သတင်းများ

“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Techni-cal Forum) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ နည်း ပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အဆောက်အဦများ ပြန်လည် ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက် ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမှာစကားပြောကြားပြီး ပါဝင်ဆွေးနွေးသော နိုင်ငံခြားပညာရှင်များနှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် အဓိကပံ့ပိုးပေးသော မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း သုံးသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ နာယကများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က “Retrofitting and Reconstru-ction of the Earthquake Affected Pagodas and Historical Monuments’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နီပေါနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Mr. Gantan Bipin Kumar က “ Lesson Learned from Retrofitting of Private Houses in Nepal after the 2015 Gorkha Earth-quake” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။

ယင်းနောက် ဆွေးနွေးပွဲပထမပိုင်းကိုကျင်းပရာ “မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများနှင့် အနာဂတ်တွင် ကြုံတွေ့နိုင်သည့် ငလျင်ကြီးများအပေါ် လေ့လာသုံးသပ်ချက်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုံဟန်၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ အငြိမ်းစား ဆရာမကြီး ဒေါ်ရီရီငြိမ်း၊ မြေငလျင်ဌာနခွဲမှ ဒေါက်တာ ယဉ်မျိုးမင်း ထွေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာဉာဏ်မြင့်ကျော်တို့က ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူ အဖြစ် မအူပင်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ စန္ဒီချစ်ကိုက ဆောင်ရွက်သည်။

ဆက်လက်၍ ငလျင်ဒဏ်ခံအဆောက်အအုံများတည်ဆောက်ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr. Ji Jun က “Resilient Structures for Buildings and Infra-structures in High Seismic Zones” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr. Wenlu Wen က “Application of Isolation Technology in Post Earth-quake Reconstruction and Reinfor-cement” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြသည်။

ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကိုကျင်းပရာ “ငလျင်ဒဏ်ခံရသည့် အဆောက်အအုံများ ပြုပြင်ခြင်းဆိုင်ရာ နည်းစနစ်များ” ခေါင်းစဉ်ဖြင့် ပြင်ပ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးစန်းကြူ၊ ပြင်ပ Structure ပညာရှင် ဦးဇော်ဇော်အောင်နှင့် အောင်ပြည်တန်ကုမ္ပဏီမှ ဦးနေလင်းထက်တို့က ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ဆောင်ရွက်ကာ တက်ရောက်လာသူများက ဆွေးနွေး မေးမြန်းကြသည်။

ယင်းနောက် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်က “ငလျင် ဘေးအန္တရာယ်များမှရရှိသော စိန်ခေါ်မှုများနှင့် သင်ခန်းစာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထပ်မြင့်နှင့်အများ ပြည်သူသုံးအဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က “သဘာဝဘေးဒဏ်ခံနိုင်သော အခြေခံ အဆောက်အအုံများတည်ဆောက်နိုင်ရန် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စံချိန်စံညွှန်းများ တိကျစွာလိုက်နာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးသူရဗိုလ်က “Assessments and Survey of Earthquake Affected Pagodas and Ancient Monuments” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။

ဆွေးနွေးပွဲ တတိယပိုင်းတွင် “ငလျင် ဒဏ်ခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် MNBC-2025 ပါ ပြဋ္ဌာန်းချက်များ” ခေါင်းစဉ်ဖြင့် ဦးကြည်လွင်၊ ဒေါက်တာ ဉာဏ်မြင့်ကျော်၊ ဒေါက်တာယုမောင်နှင့် ဦးထင်အောင်တို့က ဆွေးနွေးကြပြီး ဒေါ်မြမြဝင်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း၊ ဆွေးနွေးပွဲစတုတ္ထပိုင်းတွင် “တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့် လိုက်နာသုံးစွဲရေးဆိုင်ရာ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဒေါက်တာကေသီလွင်၊ ဦးအောင်ကိုထိုက်၊ ဦးကျော် မင်းအောင်၊ ဦးတင်မြင့်နှင့် ဦးကျော်မင်းအေးတို့က ဆွေးနွေးကြပြီး ဒေါက်တာဝါဝါမိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ ဆွေးနွေးပွဲပဉ္စမပိုင်းတွင် “ငလျင်ဒဏ်ခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များနှင့် တည်ဆောက်သူများ၏ အရေးပါမှုအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဦးရွှေကျော်လှ၊ ဦးနေလင်းထွန်း၊ ဦးမျိုးမြင့် နှင့် ဦးခင်မောင်ကြွယ်တို့က ဆွေးနွေးကြပြီး ဦးသိန်းဇော်က ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း ဆောင်ရွက်ကြသည်။

ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအပေါ် သုံးသပ်ဖော်ထုတ်ဆွေးနွေးပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

