သတင်းများ

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - ကြာသပတေးနေ့, 27-ဖေဖော်ဝါရီလ-2025

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ အရေးယူခံရခြင်းများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA)ထံမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် “လုပ်ငန်းလိုင်စင်ရရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် ရွှေရောင်းဝယ် ရာတွင် မရိုးဖြောင့်သောသဘောဖြင့် အခြားပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့် အလား သဏ္ဍန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုရ” ဟု ပါရှိသည်။ ထို့ကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်(FMGEA)မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် အဆိုပါ အမိန့်ကြော်ငြာစာကို တိကျစွာ လိုက်နာရန် ထပ်ဆင့်အသိပေးထားသည်။ ဈေးကွက်ထဲ၌ ယခင်ကပင် ကြော်ငြာဖြင့်ရောင်းသည့် ဆိုင်များရှိခဲ့ရာ နောက်ပိုင်းကာလများတွင် ကံစမ်းမဲပေးကာ ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ဆိုင်များလည်း တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လျက် ရှိသည်။

“ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး ထုတ်ထားသည့် ညွှန်ကြားချက်များတွင် အဆိုပါ အချက်ပါဝင်ပါကြောင်း၊ ထိုအချက်ကို အသင်းချုပ်က ထပ်ဆင့်ညွှန်ကြားသည့် သဘောဖြစ်ပါကြောင်း၊ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေထုတ်ပြန် နောက်ပိုင်း ရွှေစံချိန်စံညွှန်း၊ ရွှေဈေးနှုန်းနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ ထွက်ထားပါကြောင်း၊ ထိုညွှန်ကြားချက်အရ မရိုးဖြောင့်သည့် သဘောဖြင့် ကံစမ်းမဲပေးခြင်း၊ ဆိုလိုသည်မှာ ဝယ်ယူသူများကို ကံစမ်းမဲများ ပေးသည်။ သို့သော် ရွှေထည်၊ ရွှေဈေးများတွင် ပိုယူပြီး ရောင်းသည့် သဘောမျိုးဖြစ်ပါကြောင်း၊ “မည်သူမဆို ကံစမ်းမဲပေးပြီ ဆိုကတည်းက အမြတ်တင်ပြီးမှ ပြန်ပေးရခြင်းဖြစ်ကြောင်း၊ “ထိုသို့ မပြုလုပ်ရ” ဟု ညွှန်ကြားချက်ထဲမှာ အချက် တစ်ချက်ပါဝင်ပါကြောင်း၊ ထိုအချက်ကို ရွှေဆိုင်များကို သတိပေးသည့်အနေဖြင့် အသင်းချုပ် ကနေ ထပ်ဆင့်ညွှန်ကြားချက် ပြန်ထုတ်သည့် သဘောပါ"ဟု FMGEA မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ လက်ရှိတွင် အဆိုပါအမိန့်စာသည် ဥပဒေတစ်ခုအနေဖြင့် သက်ရောက်ထားသည့်အတွက် အရေးယူမှုများလည်း ရှိလာနိုင်ခြင်းကြောင့် မဖြစ်မနေ လိုက်နာရန် ၎င်းက ဆက်လက်ပြောသည်။ “အဓိကကတော့ မိမိတို့သည် NGO ဖြစ်သည့်အတွက်ကြောင့် အရေးယူ ဆောင်ရွက်သည့်ကိစ္စကို အသင်းချုပ်က ဆောင်ရွက်၍မရပါကြောင်း၊ သို့သော် ဥပဒေတစ်ခု သက်ရောက် ထားသည့်အတွက် မတော်တဆ အရေးယူဆောင်ရွက်မှု ဖြစ်ပေါ်လာပါက ဆိုသည့် အတွေးမျိုးဖြင့် ထပ်ဆင့် ထုတ်ပြန်ပေးခြင်းဖြစ်ပါကြောင်း၊ အရေးယူခြင်း ရှိလာနိုင်သည့်အတွက် ညွှန်ကြားချက် ရှိထားပြီး “မသိလိုက် ပါဘူး” မဖြစ်ရအောင် ပြန်ပြီးညွှန်ကြားခြင်း ဖြစ်ပါကြောင်း၊ တချို့ကျတော့လည်း မိမိအလုပ် မိမိလုပ် နေကြသဖြင့် ညွှန်ကြားချက်ကို လေ့လာကြခြင်း မရှိကြပါကြောင်း” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် နာမည်ကြီး ရွှေဆိုင်အများအပြားသည် အထက်ပါကံစမ်းမဲပေးသည့်အစီအစဥ်ဖြင့် ရွှေရောင်းဝယ်ခြင်း များကို ဆောင်ရွက်လာကြရာ ရွေဆိုင်ငယ်များအပေါ် သက်ရောက်မှုများရှိနေကြောင်း သိရသည်။

