ အထူးအလေးထား မြှင့်တင်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနက မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒများမှာ
(၁) လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန် အတွက် ကူညီပံ့ပိုးပေးရန်၊
(၂) လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊
(၃) လူငယ်များကို ဆောင်ရွက်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊
(၄) လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊
(၅) နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံး ညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊
(၆) ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင် မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊
(၇) အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင် ပေးရန်တို့ ဖြစ်ပါသည်။
ရည်မှန်းချက်များအနေဖြင့်
(၁) နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊
(၂) လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုး စိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊
(၃) လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင် လိုစိတ်များ တိုးပွားလာစေရန်၊
(၄) လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်စေရန်၊
(၅) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊
(၆) လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊
(၇) နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။
လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အောက်ပါအတိုင်း လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်-
(၁) လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်။
(၂) လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေ ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပအနုပညာများ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များကို မြှင့်တင်ချိတ်ဆက် ဆောင်ရွက်မည်။
(၃) လူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့် မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်။
(၄) လူငယ်များအကြား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားပညာပေးရေး၊ အသိပညာ ပြန့်ပွားရေးနှင့်ဆက်နွှယ်သော ကိစ္စရပ်များဆိုင်ရာ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်။
(၅) နိုင်ငံအတွင်းရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများအတွက် အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်ရေး မဟာ ဗျူဟာလမ်းညွှန်ချက်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်မည်။
(၆) လူငယ်များခရီးသွားခြင်းနှင့် ဒေသန္တရဗဟုသုတကြွယ်ဝခြင်းကို အားပေးမြှင့်တင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(၇) နိုင်ငံတကာလူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ဆောင်ရွက်သွားမည်။
(၈) လူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (EYE)အရ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကဏ္ဍနှင့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍတို့ ဆက်စပ်မှု ပိုမိုအားကောင်း လာစေရန်အတွက် သက်ဆိုင်ရာအကြံပေး ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။
(၉) လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခြင်း၊ အလေ့အကျင့်ရရှိစေရန်နှင့် သက်တမ်းအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရန် (ဥပမာ- ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကင်းထောက်လူငယ်) နှင့် ၎င်းအဖွဲ့အစည်းများတွင် ဝါသနာတူရာ (စာပေ၊ ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ ကွန်ပျူတာ(IT)၊ အားကစား၊ ယဉ်ကျေးမှု) ဘာသာရပ်များ စုပေါင်းလေ့လာ ဆည်းပူးနိုင်ရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
(၁၀) လူငယ်များနှင့်ပတ်သက်၍ လူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေ ရေးဆွဲပေးခြင်း စသည်တို့ပင်ဖြစ်ပါသည်။
စာရေးသူသည် လူငယ်ရေးရာဦးစီးဌာန၏ ဖိတ်ကြားချက်အရ အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူလေးများ တစ်နည်းအားဖြင့် လူငယ်လေးများကို ဟောပြောခွင့် ရရှိခဲ့ပါသည်။ အထူးသဖြင့် လူငယ်လေးများ စာဖတ်ခြင်းအလေ့ ထွန်းကားလာရေးကို ဦးတည်ဟောပြောဖြစ်ခဲ့ပါသည်။
လူငယ်ဆိုင်ရာဥပဒေများတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ လူငယ်အရွယ်တွင် စာပေဖတ် မှတ်လေ့လာခြင်းအားဖြင့် လူငယ်တို့၏စိတ်ထဲတွင် ရဲဝံ့စွန့်စားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာကာ အသိဉာဏ်ပညာဆင်ခြင်တုံတရားများဖြင့် ထိန်းချုပ်၍ ဖွံ့ဖြိုးတိုးတက်သော လူငယ်လေးများ ဖြစ်လာမည်ဖြစ်ပါသည်။ သို့မှသာ လူငယ်မောင်မယ်လေးများသည် အတ္တဟိတ၊ ပရဟိတစိတ်မျှတစွာမွေးမြူ၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့လူ့ဘောင်လောက သာယာလှပအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။
လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်း
နိုင်ငံတော်က အားကိုးအားထားရသည့်လူငယ်များဖြစ်လာစေရေး လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြမည်ဖြစ်ပါသည်။
လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များတွင် နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်စေရန်ဟူ၍ပါရှိရာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို အကြောင်းပြု၍ လူငယ်ထုအကြား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှ လူငယ်များနှင့် ချစ်ကြည်ရင်းနှီးကာ ယဉ်ကျေးမှုနည်းပညာ အတတ်ပညာ နယ်ပယ်စုံတွင် ပေါင်းစည်းယှက်နွှယ် ပညာဖလှယ်နိုင်အောင် လူငယ်ထု၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အထောက်အကူကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။
ဖွံ့ဖြိုးမှုအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝအရည်အသွေး တိုးတက်လာစေခြင်းဖြစ်သည်။ လူငယ်ထု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုမူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည် ဖော်ရေး ရာနှုန်းပြည့်ဦးတည်လျက်ရှိသည်ကို လေ့လာသိရှိရပါသည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်
ကမ္ဘာလောကနှင့် နိုင်ငံအသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ် သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ ယနေ့ လူငယ်နောင်ဝယ်လူကြီး ဟူသည့် ဆိုရိုးစကားနှင့်အညီ လူငယ်များသည် နောင်တစ်ချိန်တွင် ကမ္ဘာလောကကြီးနှင့် နိုင်ငံအသီးသီး၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။
လူငယ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုကို အကောင်အထည်ဖော်ရင်း ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီးဘဝအတွက် စွမ်းဆောင်ရည်မြင့်တက်ကာ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော မိမိအကျိုး၊ နိုင်ငံ့အကျိုး၊ လောကအကျိုးကို သယ်ပိုးနိုင်သော လူတော်လူကောင်းလေးများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား - mosya.gov.mm
- နေ့စဉ်ထုတ်သတင်းစာများ
Photo - News 18

နိုင်ငံသားတိုင်းအတွက် မှန်ကန်သော အသိတရား
လူတိုင်းသည်ဘဝတစ်ခုကို တည်ဆောက်နေကြသည်။ ဤသို့တည်ဆောက်ရာတွင် အောင်မြင်သောဘဝမျိုးကို တည်ဆောက်ရန်လိုအပ်သည်။ အောင်မြင်သောဘဝမျိုးကို တည်ဆောက်နိုင်ရန်အတွက် လိုအပ်သောအရာတစ်ခုမှာ မှန်ကန်သောအသိတရားပင်ဖြစ်သည်။ မှန်ကန်သောအသိတရားဖြင့်တည်ဆောက်မှသာ အောင်မြင်သောဘဝမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားဖြင့်တည်ဆောက်ပါက ဆုတ်ယုတ်နိမ့်ကျသောဘဝမျိုးကိုသာပိုင်ဆိုင်ရမည်။ ဤသဘောအတိုင်းပင် နိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံကိုတည်ဆောက်နေကြသည်။ မှန်ကန်သော အသိတရားများဖြင့် တည်ဆောက်ပါက အောင်မြင်သောနိုင်ငံမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားများဖြင့် တည်ဆောက်ပါက ဆုတ်ယုတ်နိမ့်ကျနေသော နိုင်ငံမျိုးကိုပိုင်ဆိုင်ရမည်။ လူတစ်ဦး၏ ဘဝအောင်မြင်နေသလော သို့မဟုတ် ဆုတ်ယုတ်နေသလောဆိုသည်ကိုကြည့်ပြီး ထိုသူ၏အသိတရားများ မှန်ကန်နေသလော သို့မဟုတ် မှားယွင်းနေသလော ဆိုသည်ကိုခန့်မှန်းကြည့်ရှုနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအောင်မြင်နေသလော သို့မဟုတ် ဆုတ်ယုတ်နိမ့်ကျနေသလော ဆိုသည်ကိုကြည့်ပြီး ထိုနိုင်ငံရှိလူမျိုးတို့၏ အသိတရားများ မှန်ကန်မှုရှိနေသလော သို့မဟုတ် မှားယွင်းနေသလောဆိုသည်ကို ခန့်မှန်းသိရှိနိုင်သည်။
မှန်ကန်သောအသိတရားဆိုသည်မှာ
မှန်ကန်သောအသိတရားဆိုသည်မှာ ကျွန်ုပ်တို့အမိနိုင်ငံတွင် လူလာဖြစ်ရခြင်းမှာ အမိနိုင်ငံအတွက် ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ရန်နှင့် အနစ်နာခံပေးဆပ်မှုမှန်သမျှကို ဆောင်ရွက်ပေးရမည့် တာဝန်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ အမိနိုင်ငံသည် ကျွန်ုပ်တို့အမိနိုင်ငံသားများအတွက် အနစ်နာခံရန်မဟုတ်။ ကျွန်ုပ်တို့နိုင်ငံသားများကသာ အမိနိုင်ငံအတွက် အနစ်နာခံပေးဆပ်နေရမည်။ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပနိုင်ငံသားတွင် တာဝန်မရှိ၊ မိမိတို့နိုင်ငံသားများတွင်သာ တာဝန်ရှိသည်။ ကျွန်ုပ်တို့နိုင်ငံသားများသည် အမိနိုင်ငံအပေါ် ရယူလိုသူများအဖြစ် ရပ်တည်နေရန်မဟုတ်။ ပေးဆပ်အနစ်နာခံလိုသူများအဖြစ် ရပ်တည်နေရမည်။ ဤအချက်များသည် မှန်ကန်သောအသိတရား၏ သဘောများဖြစ်ကြသည်။ ကျွန်ုပ်တို့အသိတရားများ မှန်ကန်နေမှသာ ကျွန်ုပ်တို့အားလုံးသည် အမိနိုင်ငံ၏ အားကိုးရသည့် အားများအဖြစ် ရပ်တည်နိုင်ကြမည်ဖြစ်သည်။
မှန်ကန်သောအသိတရားနှင့် နိုင်ငံကြံ့ခိုင်မှု
ကမ္ဘာပေါ်တွင် အင်အားကြံ့ခိုင်တောင့်တင်းသော နိုင်ငံများရှိသကဲ့သို့ အင်အားကြံ့ခိုင်တောင့်တင်းခြင်း မရှိသောနိုင်ငံများလည်းရှိသည်။ နိုင်ငံချင်းတူပါလျက်နှင့် ကြံ့ခိုင်မှုအားချင်း ခြားနားသွားရသည်မှာ နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံခြင်း မတူညီကြသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက အမြော်အမြင်ကြီးမားစွာ၊ စည်းလုံးညီညွတ်စွာ နေထိုင်သည်။
