ဂါနာနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦးအပါအဝင် လိုက်ပါလာသူ ၈ ဦးစလုံး သေဆုံးခဲ့သည်။ ဂါနာစစ်တပ်၏ ထုတ်ပြန်ချက်အရ ကာကွယ်ရေး ဝန်ကြီး Edward Omane Boamah နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး Ibrahim Murtala Muhammed တို့အပါအဝင် အာဏာရ National Democratic Congress ၏ ဒုတိယဥက္ကဋ္ဌ Samuel Sarpong ၊ အမျိုးသားလုံခြုံရေးအကြံပေး Muniru Mohammed နှင့် ရဟတ်ယာဉ်မှူး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အရာရှိများက အဆိုပါဖြစ်စဉ်သည် ဂါနာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အဆိုးရွားဆုံးလေကြောင်းဆိုင်ရာ မတော်တဆမှုနှင့် ပတ်သက်သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဂါနာစစ်တပ်၏ ထုတ်ပြန်ချက် အရ ရဟတ်ယာဉ်သည် နံနက်ပိုင်းတွင် အက္ကရာမြို့မှ ရွှေတူးဖော်ရေးမြို့ ဖြစ်သော Ashanti ဒေသရှိ Obuasi သို့ ပျံသန်းစဉ် ရေဒါနှင့် အဆက် အသွယ်ပြတ်တောက်ခဲ့ပြီးနောက်ပိုင်းတွင် Ashanti ဒေသရှိ Adansi ကျေးရွာအနီး၌ ပျက်ကျခဲ့ကြောင်း သိရသည်။ ပျက်ကျမှုနှင့်ပတ်သက်၍ အရေးယူစုံစမ်းမှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
သမ္မတ John Dramani Mahama က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာကာ အလံများကို တိုင်ဝက်လွှင့်ထူ ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ စစ်ဦးစီးချုပ် Julius Debrah က ရုပ်မြင် သံကြား ကြေညာချက်တွင် “တစ်နိုင်ငံလုံး တုန်လှုပ်ပြီး ဝမ်းနည်းကြေကွဲ နေရသည်” ဟု ပြောကြားခဲ့သည်။
ပျက်ကျသော Z-9 ရဟတ်ယာဉ်သည် ပြင်သစ်၏ Dauphin ဒီဇိုင်းကို အခြေခံထားသည့် တရုတ်နိုင်ငံထုတ် ရဟတ်ယာဉ်ဖြစ်ပြီး ဂါနာစစ်တပ် က သယ်ယူပို့ဆောင်ရေးနှင့် ကင်းလှည့်စောင့်ကြပ်ရေးတာဝန်များတွင် အသုံးပြုလေ့ရှိသည်။
၂၀၁၄ ခုနှစ် မေလတွင် ဂါနာကမ်းရိုးတန်းအနီး စင်းလုံးငှားရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ပြီး အနည်းဆုံး လူသုံးဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ် မတိုင်မီ နှစ်နှစ်အကြား ၂၀၁၂ ခုနှစ်တွင် အက္ကရာလေဆိပ်မှ ပြေးလမ်း ချော်သွားသော ကုန်တင်လေယာဉ်တစ်စီး နှင့် ခရီးသည်တင် ဘတ်စ်ကား တို့ တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နေပြည်တော် ဩဂုတ် ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက်၍ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိရာမှ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သောကြောင့် ၎င်း၏ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးညိုစောက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ထို့ကြောင့် ၎င်း၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပရေးနှင့်စပ်လျဉ်း၍ ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထို့ပြင် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁) ခုကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ပြည့်စုံစွာ စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယင်းမှသာ နိုင်ငံတော်အဆင့်ဈာပနအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကော်မတီတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်နိုင်ရန်လည်း အလွန်အရေးကြီးကြောင်း၊ အခမ်းအနားအစီအစဉ်များ ဆောင်ရွက်ရာတွင်လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဂရုပြု၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားကြစေလိုကြောင်းနှင့် လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဈာပနအခမ်းအနားကျင်းပမည့် လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဖိတ်ကြားရေး၊ တည်းခိုရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဈာပနအခမ်းအနားကျင်းပမည့်နေရာ အဝင်/ အထွက် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျရှိစေရေး၊ ကော်မတီအလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဈာပနအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက နိုင်ငံတော်အဆင့် ဈာပနာအခမ်းအနားတွင် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေးနှင့် နေရာချထားရေး၊ မိုးရာသီကာလဖြစ်သည့်အတွက် ကော်မတီများအလိုက် အရန်အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေးနှင့် တခြားလိုအပ်သည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက နိုင်ငံတော်အဆင့် ဈာပနအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဩဂုတ် ၆
နေပြည်တော် ဩဂုတ် ၆
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် HNA Myanmar Oil & Gas Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ- ၃ တို့အတွက်လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Future Engineering & Gold, Mining Co., ltd. တို့အကြား IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ အတွက်လည်းကောင်း ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
လက်မှတ်ရေးထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်လာမှုတွင် စွမ်းအင်ကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဦးတည်ချက်ပါဝင်သည်ဖြစ်ရာ အဆိုပါဦးတည်ချက်အောင်မြင်စေရေးအတွက် စွမ်းအင်ကဏ္ဍသည် အထူးအရေးပါလျက်ရှိပါကြောင်း။
စိုက်ပျိုးရေးအတွက် လိုအပ်သည့်ဓာတ်မြေဩဇာနှင့် စက်မှုကဏ္ဍမြှင့်တင်ရေးအတွက် အရေးပါသည့် လျှပ်စစ်ဓာတ်အားရရှိရေးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုအပေါ်တွင် များစွာတည်မှီနေသောကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးစားဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက် (၁၀) ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာ ရေနံမြေတို့သည် ပြည်အနည်ကျ ချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလားအလာကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd., တို့မှ တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များချုပ်ဆိုနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
MOI

