အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအာ

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
အဆိုပါ Gold Card သည် အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရရေး တန်ဖိုးကြီးသည့် လမ်းကြောင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ လူအများစုအနေဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်လိုကြမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံ၌ ကုမ္ပဏီများဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင်ကာ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့လာရောက်နေထိုင်မည့်သူများသည် ငွေကြေးချမ်းသာသူများပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ Gold Card များကို လာမည့် သီတင်း(၂)ပတ်အတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့မှုကို CAN သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-CNA
Photo: Mint

၁၉၄၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့သော ဘရာဇီးလ်စုံတွဲတစ်တွဲသည် (၈၄) နှစ်နှင့် (၇၇) ရက် ကြာ လက်ထပ်ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံ ကျင်းပခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော အရှည်ကြာဆုံး အိမ်ထောင်သက် ရှိသည့်စုံတွဲအဖြစ် ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။

အသက် (၁၀၅) နှစ်အရွယ် Manoel Angelim Dino နှင့် အသက် (၁၀၁) နှစ်အရွယ် Maria de Sousa Dino တို့သည် ချစ်သူများနေ့တွင် အိမ်ထောင်သက် (၈၄) နှစ်နှင့် (၇၇) ရက်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ဂရင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ၁၉၃၆ ခုနှစ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ Ceará ပြည်နယ်ရှိ Boa Ventura ဘုရားကျောင်းတွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးသည် သားသမီး(၁၃)ဦး မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် မြေး(၅၅)ဦး၊ မြစ်(၅၄)ဦးနှင့် တီ(၁၂)ဦးတို့ ရှိကြောင်းလည်းသိရသည်။ လက်ရှိအချိန်အထိ ကမ္ဘာ့သမိုင်းတွင် ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက် မှာ(၈၈)နှစ်နှင့်(၃၄၉)ရက် ဖြစ်ပြီး ဒေးဗစ်ဂျေကော့ဗ်ဟီလာနှင့် ဆာရာ ဒေဗီဟီလာတို့သည် ၁၈၀၉ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် လက်ထပ်ခဲ့ကြ ပြီးနောက် ကမ္ဘာ့အရှည်ကြာ ဆုံးအိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် (၈၈)နှစ်နှင့်(၃၄၉) ရက်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် Manoel Angelim Dino နှင့် Maria de Sousa Dino တို့သည် (၈၄)နှစ်နှင့်(၇၇) ရက်ကြာ ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော ကမ္ဘာ့အရှည်ကြာ ဆုံးအိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကိုးကား-NP News

တံတားဦး၊ ဖေဖော်ဝါရီ - ၂၄
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး ၊ မီးဘေးသတိရှိရေး စသည်တို့ကို ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေ (၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များတွင် မီးချိတ် ၊ မီးကပ် ၊ သဲပုံး ၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ လျှပ်စစ် မီးများအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုကိုင်တွယ်အသုံးပြုကြရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်းသိရသည် ။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေးအန္တရာယ် သရုပ်ပြခြင်း၊ ပြည်သူလူထုအတွင်းမီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
ဦးရဲတင့် (ပြန်/ဆက်)
၀၉-၇၉၇၄၃၈၃၀၅

ရွှေ့ပြောင်းအခြေချနေထိုင်သူများ ခိုလှုံရာနေရာအဖြစ် Manhattan ဧရိယာ၏ အလယ်၌ ဖွင့်လှစ်ထားသည့် Roosevelt Hotel ဟိုတယ်ကို မကြာမီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနယူးယောက်မြို့တော်ဝန် Eric Adams က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
တောင်အမေရိကနှင့် အခြားဒေသများမှ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ တိုးမြင့်လာခဲ့ရာ ၎င်းတို့အတွက် အဆိုပါ ဟိုတယ်ကို ၂၀၂၃ ခုနှစ်၊ မေလတွင် ပြန်လည်မွမ်းမံပြီး ခိုလှုံရာနေရာအဖြစ် ဘိုင်ဒင် အစိုးရက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်အဖြစ် လျှောက်ထားသူအရေအတွက် များစွာတိုးမြင့်ခဲ့သည့် ကာလတွင် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄,၀၀၀ ခန့် ရှိခဲ့ကြောင်း Adams က ဆိုခဲ့ပြီး မကြာသေးမီလများအတွင်း တစ်ပတ်လျှင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၅၀ ခန့်အထိ အရေအတွက် ကျဆင်းသွားခဲ့သည်ဟု ၎င်းကဆိုပါသည်။
အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ အစီအမံများကို တင်းကျပ်လာမှုနှင့်အတူ နယူးယောက်မြို့တွင်လည်း ယခုကဲ့သို့ ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။
နယူးယောက်သည် လစ်ဘရယ်ဆန်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို ကိုင်ဆွဲထားလေ့ရှိပြီး ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန်သည် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များ၌ Trump နှင့် ပူးပေါင်းဆောင်ရွက်သည့် ရပ်တည်ချက်ကို စတင် လုပ်ဆောင်လာခြင်း ဖြစ်သည်။
အဆိုပါလုပ်ဆောင်မှုအား Adams ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များအပေါ် အစိုးရရှေ့နေများက ရုပ်သိမ်းပေးရန် သမ္မတ Trump ၏ အစိုးရအဖွဲ့က အမိန့်ပေးခဲ့ခြင်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Toyota Motor သည် တိုကျိုအနောက်တောင်ဘက်၌ မြို့ပြလူနေမှုဘဝနှင့် နည်းပညာအသစ်များ ပေါင်းစပ်ဖန်တီးထားသည့် အနာဂတ်မြို့ တည်ဆောက်မှု ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းများပြီးမြောက်ခဲ့ပြီး အကျယ်အဝန်း ၁၇၅ ဧက ခန့်ရှိမည့် ပထမအဆင့်တည်ဆောက်ရေး ပြီးမြောက်မှုနှင့် ပတ်သက်၍ Toyota က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြသခဲ့ပါသည်။
Toyota သည် “Woven City” ဟု အမည်ပေးထားသည့် စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်တွင် Shizuoka ခရိုင် Susono မြို့၌ လုပ်ငန်းစတင်ခဲ့ပါသည်။