“ရွှေဆိုင်ကြီးများက ကံစမ်းမဲပေးပြီး ကျန်မလုပ်နိုင်သည့် ရွှေဆိုင်ငယ်များ အတွက် ကွာဟမှု ဖြစ်ပါကြောင်း၊ ကံစမ်းမဲပေးခြင်းက ရွှေဆိုင်ကြီးများအနေဖြင့် အရောင်းမြှင့်တင်ရေးပိုင်းအတွက်လည်း ပါမည် ဟု ထင်မြင်မိ ပါကြောင်း၊ သို့သော် တချို့ ရွှေဆိုင်ငယ်များ၊ လိုက်မမှီသည့်ဆိုင်များ၊ ပုံမှန်ရောင်းနေသည့် ဆိုင်များအတွက်တော့ သက်ရောက်မှုရှိပါကြောင်း၊ အခုခေတ်ကလည်း ကြော်ငြာအား၊ မီဒီယာအားဖြင့် သွားနေကြပါကြောင်း၊ ကြော်ငြာ ခြင်းကို လက်သင့်ခံပါကြေင်း၊ ကံစမ်းမဲပေးခြင်းကိုတော့ “ကံစမ်းမဲရောင်းသည်” ဟု ထင်မြင်မိပါကြောင်း၊ ရွှေဝယ်သူများကို ထိခိုက်မှုမရှိပါကြောင်း၊ ရွှေကို ဒီတိုင်းဝယ်ယူတာထက် လက်ဆောင်လေးပေးသည့် အတွက် ဝယ်ယူသူများအနေဖြင့် စိတ်ဝင်စားကြပါကြောင်း၊ ကံစမ်းမဲဖောက်လို့ ရွှေဈေးတက်ခြင်းကတော့ ဆက်နွှယ်မှုမရှိပါကြောင်း၊ ရွှေဆိုင်များအနေဖြင့် အဝယ်များအောင် မက်လုံးပေးမည် ဖြစ်ပါကြောင်း” လှသီတာရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုးကား- NP News

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထု ဆက်ဆံရေးအတွက် အစိုးရ ပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့် တည်ခင်းဧည့်ခံ
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - ကြာသပတေးနေ့, 27-ဖေဖော်ဝါရီလ-2025

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြသည့် ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ “အာဆီယံပြန်ကြားရေးကဏ္ဍနှင့် မြန်မာနိုင်ငံတော်မီဒီယာ” Video Clip ကို ဖွင့်လှစ် ပြသသည်။

ပိုမိုခိုင်မာသောလူမှုအသိုင်းအဝိုင်းများ တည်ဆောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အစိုးရ၏ ဆက်သွယ်ညှိနှိုင်း ပြောဆိုရေး ကဏ္ဍတွင် အရည်အသွေးနှင့်ထိရောက်မှုကိုမြှင့်တင်ရန် တူညီသော ကတိကဝတ်များဖြင့် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံ ဒေသအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအားလုံး ယခုနေရာတွင် တစ်စုတစ်ဝေးတည်း ဆုံတွေ့ခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အစိုးရများနှင့် ၎င်းတို့၏ ပြည်သူလူထုကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန်၊ ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ပိုမိုခိုင်မာသော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ပေးရန် ဖြစ်ပါကြောင်း။

အလုပ်ရုံဆွေးနွေးပွဲတွင် အများပြည်သူနှင့် ထိရောက်စွာ ဆက်သွယ်နည်း၊ အကျပ်အတည်းများကို စီမံခန့်ခွဲ နည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်းစွာဖြင့် ထိရောက်စွာ ပေးပို့သည့်နည်းစနစ် များကို လေ့လာသင်ယူသွားကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာများ အနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု များကို မျှဝေပေးသွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများအား ပြောရေးဆိုခွင့်ရှိသူများအဖြစ် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးတွင် အသုံးချနိုင်မည့် အဖိုးတန်သည့် လက်တွေ့လေ့ကျင့်ခန်းများ၊ နည်းစနစ်များစသည် တို့ကို သင်ကြားပြသပေးသွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏ စွမ်းရည် မြှင့်တင်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို သက်သေပြလျက်ရှိပါကြောင်း။