တစ်ဦးကိုတစ်ဦး အပြန်အလှန် ကာကွယ်စောင့်ရှောက်ကြသည်။ တစ်ဦး၏တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးကကြိုးပမ်း ဆောင်ရွက်ပေးသည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် သစ္စာစောင့်သိကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်အားကိုးမှုများ ထားရှိလာကြပြီး စည်းလုံးညီညွတ်လာကြသည်။ နိုင်ငံသားများ စည်းလုံးညီညွတ်လာခြင်းကြောင့် နိုင်ငံ၏အားကြံ့ခိုင် တောင့်တင်းလာသည်။ နိုင်ငံသားများ၏ အသိတရား မှန်ကန်မှုရှိနေခြင်းကြောင့် ဤသို့နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းလာခြင်းဖြစ်သည်။ သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများက အမြော်အမြင်နိမ့်ကျစွာ၊ စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်တိုက်ခိုက် ဖျက်ဆီးကြသည်။ တစ်ဦး၏ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက ကြံဆောင်ကြိုးပမ်းကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သစ္စာ ဖောက်ဖျက်ကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုကင်းမဲ့လာကြပြီး စည်းလုံးညီညွတ်မှု ပြိုကွဲလာသည်။ နိုင်ငံသားများ စည်းလုံးညီညွတ်မှုပြိုကွဲလာခြင်းကြောင့် နိုင်ငံ၏ အားယုတ်လျော့ကျဆင်းလာသည်။ နိုင်ငံသားများ၏ အသိတရားများ မှားယွင်းနေခြင်းကြောင့် ဤသို့နိုင်ငံ၏ အားယုတ်လျော့ကျ ဆင်းလာရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းနေမည်လော သို့မဟုတ် ယုတ်လျော့ ကျဆင်းနေမည်လောဆိုသည်မှာ လူမျိုး၏ အသိတရားများ မှန်ကန်နေသလော သို့မဟုတ် မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင် များစွာမူတည်သည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး၏အား ကြံ့ခိုင်တောင့်တင်းနေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားမှန်ကန်နေရမည်။
မှန်ကန်သောအသိတရားနှင့် နိုင်ငံဖွံ့ဖြိုးမှုကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လျက် ရှိနေကြပြီး အချို့သောနိုင်ငံများသည် ခေတ်နောက်ကျကျန်ရစ်ပြီး ဆုတ်ယုတ်နိမ့်ကျလျက်ရှိနေကြသည်။ နိုင်ငံချင်းတူပါလျက်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုချင်း ခြားနားနေရသည်မှာ နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံချင်း မတူညီကြသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက နိုင်ငံ၏အခြေအနေအရပ်ရပ်ကို ပိုမိုတိုးတက်မြင့်မားသည့် အခြေအနေကောင်းများအဖြစ်သို့ ရောက်ရှိအောင် တာဝန်သိစိတ်မြင့်မားစွာ ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတွင်ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များဖြေရှင်းရေးသည် မိမိနိုင်ငံသားများတွင်လည်း တာဝန်ရှိသည်ဟုခံယူပြီး နိုင်ငံတော်အစိုးရနှင့် တက်ကြွစွာပူးပေါင်းဖြေရှင်းသည်။ နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သယံဇာတအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စနစ်တကျအသုံးချပြီး နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရှားပါးမှု၊ ပြတ်လပ်မှု၊ လိုအပ်မှုအမျိုးမျိုး ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးသည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများသည် မိမိတို့နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်ဟု အလေးအနက်ယုံကြည်ပြီး တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်သည်။ နိုင်ငံတော်ကို မိမိတို့အတ္တကောင်းကျိုးအတွက် အသုံးမချဘဲ နိုင်ငံတော်ကောင်းကျိုးအတွက် မိမိတို့၏ဘဝကို အသုံးချစတေးသည်။ ဤသို့မှန်ကန်သော အသိတရားများကြောင့် နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်။
သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများကမူ နိုင်ငံ၏ကောင်းမွန်နေသော အခြေအနေအရပ်ရပ်ကို ဆုတ်ယုတ်ဆိုးဝါးသည့် အခြေအနေဆိုးများအဖြစ်သို့ရောက်ရှိအောင် စီမံဖန်တီးသည်။ နိုင်ငံကြုံတွေ့နေရသော ပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များကို ပိုမိုဆိုးဝါးလာစေရန် ကောက်ကျစ်စဉ်းလဲစွာ ကြံစည်လုပ်ဆောင်သည်။ နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ သယံဇာတများကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ခိုက်ဖျက်ဆီးပြီး နိုင်ငံတွင် ရှားပါးမှု၊ ပြတ်လပ်မှု၊ ကျပ်တည်းမှုအမျိုးမျိုးဖြစ်အောင် အရှက်အကြောက်ကင်းမဲ့စွာ ဆောင်ရွက်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကဲ့ရဲ့ပြစ်တင်မှု အမျိုးမျိုးပြုလုပ်သည်။ နိုင်ငံကောင်းကျိုးအတွက် မိမိတို့ဘဝကိုပေးလှူခြင်း မပြုဘဲ မိမိတို့အတ္တကောင်းကျိုး အတွက် နိုင်ငံတော်ကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အသုံးချစတေးသည်။
ဤသို့မှားယွင်းသော အသိတရားများကြောင့် နိုင်ငံခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျလာရသည်။ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်သည်လော သို့မဟုတ် ခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျနေမည်လော ဆိုသည်မှာ လူမျိုး၏အသိတရားမှန်ကန်မှုရှိနေသလော သို့မဟုတ် မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင် များစွာမူတည်သည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်နေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။
မှန်ကန်သောအသိတရားနှင့် နိုင်ငံအရှိန်အဝါ ကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် အရှိန်အဝါကြီးမားစွာရပ်တည်နေကြပြီး အချို့သောနိုင်ငံများသည် အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေကြသည်။ နိုင်ငံချင်းတူပါလျက် မည်သည့်အတွက်ကြောင့် နိုင်ငံ၏အရှိန်အဝါချင်း ခြားနားနေရပါသနည်း။ အဖြေမှာ နိုင်ငံ၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သော အသိတရားရှိပုံချင်း ခြားနားနေသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက နိုင်ငံ၏အနာဂတ်ရေးကို မျှော်ကိုးပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်သည်။ ထို့ကြောင့် ပြည်တွင်းစည်းလုံး ညီညွတ်မှုမြင့်မားသော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကြီးမားစွာ နိုင်ငံအတွက် မည်သည့်အမှားမျိုးကိုမှ မကျူးလွန်ဘဲ တိုးတက်အောင်မြင်စေမည့် အမှန်တရားဟူသမျှကိုသာ ရွေးချယ်ဆောင်ရွက်သည်။ ထို့ကြောင့် အသိသတိကြီးမားပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားသည့် နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ အရှက်အကြောက်တရား နှစ်ပါးနှင့်အညီ ကျင့်ကြံနေထိုင်ပြီး မကောင်းမှုမှန်သမျှကိုရှောင်ရှားပြီး ကောင်းမှုမှန်သမျှကို ပြုမူဆောင်ရွက်သည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြင့်မားသောနိုင်ငံအဖြစ် လေးစားတန်ဖိုးထားခြင်းခံရသည်။ ပြည်ပနိုင်ငံများ၏သပ်လျှိုသွေးခွဲစည်းရုံးမှုမှန်သမျှကို လုံးဝလက်မခံဘဲ နိုင်ငံတော်အပေါ်ကိုသာ သစ္စာစောင့်သိသည်။ ထို့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်သော နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်ရသည်။ ဤသို့နိုင်ငံ၏ အရှိန်အဝါကြီးမားလာရခြင်းမှာ နိုင်ငံသားများ၏ အသိတရားများ မှန်ကန်မှုရှိနေသောကြောင့်ဖြစ်သည်။ သို့သော် မှားယွင်းသော အသိတရားရှိသည့် လူမျိုးကမူ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊ စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ ထို့ကြောင့် ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိသောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊ နိုင်ငံအတွက် အမှားဟူသမျှကို တက်ကြွစွာကျူးလွန်ပြီး အမှန်ဟူသမျှကိုလုံးဝမဆောင်ရွက်ဘဲနေသည်။ ထို့ကြောင့် အသိသတိကင်းလွတ်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ အရှက်နှင့်အကြောက်တရား နှစ်ပါးကင်းမဲ့စွာကောင်းမှုမှန်သမျှကို မဆောင်ရွက်ဘဲ မကောင်းမှုမှန်သမျှကိုသာ ရွေးချယ်ကျူးလွန်သည်။ ထို့ကြောင့် အရှက်အကြောက်တရား နှစ်ပါးကင်းမဲ့ပြီး ကိုယ်ကျင့်သီလနိမ့်ကျသောနိုင်ငံအဖြစ် ဝိုင်းဝန်းအထင်အမြင် သေးခြင်းကိုခံရသည်။ ပြည်ပနိုင်ငံများ၏ သပ်လျှိုသွေးခွဲစည်းရုံးမှု မှန်သမျှကို လွယ်လင့်တကူလက်ခံပြီး နိုင်ငံအပေါ်သစ္စာအမျိုးမျိုး ဖောက်ဖျက်သည်။ ထို့ကြောင့် စိတ်ဓာတ်ညံ့ဖျင်းသော နိုင်ငံအဖြစ် နိုင်ငံတကာ၏အထင်အမြင်သေးခြင်းကိုခံရသည်။ ဤသို့နိုင်ငံ၏အရှိန်အဝါနိမ့်ကျနေရခြင်းမှာ နိုင်ငံသားများ၏အသိတရားများ မှားယွင်းနေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအရှိန်အဝါကြီးမားစွာ ရပ်တည်နေမည်လော သို့မဟုတ် အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေမည်လောဆိုသည်မှာ နိုင်ငံရှိလူမျိုးသည် မှန်ကန်သောအသိတရားများရှိနေသလော သို့မဟုတ် မှားယွင်းသော အသိတရားများရှိနေသလောဆိုသည့် အချက်ပေါ်တွင် များစွာမူတည်သည်။ ဤအချက်ကို အလေးအနက်ဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး၏အရှိန်အဝါကြီးမားနေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။
အသိတရားမှန်ကန်ရန် စာဖတ်ပါ
ကျွန်ုပ်တို့၏အသိတရားများ အစဉ်မှန်ကန်မှုရှိနေစေရန် ကြိုးပမ်းဆောင်ရွက်နေရမည့် နည်းလမ်းများရှိသည်။ ယင်းနည်းလမ်းများထဲတွင် ကျွန်ုပ်တို့အားလုံး အမြန်ဆုံး၊ အလွယ်ကူဆုံး အချိန်မရွေး၊ နေရာမရွေး၊ အခါမရွေး အသုံးပြုနိုင်သောနည်းလမ်းမှာ စာဖတ်ခြင်းနည်းလမ်းပင်ဖြစ်သည်။ ပညာရှိသူတော်ကောင်းများ ရေးသားထားသော စာအုပ်စာပေများကို အချိန်မရွေး၊ အခါမရွေး၊ နေရာမရွေး ကျွန်ုပ်တို့ဖတ်ရှုလေ့လာနိုင်သည်။ ဖတ်ရှုလေ့လာရန် ကျွန်ုပ်တို့ဆန္ဒပြင်းပြနေရမည်။ စာဖတ်ရန်ဆန္ဒပြင်းပြလျှင် စာအုပ်စာပေများကို မပြတ်ဖတ်ရှု လေ့လာနေမည်သာဖြစ်သည်။ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေခြင်းသည် အသိတရားမှန်ကန်နေရန် အချက်(၇)ချက်ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ပထမအချက်မှာ ပညာရှိသူတော်ကောင်းများထံ ဆည်းကပ်နေခြင်း၊ ဒုတိယအချက်မှာ ပညာရှိသူတော်ကောင်းများ၏အဆုံးအမကို နာယူနေခြင်း၊ တတိယအချက်မှာ မိမိမသိရှိသေးသည့် မှန်ကန်သောအသိတရားများကို ထပ်မံစုဆောင်းနေခြင်း၊ စတုတ္ထအချက်မှာ မိမိတွင်ရှိသည့်မှားယွင်းနေသော အသိတရားများကို ပြုပြင်တည့်မတ်ပေးနေခြင်း၊ ပဉ္စမအချက်မှာ မိမိစဉ်းစားဆင်ခြင် ထိုးထွင်းသိမြင်နိုင်စွမ်းကို မြှင့်တင်ပေးနေခြင်း စသည့်အချက်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ဆဋ္ဌမအချက်မှာ မိမိဘဝ၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်အောင်မြင်မှုကိုတည်ဆောက်နေခြင်း၊ သတ္တမအချက်မှာ ပစ္စုပ္ပန်အချိန်များကို တန်ဖိုးရှိစွာအသုံးချနေခြင်း စသည်တို့ဖြစ်ကြသည်။ ဤအချက်(၇)ချက်ကြောင့် မှန်ကန်သောအသိတရားဖြစ်ပေါ်လာခြင်းဖြစ်သည်။
