ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ထိပ်သီးကုမ္ပဏီ Rosatom ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Mantra Tanzania Ltd သည် တန်ဇန်းနီးယားနိုင်ငံတွင် ယူရေနီယမ်ထုတ်လုပ်ရေး စမ်းသပ်စက်ရုံကို စတင်လည်ပတ်ခဲ့ကြောင်း ဗဟိုအစိုးရပိုင် ကုမ္ပဏီမှ ဇူလိုင် ၃၀ ရက်နေ့ တွင် ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းသည် လာမည့်နှစ်တွင် အလုံးစုံ တည်ဆောက်မည့် စက်ရုံအတွက် နည်းပညာများကို စမ်းသပ်ရန် ရည်ရွယ် သည်ဟု ဆိုသည်။

Rosatom ၏ ထုတ်ပြန်ချက်အရ Mantra Tanzania Ltd ၏ အဆိုပါ ဆောင်ရွက်ချက်သည် တန်ဇန်းနီးယားတောင်ပိုင်းရှိ Mkuju River Uranium Project (MRP) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါ ဒေသတွင်း ကုမ္ပဏီသည် Rosatom ၏ Uranium One Group လက်အောက်တွင် တန်ဇန်းနီးယားနိုင်ငံ၌ ဆယ်စုနှစ်ကျော်ကြာ လုပ်ငန်းလည်ပတ်ခဲ့သည်။
Rosatom ၏ အဆိုအရ Nyota သိုက်တွင် စမ်းသပ်စီမံကိန်းပြီးနောက် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တည်ဆောက်မည့် အဓိကထုတ်လုပ်မှု စက်ရုံ သည် ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး နှစ်စဉ် ယူရေနီယမ် တန်ချိန် ၃၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
"Rosatom သည် တန်ဇန်းနီးယား၏ ထူးခြားသော ဘူမိဗေဒ အလား အလာကို ဖွံ့ဖြိုးစေရန် ၎င်း၏ အဆင့်မြင့်ယူရေနီယမ် စီမံခန့်ခွဲမှု နည်းပညာများကို ပံ့ပိုးပေးနေပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းသို့ ပေါင်းစည်းရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ကို ကူညီနိုင်မှု အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ပါသည်" ဟု Rosatom ၏ အမှုဆောင် အရာရှိချုပ် Aleksey Likhachev က ပြောကြားခဲ့သည်။
ကုမ္ပဏီသည် အာဖရိကနှင့် အခြားဒေသများရှိ စိတ်ဝင်စားသော နိုင်ငံ များနှင့် မော်စကို၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်း၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဓိကစီမံကိန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း မကုန်မီ သုံးနှစ် ခွဲအတွင်း လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်ရန် စီစဉ် နေကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေး (NASA) ၏ ယာယီဒါရိုက်တာ Sean Duffy က ပြောကြားလိုက်ပါသည်။

"နောက်နှစ်မှာ ကျွန်တော်တို့ လ ဆီသို့ ပြန်သွားမည်ဖြစ်ပြီး ပြန်လည် ဆင်းသက်မည်မဟုတ်ဘဲ လကို ပတ်၍ တစ်နှစ်ခန့် ကြာသည့်အချိန်မှ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းမှာပဲ လပေါ်မှ ပြန်လည် ဆင်းသက်သွားမည်ဖြစ်ပါသည်" ဟု Fox News ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ၎င်းက ပြောကြားထားပါသည်။
"ထို့အပြင် မိမိတို့အနေဖြင့် လပေါ်တွင် အခြေချစခန်းတစ်ခု ထူထောင် သွားပြီး လပေါ်မှာပဲ ဆက်လက် နေထိုင်သွားမည်ဖြစ်ပါသည်။ လပေါ်မှ လေ့လာသင်ယူရရှိခဲ့သည်က မိမိတို့ကို အင်္ဂါဂြိုဟ်ဆီ ခေါ်ဆောင်သွားမည့် အရာတွေ ဖြစ်လာပါလိမ့်မည်" ဟု Duffy က ဆက်လက်ပြောကြားထား ပါသည်။
၂၀၁၉ ခုနှစ် နွေဦးရာသီတွင် NASA သည် အဆင့်သုံးဆင့်ပါဝင်သော Artemis lunar စီမံကိန်းကို ကြေညာခဲ့ပါသည်။ ၎င်းတို့ထဲမှ ပထမဆုံး (Artemis I) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်ခဲ့ပါသည်။ ယခင်က Artemis II အဆင့်နှင့် Artemis III အဆင့်တို့ကို ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်မဆောင်ရွက်နိုင်ခဲ့ချေ။ ထိုအဆင့်တို့အား ၂၀၂၆ ဧပြီလ နှင့် ၂၀၂၇ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက NASA မှ ပြောကြားခဲ့ပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo- NPR

