သတင်းများ

ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသအများအပြားတွင် မီးအသုံးပြုမှုတားမြစ်ချက်များထုတ်ပြန်

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၇ ရက်က အပူလှိုင်းဖြတ်သန်းမှုကြောင့်  အာဏာပိုင်အဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင်    မီးအသုံးပြုမှုနှင့်စပ်လျဉ်း၍တားမြစ်ချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။

အပူလှိုင်းဖြတ်သန်းမှုဖြစ်ပွားစဉ် ဗစ်တိုးရီးယားပြည်နယ်ရှိ မဲလ်ဘုန်းမြို့တွင်အပူချိန်သည် ၄၁ ဒီဂရီအထိမြင့်တက်လာနိုင်ကြောင်း  မိုးလေဝသဌာနက  ခန့်မှန်းထားသည်။ အဆိုပါအပူချိန်သည် မဲလ်ဘုန်းမြို့၏    ဇန်နဝါရီလအတွင်း  အမြင့်ဆုံးအပူချိန်ထက် ၁၄ ဒီဂရီမြင့်တက်လျက်ရှိသည်။

ရာသီဥတုပူပြင်းမှုနှင့်လေပြင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင်   တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာနိုင်သောကြောင့် အာဏာပိုင် အဖွဲ့က   ပြည်နယ်အတွင်းရှိ ဒေသ   ၅ ခုအတွင်း၌   အန္တရာယ်ဇုန်နှင့် အန္တရာယ်ဒုတိယအများဆုံးကျရောက်နိုင်သောဇုန်ဟူ၍  ဇန်နဝါရီလ ၂၇ ရက်တွင်  ခွဲခြားသတ်မှတ်ထားကြောင်း မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ   ဒင်းနာရာမောကပြောသည်။

နိုင်ငံအတွင်းရှိ   အခြားပြည်နယ်များဖြစ်သည့် နယူးဆောက်ဝေး၊ ကွင်းစလန်း၊ မြောက်ပိုင်းနယ်မြေနှင့် နိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းများရှိ ပြည်နယ်များတွင်လည်း  အာဏာပိုင်အဖွဲ့ကအပူလှိုင်းဖြတ်သန်းမှုကြောင့် သတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ၎င်းပြည်နယ်များအနက်နယူးဆောက်ဝေးပြည်နယ်သည်   လူနေအထူထပ်ဆုံးသောပြည်နယ်ဖြစ်ပြီး ဇန်နဝါရီလ၂၇ ရက်တွင် အပူလှိုင်းဆိုးရွားစွာဖြတ်သန်းမှုနည်းပါးသော်လည်း ဇန်နဝါရီလ ၂၈ ရက်တွင်  အပူချိန်ပိုမိုမြင့်တက်လာနိုင်ကြောင်းသိရသည်။

Source: Myawady Web Portal

Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

ဂျပန်ကားပညာကုမ္ပဏီကြီးတစ်ခုက ဖန်တီးတည်ဆောက်လျက်ရှိသည့်  ကမ္ဘာ့ပထမဆုံးသော အနာဂတ်မြို့ကြီးသည် မကြာမီကာလအတွင်း မြို့အတွင်းနေထိုင်မည့်သူများကို   လက်ခံတော့မည်ဖြစ်သည်။

Woven City ဟု အမည်ပေးထားသည့် အဆိုပါအနာဂတ်မြို့ကြီးကို တိုယိုတာကားကုမ္ပဏီက ဖူဂျီတောင်ခြေတွင် ၂၀၂၁ ခုနှစ်မှစ၍    တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းမြို့တွင်  ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အခြားနည်းပညာကိုအသုံးပြု၍ တည်ဆောက်ထားသည့် စမတ်နေအိမ် အနည်းဆုံး ၁၁ လုံးပါဝင်မည်ဖြစ်သည်။

မြို့ကြီးအတွက်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များကိုအသုံးပြု၍  ထုတ်လုပ်မည်ဖြစ်သည်။

ဒေါ်လာ ၁၀ ဘီလီယံ  ကုန်ကျမည့်အဆိုပါစီမံကိန်းသည် အနာဂတ်နည်းပညာများကို ထုတ်ဖော်ရာတွင် ဓာတ်ခွဲခန်းတစ်ခုကဲ့သို့လည်း  အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုနှစ် ဆောင်းဦးရာသီမှစ၍  အဆိုပါအနာဂတ်မြို့တွင်  လူ ၁၀၀  ခန့်စတင်နေထိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ တိုယိုတာကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သည်။