စာဖတ်ရာတွင် လိုက်နာရမည့်နည်းစနစ် စာပေများကိုဖတ်ရှုရာတွင် နည်းစနစ်မှန်ကန်မှသာ အကျိုးတရားများစွာရရှိမည်။ နည်းစနစ်လွဲမှားစွာ ဖတ်ရှုလေ့လာနေပါက အကျိုးတရားမရရှိနိုင်ပါ။ မှန်ကန်သောနည်းစနစ်ဆိုသည်မှာ များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်ဟူ၍ဖြစ်သည်။ များများဖတ်ဆိုသည်မှာ ပညာရှိသူတော်ကောင်းများ၏စာများကို များများရှာဖွေဖတ်ရှုခြင်းဖြစ်သည်။ များများမှတ်ဆိုသည်မှာ ဖတ်ရှုလေ့လာထားသည့် စာပေများအနက်မှ သဘောတရား၊ နိယာမ၊ သင်ခန်းစာအမျိုးမျိုးကို မှတ်သားထားခြင်းဖြစ်သည်။ အလေးအနက်ဆင်ခြင်သုံးသပ်ဆိုသည်မှာ လောကကြီး၏ ဖြစ်စဉ်ဖြစ်ရပ်များကိုလည်းကောင်း၊ နေ့စဉ်ဘဝအတွေ့အကြုံများကို လည်းကောင်း၊ နိုင်ငံ၏ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကိုလည်းကောင်း မှတ်သားထားသည့် အချက်အလက်များနှင့် အလေးအနက်ဆင်ခြင် သုံးသပ်အဖြေရှာခြင်းဖြစ်သည်။ ထို့ကြောင့် များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင်သုံးသပ်ဟူသော မှန်ကန်သောနည်းစနစ်ဖြင့် စာပေများကိုဖတ်ရှုလေ့လာနေပါက အကျိုးတရားအမျိုးမျိုးကို ရရှိမည်ဖြစ်သည်။
စာဖတ်ခြင်းကြောင့်ရရှိသည့်အကျိုးတရားများ
စာပေများကို နည်းစနစ်မှန်ကန်စွာ ဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးတရားများစွာ ရရှိနိုင်သည်။ ယင်းအကျိုးတရားများစွာထဲမှ အဓိကအချက်(၁၀)ချက်ကို ဖော်ပြလိုသည်။ ယင်းအချက်များမှာ အဖိုးတန်ဗဟုသုတများ ပိုမိုပွားများလာခြင်း၊ မှန်ကန်သောအသိတရားများ ထပ်မံတိုးပွားလာခြင်း၊ ယခင်ကလွဲမှားနေသောအသိများ မှန်ကန်သောအသိများအဖြစ်သို့ရောက်ရှိလာခြင်း၊ အမှားအမှန်၊အကောင်းအဆိုး၊ အကြောင်းအကျိုးမှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားလာခြင်း၊ အသိတရားနှင့် သတိတရားပိုမိုမြင့်မားလာခြင်း၊ တန်ဖိုးနှင့်ဂုဏ်သိက္ခာရှိသော သမိုင်းကြောင်းကိုပိုင်ဆိုင်ရခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ပစ္စုပ္ပန်ကာလ၏ အခြေအနေအရပ်ရပ်ကို ပြည့်စုံတိကျမှန်ကန်စွာ နားလည်ပြီး အနာဂတ်အခြေအနေများကို ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲတစ်ရပ်အား ဘက်စုံထောင့်စုံသိမြင်နားလည်ပြီး ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်မြင့်မားလာခြင်း၊ လောကနှင့်ပတ်ဝန်းကျင်ကြီး၏ လိမ်ညာလှည့်စားမှု၊ ပရိယာယ်ဆင်မှုအမျိုးမျိုးကို မှန်ကန်စွာ ထိုးထွင်းသိမြင်ပြီး အောင်မြင်စွာကာကွယ် တားဆီးနိုင်စွမ်းမြင့်မားလာခြင်းတို့ဖြစ်ကြသည်။
ကျေးဇူးတရားပြန်လည်ပေးဆပ်ရမည့်တာဝန်
အမိနိုင်ငံသည် ကျွန်ုပ်တို့၏ကျေးဇူးရှင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသားများသည် ကျေးဇူးစားများဖြစ်ကြသည်။ ထို့ကြောင့် အမိနိုင်ငံ၏ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရမည့်တာဝန် ကျွန်ုပ်တို့နိုင်ငံသားများတွင်ရှိသည်။ ဤတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သည့်အနေဖြင့် အမိနိုင်ငံအား အင်အားကြံ့ခိုင်တောင့်တင်းသော၊ တိုးတက်ဖွံ့ဖြိုးသော၊ အရှိန်အဝါကြီးမားသော နိုင်ငံအဖြစ်သို့ ပို့ဆောင်ပေးရမည်။ ဤသို့ပို့ဆောင်ပေးနိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကျွန်ုပ်တို့၏ အသိတရားများ မှန်ကန်နေရေးပင်ဖြစ်သည်။ အသိတရားများ မှန်ကန်နေရေးအတွက် ကျွန်ုပ်တို့အစဉ်ကြိုးပမ်းဆောင်ရွက်နေရမည့်အချက်များမှာ စာပေများကို များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်နေခြင်းပင်ဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။ ။

လက်ရှိမျက်မှောက်ခေတ်ကမ္ဘာကြီး၏ ကောင်းခြင်း၊ ဆိုးခြင်းများဆိုင်ရာဖြစ်ကြသည့် နိုင်ငံအချင်းချင်း သဘောထားမတိုက်ဆိုင် အငြင်းပွားမှုများအား လက်နက်ကိုင်ဖြေရှင်း၍ နိုင်ငံအချင်းချင်းစစ်မက် ဖြစ်ပွားကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၊ အသက်အိုးအိမ်များနှင့် ဥစ္စာပစ္စည်းများဆုံးရှုံးပြီး အတိဒုက္ခရောက်ရှိကြရသည်။

နိုင်ငံအချင်းချင်း မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အတ္တကြီးကာ ကုန်သွယ်မှုပြိုင်ဆိုင်မှုကြောင့် နိုင်ငံတစ်ဝန်းလောင်စာဆီပြဿနာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှု၊ လူနေမှုစရိတ်များ တဖြည်း ဖြည်း မြင့်တက်လာမှု စသည့်ဆိုးကျိုးများ၊ လက်ရှိမျက်မှောက်ကာလတွင် တိုးတက်လာသော IT နည်းပညာများ၊ (AI) ကဲ့သို့ ဉာဏ်ရည်တုဖြင့် လူမှု ရေး၊ ပညာရေးနှင့် စီးပွားရေးတွင် ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာမှုများ၊ နည်းပညာဆိုင်ရာ မြင့်မားတိုးတက်လာမှုကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာမှု၊ လူသားအချင်းချင်း ဆက်သွယ်ကောင်းမွန်လာမှုသည် မျက်မှောက်ခေတ်ကာလတွင် ကောင်းခြင်း၊ ဆိုးခြင်းအရာရာအားလုံးမှာ လက်ရှိ ကာလတာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံသူနိုင်ငံသားများ လက်ရှိတာဝန်ယူဆောင်ရွက်နေသော နိုင်ငံအလိုက် ပြည်သူများ၏ ကောင်းကျိုး၊ ဆိုးကျိုးဖန်တီးမှုများသာ ဖြစ်ပါသည်။
အတူတကွ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ လူငယ်များ၏ တာဝန်သာဖြစ်
သို့သော် အနာဂတ်ကာလ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရေးသည် ကိုယ်ချင်းစာစိတ်၊ မျှတသည့်စိတ်၊ ဖေးမကူညီလက်တွဲခေါ်ပြီး အတူတကွသာယာလှပသော လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ ယနေ့မျက်မှောက်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှ လူငယ်များ၏ တာဝန်သာလျှင် ဖြစ်ပါသည်။
လူငယ်ဆိုသည်မှာ လူသားမျိုးနွယ်စုတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံ၏အနာဂတ်ကို ဖန်တီးနိုင်ကြမည့်သူများပင် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေခြင်းသည်လည်း နိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံသူနိုင်ငံသားများ၏ စည်းကမ်းကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်ရှိမှု၊ အတတ်ပညာအသိပညာပြည့်ဝမှု၊ စိတ်ဓာတ် ကောင်းမွန်မှု၊ အဂတိလိုက်စားမှု ကင်းလွတ်မှုရှိခြင်းနှင့် စည်းကမ်းကောင်းမွန်မှု စသည်တို့ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့ လူမျိုး၊ မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့နိုင်ငံအတွင်းရှိ လူငယ်များကို အဓိက ဦးစားပေးပြုစုပျိုးထောင်လာကြသည်ကို တွေ့ရမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ တောတောင်ရေမြေသဘာဝ၊ နိုင်ငံ၏သမိုင်းကြောင်းနောက်ခံများ မတူညီခြင်းကြောင့် လူငယ်များကို ပြုစုပျိုးထောင်ရာ ပုံသဏ္ဌာန်တူညီချင်မှ တူနိုင်မည်ဖြစ်ပါသည်။ သို့သော်လူငယ်များကို ပြုစုပျိုးထောင်ရမည်ဆိုသော ရည်ရွယ်ချက်မှာ နိုင်ငံတိုင်းတူညီကြပါသည်။
ယနေ့ အာရှတိုက်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများဖြစ်ကြသည့် ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်စသည့်နိုင်ငံများသည် လူငယ်များကို အဓိကထား၍ နိုင်ငံကိုတည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် တိုင်းပြည်၏ အနိမ့်ကျဆုံးအခြေအနေမှ မှန်ကန်သောခေါင်းဆောင်မှုနှင့် မူဝါဒခိုင်မာမှု၊ လူငယ်များအား အဓိကထားပြုစုပျိုးထောင်မှု၏ ရလဒ်ကြောင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံဆိုလျှင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် အမေရိကန်၏ အဏုမြူ ဗုံးနှစ်လုံး ကြဲချခံရပြီးစစ်ရှုံးကာ တိုင်းပြည်မှာ ပြာပုံဘဝသို့ ရောက်ရှိခဲ့သည်။ စစ်ရှုံး၍ စစ်ဘေး စစ်ဒဏ်သင့်ကာ စစ်လျော်ကြေးများဖြင့် တိုင်းပြည်ကို နာလန်မထူဘဲ ဆင်းရဲတွင်းနက်ခဲ့ရသည်။ သို့သော် ဂျပန်လူမျိုးတို့သည် ထိုအချိန်မှစ၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာ၌ ရေရှည်စီမံကိန်းချမှတ်ကာ အနာဂတ်တွင် လူငယ်များအား မူဝါဒငါးချက်ဖြင့် ပြုစုပျိုးထောင်ခဲ့ပါသည်။
ထိုမူဝါဒ ငါးချက်မှာ -
(၁) ပညာရေးစနစ်ကို အခြေခံများ ပြုပြင်ပြောင်းလဲခြင်း၊ အခမဲ့အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်များကို အလေးထားသင်ကြားစေခြင်း၊
(၂) စည်းကမ်းနှင့် လူမှုတာဝန်အသိစိတ်ကို မွေးမြူစေခြင်း၊ ဂျပန်ပညာသင်ကျောင်းများတွင် စာသင်ခန်းပြင်ပ ပညာရေးကို အလေးထားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အုပ်စုလိုက်လှုပ်ရှားမှု (အားကစား၊ ဂီတ၊ သိပ္ပံ ပရောဂျက်)စသည်တို့ကို ပူးပေါင်းဆောင်ရွက်မှု အလေ့အထအား မြှင့်တင်ပေးခြင်း၊ လူမှုရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှု အလေ့အထများအား လေ့ကျင့်ပေးခြင်း(ဥပမာ - ကျောင်းတွင်း သန့်ရှင်းရေးကို ကျောင်းသားများ စုပေါင်းလုပ်ဆောင်စေခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း)
(၃) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်စေခြင်း၊ ၁၉၅၀ - ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်စက်မှုလက်မှုလုပ်ငန်းများ (ဥပမာ- ကားထုတ်လုပ်ရေး အီလက်ထရောနစ်ကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ရာတွင် လူငယ်များအားနည်းပညာနှင့် စီးပွားရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ ကုမ္ပဏီနှင့်တက္ကသိုလ်များ ချိတ်ဆက်၍ လူငယ်များ လက်တွေ့ကျကျ လုပ်ငန်းအတွေ့အကြုံရရှိစေရန်၊ Leadership နှင့် Apprenticeship အစီအစဉ်များ ဖန်တီးပေးခြင်း)
(၄) နိုင်ငံသားစိတ်၊ မျိုးချစ်စိတ်ကို မွေးမြူပေးခြင်း၊ ဂျပန်အစိုးရသည် “တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်းဟူသော” စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပြီး လူငယ်များအား နိုင်ငံအတွက် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံသားများအဖြစ် ပျိုးထောင်ခဲ့ပါသည်။
(၅) ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ဂျပန်အစိုးရသည် ကျန်းမာရေးနှင့် အာဟာရကို မြှင့်တင်ရန် အခြေခံပညာကျောင်းများတွင် အစီအမံအဖြစ် နို့နှင့် ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ဖော်ပြပါနည်းလမ်းများဖြင့် လူငယ်များအား ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ဂျပန်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်ကာလများတွင် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကာ ယခုအခါ အာရှသာမက ကမ္ဘာမှာပင် ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံက ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့