လူထုနှင့်ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်

ဆက်သွယ်ညှိနှိုင်းပြောဆိုမှုအခန်းကဏ္ဍသည် သတင်းအချက်အလက်များကို မျှဝေရုံအတွက်သာမက ပိုမို သာလွန်သည့် အပြန်အလှန်ဆွေးနွေးမှု၊ စာနာမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် အခြေခံ အုတ်မြစ်ပင် ဖြစ်ပါကြောင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အသိပညာနှင့် အတွေ့အကြုံများကို ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို မွေးမြူခြင်းဖြင့် နိုင်ငံတော်အစိုးရအသီးသီးသည် လူထုနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်မှုစွမ်းရည်ကို အားကောင်းလာစေနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် သင်တန်း နည်းပြများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အကအလှများဖြင့် ဖျော်ဖြေတင်ဆက်

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက အာဆီယံနိုင်ငံများအလိုက် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ဖော်ကျူးရေး စပ်ထားသည့် တေးသီချင်းနှင့်တွဲဖက်၍ အက အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာ Mr.V Cyril Demitrius Pereira တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များကို ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့သည်။

လေ့လာကြည့်ရှု

မွန်းလွဲပိုင်းကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာပြတိုက်သို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရှားပါး မြန်မာ့ တွင်းထွက်ရတနာများ၊ အခြားအဖိုးတန်ကျောက်မျက်ရတနာများနှင့် ပြခန်းအောက်ထပ်ရှိ ကျောက်မျက်ရတနာ အရောင်းဆိုင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

ကိုးကား-MOI

Tulsi Gabbard က CNN သည် သစ္စာမဲ့သူများ၏ ဝါဒဖြန့်ယန္တရား ဟု စွပ်စွဲ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ကြာသပတေးနေ့, 27-ဖေဖော်ဝါရီလ-2025

အမေရိကန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) အဖြစ် မကြာသေးမီက အတည်ပြုခန့်အပ်ခံရသူ Tulsi Gabbard က CNN အား အလုပ်မှလျှော့ချထုတ်ပယ်ခံခဲ့ရသည့် ထောက်လှမ်းရေး အရာရှိ များ၏ “ဝါဒဖြန့်ယန္တရား” အဖြစ်လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့ပြီး၊ အဆိုပါ အရာရှိများ၏ တုန့်ပြန်မှုဆိုင်ရာ အစီရင်ခံစာအား သမ္မတ Donald Trump အစိုးရအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်”ဟု ဆိုသည်။

Trump ၏ ဖက်ဒရယ်အစိုးရအဖွဲ့အစည်းအား လျှော့ချပြင်ဆင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် (CIA) မှ ဝန်ထမ်းအချို့အား ကြိုတင်လစာ များ ထုတ်ပေးကာ တာဝန်မှ အနားပေးခဲ့သည်။ CNN က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ CIA အကြီးတန်း အရာရှိ အချို့သည် ထုတ်ပယ်ခံရသူများ၏ မကျေနပ်မှုများကို တုန့်ပြန်မှုအဖြစ် လှုံ့ဆော်ဖန်တီးကာ ၎င်းတို့သိရှိထားသည့် အချက်အလက်များကို အခြား နိုင်ငံများ၏ထောက်လှမ်းရေးဌာနသို့ ပေးပို့နိုင်သည့် အန္တရာယ်ရှိကြောင်း “တိတ်တဆိတ် ဆွေးနွေးနေကြသည်” ဟု ဖော်ပြခဲ့သည်။

CIA ဝန်ထမ်းဟောင်းများသည် ထိုသို့သွယ်ဝိုက်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း အားဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့်နည်းလမ်းများကို ထုတ်ဖော်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့ရံဖန်ရံခါ အသုံးပြုခဲ့သည့် ဝါဒဖြန့်ယန္တရား CNN ကို အသုံးပြုပြီး ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများကို ထုတ်ဖော်နေသည်ဟု Tulsi Gabbard က ဆက်လက်ပြောကြားခဲ့သည်။ “CIA ဝန်ထမ်းဟောင်းများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ပြည်သူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိရန် အထူးလိုအပ်သည်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသား
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ကြာသပတေးနေ့, 27-ဖေဖော်ဝါရီလ-2025