ဂျပန်နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဇူလိုင်လ ၃၀ ရက်တွင် အပူချိန်မှာ ၄၁ ဒသမ ၂ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး ရှေးခေတ်မြို့တော်ဖြစ်သည့် ကျိုတိုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်လာသည်။

ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် မကြာမီနှစ်များအတွင်းက ဖြစ်ပွားသည့် ရာသီဥတု ပြောင်းလဲမှုကို ကြုံတွေ့လာရပြီး ပြင်းထန်သည့်ရာသီဥတုနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ဟိုဂိုဒေသတွင် အပူချိန်မှာ စံချိန်တင်အဖြစ် ၄၁ ဒီဂရီ ကျော်အထိ မြင့်တက်လာခြင်းကြောင့် လွန်ခဲ့သည့် ငါးနှစ်အတွင်းက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အပူချိန် မြင့်တက်မှုထက် ကျော်လွန်လာခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နွေရာသီအတွင်းကလည်း အပူချိန်မြင့်တက်မှု စံချိန်တင်ခဲ့ပြီး နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အပူပြင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
လက်ရှိတွင် ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ ဒေသအများအပြား၌ အပူလှိုင်းဖြတ်သန်းမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်ထားသည်။ နိုင်ငံအတွင်းရှိ အပူချိန်မြင့်တက်သည့်ဒေသများတွင် နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ ဂူဂျိုမြို့အပါအဝင် ဒေသစုစုပေါင်း ၃၈ ခုပါဝင်ကြောင်း မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။
Ref: St

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသူဦးရေ မြင့်တက်လာခဲ့သော်လည်း နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
နိုင်ငံ၏လက်ရှိလူဦးရေတိုးပွားမှုအရ တောင်ကိုရီးယားနိုင်ငံတွင် သက်ကြီးလူဦးရေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ငါးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ၅၁ ဒသမ ၈ သန်းရှိပြီး ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က လူဦးရေနှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်လာခဲ့သည်။
နိုင်ငံအတွင်းရှိ လူဦးရေသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။ သို့သော် လူဦးရေတိုးတက်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဆက်လက်နှေးကွေးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် လသားအရွယ်မှ အသက် ၁၄ နှစ်ကြားအရွယ် လူဦးရေသည် စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၅ ဒသမ ၄၂ ရာခိုင်နှုန်းရှိပြီး ၁၅ နှစ်မှ ၆၄ နှစ်အကြား လူဦးရေမှာ စုစုပေါင်း ၃၆ ဒသမ ၂၆ သန်းခန့်သာ ရှိကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် ၁၀ ဒသမ ၁၂ သန်းအထိ မြင့်တက်လာခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် ၁၀ သန်းအထက်သို့ ရောက်ရှိလာသည်။
Ref: St
MWD Web Portal

နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော် ဇူလိုင် ၃၀
မန္တလေးငလျင်ကြီး ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ အဖွဲ့အစည်းများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် Wowtiger New Energy ကုမ္ပဏီက Portable Power Station အစုံ ၃၀ နှင့် Solar Energy Storage System ကိုးစုံတို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ထစ်ဖဒုန်းဖောင်အုန်းသီးကုမ္ပဏီ (THEPPADUNGPORN COCO-NUT Co.,Ltd.)က အချိုရည်ဘူး ၁၅၀၀၀ နှင့် Sport Shirt ၁၀၀၄ ထည် တို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ Mr. Lin Baoquan က ဂျပန်ယန်း နှစ်သိန်းကိုလည်း ကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ လာရောက်ပေးအပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလှူငွေနှင့်ပစ္စည်းများ လက်ခံရယူပြီး ငလျင် ဘေးဖြစ်ပွားခဲ့မှု၊ နိုင်ငံတော်၏ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားတို့ကို ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
MOI

နေပြည်တော် ဇူလိုင် ၂၉
“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Techni-cal Forum) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ နည်း ပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အဆောက်အဦများ ပြန်လည် ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက် ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမှာစကားပြောကြားပြီး ပါဝင်ဆွေးနွေးသော နိုင်ငံခြားပညာရှင်များနှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် အဓိကပံ့ပိုးပေးသော မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း သုံးသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ နာယကများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က “Retrofitting and Reconstru-ction of the Earthquake Affected Pagodas and Historical Monuments’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နီပေါနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Mr. Gantan Bipin Kumar က “ Lesson Learned from Retrofitting of Private Houses in Nepal after the 2015 Gorkha Earth-quake” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။
ယင်းနောက် ဆွေးနွေးပွဲပထမပိုင်းကိုကျင်းပရာ “မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများနှင့် အနာဂတ်တွင် ကြုံတွေ့နိုင်သည့် ငလျင်ကြီးများအပေါ် လေ့လာသုံးသပ်ချက်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုံဟန်၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ အငြိမ်းစား ဆရာမကြီး ဒေါ်ရီရီငြိမ်း၊ မြေငလျင်ဌာနခွဲမှ ဒေါက်တာ ယဉ်မျိုးမင်း ထွေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာဉာဏ်မြင့်ကျော်တို့က ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူ အဖြစ် မအူပင်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ စန္ဒီချစ်ကိုက ဆောင်ရွက်သည်။
ဆက်လက်၍ ငလျင်ဒဏ်ခံအဆောက်အအုံများတည်ဆောက်ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr. Ji Jun က “Resilient Structures for Buildings and Infra-structures in High Seismic Zones” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr. Wenlu Wen က “Application of Isolation Technology in Post Earth-quake Reconstruction and Reinfor-cement” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြသည်။
ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကိုကျင်းပရာ “ငလျင်ဒဏ်ခံရသည့် အဆောက်အအုံများ ပြုပြင်ခြင်းဆိုင်ရာ နည်းစနစ်များ” ခေါင်းစဉ်ဖြင့် ပြင်ပ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးစန်းကြူ၊ ပြင်ပ Structure ပညာရှင် ဦးဇော်ဇော်အောင်နှင့် အောင်ပြည်တန်ကုမ္ပဏီမှ ဦးနေလင်းထက်တို့က ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ဆောင်ရွက်ကာ တက်ရောက်လာသူများက ဆွေးနွေး မေးမြန်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်က “ငလျင် ဘေးအန္တရာယ်များမှရရှိသော စိန်ခေါ်မှုများနှင့် သင်ခန်းစာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထပ်မြင့်နှင့်အများ ပြည်သူသုံးအဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က “သဘာဝဘေးဒဏ်ခံနိုင်သော အခြေခံ အဆောက်အအုံများတည်ဆောက်နိုင်ရန် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စံချိန်စံညွှန်းများ တိကျစွာလိုက်နာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးသူရဗိုလ်က “Assessments and Survey of Earthquake Affected Pagodas and Ancient Monuments” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။
ဆွေးနွေးပွဲ တတိယပိုင်းတွင် “ငလျင် ဒဏ်ခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် MNBC-2025 ပါ ပြဋ္ဌာန်းချက်များ” ခေါင်းစဉ်ဖြင့် ဦးကြည်လွင်၊ ဒေါက်တာ ဉာဏ်မြင့်ကျော်၊ ဒေါက်တာယုမောင်နှင့် ဦးထင်အောင်တို့က ဆွေးနွေးကြပြီး ဒေါ်မြမြဝင်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း၊ ဆွေးနွေးပွဲစတုတ္ထပိုင်းတွင် “တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့် လိုက်နာသုံးစွဲရေးဆိုင်ရာ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဒေါက်တာကေသီလွင်၊ ဦးအောင်ကိုထိုက်၊ ဦးကျော် မင်းအောင်၊ ဦးတင်မြင့်နှင့် ဦးကျော်မင်းအေးတို့က ဆွေးနွေးကြပြီး ဒေါက်တာဝါဝါမိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ ဆွေးနွေးပွဲပဉ္စမပိုင်းတွင် “ငလျင်ဒဏ်ခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များနှင့် တည်ဆောက်သူများ၏ အရေးပါမှုအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဦးရွှေကျော်လှ၊ ဦးနေလင်းထွန်း၊ ဦးမျိုးမြင့် နှင့် ဦးခင်မောင်ကြွယ်တို့က ဆွေးနွေးကြပြီး ဦးသိန်းဇော်က ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း ဆောင်ရွက်ကြသည်။
ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအပေါ် သုံးသပ်ဖော်ထုတ်ဆွေးနွေးပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်၊ ဇူလိုင်-၃၀
ကျောက်ဆည်၊ ဇူလိုင်-၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း/ပြုပြင်ခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူ နိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက် ရွာတော်ကျေးရွာ အဝင် လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
အနောက်ရွာတော်ကျေးရွာအဝင်လမ်းသည် ယခင်ကမြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် သွားလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၈၄.၁၆) ကျပ်သန်း အကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် လမ်းရေရှည် တည်တံ့ရေး (၂လက်မx၄လက်မ)ကျောက်များဖြင့်ထု(၆)လက်မ၊ လမ်းအကျယ်(၁၆)ပေ၊ လမ်းအရှည်(၀.၃)မိုင် အား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက အနောက်ရွာတော်ကျေးရွာမှ အိမ်ခြေ၊ အိမ်ထောင်စု(၈၀)စု၊ လူဦးရေ(၃၆၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နှင့် အခြားဒေသများနှင့် ဒေသထွက်ကုန်များ သယ်ယူရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)