တောင်ကိုရီးယားနိုင်ငံကို ကြည့်မည်ဆိုလျှင် ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး သူ့ကျွန်ဘဝတွင် အနှိမ်ခံဘဝနှင့် ဆင်းဆင်း ရဲရဲနေခဲ့ကြရပါသည်။ ထမင်းအစား ပြောင်းဆန်ကိုသာ စားခဲ့ကြရပါသည်။ လွတ်လပ်ရေးရပြီး ၁၉၅၀-၁၉၅၃ ခုနှစ်တွင် တောင်-မြောက် စစ်ဖြစ်ခဲ့ရာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး၊ စစ်ဒဏ်သင့်ကာ စားရေရိက္ခာရှားပါး၍ ထမင်းငတ်သည့်ဘဝသို့ ရောက်ခဲ့ကြပါသည်။ နိုင်ငံတကာမှဆန်စပါးများ ထောက်ပံ့ခဲ့ကြရာတွင် မြန်မာနိုင်ငံသည်လည်း ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ထိုအချိန်တွင် တောင်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားလူကြီးများက စကားတစ်ခွန်းအား ပြောကြားခဲ့သည်မှာ “ငါတို့လူမျိုးတွေ ငါတို့လက်ထက်မှာပဲ ထမင်းငတ်ရမယ်။ ငါတို့ရဲ့မျိုးဆက်၊ ငါတို့ရဲ့ကလေးတွေ၊ ငါတို့လူငယ်တွေလက်ထက်မှာတော့ဘယ်တော့မှ ထမင်းမငတ်စေရဘူး၊ ငါတို့ကလေးတွေ၊ လူငယ်တွေကို ကြိုးစားပြီး ပြုစုပျိုးထောင်မည်” ဟု သန္နိဋ္ဌာန်ချပြီး လူငယ်များကို သူတို့ဘဝ၏ နာကြည်းမှု၊ ခံပြင်းမှု၊ မခံချင်စိတ်များနှင့် နှိုင်းယှဉ်ပြီးပြုစုခဲ့ကြပါသည်။
ပညာရေးကို အမျိုးသားရေးအဆင့် သတ်မှတ်ပြီး အခြေခံပညာများကို အခမဲ့သင်ယူစေခဲ့သည်။ အဆင့်မြင့်သင်ယူမှုစနစ်များကို ကျင့်သုံး၍ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကို အထူးအလေးထား သင်ကြားစေပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ် Seoul Nation University ၊ Korea Advanced Institute of Science of Tech-nology (KAIST) တို့နှင့် Post တို့သည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ကမ္ဘာ့အဆင့်မီအောင် လူငယ်များကို ပြုစုပျိုးထောင်သင်ကြားခဲ့သည့် နည်းပညာ နှင့် စီးပွားရေးကို မြှင့်တင်နိုင်ရန် နိုင်ငံတွင်းရှိ Sam-sung ၊ LG ၊ Hyundai ကုမ္ပဏီကြီးများကို ရင်းနှီးမြှုပ်နှံမှု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
လူငယ်များနှင့် ပတ်သက်သော Digital ၊ Inter-net ၊ Business (ဥပမာ - E-Sport ၊ K-pop) စသည့် ဖန်တီးမှုများကို အားပေးခဲ့သည်။ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းကို နိုင်ငံတကာအထိ ပေါက်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အားကစားနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံပညာကျောင်းမှ စတင်၍ လေ့ကျင့်ပြုစုပျိုးထောင် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်များကို စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယား နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါသည်။ ယင်းနိုင်ငံသည် သဘာဝသယံဇာတ နည်းပါးပြီး သဘာဝအရင်းအမြစ် နည်းပါးသော ကျွန်းနိုင်ငံငယ်တစ်ခုသာ ဖြစ်ပါသည်။
အထူးအလေးထားပြုစု ပျိုးထောင်ခဲ့
ထိုအချိန်က စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် လူငယ်များကို အဓိကထားပြီး ပညာရေး၊ စည်းကမ်း၊ နိုင်ငံ့အကျိုးစီးပွား၊ အကျင့်စာရိတ္တနှင့် အဂတိကင်းရှင်းရေး အထူးအလေးထားပြုစု ပျိုးထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။
ပညာရေးနှင့် ပတ်သက်ပြီး နည်းပညာ၊ သိပ္ပံနှင့်စီးပွားရေးဆိုင်ရာပညာရေးကို အထူးအလေးထား သင်ကြားစေခဲ့ပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြင့်သင်ရိုးညွှန်းတမ်းများ၊ စမ်းသပ်မှုစနစ်များကို အားပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ လူငယ်များ၏ အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံသားစိတ်မွေးမြူခြင်းနှင့် ပတ်သက်၍ လီကွမ်ယု အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်း “One Nation ၊ One People” ဟူသော စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပါ သည်။ လူမျိုးပေါင်းစုံ၊ ဘာသာစကားယဉ်ကျေးမှုအရ လေးစားမှုဖြင့် ပညာပေးကာ နိုင်ငံတော်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များအဖြစ်ပြုစု ပျိုးထောင်ခဲ့ပါသည်။
စည်းကမ်းနှင့် တာဝန်ယူမှုကို အလေးထားတတ်စေရန် လီကွမ်ယုလက်ထက်မှစ၍ စင်ကာပူ နိုင်ငံသည် နိုင်ငံအတွင်း လူနေမှုစည်းကမ်းကို တင်းတင်းကျပ်ကျပ်မူဝါဒ ဥပဒေချမှတ်ခြင်း၊ အဂတိလိုက်စားမှုကို အထူးအလေးထား အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသားလူငယ်ဘဝမှ စတင်ပြုစုပျိုးထောင်ခြင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ (Curriculum Activeities)ကို မဖြစ်မနေပါဝင်စေကာ ခေါင်းဆောင် မှု စွမ်းရည်များကို ဖွံ့ဖြိုးစေခဲ့ပါသည်။
စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် အစိုးရသည် လူငယ်များအား နည်းပညာ၊ အင်ဂျင်နီယာနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ ဒေသဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေးအတွက် စင်ကာပူနိုင်ငံ၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ၊ သန့်ရှင်းသောရေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်ကို ချမှတ်ဆောင် ရွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက အရည်အချင်းပြည့်ဝသော လူငယ်များအား နိုင်ငံတော်၏ အနာဂတ်အဖြစ် ရင်းနှီးမြှုပ်နှံခြင်းကို အဓိကမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ခြင်းကြောင့် နှစ် ၂၀ ကျော်ကာလအတွင်း တဖြည်းဖြည်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာပြီး ယနေ့ကမ္ဘာမှာ သန့်ရှင်းသော မြို့တော်၊ ခရီးသွားလည်ပတ်မှုကောင်းသော မြို့တော်၊ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသော နိုင်ငံအဖြစ်သို့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။
အဆိုပါနိုင်ငံများ၏ ပြုမူဆောင်ရွက်ချက်မူဝါဒများမှာ အတုယူဖွယ်ကောင်းသော အချက်များပင် ဖြစ်ပြီး လူငယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည့် အကြောင်းအရာတစ်ခုဆိုတာ ပေါ်လွင်စေခဲ့ပါသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖန်တီးကြ သူများဖြစ်ပြီး အသိပညာအတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသောလူငယ်များကို မွေးထုတ်ပေးနေခြင်းသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ပေသည်။ အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်စာရင်းအရ နိုင်ငံတကာတွင် အသက် ၁၅ - ၂၄ နှစ်အတွင်းအားလူငယ်ဟု သတ်မှတ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းရှိပါသည်။ မြန်မာနိုင်ငံတွင် လူငယ်သတ်မှတ်ချက်ကို အသက် ၁၅- ၃၅ နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်သည်ဟု သိရှိရပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အသုံးချနိုင်ပါကထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။
သို့သော် မြန်မာ့သမိုင်းကို ပြန်လည်ကြည့်ပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့များကြောင့် အစိုးရအစဉ်အဆက် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်းနေရပြီး လူငယ်များ၏ အနာဂတ်မှာ မှေးမှိန်ခဲ့ရပါသည်။ ယနေ့မျက်မှောက် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်ရမှုများမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုပြဿနာ၊ အွန်လိုင်းမီဒီယာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ နိုင်ငံရေးမူဝါဒမှိုင်းများ၏ပြဿနာများ ဖြစ်ပါသည်။
အွန်လိုင်းမီဒီယာပြဿနာမှာ ယနေ့ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ၊ အရွယ်မတိုင်မီကပင် လက်ကိုင်ဖုန်းပေးကိုင်ပြီး သာမန်ဂိမ်းကစားရာမှတစ်ဆင့် တဖြည်းဖြည်းချင်း အွန်လိုင်းဂိမ်းသို့ ကူးစက်ကာ စွဲစွဲလမ်းလမ်းအသုံးပြု လာခြင်းသည် လူငယ်များ၏ ပညာရေးနှင့် ကိုယ်ကျင့် တရား၊ အသိပညာ အတတ်ပညာ ရှာဖွေလေ့လာ ရမည့်အချိန် စသည်တို့ ထိခိုက်နစ်နာဆုံးရှုံးမှုကို များစွာဖြစ်ပေါ်စေပါသည်။
ထို့အပြင် လူငယ်များသည် လက်ကိုင်ဖုန်းကို အသုံးပြုပြီး Social Network ကို တွင်တွင် ကျယ်ကျယ်အသုံးပြုလာခြင်းကြောင့် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ အားကျပြီး ဘာသာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိခိုက်မှုရှိစေခြင်း၊ ဆင်ဆာဖြတ်တောက်မှုမရှိဘဲ လိင်ကိစ္စဗီဒီယိုများ၊ လိင်ကိစ္စအကြောင်းအရာများကို ငယ်ရွယ်စဉ်က ကြည့်ရှုနေခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပျက်စီးမှုများ၊ လူမှုရေးရာနေထိုင်မှုပုံစံများကို များစွာထိခိုက်စေပါသည်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ အဓိကစိန်ခေါ်မှုနောက်တစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား နိုင်ငံတကာနှင့် ချိတ်ဆက်မှောင်ခိုပြုလုပ်နေခြင်းတို့ကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများပျံ့နှံ့လျက်ရှိပြီး Happy Water ၊ K နှင့် E တို့ စသည့် ဆေးဝါးမျိုးစုံများ လူငယ် များအကြား ရေပန်းစားလျက်ရှိနေပါသည်။ KTV များ၊ Bar များ၊ Night Club များသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ပျော်စံသောနေရာဖြစ်နေခြင်းကြောင့် အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူငယ် များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် အကြောင်းတရားများပင် ဖြစ်နေပါသည်။
ထို့ပြင်လည်း မတည်ငြိမ်မှုများကြောင့် နိုင်ငံအနှံ့အပြားရှိ လူငယ်တော်တော်များများ စစ်ဘေးရှောင်ရခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ပညာသင်ရန် အချိန်နောက်ကျခြင်းတို့ ဖြစ်ပါသည်။ ပညာသင်ရန် အခက်အခဲတော်တော်များများ ကြုံတွေ့နေရသည်မှာ လက်ရှိလူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။
အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သော လူငယ်များ ထွက်ပေါ်လာစေရန်ဖြစ်
၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းမှာ နိုင်ငံအတွင်းရှိ လူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များ ထွက်ပေါ်လာစေရန် ဖြစ်ပါသည်။
လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတွင်းရှိ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် အားကစားကို လိုက်စားစေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ငယ်စဉ်ကတည်းက တိုးတက်ကောင်းမွန်လာအောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို အဓိကပြုစုပျိုးထောင်ရန်အတွက် လူငယ်ကဏ္ဍ ၁၆ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ကဏ္ဍများမှာ-
(၁) ပညာရေးကဏ္ဍ
(၂) ကျန်းမာရေးကဏ္ဍ
(၃) မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ် သည့် အန္တရာယ်များကဏ္ဍ
(၄) အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ