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ရိုးရှင်းသော တွက်ချက်မှုများပြုလုပ်ရန် သို့မဟုတ် အချက်အလက်ရှာဖွေရန်အတွက် များသောအားဖြင့် အသုံးပြု သည့် စက္ကူ၊ ကတ်ထူပြား သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လက်ကိုင်ကိရိယာဖြစ်သည့် ဆလိုက်ဇယားများကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂရင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။

Harrisburg မြို့တွင်နေထိုင်သည့် ဒေးလ်ရူပတ်ဆိုသည့် အမျိုးသားသည် (၂၀၀၂) ခုနှစ်တွင် စတိုးဆိုင်တစ်ခုသို့ သွားရောက်ပြီး ဆလိုက်ဇယား များကို တွေ့ရှိခဲ့ပြီးနောက် စုဆောင်းမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး ဆလိုက်ဇယားစုဆောင်းမှုတွင် အလားတူပုံစံတူများ၊ ဘီးဇယားများလည်း ပါဝင်ပြီး လက်ရှိအချိန်တွင် အခုရေ (၃၁၁၇)ထိ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေးလ်ရူပတ်သည် ရေတွက်ရန်အတွက် အရည်အချင်းပြည့်မှီသော ဆလိုက်ဇယား(၁၁၁၁)ခုကို စုဆောင်းနိုင်ခဲ့မှုအတွက် ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂရင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား - NP news

ငွေကြေးခဝါချမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးမှုများမှရရှိသော ငွေကြေးပစ္စည်းများကို အများဆုံးတွေ့နေရ
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - ကြာသပတေးနေ့, 27-ဖေဖော်ဝါရီလ-2025

ငွေကြေးခဝါချသည့်အမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးအမှုများမှ ရရှိသော ငွေကြေးနှင့်ပစ္စည်းများကို အများဆုံးတွေ့ရှိနေရကြောင်း လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက်များအရ သိရသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄- ၂၀၂၈) တွင်လည်း အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားသည်။ ငွေ‌ကြေးခဝါချမှုများတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေကြောင်းလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဆိုသည်။

အဆိုပါငွေကြေးခဝါချမှုတွင် အခွန်နှင့်အခွန်ဆိုင်ရာပြစ်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသောပြစ်မှုများ၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများသည် အများဆုံးဖြစ်ကြောင်း ဗဟိုအဖွဲ့က အသိပေးထားသည်။

“တရားဝင် မဟုတ်သည့် ငွေဆိုသည်မှာ နိုင်ငံတော်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း အခွန် အခ မပေးဆောင်ဘဲ ရလမ်းမဖော်ပြနိုင်သည့် ငွေအားလုံးကို ငွေမည်းဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ ပထမ တစ်ချက် လာဘ်ပေးလာဘ်ယူမှုကြောင့်လည်း ရနိုင်ခြင်း၊ လုပ်ငန်းအာဏာရှိသည့်လူတစ်ယောက်အနေဖြင့် လုပ်ခလစာ အပြင်လုပ်ပိုင်ခွင့်ကို တခြားလူတစ်ယောက်က ရလိုမှုကြောင့် လာဘ်ပေးလာဘ်ယူလုပ်သဖြင့် ၎င်းတွင် တရားဝင်မဟုတ်သည့် ငွေများရှိလာကြောင်း၊ ထို့ကြောင့် အာဏာရှိသည့် ပုဂ္ဂိုလ်တော်တော်များများသည် ကုမ္ပဏီကြီးများလည်း ပေါ်လာနိုင်ခြင်းဖြစ်ကြောင်း” ရခိုင့်ဦးဆောင် ပါတီဥက္ကဋ္ဌ ‌ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ မသမာသူများသည် အခွန်ဆိုင်ရာတိမ်းရှောင်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများမှ ရရှိငွေသည့် ငွေကြေးများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများမှ ရရှိသည့်ငွေများဖြင့် အိမ်ခြံမြေ လုပ်ငန်း၊ စီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ ငွေကြေးခဝါချနိုင်သကဲ့သို့ တန်ဖိုးကြီးပစ္စည်းများဝယ်ယူခြင်းဖြင့်လည်း ငွေ‌ကြေးခဝါချမှုများ ရှိနေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံအခြေအနေ မတည်ငြိမ်မှုကို အသုံးချကာ မူးယစ်ဆေးဝါရောင်းဝယ်ဖောက်ကားမှုများကို ပိုမိုပြုလုပ်နေလျက်ရှိကြောင်း သုံးသပ်နေကြသည်။