ထိုင်းနိုင်ငံအလယ်ပိုင်း Suphan Buri ပြည်နယ်ရှိ မီးရှူးမီးပန်း စက်ရုံ တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးကာ များစွာ ဒဏ်ရာရရှိခဲ့သည်။
ပေါက်ကွဲစေတတ်သော ပစ္စည်းများဖျက်သိမ်းရေးဌာန (EOD) က ဇူလိုင် ၃၀ ထုတ်ပြန်ချက်အရ မြို့တော်ဘန်ကောက်မြောက်ဘက်ရှိ Suphan Buri ပြည်နယ်၊ Mueang ခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံသည် နံနက်ပိုင်း ၁၁ နာရီ ခန့်တွင် ပေါက်ကွဲခဲ့သည်ဟုဆိုသည်။ ဖြစ်စဉ်နေရာမှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် စက်ရုံအပျက်အစီးများဖြင့် ပြည့်နှက်နေပြီး အနီးတွင် ရပ်ထားသည့်ကားများလည်း ပျက်စီးနေသည်ကို တွေ့ရသည်။

ထိုင်းအရာရှိများက ၎င်းစက်ရုံသည် တရားမဝင်မီးရှူးမီးပန်း ထုတ်လုပ် သည့်နေရာဖြစ်ကာ အိမ်နှစ်လုံးကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ပြီး လယ်သမားများ ငှက်နှင်ရန် အသုံးပြုသည့် မီးကျည်ငယ်များ ထုတ်လုပ် နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံများက ပေါက်ကွဲမှုမဖြစ်မီ အခြေအနေ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့မြင်ခဲ့ဟု ဆိုသည်။ EOD က အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း အတည်ပြုခဲ့သည်။ ရဲများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူများကို ရှာဖွေနေပြီး အစိုးရ အာဏာပိုင် များသည် စက်ရုံပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိသည်။
ထိုင်းနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုများသည် မကြာခဏ ဖြစ်ပွား လေ့ရှိပြီး လုံခြုံရေးစည်းမျဉ်းများ အားနည်းနေခြင်းကြောင့်ဖြစ်သည်။ ယခင်နှစ်က Suphan Buri ပြည်နယ်ရှိ အခြားမီးရှူးမီးပန်း စက်ရုံ တစ်ခု တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့သည်။
၂၀၂၃ ခုနှစ်တွင် Narathiwat ပြည်နယ်၊ Sungai Kolok မြို့ရှိ မီးရှူး မီးပန်း ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူ ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အနီး အိမ်တစ်လုံးကို ငှားရမ်းကာ သံရုံး အယောင်ဆောင် ရုံးခန်း ဖွင့်လှစ်ထားမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ တစ်ဦး ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါသည်။
အဖမ်းခံရသူ ဟာရှ်ဗာဓန် ဂျိန်း (၄၇ နှစ်) သည် သံအမတ်ကြီးကဲ့သို့ ဟန်ဆောင်၍ အခြားနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများ ကို အလိမ်အညာ ကတိများ ပေးကာ ငွေညစ်ခဲ့သည် ဟု အိန္ဒိယ မြောက်ပိုင်း၊ ဥတ္တရ ပဒေသြ ပြည်နယ်က အထူးရဲတပ်ဖွဲ့မှူး ဆူရှီး ဂူးလီး ပြောကြားထား ပါသည်။

ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ တရားခံ ဂျိန်းသည် ဆီဘော်ဂါ (Seborga) နှင့် ဝပ်စတာတိကာ (Westarctica) တို့ကဲ့သို့ နယ်မြေ ဒေသ များ၏ အကြံပေး သို့မဟုတ် သံတမန်ဟု အထင်အမြင်မှားစေရန် လူများ ကို ဟန်ဆောင် ပြောဆိုစည်းရုံးတတ်သည် ဟု သိရပါသည်။
ရဲတပ်ဖွဲ့မှူး ဂူးလီး၏ ပြောကြားချက်အရ တရားခံဂျိန်းသည် ငှားရမ်း နေထိုင်နေသော အိမ်တွင် ၎င်းက ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့်အတူရိုက်ကူးထားသလို ပြုပြင်ထားသော ဓာတ်ပုံများစွာ ချိတ်ဆွဲထားကြောင်း၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်နီးပါး၏ ရုံးတံဆိပ်တုများ၊ သံရုံးအဆောင်အယောင် ကားနံပါတ်ပြားများ တပ်ဆင် ထားသည့် ကား(၄)စီး၊ အိန္ဒိယငွေရူပီး ၄.၅ သန်းနှင့် အခြား နိုင်ငံခြားငွေ အမျိုးမျိုးကို သိမ်းဆည်းရမိပါကြောင်း၊ ထို့ပြင် မြို့တော်ဒေလီအနီးရှိ၎င်းငှားရမ်းနေထိုင်သော နေအိမ်ကို နိုင်ငံတကာအလံများဖြင့် လွှင့်ထူ ဆင်ယင်ထားကြောင်း သိရပါသည်။
သို့ဖြစ်ရာ တရားခံဂျိန်းအား နိုင်ငံခြားက အမည်ခံကုမ္ပဏီများမှတစ်ဆင့် ငွေကြေးခဝါချမှု၊ စာရွက်စာတမ်းအတုများပြုလုပ်မှု၊ လက်ဝယ်ထားရှိမှု နှင့် တာဝန်ရှိသူအဖြစ် အယောင်ဆောင်မှုတို့ဖြင့် တရားစွဲခံနေရကြောင်း သိရပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