(၅) အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ
(၆) စီးပွားရေးကဏ္ဍ
(၇) နိုင်ငံရေးကဏ္ဍ
(၈) စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ
(၉) သုတေသနကဏ္ဍ
(၁၀) သိပ္ပံနှင့် နည်းပညာကဏ္ဍ
(၁၁) ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ
(၁၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ
(၁၃) ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ
(၁၄) ကျား၊ မညီမျှမှုကဏ္ဍ
(၁၅) လူ့အခွင့်အရေးကဏ္ဍ
(၁၆) နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် အခြေခံအချက်များပါဝင်သော လူငယ်စင်တာများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
ကုလသမဂ္ဂက နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီ သို့” (Local Youth Actions For The SDGs And Beyond) ဟူ၍ ဆောင်ပုဒ်ကိုထုတ်ပြန်ခဲ့ပါသည်။
မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့၏ မိသားစုရှိ သား၊ သမီးများ၊ မိမိမြို့ရွာရှိ လူငယ်လူရွယ်များ၊ မိမိနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် ဂရုတစိုက်ပြုစုပျိုးထောင် ပညာသင်ကြားစေခြင်း၊ အသိဉာဏ်ပညာနှင့်ပြည့်စုံရန် သွန်သင်ဆုံးမခြင်း၊ ၎င်းတို့ဝါသနာပါရာ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတတ်ပညာများ ဆည်းပူးလေ့လာသင်ယူစေခြင်း၊ တိုးတက်လာသော IT ပညာနည်းပညာများ၊ AI ကဲ့သို့ ပညာရပ်များ အကျိုးရှိစွာအသုံးချစေခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဘာသာတရားနှင့် ကိုက်ညီသော စာပေများ လေ့လာစေခြင်း၊ စာဖတ်ခြင်းအပြုအမူကို ငယ်စဉ်ကပင် အလေ့အကျင့် ပြုလုပ်ပေးခြင်း စသည့် လုပ်ဆောင်မှုများသည် မိမိနှင့် မိသားစုအတွင်း၊ မိမိတို့မြို့ရွာ၊ မိမိတို့နိုင်ငံနှင့် မိမိတို့ အနာဂတ်အတွက် ကောင်းမွန်စွာရင်းနှီးမြှုပ်နှံနေခြင်းပင်ဖြစ်ပါသည်။
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာ ဝပြောမှုရှိစေရန်အတွက် မိမိတို့၏ သား၊ သမီး လူငယ်များအား ယခုမှစ၍ ဗလငါးတန်နှင့်ပြည့်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ ရေးသားတင်ပြလိုက်ရ ပါသည်။ ။
MOI
Photo- Muwado

သွေးလွန်တုပ်ကွေးရောဂါသည် Arbo- virus အမျိုးအစားဖြစ်သည့် ဒင်ဂီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါဖြစ်ပွားပါက တခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ သတင်းပေးပို့ရသော ရောဂါတစ်မျိုး ဖြစ်သည်။

ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျ ကာလမှစ၍ မိုးရာသီတွင် အဖြစ်အများ ဆုံးရောဂါဖြစ်သည်။ မိုးရာသီဖြစ်သဖြင့် ခြင်ကျားများ ပေါက်ပွားရာနေရာများပြား လာခြင်း၊ ခြင်ကျားခိုအောင်းရန် ချုံနွယ် ပိတ်ပေါင်းများ ထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာ၀ဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု များကြောင့် ယခင်ကထက် ခြင်ပေါက်ပွား မှုပိုများလာရာ အစဉ်သတိပြုကြစေ လိုသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်ခြင်ကျားနှင့် ပိုးလောက် လမ်းများကို ကြိုတင်နှိမ်နင်းရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် အစဉ်သတိပြုလုပ် ဆောင်သင့်ပေသည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့် တွင် ပေါက်ပွားလေ့ရှိသည်။ ထိုခြင်ကျားသည် ပိုးလောက်လမ်းဘ၀မှ ခြင်ကောင် ဖြစ်ရန် ခုနစ်ရက်ခန့်ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံးလခန့်ရှိသည်။ ခြင်မတစ် ကောင်သည် သူ့သက်တမ်းတစ်လျှောက်တွင် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင်ဥဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာဒေသ တို့ပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်း များပေါက်ပွားလာကြကာ ယင်းမှတစ်ဆင့် ခြင်းကျား(ခေါ်) ခြင်ပုန်းများဖြစ်လာသည်။ ခြင်ပုန်းသည် ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်သည်။
အဆိုပါခြင်ကျားသည် နေ့ဘက်တွင် ကိုက်လေ့ရှိပြီး စာသင်ကျောင်းများ ဖွင့်ချိန်တွင် ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသောသွေးများကို သယ်ဆောင် ၍ သွေးစုပ်ခံရခြင်းဖြင့် လူထုကြား သွေးလွန်တုပ်ကွေးရောဂါ အစပျိုး ဖြစ်ပေါ်လာသည်။ ယခင် အသက်သုံးနှစ်မှ ၁၅ နှစ်အရွယ်ကလေးများတွင် သွေးလွန် တုပ်ကွေးရောဂါ အဖြစ်များကြပြီး နောက် ပိုင်းတွင် တစ်နှစ်အောက်ကလေးငယ် များသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ်မှ ၃၀ နှစ်) အရွယ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာကြသည်။ မိုးနှောင်းကာလ စက်တင်ဘာလအထိ အဖြစ်များ၍ သတိနှင့်ကြိုတင် ကာကွယ်ကြရန် လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ
ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက် ခန့်အထိ ရုတ်တရက်ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံ နိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစက်များပေါ်လာခြင်း၊ မျက်နှာနီအန်း ခြင်း၊ပင်ပန်းနွမ်းနယ်ကာ အချိန် ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက်၊ အရည်၀င်ပြီး သည်နှင့်တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေ ခြင်း စသည်တို့ဖြစ်သည်။ တချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ပွားတတ်သည်။
သွေးလန့်ခြင်းရောဂါလက္ခဏာများ
အထက်ပါ လက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးဝါး ကုသမှုခံယူပါက ပျမ်းမျှရက်သတ္တပတ်အတွင်း ပြန်လည်ကောင်းမွန်မည်ဖြစ်သည်။ သို့သော် သုံးရက်မှငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီး တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်း၍ မှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက် ခြင်း စသည်တို့သည် သွေးလန့်ခြင်းရောဂါ လက္ခဏာများဖြစ်သည်။ အထူးသဖြင့် ကလေးများတွင် သွေးလန့်လေ့ရှိကြသည်။ သွေးလန့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ အပြားကို သွေးသွားလာမှု လျော့သွားခြင်း ကိုဆိုလိုသည်။ သွေးရည်ကြည်များ ပြင်ပကို ခဏထွက်သွားသည်ဟု ဆေးသိပ္ပံ ပညာအရပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်ဟု ပြောစမှတ် ပြုကြသည်။
သွေးလန့်သော တခြားလက္ခဏာများမှာ မတ်တတ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာ ကျဆင်း ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်း ရောင်လာခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေး အရောင်၀မ်း အမည်းများသွားခြင်း စသည် တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာ၀န်၏ လက်ဦးမှုကို အရယူနိုင်ရန် လွန်စွာအရေးကြီးသည်။ ထိုအခါ လူနာ၏ ရောဂါအခြေအနေနှင့် ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး တစ်နာရီခြားတစ်ခါစောင့် ကြည့်ကာ ဆရာ၀န်က လိုအပ်သလို ရိုးရိုး ဆားရည်သွင်းခြင်း သို့မဟုတ် သွေးရည် ကြည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏနှင့် သွေးအပျစ်အကျဲနှုန်း စသည်တို့ပေါ်မူတည်၍ ထိရောက်စွာ ကုသမှုခံယူရမည်ဖြစ်သည်။
ရောဂါဖြစ်နေချိန် ရှောင်ကြဉ်ရမည့်အစားအစာများ
သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပါက အစာမဖြတ်သင့်ဘဲ အစားအသောက်များ စားရမည်။ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည် စသည့်အားရှိစေမည့် အစားအသောက် များကို ၀င်အောင်ကျွေးရမည်။ အစာ ပျော့ပျော့ကျွေးရမည်။ ကော်ဖီ၊ လက်ဖက် ရည်၊ ချောကလက်စသော အညိုရောင် ပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်လာပါက ကော်ဖီရောင် အန်တတ်ခြင်းကြောင့်ဖြစ် သည်။
သွေးလွန်တုပ်ကွေးရောဂါအတွက် အိမ်တွင်းကုထုံး
- တမာရွက်နှင့် တမာအဆီတို့က သွေးကိုသန့်စင်စေသည်။ ထို့ကြောင့် တမာပြုတ်ရည်ဖြင့် ရေဖတ်တိုက်ပါ သို့မဟုတ် တမာဆီလူးပေးပါ။
- ခန္ဓာကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့် အပူချိန် လျှော့ချနိုင်ရန် ရေများများသောက်ပါ။
- အဖျားလုံး၀ကျသည်အထိ အဖတ် လုံး၀မစားဘဲ အရည်စစ်သောက်ပါ။
- နံနံပင်က အဖျားကျစေရုံသာမက သွေးလွန်တုပ်ကွေးရောဂါကြောင့် ကုန်ဆုံးသွားသော အားအင်များကို ပြန် လည်ဖြည့်တင်း ပေးနိုင်သည်။
- ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်း ဆုံး ဆေးတစ်ခွက်ဖြစ်၍ ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ သို့မဟုတ် ပင် စိမ်းရွက်အစိုကို ရေနွေးကြမ်းခတ် သောက်ပါ။
- သင်္ဘောသီးနှင့် သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက် သဘာ၀ ဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားနိုင်သည်။ သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ် အပူချိန်ကျစေရုံမျှမက သွေးလွန်တုပ် ကွေးရောဂါကြောင့် အစာမကြေ ဗိုက်နာခြင်းအတွက် အားဆေးတစ် ခွက်ဖြစ်သည်။
- ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက အဖျားကျစေရုံမျှမက ခန္ဓာကိုယ်တွင်း ဇီ၀ကမ္မဖြစ် စဉ်ကို ကောင်းစွာလည်ပတ်စေသည်။
- တလည်းသီးနှင့် အနက်ရောင်စပျစ်သီး တို့က သွေးဆဲလ်များကို တိုးပွားလာ စေသည်။
- လိမ္မော်ရည်က အစာခြေအားကောင်း ခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်း တို့ကို ပေးစွမ်းနိုင်သည်။
- ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည် မြုပ်အောင်တစ်ညဉ့်ထည့်သိပ်စိမ်၍ အဖုံးကို လုံအောင်ဖုံးထားပါ။ ထမင်း စားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့် မိသားစုအလိုက် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်သည်။
ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ
ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျား ပေါက်ပွားပုံအဆင့်ဆင့်ဖြစ်သည့် (ဥ- ပိုးလောက်လမ်း- ပိုးရုပ်ဖုံး- သက်ကြီး ကောင်) ဖြစ်စဉ်မှာ ပျမ်းမျှရှစ်ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိအိမ်၊ ကျောင်းနှင့်ပတ်၀န်းကျင်တို့တွင် ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက် လမ်းပေါက်ပွားမှုမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးမှာ ယနေ့အထိမပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက် မဖြစ်အောင်ကြိုတင်ကာ ကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်၏ Precaution is better than Cure ဟု ဆိုကြခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ ခြင်ကိုက်မခံရစေရန် ဖြစ်သည်။ နေ့လယ် နေ့ခင်းတွင် အင်္ကျီလက်ရှည်၊ ပုဆိုး ရှည်ရှည်၀တ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်း ပြီး ခြင်မခိုအောင်းနိုင်စေရန် အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း၊ ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်း ခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာ(မိလ္လာ)သန့်ရှင်းခြင်း၊ ပတ်၀န်းကျင် သန့်ရှင်းခြင်း စသည့်သန့်ငါးသန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စု တစ်စုချင်းစီတိုင်း တာ၀န်ယူကြမည်ဆိုပါက သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်သည်။