“မူးယစ် ဆေးဝါးဆိုတာက ရလမ်းမဖော်ပြနိုင်သည့် ငွေအနေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း၊ အဓိကတော့ စားသုံးသူရှိသည့်နေရာကို ထုတ်လုပ်သည့်နေရာကနေ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလမ်း‌ကြောင်း တစ်လျှောက်မှာ ငွေမည်းတွေပေါ်လာကြောင်း၊ အဆိုပါငွေမည်းများကို ဘယ်လိုငွေဖြူ လုပ်နိုင်သလဲ ဆိုပါက ရေရှည်ရင်းနှီးမြှုပ်နှံနိုင်သည့်ဈေးကွက်များ ရှာကြကြောင်း၊ မြေယာကိုစဉ်းစားကြကြောင်း၊ ထို့နောက် တိုက်တာ အိုးအိမ်၊ စီမံကိန်းများကို စဉ်းစားကြကြောင်း၊ တစ်နည်းအားဖြင့် ထိုငွေမည်းကို ငွေဖြူပြန်လုပ်ကြခြင်း ဖြစ်ကြောင်း” ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်သည်။          
လုပ်ငန်းရှင်ဖြစ်စေ၊ အာဏာရှိသူဖြစ်စေ သာမန်မဟုတ်သည့် ကြီးပွားချမ်းသာမှုမျိုးကို စိစစ်သွားရန် လိုအပ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ ပြီးခဲ့သောကာလများတွင် နိုင်ငံအတွင်း၌ ငွေကျပ်ဘီလီယံနှင့် ချီကာ တန်ဖိုး‌ရှိသော မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုဖြစ်စဉ်များကို မကြာခဏဆိုသကဲ့သို့ တွေ့ရှိခဲ့ရသည်။ ထို့ပြင် အစိုးရမဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့သည်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေလျက်ရှိကြောင်း စွပ်စွဲခံနေရသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၁၁၆၃ ဘီလီယံ အမေရိကန် ဒေါ်လာအားဖြင့် ၃၄၉ သန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံကို လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဘက်က မီးရှို့ဖျက်ဆီးခဲ့သည်။

ကိုရီးယားအဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ လေးဦး‌သေဆုံး
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ဗုဒ္ဓဟူးနေ့, 26-ဖေဖော်ဝါရီလ-2025

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် အင်္ဂါနေ့က ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်း ‌သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အရာရှိများက ပြောကြားသည်။

ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာရှိ Anseong အရပ်တွင် နံနက် ၉:၄၉ နာရီက အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးပြေးလမ်း တံတားကို ထောက်ကူသည့် မီတာ ၅၀ အရှည် ကွန်ကရစ်အဆောက်အအုံ ငါးခုကို ကရိန်းဖြင့် တစ်ခုပြီးတစ်ခု နေရာချနေစဉ် ပြိုကျမှုဖြစ်ခဲ့ခြင်းဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

ဖြစ်စဉ်တွင် တရုတ်နိုင်ငံသား နှစ်ဦး အပါအဝင် လူလေးဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူ ခြောက်ဦးတွင် ငါးဦးသည် စိုးရိမ်ရကြောင်းနှင့် ယင်းငါးဦးတွင်လည်း တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း Anseong မီးသတ်ဌာန အရာရှိ ကိုကျွန်းမန်က ပြောဆိုသည်။

၎င်းတို့သည် တံတားပေါ်တွင် ကုန်းပတ်တပ်ဆင်နေကြသူများဖြစ်ပြီး တံတားပြိုကျခဲ့ချိန်တွင် ကုန်းပတ်ပေါ်ရှိ ၁၀ ယောက်လုံးသည် နှစ်ဖက်စလုံးမှ ပြုတ်ကျခဲ့ကြကြောင်း ကို က ရုပ်သံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

‌သေဆုံးခဲ့သူ လေးဦးတွင် အခြားနှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုသည်။