နောက်ပိုင်းတွင် မြို့အတွင်းနေထိုင်မည့် လူဦးရေကို ၂၂၀၀ ဦးအထိတိုးမြှင့်မည်ဖြစ်ပြီး  ၎င်းတို့အနက် အထူးသဖြင့် သိပ္ပံပညာဆန်းသစ်တီထွင်သူများနှင့်၎င်းတို့၏  မိသားစုဝင်များ၊   အိမ်မွေးတိရစ္ဆာန်များလည်းပါဝင်မည်ဖြစ်သည်။

မြို့အတွင်းနေထိုင်သူများအနေဖြင့် ညအချိန်သွားလာရာတွင်   ဘေးကင်းစေရန်အတွက် အစောင့်အရှောက်အဖြစ် ဒရုန်းများက    လိုက်ပါပေးမည့်အပြင် သက်ကြီးရွယ်အိုများအား အကူအညီပေးရန်အတွက် အိမ်မွေးတိရစ္ဆာန်ပုံသဏ္ဌာန်ဖန်တီးထုတ်လုပ်ထားသည့် စက်ရုပ်များ လည်းပါဝင်မည်ဖြစ်ပြီး  အလိုအလျောက်မောင်းနှင်သည့်   နည်းပညာကိုလည်း ထည့်သွင်းပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

တိုယိုတာကုမ္ပဏီသည်   ယင်းမြို့အတွင်း၌    အလိုအလျောက်စနစ်ဖြင့် မောင်းနှင်နိုင်မည့် ပြိုင်ကားတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိသည်။ Woven City   စီမံကိန်းသည်  ယခုအခါတည်ဆောက်မှုအဆင့် ၂ သို့ ဝင်ရောက်လာပြီဖြစ်သည်။     

ကီလိုမီတာ ၆၀၀၀ ကျော်အကွာအဝေးကို လန်ချားဆွဲပြီး  ခြေကျင်ခရီးသွားခြင်းကို ဂျပန်အမျိုးသား အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့

ကိတ်တောင်း၊ ခရီးသွားလာမှု

ဂျပန်အမျိုးသားတစ်ဦးသည် ကီလိုမီတာ ၆၀၀၀ကျော်သည့် အကွာအဝေးကို လန်ချားဆွဲပြီး ခြေကျင်ခရီးသွားခြင်းကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြောင်းသိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ယူဂျီဂမ့်ဆူဇူကီးသည် ကင်ညာနိုင်ငံမှ တောင်အာဖရိကနိုင်ငံအထိ ကီလိုမီတာ ၆၀၀၀ ကျော်ကွာဝေးသည့် အကွာအဝေးကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံရှိ ကိတ်တောင်းမြို့သို့ ဇန်နဝါရီလ ၂၆ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

ဆူဇူကီးသည်  ခြေကျင်သွား၍ လန်ချားဆွဲမည့်ခရီးစဉ်ကို ပြီးခဲ့သည့်နှစ်  ဇူလိုင်လအတွင်းက  ကင်ညာနိုင်ငံနိုင်ရိုဘီမြို့တော်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတစ်လျှောက်တွင် ၎င်းသည် တန်ဇန်းနီးယား၊ ဇမ်ဘီယာ၊ဘော့စဝါနာနှင့် နမ်မီးဘီးယားနိုင်ငံတို့ကို ဖြတ်ကျော်ခဲ့ရသည်။ မိမိသည် ခရီးသွားလာခြင်းကိုနှစ်သက်သူဖြစ်ပြီး ခရီးသွားခြင်းကို  ၉ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ မိမိအားအားပေးထောက်ခံသူများက ပေးအပ်သည့်အားပေးမှုစွမ်းအားကြောင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆူဇူကီးက ပြောသည်။

ဆူဇူကီးသည် အဆိုပါလန်ချားဖြင့် တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်၊ ဥရောပဒေသအတွင်း၌ ကီလိုမီတာ ၂၅၀၀ ရှိသည့် ခရီးစဉ်နှင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင်လည်း ကီလိုမီတာ ၅၁၀၀ ကျော်ရှိသည့် ခရီးစဉ်များကိုသွားရောက်ပြီးဖြစ်ကြောင်း သိရသည်။   

တောင်ကိုရီးယားနိုင်ငံတွင် ဆီးနှင်းများကျဆင်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနိုင်