ကူးစက်ရောဂါဆိုင်ရာအရ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင်တစ် ကြိမ် အပြင်းအထန် ြစ်ပွားတတ်သည်။ ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန် ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ် ပြီးသူများလည်း မပေါ့ဆကြရန်လိုအပ်ပြီး ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးသူသည် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပို၍ဆိုးနိုင်ကြောင်း ကျန်းမာရေး သုတေသီများက သတိပေးထားသည်။
သတိပေးလိုသည်မှာ ယနေ့အချိန် ကာလအထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကို တွေ့ကြုံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ပူပြင်းခြောက် သွေ့မှုကိုမနှစ်သက်ဘဲ စွတ်စိုသော အေးမြမှုကိုနှစ်သက်သည့် သဘောရှိသည်။ လက်ရှိ မြန်မာနိုင်ငံရာသီဥတုသည် ချမ်း အေးစွတ်စိုသော မိုးရာသီဖြစ်ရာ မိုးကာလ တွင် မလွဲမသွေဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ၀မ်းပျက်၊ ၀မ်းလျှောရောဂါ၊ အရေပြား ရောဂါ စသည့်ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့အပြင် ကိုဗစ်-၁၉ ရောဂါကိုလည်း အစဉ်သတိရှိကြစေလိုသည်။ ဖော်ပြပါ မိုးရာသီကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများသည် အထိုက်အလျောက် ကြိုတင်ကာကွယ် နိုင်သည့်ရောဂါများဖြစ်ရာ မိမိနှင့် မိသားစု တစ်စုချင်းစီအလိုက် ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြခြင်းဖြင့် ကြိုတင်ကာကွယ် စေလိုကြောင်း အသိပေး ရေးသားလိုက်ရပါသည်။
MWD Web Portal
Photo - On Doctor

“ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုသည့်စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်ကာ ရေတိုးနေသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် ကောက်ပင်များဖြင့် စိမ်းစိုနေသည်။

ဝါခေါင်လကို ပုဂံခေတ်ကျောက်စာတွင် “နံကာလ”ဟူ၍ ရေးသားသုံးနှုန်းကြပြီး “နံ”သည် အချိန်ကာလ “ကာ”သည် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းဖြစ်သဖြင့် “လယ်ယာထွန်ယက် စိုက်ပျိုးသောလ”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဝါခေါင်လ သို့မဟုတ် သိဟ်ရာသီဟူသော ဝေါဟာရမှာ သီဟဟူသော ပါဠိသက်စကား“ခြင်္သေ့”ဖြစ်၍ ရာသီရုပ်ပုံကို ခြင်္သေ့ပုံဖြင့်သရုပ်ဖော်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ဖြစ်သည်။ မြန်မာပြက္ခဒိန်၏ပဉ္စမမြောက်လတွင် ကျရောက်သည်။ ရာသီပန်းမှာ ခတ္တာပန်းဖြစ်ပြီး ရာသီခွင်မှာ သိဟ်ရာသီဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် ဝါခေါင်လတွင် ဘာသာရေးယဉ်ကျေးမှု အစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါ ပွားဖွယ်ပြုလုပ်ကြသည်။
မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံ
အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်း၍ ဟိမဝန္တာနှင့်တစ်စပ်တည်းတည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ်ထူပြောအောင်၊ သမာဓိမရအောင် အမျိုးမျိုးဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသမဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံသွားရောက်ကာ အလုံးစုံလျှောက်ထားကြလေသည်။
ထိုအခါ ဘုရားရှင်တော်က ရဟန်းတော်များအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေမည့် မေတ္တသုတ်တရားတော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူလေသည်။ ရဟန်းများတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရားသင်ကြားတော်မူလိုက်သည့်အတိုင်း မေတ္တသုတ်ကိုရွတ်ဆိုလျက် မေတ္တာဘာဝနာကိုပွားများကြရာ နတ်တို့နှင့်သင့်မြတ်ကာ အေးချမ်းစွာ တရားကျင့်ကြံနိုင်ကြလေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟူ၍ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။
ရဟန်းတော်များသည် မြတ်စွာဘုရားထံ ပြန်လည်ကြွမြန်းသောကာလသည် ပထမဝါဆိုဖြစ်ပြီး ရဟန်းတော်များ ဤတောအတွင်း၌ပင် ဒုတိယဝါဆိုခဲ့ကြခြင်းဖြစ်ရာ ကျမ်းဂန်များအရ “မေတ္တသုတ်တော်”ကိုဟောသောလသည်လည်း ဝါခေါင်လဖြစ်ကြောင်းသိရှိနိုင်ပေသည်။ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်အကျိုးများစေသည့်သုတ်တော်ဖြစ်သည်။ ရဟန်း သံဃာတော်များသည် ဝါခေါင်လပြည့်နေ့ရောက်လျှင် မေတ္တသုတ်တော်များကို ရွတ်ဆိုပွားများကြသည်။ ရပ်ထဲရွာထဲတွင် နေထိုင်သူများသည်လည်း ဘုရား၊ ပုထိုး၊ စေတီများတွင် မေတ္တသုတ်တော်များ ရွတ်ဖတ်၍ ကုသိုလ်မေတ္တာပွားများခြင်းတို့ကို ဆောင်ရွက်ကြသည်။
မေတ္တာဟူသည် အေးချမ်းသော၊ အေးငြိမ်းသော သဘောကိုဆောင်သောကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရရှိလေသည်။ မေတ္တာသည် လူသားတိုင်း ထားရှိသင့်သော အရာဖြစ်သည်။ သတ္တဝါမှန်သမျှ မေတ္တာနှင့်သာ ဆက်ဆံသင့်သည်။ ဝါခေါင်လအခါသမယသည် မိုးရာသီဖြစ်သကဲ့သို့ မေတ္တာဓာတ်များပက်ဖျန်းပါက ပို၍အောင်မြင်အေးချမ်းသော၊ အေးမြသောအခြေအနေများသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။
စာရေးတံမဲပွဲတော်ကျင်းပ
ဝါခေါင်လတွင် ထင်ရှားသော ရာသီပွဲတော်မှာ စာရေးတံမဲပွဲတော်ဖြစ်သည်။ စာရေးတံမဲပွဲတော် ဖြစ်ပေါ်လာပုံမှာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုဟ်တစ်ပြည်လုံး စားနပ်ရိက္ခာငတ်မွတ် ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်သည်။ တပည့်ဒါယကာများက တစ်ကျောင်းလုံးရှိ သံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုလုပ်နိုင်သဖြင့် သံဃာတစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ၊ သံဃာဆယ်ပါးဖြစ်စေ စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားတော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်တော်မှ ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
စာရေးတံမဲချပုံမှာ ဝါး၊ နှီးပြားများ သို့မဟုတ် သစ်သားတံတို့၏ ထိပ်တွင် ဆွမ်းဒကာ၏ အမည်နှင့် နေရပ်ကို ရေးမှတ်ထားသည်။ ရဟန်းများက ထိုစာရေးတံမဲများကို အလှည့်ကျမဲနှိုက်ကာ မိမိတို့ မဲကျသည့် ဆွမ်းဒကာ၏အိမ်သို့ ဆွမ်းစားကြွရခြင်းဖြစ်သည်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လတွင် ကျင်းပရမည်ဟူ၍ သတ်မှတ်မထားသော်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင် သံဃာတော်များ တစုတစည်းတည်းရှိရာ ဝါခေါင်လတွင် ကျင်းပခဲ့ကြသည်။ စာရေးတံမဲပွဲကို “မဟာဒုက်ပွဲ”ဟူ၍လည်း ခေါ်ဆိုကြသည်။
ယနေ့ခေတ်ကာလတွင် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လဟူ၍ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းများ နည်းပါးလာကြသည်။ ရပ်ကွက်ဘုရားပွဲများ ကျင်းပကြပြီးနောက် စက္ကူမဲလိပ်များတွင် စာရေးတံမဲနံပါတ ်ဂဏန်းများကိုသာ ရေးသားလာကြသည်။ ဝါခေါင်လ၏အခြားပွဲတော်တစ်ခုမှာ တောင်ပြုံးနတ်ရှင်ညီနောင်ပွဲဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက် တောင်ပြုံးရွာတွင် ရွှေဖျင်းကြီး၊ ရွှေဖျင်းလေး နတ်ညီနောင်နှစ်ပါးကို ပူဇော်ပသသည့်ပွဲကို ပုဂံခေတ်မှ ယနေ့တိုင်အောင် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပကြသည်။
မေတ္တသုတ်တော် ရွတ်ဖတ်ပူဇော်
မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့်မေတ္တာမူ ၁၅ ချက် ပါဝင်သည်။ အဆိုပါမူများမှာ စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တသုတ်ပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူး၍မနေဘဲ ထိုဈာန်ကိုအခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင်ကျင့်စဉ်များကို လမ်းညွှန် ထားတော်မူခြင်းဖြစ်သည်။ ဝါခေါင်လသည် ၂၉ ရက်ရှိသည့်အတွက် ရက်မစုံသောလတွင် ပါဝင်သည်။ ဝါခေါင်လတွင် မြန်မာလူမျိုးတို့၏ ကောင်းသောရက်၊ ရက်ရာဇာအဖြစ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ်ပြီး ရှောင်ရှားသင့်သော ရက်များအဖြစ် ကြာသပတေးနေ့နှင့် စနေနေ့တို့ဖြစ်သည်။ “မွန်းတည့်ချိန်ခါ၊ တိုင်းတာပါ၊ ဆာယာတစ်ဖဝါး”ဟူသော သံပေါက်အရ ဝါခေါင်လ၏ နေမွန်းတည့်ချိန်တွင် လူ၏အရိပ်သည် တစ်ဖဝါးသာရှိကြောင်း မှတ်သားရသည်။
ဝါခေါင်လအခါသမယသည် မြို့နေလူထု၊ ကျေးလက်နေသူတို့ အေးချမ်းစွာနေထိုင်နိုင်သော ရာသီဖြစ်ပြီး တရားဘာဝနာပွားများ အားထုတ်ခြင်းဖြင့် မေတ္တာပို့သ၍ ကောင်းမွန်သော ကာလဖြစ်သည်။ ဝါခေါင်လတွင် ရဟန်းသံဃာတော်များသည် ဝါဆိုတော်မူစဉ်ကာလဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်တို့မှာလည်း လယ်ယာလုပ်ငန်းခွင်များ မပြတ်မလပ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် ရွတ်ဆိုပွားများခြင်းဖြင့် မေတ္တာလွှမ်းခြုံသော အခါသမယဖြစ်ပေသည်။
ဂုဏ်ယူရသည့် ယဉ်ကျေးမှုဓလေ့များ
မြန်မာနိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့၊ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလပြည့်နေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဟူ၍ ဘာသာရေးအထိမ်းအမှတ်နေ့များ အဖြစ် ရှေးယခင်ကတည်းကအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့ကြသည်။
ထိုဘာသာရေး အထိမ်းအမှတ်နေ့များတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသကဲ့သို့ ပွဲတော်များလည်း သတ်မှတ်ကျင်းပကြသည်။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ ဖြစ်သည့် တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲတို့ကို ကျင်းပကြသည်။ ရှေးမြန်မာမင်းများ၊ ဘိုးဘွားများက ထိုမြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ပေးထားခဲ့ကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ဂုဏ်ယူစရာကောင်းသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် တည်ရှိလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုပျောက်ပါက လူမျိုးပါ ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ရိုးရာ ဝိသေသလက္ခဏာများအပေါ် လေးစားတန်ဖိုးထားကြရမည်။ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းရပေမည်။