နောက်ထပ်ပြိုကျမှုများ ထပ်မဖြစ်စေရေးနှင့် ပျောက်ဆုံးနေဖွယ်ရှိသူများကို ရှာဖွေရန်အတွက် ဝန်ထမ်းနှင့် အရင်းအမြစ်အားလုံးကို အသုံးပြုရန် ယာယီသမ္မတ Choi Sang-mok က တိုက်တွန်းခဲ့သည်။        
 
ရှာဖွေ ကယ်ဆယ်မှုများလုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ် သုံးစီးနှင့် မီးသတ်ဝန်ထမ်း ၁၅၀ နီးပါး ပေးပို့ထားကြောင်း နိုင်ငံတော်မီးသတ်ဌာနက ပြောကြားခဲ့သကဲ့သို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း အခင်းဖြစ်နေရာသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။

Source: Popular Myanmar

လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက အပြီးသတ် တိုက်ဖျက်မည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ဗုဒ္ဓဟူးနေ့, 26-ဖေဖော်ဝါရီလ-2025

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ဖျက်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်  ဆိုးရွားသည့် လေထုညစ်ညမ်းခြင်းကို အဆုံးသတ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို အပြီးသတ်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ကြိုးပမ်းရာတွင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊  ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ လေထု၏ အရည်အသွေးကို တိုးမြှင့်နိုင်ရေးနှင့်   ကြိုတင်သတိပေးစနစ်များ အသုံးပြုနိုင်ရေးတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကို  အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ညစ်ညမ်းစေသည့် ဓာတ်ငွေ့များနှင့် အရာဝတ္ထုများကို ထုတ်လွှတ်ခြင်းဖြစ်သည်။ အဆိုပါညစ်ညမ်းမှုများတွင် ခန့်မှန်းခြေအားဖြင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းနှင့် အငွေ့ပြန်လွယ်သည့် အော်ဂဲနစ်ကွန်ပေါင်းများ၏ ၂၄ ရာခိုင်နှုန်းပါဝင်လျက်ရှိသည်။

တရုတ်အစိုးရသည် လေထုညစ်ညမ်းမှုကို  တိုက်ဖျက်ရန်အတွက်  ကမ္ဘာ့အကောင်းဆုံး လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး  လုပ်ဆောင်မှုများနှင့် ကိုက်ညီမှုရှိသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုဆိုင်ရာ သတ်မှတ်ချက်အသစ်များကို   ထုတ်ပြန်ရန်စီစဉ်လျက်ရှိသည်။

ထို့ပြင်  တရုတ်နိုင်ငံအနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်သည့် စွမ်းအင် အရင်းအမြစ်များကို အသုံးပြုသည့် မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများကို လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး စက်မှုဇုန်များတွင်  တိုးမြှင့် အသုံးပြုမည်ဖြစ်သည်။

Source: Myawady Web Portal

လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့် ခရီးသည်တင် လေယာဉ်အား ဗြိတိန်ကုမ္ပဏီ တစ်ခုက ပြန်လည်ရှာဖွေမည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ဗုဒ္ဓဟူးနေ့, 26-ဖေဖော်ဝါရီလ-2025

ဗြိတိန်နိုင်ငံမှ ရှာဖွေရေး ကုမ္ပဏီတစ်ခုသည် လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်က ပျောက်ဆုံးသွားသည့်    မလေးရှားလေကြောင်းလိုင်းပိုင်  လေယာဉ်တစ်စင်းအား   ပြန်လည်ရှာဖွေခြင်း လုပ်ငန်းကို စတင်ခဲ့ပြီဖြစ်ကြောင်း     မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး  အန်တိုနီလုတ်က   ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။

ခရီးသည် ၂၃၉ ဦးကို တင်ဆောင်လာသည့် အဆိုပါ MH370 ခရီးသည်တင် လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းလာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းလေယာဉ်အား ဗြိတိန်နိုင်ငံမှ Ocean Infinity ကုမ္ပဏီက အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည်ရှာဖွေခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါကုမ္ပဏီက မည်သည့်အချိန်မှစ၍ လေယာဉ်ရှာဖွေမှုကိုပြန်လည် လုပ်ဆောင်ခဲ့သည်ကို  အန်တိုနီလုတ်က အတိအကျထုတ်ပြန်ခဲ့ခြင်းမရှိပေ။ လက်ရှိတွင် Ocean Infinity ကုမ္ပဏီသည် ဩစတြေးလျနိုင်ငံ ပါ့ကမ်းလွန်မှ ကီလိုမီတာ ၁၅၀၀ အကွာရှိ အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ရှာဖွေမှုကို ပြန်လည်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