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။
သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
ထို့အတွက် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

ကျောက်ဆည်၊ ဩဂုတ်-၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင်ရှည်လျားပြီး ယခင်ကမြေသား(ကျောက်မှုန့်ဖြူး) လမ်းဖြစ် ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၈၄.၀၆)ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည်(၀.၃)မိုင် အား (၂လက်မx ၄လက်မ)ကျောက်များဖြင့် လမ်းထု(၆)လက်မ၊ လမ်းအကျယ်(၁၆)ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံ ကျေးရွာမှ အိမ်ခြေ (၂၉၈)အိမ်၊ လူဦးရေ(၂၇၇၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားဒေသ များနှင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)

နေပြည်တော် သြဂုတ် ၄
နေပြည်တော် သြဂုတ် ၄
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်ထားရှိသည်။
အဆိုပါ DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် အသုံးပြုသူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများအား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။
လက်ရှိတွင် ဦးစီးဌာန၏ပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် DLMS စနစ်ကိုအသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်သည်။
ထို့အတူ ကလေးများ ငယ်စဉ်ကတည်းက စာပေနှင့် နီးစပ်ထိတွေ့မှုရှိစေရန်အတွက် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ပေးခြင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ စသည့်လှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် သုတေသနပြုသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ညွှန်းစာဖတ်ခန်းဖွင့်လှစ်ပေးခြင်း၊ အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် ထုတ်ပြန်ပြီးနည်းဥပဒေများအား ပြည်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေး သီးခြားထားရှိပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်များတွင် ပြည်သူများ သတင်းအချက်အလက်များ လေ့လာနိုင်ရန်အတွက် Wifi အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ဩဂုတ် ၅
နေပြည်တော် ဩဂုတ် ၅
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင်လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ပါသည်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင် ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှုဆက်လက်ခံယူနေခဲ့ပါသည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပါသည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့

ကျောက်ဆည်၊ဩဂုတ်-၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းပေါင် လမ်းပိုင်း တစ်နေရာ အား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသွားမည့် ကွမ်းဆေးမြောင်းပေါင်လမ်းသည် ကျောက်ဆည်မြို့နယ် သာစည်လေး ကျေးရွာနှင့် ရဲဘော်လေးကျေးရွာအနီး မြောင်း၏ပေတိုင်အမှတ်(၅၀၀၀၀)မှ(၆၀၀၀၀)ကြား အလျား (၁၀၀၀၀)ပေ၊ လမ်း အကျယ် (၁၂) ပေအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၀)အကုန်အကျခံ၍ မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဂျင်းကျောက်မြေခင်းပေးပြီး လမ်းအဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြောင်းပေါင် လမ်းအားအဆင့်မြှင့်တင်ပြီးပါက သာစည်လေးကျေးရာနှင့် ရဲဘော်လေးကျေးရွာမှ တောင်သူ ၏ လယ်ယာထွက်ကုန်များနှင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွားမည် ဖြစ်သည့် အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားဒေသများဖြင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ကူးလူးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်၊ ဩဂုတ်-၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည် မြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၌ စပါးစိုက်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး တောင်သူ ပညာပေး မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ကွင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က ကျောက်ဆည်မြို့နယ်တွင် အဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် သီးနှံများအကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံတစ်မျိုးချင်း စီအလိုက် လျာထားစိုက်ပျိုးသွားမည့် ကျေးရွာအုပ်စုများနှင့် သီနှံဧကများအကြောင်း ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးက ကျောက်ဆည်ဒေသသည် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီးရေ၊ မြေကောင်းသည့်အတွက် စပါးသီးနှံများစိုက်ပျိုးရာ၌တစ်ဧကကောက်ကွက်ပြည့်မီရေးနှင့် သွင်းအားစု များထည့်သွင်းရာနှင့် ပေါင်းမြက်များရှင်းလင်းရာတွင် လိုအပ်ချိန်၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနများမှ တောင်သူ များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးသည် မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ခင်းများနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် လက်ဆွဲမျိုးစေ့ချကိရိယာများအားကြည့်ရှုခဲ့ကြောင်းနှင့် တောင်သူပညာပေး မိုးစပါးစံကွက် ဧက(၁၀၀)စိုက်ကွင်းသည် အင်တိုင်းကျေးရွာအုပ်စု တောင်သူ(၃၂)ဦး၏ လယ်မြေ(၁၀၀)ဧကတွင် စိုက်ပျိုးထား ခြင်းဖြစ်ပြီး စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပျိုးထောင် စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။