ဆိုးလ်    ဇန်နဝါရီ ၂၇

တောင်ကိုရီးယားနိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းလျက်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနိုင်ပြီး ခရီးသွားလာရာတွင် အန္တရာယ်မကျရောက်စေရေး သတိထားသွားလာကြရန် ကိုရီးယားမိုးလေဝသဌာနက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် တစ်နာရီလျှင် ၃ စင်တီမီတာမှ ၅ စင်တီမီတာထိ ဆီးနှင်းထူထပ်စွာကျဆင်းခြင်းများဖြစ်ပေါ်နိုင်သဖြင့် တရုတ်နှစ်သစ်ကူးအားလပ်ရက်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အထူးသဖြင့် မြို့ပြုနယ်နိမိတ်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်း ကိုရီးယားမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆီးနှင်းထူထပ်စွာကျဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြင်နိုင်စွမ်းကျဆင်းနိုင်သဖြင့် ယာဉ်မောင်းများအနေဖြင့် မော်တော်ယာဉ်များကို နှင်းထုအတွင်း မောင်းနှင်ရာတွင် လိုအပ်သောပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်း၊ လေကြောင်းသွားလာမှုများ အခက်အခဲဖြစ်ပေါ်နိုင်သဖြင့် လေကြောင်းဆိုင်ရာ အချက်အလက်များကို ကြိုတင်စစ်ဆေးကြရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှင်းထူထပ်စွာ ကျဆင်းမှုဖြစ်ပေါ်ရခြင်းမှာ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လေထုစိုထိုင်းစအခြေအနေနှင့် ပင်လယ်သမုဒ္ဒရာအပူချိန်ပြောင်းလဲမှုတို့ကြောင့် အဆိုပါအခြေအနေဖြစ်ပွားရခြင်းဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: ရတနာပုံသတင်းစာ

ဒူဘိုင်းရှိ အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်တိုက်မိုးနှစ်ခုကြား ရေကူးကန်ဖြင့် ဆက်သွယ်မည်

ခေတ်မီဆန်းပြားပြီး ဗိသုကာမြောက် မိုးမျှော်အဆောက်အအုံများတည်ရှိရာ ဒူဘိုင်းတွင်   အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်အဆောက်အအုံညီနောင်သစ်၏ ခေါင်မိုးထပ်နှစ်ခုကို   ရေကူးကန်ဖြင့် ဆက်သွယ်ထားသည့် ဒီဇိုင်းတည်ဆောက်လျက်ရှိပါသည်။ ထိုရေကူးကန်ကို “ကောင်းကင်ရေကူးကန်” ဟု အမည်ပေးထားပြီး ၄၃ ပေ ရှည်လျားပါသည်။ 

အဆိုပါရေကူးကန်ကို အများပြည်သူများ ရေကူးအသုံးပြုရန် ခွင့်ပြုမည်မဟုတ်ဘဲ အံ့ဖွယ် ဗိသုကာလက်ရာတစ်ခုအဖြစ် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီး မိုးမျှော်အဆောက်အအုံညီနောင်ကို ၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကာ စုစုပေါင်းခန့်မှန်း ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိမည်ဖြစ်ပါသည်။

ကိုးကား-CNN

တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနှင့်ချီ နေရပ်ပြန်ကြသည့်အတွက် ယခုနှစ်သည် ကမ္ဘာပေါ်တွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့

နွေဦးရာသီပွဲတော် သို့မဟုတ် နှစ်သစ်ကူးပွဲတော်ကာလအတွင်း ခရီးသွားပြည်သူ ဘီလီယံနှင့်ချီ၍ ရက်ပေါင်း ၄၀ ကြာ ခရီးသွားလာကြမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသည် စီးပွားရေးကျဆင်းမှုအခြေအနေကို ရင်ဆိုင်နေရသဖြင့် ယခုလို ခရီးသွားရာသီ (Chunyun) အတွင်း တရုတ်နိုင်ငံစီးပွားရေးကို မြှင့်တင်ရန် မျှော်လင့်ထားသည်။ Chunyun သည် တရုတ်နှစ်သစ်ကူး ပထမ နေ့ မတိုင်မီ ၁၅ ရက်အလိုတွင် စတင်လေ့ရှိသည်။

ဇန်နဝါရီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအား ကျင်းပရန် နိုင်ငံတစ်ဝှမ်းရှိ တရုတ်နိုင်ငံသား သန်းနှင့်ချီ နေရပ်ပြန်ခြင်းနှင့် ခရီးသွားလာကြခြင်းဖြစ်သည်။