ယခုတစ်ကြိမ်ပြန်လည် လုပ်ဆောင်သည့် ရှာဖွေမှုတွင် လေကြောင်းကျွမ်းကျင်သူများက  ရှာဖွေဖော်ထုတ်ထားသည့် အဓိကနေရာလေးခုတွင်  ရေနက်ပိုင်း ထောက်ပံ့ရေးသင်္ဘောနှင့် ရေအောက်သွား မောင်းသူမဲ့ယာဉ်များကို အသုံးပြု၍ ဦးစားပေး ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

MH370 ခရီးသည်တင်လေယာဉ်သည် မလေးရှားမှ တရုတ်နိုင်ငံသို့ ပျံသန်းလာစဉ် ထူးဆန်းစွာ  ပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် လေကြောင်း ထိန်းချုပ်မှု ချွတ်ယွင်းချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပျောက်ဆုံးနေသည့်   ခရီးသည်တင် လေယာဉ်အား   ပြန်လည်တွေ့ရှိပါက Ocean   Infinity  ကုမ္ပဏီအနေဖြင့် ဒေါ်လာသန်း ၇၀ လက်ခံရရှိမည်ဖြစ်ပြီး လေယာဉ်အား ပြန်လည်ရှာဖွေနိုင်ခြင်း မရှိပါက  မလေးရှားနိုင်ငံက မည်သည့် ငွေကြေးပေးချေမှုကိုမျှ လုပ်ဆောင်ရန် မလိုအပ်ကြောင်း သိရသည်။

DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - ဗုဒ္ဓဟူးနေ့, 26-ဖေဖော်ဝါရီလ-2025

DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့် လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထား သည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့လယ် ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲ စီးနင်းနိုင်ကာ ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ကိုးကား - NP News

၂၀၁၄ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် Malaysia Airlines လေယာဉ်ကို ရှာဖွေမှု ပြန်လည်စတင်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ဗုဒ္ဓဟူးနေ့, 26-ဖေဖော်ဝါရီလ-2025

လွန်ခဲ့သော ၁၁ နှစ်က ပျောက်ဆုံးသွားခဲ့သော လူ ၂၃၉ ဦး လိုက်ပါလာသည့် Malaysia Airlines မှ လေယာဉ်တစ်စင်းကို ရှာဖွေမှု ပြန်လည် စတင်ခဲ့သည်ဟု မလေးရှား သတင်းဌာနတစ်ခု၌ ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မလေးရှားမှ တရုတ် နိုင်ငံသို့ ပျံသန်းနေသည့် MH370 ခရီးစဉ်အတွင်း တောင်တရုတ် ပင်လယ်ပေါ်၌ ရေဒါမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

မလေးရှားနှင့် အခြားနိုင်ငံများက ၎င်းလေယာဉ်၏ အစိတ်အပိုင်း အချို့ ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း လေယာဉ်၏ နောက်ဆုံးအခြေအနေကို မည်သူမျှမဖော်ထုတ်နိုင်သေးဘဲ အဆိုပါဖြစ်ရပ်ကို လေကြောင်းပျံသန်းရေး သမိုင်း၌ အကြီးမားဆုံး လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ရှုမြင်လျက်ရှိကြသည်။

ပင်လယ်အတွင်း စူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity က အိန္ဒိယသမုဒ္ဒရာအတွင်း ယခင်က မအောင်မြင်ခဲ့သော ရှာဖွေရေးကြိုးပမ်းမှုများကို တကျော့ပြန်စတင်ခဲ့ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ပြောကြားခဲ့ပါတယ်။

မလေးရှားအစိုးရသည် ဒီဇင်ဘာလတွင် ၎င်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် အခြေခံသဘောတူညီချက်အရ ရှာဖွေရေးလုပ်ငန်းစဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအတွင်း စတုရန်းကီလိုမီတာ ၁၅,၀၀၀ ခန့် ဧရိယာ သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ဆိုသည်။

အဆိုပါရှာဖွေရေးလုပ်ငန်းစဉ်သည် ခရီးစဉ်၌လိုက်ပါခဲ့သည့် ခရီးသည်များ၏ မိသားစုများအတွက်သာမက လေကြောင်းပျံသန်းရေး လုပ်ငန်းတစ်ခုလုံးအတွက်ပါ အဖြေအချို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