အဆိုပါ မြို့ပြဧရိယာသည် နေထိုင်သူများအတွက် ရွေ့လျားသွားလာမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးကိုပြသမည်ဖြစ်သည်ဟု Toyota က ရှင်းလင်း ပြသခဲ့ပြီး အလိုအလျောက်မောင်းနှင်နိုင်သောယာဉ်များအတွက် သီးသန့် လမ်း၊ အခြားသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့်လမ်းနှင့် လူသွားလမ်းများ ပါရှိမည် ဖြစ်ပါသည်။
သယ်ယူပို့ဆောင်ရေးယန္တရားအမျိုးမျိုး၌ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်ဟု Toyota က ပြောပါသည်။
အဆိုပါမြို့တွင် အိမ်တိုင်ရာရောက် ပစ္စည်းပို့သည့်ဝန်ဆောင်မှုနှင့် အမှိုက်သိမ်းယူမှုအတွက် မြေအောက်လမ်းတစ်ခု ထားရှိမည်ဖြစ်ပြီး အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာများနှင့် အလိုအလျောက် လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်များကိုလည်း စမ်းသပ်မည်ဖြစ်သည်။
ကုမ္ပဏီအရာရှိများနှင့် ၎င်းတို့မိသားစုများအပါအဝင် လူ ၃၆၀ ခန့်သည် ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အဆိုပါမြို့ကို စတင်ရွှေ့ပြောင်းမည် ဖြစ်သည်ဟု Toyota က ဆိုထားကာ နောက်ပိုင်း၌ လူ ၂,၀၀၀ ခန့် နေထိုင်နိုင်မည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာတောင်ဘက် ၃ မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့် ဘိန်းခင်း ငါးဧကခန့်နှင့် ပန်မတ်ကျေးရွာတောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်း ငါးဧကခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ဒူဘိုင်းအခြေပြု Cryptocurrency exchange ကုမ္ပဏီကြီးဖြစ်သည့် ByBit က ၎င်းတို့၏ ဝန်ဆောင်မှုစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးပေးနိုင်ရန် အကူအညီပေးသူများအား ဆုငွေအဖြစ် ဒေါ်လာသန်း ၁၄၀ အထိ ပေးအပ်မည်ဟုကြေညာသည်။

ByBit ကုမ္ပဏီသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး Cryptocurrency ခိုးယူမှုဟုယူဆရသည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး ဟက်ကာများသည် နေ့စဉ်ရောင်းဝယ်မှုပြုလုပ်နေသည့် warm wallet ဟုအမည်ပေးထားသည့် ဒစ်ဂျစ်တယ်ငွေကြေးသိုလှောင်မှုစနစ်ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထိန်းချုပ်၍ ယင်းစနစ်မှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ငွေကြေးနှင့်လဲလှယ်နိုင်သည့် ဒစ်ဂျစ်တယ် ငွေကြေးများကို ခိုးယူသွားခြင်းဖြစ်သည်။
ထို့ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရေးအတွက် အကူအညီပေးနိုင်သူအား ခိုးယူခံရသည့်ငွေကြေး၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဆုငွေအဖြစ်ပေးအပ်မည်ဟု ByBit တည်ထောင်သူ ဘန်ကျူက ၎င်းတို့၏ဝက်ဆိုက်၌ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာခြင်းဖြစ်သည်။
ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် ByBit ကုမ္ပဏီအတွက်သင်ခန်းစာဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးစနစ်ကို ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
Ref: Ivt
Source: Myawady Web Portal

လာမည့်ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော် ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင် စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ပြီး နေပြည်တော်မှရန်ကုန်သို့ ဘူတာစဉ် ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။

အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် - မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၃၀ စီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလူစီးတွဲများ ဖြည့်တင်း/ထုတ်လုပ်ခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းအချိန်က ဆင်ဖြူတော် ဘဒ္ဒဝတီ(အမ) (၅၃) နှစ်သည် အစာစားနေစဉ် မူးလဲသွားပြီး ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားခဲ့ပါသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်၊ ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူ အထီး ၂ ကောင်၊ အမ ၅ ကောင်၊ ဆင်မဲ အထီး ၁ ကောင်၊ အမ ၂ ကောင်၊ ပေါင်း ၁၀ ကောင်ရှိသည့်အနက် ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူ(အမ) သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဘဒ္ဒဝတီအား ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာ၌ ပေါ်ထွန်းခဲ့ပြီး နေပြည်တော်သို့ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
ကိုးကား- ပြည်တွင်းသတင်းအရင်းအမြစ်

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလက ဖေဖော်ဝါရီ ၂၂ရက်၊ ညနေ ၄ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၇ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
ကိုးကား- မိုးဇလ