ခရီးသွားရာသီကာလဖြစ်၍ ရှန်ဟိုင်းမြို့၏ အစည်ကားဆုံးနှင့် သယ်ယူပို့ဆောင်ရေးအချက်အချာနေရာဖြစ်သည့် Hongqiao မီးရထားဘူတာရုံရှိ ခရီးသည်အရေအတွက် စုစုပေါင်းသည် တရုတ်နိုင်ငံနှစ်စဉ် ခရီးသွားလာမှုနှုန်း၏ နှစ်ဆအထိ မြင့်တက်ခဲ့သည်။ 

ယခုနှစ်သည် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း ခရီးသွားလာမှုအများဆုံးဖြစ်ပြီး နေရပ်ပြန်သူများနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများက အစိုးရရုံးပိတ်ရက်ရှည် ၈ ရက်တာကို ကောင်းစွာ အသုံးချရန် မျှော်လင့်ထားကြသည်။

ယခုနှစ်အတွင်း ပြည်တွင်းခရီးသွားလာမှုအကြိမ်အရေအတွက် ၉ ဘီလီယံအထိ စံချိန်တင်ရောက်ရှိလာမည်ဟု တရုတ်အာဏာပိုင်များက ခန့်မှန်းထားသည်။

ကိုးကား-CNA

တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်း ChatGPTထက်ကျော်တက်

တရုတ်နိုင်ငံထုတ် ဥာဏ်ရည်တု (AI) အက်ပလီကေးရှင်း DeepSeek သည် ChatGPT နှင့် အခြားအက်ပလီကေးရှင်းများကို ကျော်တက်ပြီးအမေရိကန်၊ ယူကေနှင့် တရုတ်တို့တွင် Apple ၏ App Store ၌ လူကြိုက်များသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါသည်။

စတင်မိတ်ဆက်ခဲ့သည့် ဇန်နဝါရီလမှစတင်၍ Deep Seek သည် လူသုံးများလာခဲ့ပြီး AI ကမ္ဘာတွင် အမေရိကန်ကသာ ထိပ်တန်းဖြစ်သည်ဆိုသော အချက်ကို စိန်ခေါ် နိုင်ခဲ့ပါသည်။

ထို app သည်DeepSeek-V3 model ဖြစ်ပြီး ဒေါ်လာ 6 သန်းအောက်သာ တန်ဖိုးကျသင့်သောကြောင့် ပြိုင်ဖက် app များထက် သိသိသာသာ ဈေးချိုသည်ဟု သိရှိရပါသည်။

ကိုးကား -BBC

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

ပြုံယမ်း   ဇန်နဝါရီ ၂၆

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၂၆ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

အမေရိကန်သမ္မတအဖြစ် ထရမ့်စတင်တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ရေငုပ်သင်္ဘောပေါ်မှ ၎င်းတာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာ ရိုဒန်ဆန်မန်က ယနေ့သတင်းဖော်ပြခဲ့သည်။ ၎င်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၅၀၀ အထိ ရောက်ရှိခဲ့ပြီး ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ပုံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံအတွင်း စစ်မက်အန္တရာယ်ကြုံတွေ့လာသည့်အချိန်တွင် ကာကွယ်ရန်အတွက် တပ်ဖွဲ့များ၏ စွမ်းရည်ကို မြှင့်တင်ထားကြောင်း ကင်က ပြောကြားသည်။ ယခုဆောင်ရွက်သည့် ဒုံးကျည်ပစ်ခတ်မှုသည် အမျိုးသားကာကွယ်ရေးအစီအမံအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ယခုလအတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအား ရှုတ်ချကြောင်းနှင့် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တွန်းလှန်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