သို့ဖြစ်ရာ လူတိုင်းအတွက် အခြေခံတရား ဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်င ကျင့်သုံးနေထိုင်ခြင်းဖြင့် ဗဟိဒ္ဓဟူသည့် အပြင်ငြိမ်းချမ်းမှုသာမက မိမိ၏အဇ္စျတ္တဖြစ်သည့် အတွင်းငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်သည်။ “မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း”ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများ ကင်းဝေးပြီး အေးချမ်းသာယာမှု အပေါင်း ရရှိခံစား စံစားနိုင်မည်ဖြစ်ပေသည်။ ။

လူနှင့်အလုပ် အမြဲတွဲဖက်နေသည်။ အလုပ်လုပ်ခြင်းသည် လူ့ဘဝရှင်သန်နေခြင်းပင်ဖြစ်သည်။ ကာယ အလုပ်ဖြင့် ဘဝရှင်သန်နေသူများရှိသကဲ့သို့ ဉာဏအလုပ်ဖြင့် စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေရသူများ လည်းရှိကြသည်။
ကာယဖြင့်လုပ်နေရသူများမှာအလုပ်ချိန်ကြာ လာလျှင်ခန္ဓာကိုယ်ပင်ပန်းမှုကို ခံစားကြရသည်။ စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူများမှာအများ ထင်သကဲ့သို့မသက်သာကြပေ။ အလုပ်စားပွဲတွင် အထိုင်ကြာ လာသည်နှင့်အမျှ စိတ်ပင်ပန်းလာရသည်။

ခန္ဓာကိုယ်လည်း အညောင်းမိလာပြီး ခေါင်းအုံ၊ ဇက်ထိုး၊ အကြောတက် စသည့်ရောဂါများ ရလာလေ့ရှိ သည်။ အလုပ်စားပွဲတွင် တစ်ပုံတစ်ပင်ရှိနေသော ပင်ပန်းစရာများကြားမှ ဖြေဖျောက်စရာသစ်ပင်လေး တစ်ပင်အကြောင်း ပြောလိုပါသည်။
အကြောတက်ခြင်းအတော်များများတွင်ဇက်ကြောတက်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ အလုပ် ချိန်နှစ်နာရီထက်ကျော်ပြီး စာကြည့်၊ စာရေးခြင်းတွင် အာရုံစိုက်ရလျှင် ဇက်ထဲမှတောင့်တင်းပြီး ကြာလျှင် ကိုက်ခဲလာခြင်းကို ဇက်ကြောတက်သည်၊ ဇက်ကြောထိုးသည်ဟု ပြောလေ့ရှိကြသည်။
ဇက်ကြောတက်ရောဂါအချိန်ကြာလာလျှင် အာရုံကြောများကို ပါထိခိုက်ပြီး မျက်စိမှုန်လာတတ်သည်။
ဇက်ကြောတက်သည်မှစ၍ မျက်စိမှုန်လာသူများသည် မျက်စိဆရာဝန်နှင့်စမ်းသပ်ပြီး မျက်မှန်တပ်လိုက်သောအခါ အမြင်ကြည်လင်သွားသဖြင့် တစ် ခဏအတွင်း ဇက်ကြောတက်ရောဂါသည် သက်သာသွားသကဲ့သို့ရှိသော်လည်း နောက်ပိုင်းတွင် တက်မြဲ ပြန်တက်လာသည်ကို တွေ့ရလေ့ရှိသည်။
ထို့ကြောင့် မျက်စိဆရာဝန်ကြီးများကလည်း အနီး ကြည့် (စာကြည့်) တစ်နာရီကြည့်ပြီးတိုင်း အဝေးသို့ ၁၀ ပေခန့်လှမ်းကြည့်သင့်သည်။ ဖြစ်နိုင်လျှင် အဝေး မှ စိမ်းလန်းစိုပြည်သောနေရာကိုကြည့်ရလျှင် မျက်စိ အာရုံကြောလျော့စေမည်ဟုဆိုသည်။ အစိမ်းရောင်သည် မျက်စိသာမက စိတ်ကိုပါ လန်းဆန်း စေနိုင်သည်။
စိတ်ချမ်းသာမှုကို လူတိုင်းလိုချင်ကြသည်။ အလုပ် ရှုပ်နေလျှင် စိတ်ရှုပ်လာသည်။ စိတ်ရှုပ်ခြင်း၏နောက် တွင် ပင်ပန်းနွမ်းနယ်ခြင်းသည် ရောက်လာစမြဲဖြစ် သည်။
လူပင်ပန်း၊ စိတ်ပင်ပန်းဟု ပြောလေ့ရှိကြသော်လည်း တကယ်တမ်းတွင် စိတ်ပင်ပန်းခြင်းကသာ လူကိုပင်ပန်းစေခြင်းဖြစ်သည်။ မပြီးပြတ်နိုင်သော အလုပ်များကို လုပ်ရသောအခါ၊ အလုပ်နှင့်အချိန်မမျှသောအခါ အချိန်မီမပြီးမည်စိုး၍ စိတ်ပူပန်မှုဖြစ်စေသည်။ ပူပန်ရဖန်များသောအခါ စိတ်ပင်ပန်းလာလေသည်။
အနောက်တိုင်းစိတ်အထူးကုဆရာဝန်ကြီးများ ပြောလေ့ရှိသော စိတ်ကျရောဂါဟူသည်မှာ မနိုင်ဝန်ထမ်းရသူများတွင် အများဆုံးဖြစ်လေ့ရှိသော ရောဂါ ဖြစ်သည်။
အလုပ်ရှုပ်၊ ပင်ပန်းနွမ်းနယ်သူများအတွက် အနားယူခြင်းဖြင့် သက်သာစေနိုင်မည်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် စိတ်မအေးစရာ အလုပ်တာဝန်ကျန်ခဲ့သူများအတွက် လူကအနားယူနေသော်လည်း စိတ်က အလုပ်သို့ပြန်ရောက်နေသဖြင့် တကယ်တမ်း အနားမရသကဲ့သို့ ဖြစ်နေတတ်သည်။
တချို့သော ငွေကြေးတတ်နိုင်သူများသည် တစ်နှစ်လျှင်တစ်ကြိမ် ခရီးထွက်ပြီး အနားယူအပန်းဖြေလေ့ရှိကြသည်။ အထူးသဖြင့် ရှုခင်းသာယာသော နေရာများ၊ ပင်လယ်ကမ်းခြေများတွင် အနားယူလေ့ရှိကြသည်။
အုန်းပင်များစိမ်းစိုပြီး သာယာလှပသောကမ်းခြေ၌ ဒီရေတက်ချိန်တွင် ပြေးတက်လာသော ရေလှိုင်းကလေးများ၏ ကမ်းသို့ရိုက်ခတ်သံနှင့် ဒီရေဖုံးလွှမ်း သွားသော သဲသောင်ပြင်တို့၏အလှမှာ ရောက်ဖူးသူတို့မှသာ ခံစားတတ်မည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် အရာအားလုံး၊ သောကအားလုံးကို မေ့ထားပြီး စိတ် လွတ်ကိုယ်လွတ်အပန်းဖြေနိုင်လျှင် အကောင်းဆုံး ပင်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေတစ်ဦး၏ရုံးခန်းသို့ အလုပ်ကိစ္စတစ်ခု အကူအညီတောင်းရန်သွားသောအခါ သူသည် အလွန်အလုပ်ရှုပ်သူဖြစ်ကြောင်း တွေ့ရသည်။
သူ့ရှေ့တွင် လက်မှတ်ထိုးစရာများကလည်း တစ် ပုံတစ်ပင်ရှိနေသည်။ ဖုန်းကလည်းမနားတမ်း၊ တွေ့ လိုသူများကလည်း အခန်းပေါက်ဝတွင် တန်းစီစောင့် နေသည်ကို တွေ့ရသည်။ သို့သော် သူ့ကိုကြည့် ရသည် မှာ အလုပ်ရှုပ်နေသော်လည်း စိတ်ရှုပ်နေပုံမပေါ်ဘဲ တက်ကြွရွှင်လန်းလျက်ပင်ရှိသည်။
"လာ ထိုင်သူငယ်ချင်း၊ မတွေ့ရတာကြာပြီကွာ၊ ဘာအကူအညီလိုလဲ၊ လမ်းကြုံလို့ ဝင်လာတာလား" စသည်ဖြင့် ပဋိသန္ဓာရစကားကိုဆိုသည်။ ပြုံးပြုံးရွှင်ရွှင်မျက်နှာထားရှိသည်။
မိမိကလိုအပ်သည့်ကိစ္စများကို ပြောပြသည့်အခါ သူတတ်နိုင်သည်ကို ကူညီပေးသည်။ သူမတတ်နိုင်သည့်ကိစ္စများကို မတတ်နိုင်ကြောင်းနှင့် မည်သို့မည်ပုံလုပ်ဆောင်ရမည်၊မည်သူ့ထံသွားရမည်၊ မည်သည့်အချက်အလက်လိုသည် စသည်ဖြင့် လမ်းညွှန်ပေးသည်။ နယ်မှသူငယ်ချင်းများအကြောင်း၊ ဆွေမျိုးများအကြောင်း သူမေးသမျှ၊ စပ်မိသမျှပြော ပြီးနောက် နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ရာထူးကြီးသော်လည်း ဘဝမမေ့တတ်သည့်သူငယ်ချင်းနှင့် တွေ့ခဲ့ရ ပြီးအပြန်တွင် ကျေနပ်ပီတိများ စွာဖြစ်မိသည်။
ထိုသူငယ်ချင်းအခန်းတွင် ထူးခြားချက်နှစ်ခုတွေ့ ခဲ့ရသည်။ တစ်ခုမှာ သူ့အလုပ်စားပွဲပေါ်မှ သစ်ပင် စိုက်ထားသောပန်းအိုးငယ်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ သူ့နောက်ဘက်နံရံတွင် ချိတ်ဆွဲထားသော အလျားတစ်ပေခွဲ၊ အနံတစ်ပေခန့်ရှိသော ဓာတ်ပုံတစ်ပုံဖြစ်သည်။
သူ့စားပွဲပေါ်မှ ပန်းအိုးငယ်လေးမှာ ဘွန်ဆိုင်းပင်ကဲ့သို့အမျိုးအမည်မသိအပင်ပုလေးဖြစ်သည်။ စိမ်းစိုနေသောသစ်ရွက်များဖြင့် ဝေဆာနေပြီး အမြင့် မှာ ၈ လက်မခန့်သာမြင့်သည်။ စားပွဲပေါ်တွင် နေရာ မယူလွန်းဘဲ လှပစိမ်းစိုနေသော သစ်ပင်လေးဖြစ် သည်။ ဤသစ်ပင်လေးကို မြင်လိုက်ရချိန် စိတ်ထဲ တွင် လန်းဆန်းသွားသကဲ့သို့ခံစားရမိသည်။
(ဤသစ်ပင်လေးကို သဘောကျလွန်း၍ သူငယ်ချင်းကို ခွင့်တောင်းပြီးကျွန်တော်၏ဟန်းဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) သူ၏ဘယ်ဘက်ရှိနံရံပေါ် တွင် ချိတ်ဆွဲထားသောဓာတ်ပုံမှာ ချောင်းသာကဲ့သို့ ကမ်းခြေတစ်နေရာ၌ မိသားစုနှင့် အပန်းဖြေနေသော ဓာတ်ပုံဖြစ်ပုံရသည်။ ဓာတ်ပုံထဲတွင် ပါသူအားလုံး ပြုံးရွှင်နေကြပြီး မြေးအရွယ်ကလေးငယ်လေးများလည်းပါသည်။
နောက်ခံခပ်လှမ်းလှမ်းတွင် ဘန်ဂလိုတစ်လုံးနှင့် အုန်းပင်စိမ်းစိမ်းများ တန်းစီလျက်ရှိပြီး အားလုံး မှာ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မျက်နှာသုတ်ပဝါ၊ တဘက်ထည်များနှင့် ရေကူးရာမှ ပြေးတက်လာပြီး အေးနေ၊ ချမ်းနေချိန် စုပေါင်းရိုက်ထားသောဓာတ်ပုံနှင့်တူသည်။
သူ့ကိုစပ်စုပြီးမမေးမိသော်လည်းဤဓာတ်ပုံကို ကြည့်လိုက်ရသည်နှင့်ပင်ကိုယ်ပါထိုဓာတ်ပုံထဲရောက်ရှိသွားပြီးအေးသွား၊ချမ်းသွားသကဲ့သို့ခံစားချက်တစ်ခု ဝင်လာပါသည်။ သူအလုပ်များပြီး စိတ်ပင်ပန်းသောအခါတွင်ဤဓာတ်ပုံကိုမော့ ကြည့်လိုက်ပါက ချောင်းသာသို့တစ်ဖန်ပြန်ရောက် သွားရသကဲ့သို့ဖြစ်လေမလားဟုစိတ်ထဲတွင်တွေးမိ သည်။
ထိုသူငယ်ချင်း၏ရုံးခန်းမှ ပြန်လာပြီးနောက် သူနှင့် ဆန့်ကျင်ဘက်မိတ်ဆွေတစ်ဦးကို သတိရမိသည်။ ဂေါက်သီးလေ့ကျင့်ရေးကွင်းတစ်ခုတွင်မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦးနှင့်အတူဖြစ်သည်။
ဂေါက်သီးလေ့ကျင့်ရေးကွင်းမှာ ရှေ့တွင် ကိုက် ၅၀၀ ခန့်ရှည်လျားကျယ်ပြန့်သောမြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးရှိပြီး နောက်ခံမှာတောင်တန်းတောင်ကုန်းမြင့်များဖြင့် သာယာလှပသောနေရာဖြစ်သည်။ ဂေါက်သီးဗန်းအတွင်းမှ ကယ်ဒီမိန်းကလေးတည်ပေး သောဂေါက်သီးကို မိမိနှစ်သက်ရာဂေါက်တံဖြင့် တစ် လုံးပြီးတစ်လုံးရိုက်ထုတ်ပြီး အကွာအဝေးမည်မျှ ရောက်ပြီးကျသွားသည်ကို လှမ်းမျှော်ကြည့်ပြီး မျက်စိ ပသာဒယူနိုင်သည်။
သို့သော် မိမိဘေးခုံမှ ဆရာဝန်၏လက်ကိုင်ဖုန်းမှာ မကြာခဏမြည်နေသည်။ ဆေးရုံမှ သူ၏ကိုယ်ပိုင် ဆေးခန်းမှ မေးသံ၊ ဖြေသံများကို ကြားနေရသည်။ သူ့မှာဂေါက်ကွင်းရောက်သော်လည်း အအားမရ၊ နောက်ကအရေးပေါ်ဖုန်းများက လိုက်လာနေသည်။
တစ်ခါတစ်ရံ ကစားနေသည့်ဂေါက်တံကိုကိုင်၍ ခပ်ဝေးဝေးတွင်သွားပြီး ဖုန်းပြောနေသည်။ ပတ်ဝန်းကျင်ကစားသူများကို အားနာ၍ဖြစ်မည်။ သို့သော် သူ့ကြည့်ရသည်မှာ အနားယူသောနေရာမှာပင် အနား မရဖြစ်နေသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံမျှ မက သူ့အစား စိတ်မောမိသည်။
လူ့ဘဝတစ်လျှောက်လုံးအသက်ရှင်နေသမျှ အလုပ်လုပ်နေရမည်ဖြစ်သည်။ တာဝန်သိသူအတွက် အလုပ်ဟူသည်မှာ အိပ်ရာဝင်ချိန်အထိ ရှိနေမည်ဖြစ်သည်။အလုပ်ပင်ပန်း၊စိတ်ပင်ပန်းလျှင် ရောဂါ ရလာ တတ်သည်။ အရွယ်ရင့်မှ ရောဂါရလျှင် မဆန်းပါ။ အရွယ်မတိုင်မီ ရောဂါရလျှင် ကိုယ်ဖြစ်ချင်သောဆန္ဒ များမှာ အပြီးမသတ်နိုင်ဘဲ ကျန်ခဲ့ရမည်။ ထားခဲ့ရ မည်ဖြစ်သည်။
ရခဲလှသည်မှာ လူ့ဘဝဟုဆိုလျှင်ရပြီးနောက် တွင်လည်း ခက်ခဲလှသည်မှာ လူ့ဘဝပင်ဖြစ်သည်။ ကြိုးစားရုန်းကန်ခြင်းများစွာဖြင့် ရင်ဆိုင်ဖြေရှင်းကြ သော်လည်း ရတာမလို လိုတာမရဖြင့် အဆုံးသတ် ကြရသူကများသည်။
ပင်ပန်းသမျှခံစားကြရသူများရှိသော်လည်းပင်ပန်းသမျှအရာမထင်ကြသူများလည်းရှိသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားများ ကလည်း နေ့စဉ်တွေ့ကြုံနေမြဲဖြစ်သည်။မည်သူမျှရှောင်လွှဲမရ။ပင်ပန်းနွမ်းနယ်မှုကိုမည်သို့ဖြေဖျောက်မည်နည်း။ အလုပ်ကိုတစ်ရက်ပင်ပျက်ရန်မလွယ်။တစ်နှစ်တစ်ကြိမ်ပင် အပန်းဖြေခရီးထွက်ရန်မလွယ်။
ဤအလုပ် ဤနေရာတွင်ပင် ပိတ်လှောင်နေသကဲ့ သို့ ခံစားရသည့်အခါ ထွက်ပေါက်ပေးရန်လိုသည်။ တစ်သက်တာစိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါ ဟူသောစကားကို သတိရမိပါသည်။ကျွန်တော့်တွင် သစ်ပင်စိုက်စရာ မြေနေရာလည်းမရှိပါ။ သို့သော်ကျွန်တော့်သူငယ်ချင်းစားပွဲပေါ်မှ သစ်ပင်စိမ်းစိမ်း လေးကို သတိရမိသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း ကျွန်တော့်စားပွဲပေါ်တွင်သစ် ပင်စိုက်ပါတော့မည်။
Photo -Spruce

တက်လူတေးသံ
ကြက်ဖသာလျှင် အရုဏ်ရောင်လှ ဝင်းဝါကြ၏။
ဥဩသာလျှင် ရာသီနွေလ ဖူးပွင့်ကြ၏။
ဖားငယ်သာလျှင် အာကာမိုးက မိုးရွာကြ၏။
တက်လူသာလျှင် မြန်မာပြည်လှ အားသစ်ရ၍ ဇေယျအောင်လံ ထူမည်တည်း။
ဇော်ဂျီ (အိုးဝေမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၃၅ခုနှစ်)

ယနေ့ကျောင်းနေအရွယ် မောင်မယ်တို့သည် တက်လူငယ်များဖြစ်ကြသည်။ တက်လူငယ်တို့သည် အနာဂတ်ကိုပိုင်စိုးကြရမည်။ အနာဂတ်ကို ပုံဖော်ထုဆစ်ကြရမည်။ အနာဂတ်သည် ယနေ့တက် လူငယ်တို့၏လက်ထဲတွင် ရှိနေပါသည်။ ယနေ့တက်လူငယ်တို့၏ စွမ်းရည်၊ စွမ်းအားအပေါ်တည်မှီနေပါသည်။
ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့၏ စွမ်းရည်၊ စွမ်းအားပြည့်ဝသည့်အလျောက် အနာဂတ်သည် တောက်ပြောင်၊ ထွန်းသစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေမည်မှာလည်း သေချာပါသည်။
ကမ္ဘာဦးကာလ လူနေမှုအဆင့်အတန်းသည် နိမ့်ကျ၏။ ယနေ့မျက်မှောက်ကာလ လူနေမှုအဆင့်အတန်းသည် မြင့်မား၏။ ကမ္ဘာဦးကာလနှင့် ယနေ့မျက်မှောက်ကာလသည် လွန်စွာကွာခြားသွားသည်။ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသောကြောင့် နိမ့်ရာမှမြင့်ရာသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသော ဖြစ်စဉ်များတွင် လူသားတို့၏ တီထွင်ဆန်းသစ်မှု၊ တွေးခေါ်မြော်မြင်မှု၊ စဉ်းစားဆင်ခြင် ချင့်ချိန်မှု၊ ကြံရည်ဖန်ရည်ဉာဏ်ရည် ကျယ်ပြန့်လာမှုတို့က အခရာကျပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအလုံးစုံ၏ မူလရင်းမြစ်လည်း ဖြစ်ပါသည်။
ထိုမူလရင်းမြစ်များကို ပိုင်ဆိုင်သူများသည်ကား မဟာလူသားများ ဖြစ်ပေသည်။ မဟာလူသားများဟု ခေါ်ဆိုဂုဏ်ပြုအပ်သော ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့သည် လူသားအရင်းအမြစ်များ၏ အညွန့်အဖူးများပင် မဟုတ်ပါလော။
လူသားအရင်းအမြစ် အညွန့်အဖူးများကို ရှင်သန်ကြီးထွားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်ပြည့်ဝအောင် ဖြည့်ဆည်းပေးကြရသည်။ ထိုသို့ ဖြည့်ဆည်းရာတွင် အခြေခံပညာသင်ကျောင်းများသည် အရေးကြီးသော အခန်းကဏ္ဍ၌ပါဝင်နေပေသည်။ အကြောင်းမူကား အခြေခံပညာကျောင်းများသည် ပညာအခြေခံကောင်းများဖြစ်သည့် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို သင်ကြားလေ့ကျင့်ပေးနေသောကြောင့်ဖြစ်ပါသည်။ အတန်းလိုက် သင်ရိုးညွှန်းတမ်းများသည် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို ဦးတည်ထားခြင်းဖြစ်ပါသည်။
အခြေခံပညာရေးအဆောက်အအုံသည် အခြေခံပညာ မူလတန်းဆင့်အုတ်မြစ်ပေါ်တွင် ဆင့်တင်ထားခြင်းဖြစ်
ယခုအခါ အကောင်အထည်ဖော်ဆောင်ရွက်နေသော အခြေခံပညာရေးအဆောက်အအုံသည် (KG+12) သူငယ်တန်း+ ဒွါဒသမတန်း အဆောက်အအုံဖြစ်ပါသည်။ အခြေခံပညာရေးအဆောက်အအုံသည် အခြေခံပညာမူလတန်းဆင့်အုတ်မြစ်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် အခြေခံပညာအထက်တန်းဆင့်တို့ကို ဆင့်တင်ထားခြင်း ဖြစ်ပေသည်။ အခြေခံပညာရေး၏ အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်တွင် KG+ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်းအထိ တန်းစဉ်ငါးဆင့်၊ အခြေခံပညာအလယ် တန်းဆင့်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းအထိ တန်းစဉ် လေးဆင့်၊ အခြေခံပညာ အထက်တန်းဆင့်တွင် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းအထိ တန်းစဉ်သုံးဆင့်ရှိပါသည်။
အခြေခံပညာရေး အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့် ငါးဆင့်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့် လေးဆင့်၊ နောက်အခြေခံပညာအထက်တန်းဆင့် သုံးဆင့်ဖြင့် တြိဂံပုံ (၅၊ ၄၊ ၃) အဆင့် သုံးဆင့်နှင့် တည်ဆောက်ထားရာ အခြေခံပညာရေး အဆောက်အအုံသည် တောင့်တင်းခိုင်မာနေပါသည်။
အခြေခံပညာမူလတန်းဆင့်တွင် သင်ရိုးဝင်ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ဂီတနှင့်ပန်းချီ) စသည့်ဘာသာရပ်များ၊ အခြေခံပညာအလယ်တန်းဆင့်တွင် သင်ရိုး ဝင်ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်နှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ ဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ) စသည့်ဘာသာရပ်များ၊ အခြေခံပညာအထက်တန်းဆင့်တွင် ဘာသာတွဲအလိုက် ယူထားသော သင်ရိုးဝင် ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း စသည့်ဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာ ရပ်များဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ၊ ကာယပညာ၊ အနုပညာ( ဂီတနှင့် ပန်းချီ) စသည့် ဘာသာရပ်များ ကို သင်ကြားလေ့ကျင့်ပေးနေပါသည်။
အတန်းလိုက် သင်ယူလေ့ကျင့်ခြင်းဖြင့်နယ်ပယ်အလိုက် တတ်မြောက်ကျွမ်းကျင်လာ
အတန်းလိုက် သင်ရိုးဝင်ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ဘာသာရပ်နယ်ပယ်အလိုက် တတ်မြောက်ကျွမ်းကျင်လာမည်။ အတန်းလိုက်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်း ဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကြံ့ခိုင်သန်စွမ်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားဖြူစင်မှု၊ ကျင့်ဝတ် စည်းကမ်းစောင့်ထိန်းလိုက်နာမှု၊ ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်မှု၊ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့မှု၊ ထောက်ထားညှာတာစာနာမှု၊ သည်းခံ ခွင့်လွှတ်မှု စသည့်အလေ့အကျင့်ကောင်းများကို ရရှိလာမည်။ သင်ရိုးဝင် ဘာသာရပ်များက စဉ်းစားမြော်မြင်တွေးခေါ် ဆန်းသစ်နိုင်သည့် ဉာဏ်ရည်ဖွံ့ဖြိုးထက်သန်စေသည်။ တွဲဖက်သင်ရိုးဝင်ဘာသာရပ် များက စာရိတ္တ၊ ကိုယ်ကျင့်တရားနှင့် ကိုယ်ခန္ဓာကိုကြံ့ခိုင်စေသည်။
ထိုသည်ကား ဘက်စုံပညာရေး၏ အနှစ်သာရဖြစ်ပါသည်။ အခြေခံပညာကျောင်းများက သင်ကြားလေ့ကျင့်ပေးနေသော ဘက်စုံပညာရေးသည် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းနေအရွယ် တက်လူငယ် များကို မွေးဖွားပေးနေခြင်းပင် မဟုတ်ပါလော။
ကျောင်းနေအရွယ်ကလေးများအားလုံးမသင်မနေရပညာရေးကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့
လက်ရှိအစိုးရလက်ထက်တွင် ဘက်စုံပညာရေးမှတစ်ဆင့် ဗလငါးတန်ပြည့်ဝသည့် တက်လူငယ်များကို မွေးဖွားပေးနိုင်ရန်အတွက် အထူးတလည် အကောင်အထည်ဖော်ကာ စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ အခြေခံပညာကျောင်းများမှ သင်ကြားလေ့ကျင့်ပေးလိုက်သော ကျောင်းနေအရွယ်ကလေးများ ပညာရေးအဟောသိကံဖြစ်စေမည့်၊ သင်ယူမှုအခွင့်အလမ်း အလှမ်းဝေးစေမည့်၊ ပညာသင်ယူရန် အဟန့်အတားဖြစ်စေမည့် စသည့်စိန်ခေါ်မှုများကို ကူညီပံ့ပိုးဖြေရှင်းပေးကာ အတန်းကူးပြောင်းမှုနှုန်း မြင့်မားအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆက်ဆက်က မသင်မနေရ မူလတန်းပညာရေးကိုသာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယခုအခါတွင် ကျောင်းနေအရွယ် ကလေး အားလုံး အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (KG+9)အထိ မသင်မနေရ ပညာရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျောင်းနေအရွယ် တက်လူငယ်တို့၏ အနာဂတ်လမ်းချောမွေ့ ဖြောင့်တန်းနေအောင် ပညာပန်းများဖြင့် လမ်းခင်းပေးနိုင်ခဲ့ခြင်းဖြစ် ပါသည်။
အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)အထိ မသင်မနေရပညာရေးနှင့်အတူ အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (KG+9) ကို ပြီးမြောက်အောင်မြင်သူများသည် အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း၊ စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများသို့လည်းကောင်း နှစ်သက်ရာ၊ ဝါသနာပါရာ၊ စိတ်ဝင်စားရာ အခြေခံပညာ အထက်တန်းကျောင်းများသို့ စိတ်ကြိုက်ရွေးချယ်ကာသင်ယူနိုင်သည့် အခွင့်အလမ်းများကိုလည်း လမ်းဖွင့်ပေးထားပါသည်။
လက်ရှိအစိုးရလက်ထက်တွင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းပေါင်း ၈၆ ကျောင်းကိုဖွင့်လှစ်ပေးခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသည် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံ အသီးသီးသို့တက်ရောက်ပြီး ပညာသင်ယူနိုင်သကဲ့သို့ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာအထက်တန်း အောင်မြင်သူများသည်လည်း သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်/သိပ္ပံ အသီးသီးသို့ တက်ရောက်ပြီး ပညာသင်ယူနိုင်ပါသည်။
အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန် ရည်ရွယ်၍ Polytechnic တက္ကသိုလ်ရှစ်ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့
အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် တိုင်ပင်ဆွေးနွေးပြီး Polytechnic တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ရာ Polytechnic တက္ကသိုလ် ရှစ်ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ဥပဒေ ဆိုင်ရာ၊စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်ပြီးသိရှိထားရန် လိုအပ်ပါသည် ။ ထို့ကြောင့် တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ BA(Law) နှင့် BA(Eco)ဘွဲ့များ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်အားပေးနေခြင်းသည် မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားပြီး ပညာရည်မြင့်မားသော မျိုးဆက်သစ်လူငယ်များဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လိုသောကြောင့် ဖြစ်ပါသည်။
ထိုသို့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အရေးအကြီးဆုံးအချက်မှာ လူသားအရင်းအမြစ်ပင်ဖြစ်သည်။ ဘက်ပေါင်းစုံသောကဏ္ဍတို့၌ ကျွမ်းကျင်သော အသိပညာရှင်၊ အတတ် ပညာရှင်များ ရှိနေမှသာလျှင် မိမိတို့နိုင်ငံသည် သူများနိုင်ငံများနည်းတူ ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် မိမိတို့မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူနေ၍ မဖြစ်တော့ပေ။
ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်မှသာ အထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းသော ထွက်ကုန်များထုတ်လုပ်နိုင်ခြင်း စသည့် ရလဒ်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤသည်ကားပညာ၏အရေးပါ၊ အရာရောက်ပုံကို ဥပမာဆောင်ပေးခြင်းသာဖြစ်ပါ သည်။ အခြားသော ဘက်ပေါင်းစုံ ကဏ္ဍစုံတို့၌လည်း ထိုသို့သာဖြစ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ယခုကဲ့သို့ပင် ပညာရေးကို အစဉ်တစိုက် အားပေးဆောင်ရွက်ကြရပေမည်။ ကျောင်းနေ အရွယ် တက်လူငယ်များကို ပညာပြည့်ဝနှလုံးလှသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်မွေးမြူပေးကြ ရမည်ဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် တက်လူငယ် မောင်မယ်များ၏ စွမ်းရည်၊ စွမ်းအား၊ စွမ်းပကားက မိုးပေါ်ရောက်အောင် ပျံသန်းနိုင်သည်အထိ အစွမ်းထက်လှပါပေသည်။ ကျောင်းနေ အရွယ် တက်လူငယ်မောင်မယ်များသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ဇေယျအောင်လ ထူပေးကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါသည်။
ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့”ဆိုသည့် အတိုင်းကျရာကဏ္ဍအသီးသီးမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။