ဆက်စပ်သတင်း- https://sacministry.gov.mm/my/node/1992/

အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက X အမှတ်အသားပါသော တတိယလိင်အမျိုးအစား Passport များကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။ခရီးသွားရန်အတွက် ထောက်ခံစာ၌ လိင် ၂မျိုးသာ ရှိရမည်ဖြစ်ပြီး အမျိုးသား (သို့) အမျိုးသမီးဟုသာ လိင်အမျိုးအမည်ကို ခွဲခြားခွင့်ပြုထားသည်။ သို့ဖြစ်ရာ X လိင်သမားများအနေဖြင့် အမျိုးသား(သို့) အမျိုးသမီးအဖြစ် ပြန်ပြောင်း လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါအမိန့်ကို ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်သည့်နေ့တွင် သမ္မတ၏လုပ်ပိုင်ခွင့်အရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကယ်ပီတယ်အဆောက်အအုံတွင်မိန့်ခွန်းပြောကြားရာတွင်လည်း အမေရိကန်တွင် ယောက်ျား/မိန်းမ သာရှိရမည်ဟုပြောဆိုခဲ့သည်။ ထရမ့်အစိုးရအဖွဲ့၏နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်းဌာနအတွင်း ၌ အမျိုးသား၊ အမျိုးသမီးမှလွဲ၍ အခြားလိင်အုပ်စုမရှိစေရဟု အမိန့်ထုတ်ခဲ့ပါသည်။ အမေရိကန်၌ လူတစ်ဦးတွင် လိင်တစ်မျိုးသာရှိရဖြစ်ပြီး ဤအချင်းအရာသည် အစိုးရ၏ မူဝါဒဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုးကား-Myanmar National Post

အီးယူအဖွဲ့၏ဆိုလာစွမ်းအင်အသုံးပြုမှုက ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်

ဥရောပသမဂ္ဂအဖွဲ့(အီးယူ)တွင် ဆိုလာစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုသည် ၂၀၂၄  ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်သွားခဲ့သည်ဟု ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည့် သုတေသနပြုချက်အရသိရသည်။

ယခုအခါ ဆိုလာစွမ်းအင်အသုံးပြုမှုသည် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မြင့်တက်လာပြီး အဆိုပါစွမ်းအင်အပါအဝင်ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှုသည်   အီးယူတစ်ဖွဲ့လုံး၏   စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏    ၄၇ ရာခိုင်နှုန်းနီးပါးအထိ   မြင့်တက်လာခဲ့ကြောင်း  စွမ်းအင်အရင်းအမြစ်များကို အဓိကထားလေ့လာသည့်  Ember  သုတေသနအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများတွင်    ဆိုလာစွမ်းအင်အသုံးပြုမှု   မြင့်တက်လာပြီးရုပ်ကြွင်းလောင်စာတင်သွင်းမှုကို  ၂၀၁၉ ခုနှစ်မှစ၍    လျှော့ချနိုင်ခဲ့သောကြောင့်စီးပွားရေးအရ ယူရို ၅၉ ဘီလီယံ (ဒေါ်လာ၆၁ ဒသမ  ၄ ဘီလီယံ) ခန့်သက်သာစေခဲ့သည့်အပြင်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါလျှော့ချနိုင်ခဲ့သည်။

သို့သော် အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်အသုံးပြုမှုမြင့်တက်လာခြင်းတွင်စိန်ခေါ်မှုအချို့နှင့်    ရင်ဆိုင်နေရသည်။ အကြောင်းမှာ    အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်ထုတ်ယူရာတွင် လိုအပ်သည့် ဆိုလာပြားများကို အလုံအလောက် ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောကြောင့် လက်ရှိအသုံးပြုနေသည့် ဆိုလာပြား ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှတင်သွင်းနေရသည်။

ထို့ကြောင့် ဆိုလာစွမ်းအင်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆိုလာပြား ၄၀ရာခိုင်နှုန်းကို အဖွဲ့ဝင်နိုင်ငံများအတွင်း၌ ထုတ်လုပ်နိုင်ရန်နှင့် အခြားလိုအပ်သည့်နည်းပညာများကို လာမည့်  ၂၀၃၀ ပြည့်နှစ်ခန့်တွင်အသုံးချနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီချက်တစ်ရပ်ချမှတ်ထားပြီးဖြစ်သည်။

ဆိုလာစွမ်းအင်သည်   ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှင့် စျေးအသက်သာဆုံး စွမ်းအင်အရင်းအမြစ်များအနက်မှ တစ်ခုဖြစ်ရာ   ယင်းစွမ်းအင်အသုံးပြုမှုသည် လာမည့်    အနာဂတ်ကာလတွင်လည်း ဆက်လက်တွင်ကျယ်လာမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးကို     အထောက်အကူပြုပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်သည့်   ဆိုလာစွမ်းအင်ကို ရွေးချယ်ခြင်းအားဖြင့်   အီးယူနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကိုပါ လျှော့ချရန်တာဝန်ရှိကြောင်း    ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ပြောကြားထားသည်။      