ကျောက်ဆည်၊ ဇူလိုင်-၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် များဝယ်ယူရာတွင် အထောက်ပံ့ဖြစ်စေရေး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး အသား ငါးများ၊ ဟင်းသီး ဟင်းရွက်များ၊ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ စွန်ရဲ တောင်ရွာ၌ စားအုန်းဆီ(၂၂၀)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချပေးရာတွင် အရည်အသွေးပြည့်ဝသော စားအုန်းဆီများကို Resources Group Trading Co,Ltd မှ ဝယ်ယူခဲ့ပြီး စားအုန်းဆီတစ်ပိဿာငွေ(၇၁၁၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ထိုသို့ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းများကို ကျောက်ဆည်၊ မြစ်သား မြို့နယ်များနှင့် ပုလိပ်၊ ကူမဲ မြို့နယ်ခွဲ များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်လည်း သက်ဆိုင်ရာ မြို့နယ် များရှိ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပူးပေါင်းကာ အလှည့်ကျစနစ်ဖြင့် စဉ်ဆက်မပြတ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။      

သက်မောင်(ကျောက်ဆည်)

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့် မြေငလျင်တိုင်းတာရေး ကိရိယာတစ်ခုကို ပြန်လည်တည်ဆောက်ရန် တရုတ်ပညာရှင်များကြိုးပမ်း

တရုတ်သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့်   မြေငလျင် တိုင်းတာရေးကိရိယာတစ်ခုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ ငလျင်တိုင်းတာရေးကိရိယာကို တရုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကျန်းဟန်က အေဒီ ၁၃၂ ခုနှစ်တွင် တီထွင်ထုတ်လုပ်ခဲ့သည်ဟုယူဆရပြီး အဆိုပါကိရိယာကို ကမ္ဘာ့ပထမဆုံးသော မြေငလျင်တိုင်းတာရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြသည်။ အဆိုပါကိရိယာကို ကနဦးက “ဟော့ဖန်တိတုန်းယီ” ဟု အမည်ပေးထားသည်။

အဆိုပါမြေငလျင်တိုင်းတာရေးကိရိယာတွင်ကြေးဝါဖြင့်ပြုလုပ်ထားသည့ ကရားတစ်လုံး၊ အရပ်ရှစ် မျက်နှာသို့မျက်နှာမူထားသည့် နဂါးရှစ်ကောင်၊ နဂါးတစ်ကောင်စီသည် ၎င်း၏မေးရိုးတွင် ဘောလုံး တစ်လုံးစီကို  ကိုက်ထားပြီး ကရား၏ရှေ့ဘက်တွင် ဖားပြုပ်များထိုင်နေသည့် ကိရိယာတစ်ခုဖြစ်သည်။

မြေငလျင်လှုပ်ရှားပါကမြေငလျင်ဗဟိုပြုလှုပ်ခတ်ရာသို့ မျက်နှာမူနေသည့် နဂါးက၎င်း၏မေးရိုး အတွင်းမှ ဘောလုံးအား ဖားပြုပ်၏ပါးစပ်အတွင်းသို့ ပစ်ချမည်ဖြစ်သည်။

တရုတ်အစိုးရသည် အဆိုပါအယူအဆကို ပြဋ္ဌာန်းစာအုပ်များတွင်ထည့်သွင်းပြဋ္ဌာန်းခြင်းမှ ၂၀၁၇ ခုနှစ်တွင် ဖယ်ရှားပစ်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ခန့်ကအသုံးပြုခဲ့ဖွယ်ရှိသည့် ရှေးခေတ်မြေငလျင်တိုင်းတာရေးကိရိယာအား ခေတ်သစ်သိပ္ပံ ပညာနှင့် အင်ဂျင်နီယာပညာရပ်တို့ ဖြင့်ပေါင်းစပ်၍ ပြန်လည်တည်ဆောက်ရန်  တရုတ်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ရူကော့တုန်းက ကြိုးပမ်းနေခြင်း ဖြစ်သည်။      

Ref: Mc

ကျောက်ဆည်မြို့နယ်၊ တိုက်နယ် (၇) ၌ မိုးသီးနှံစုံ (၂၆၂၇) ဧက စိုက်ပျိုးပြီးဖြစ် ပိုမိုစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ဇူလိုင်-၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်(၇) ၌ ဇူလိုင်လ လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မိုးသီးနှံမျိုးစုံစိုက်ပျိုးရာ၌ ချည်မျှင်ရှည်ဝါ(၉၄၆)ဧက၊ ပဲတီစိမ်း (၆၃၁)ဧက၊ ပဲစင်းငုံ(၂၁၇)ဧက၊ ကျွဲ/နွားစာ(၃၀၇)၊ နှံစားပြောင်း(၁၀၇)ဧက၊ ဖူးစားပြောင်း(၇၃)ဧက၊ မိုးနှမ်း(၄၁)ဧက၊ နေကြာ(၈)ဧက၊ မြေပဲ (၅၁)ဧက၊ အခြားပဲ (၉၁)ဧက၊ ငှက်ပျော(၇၁)ဧက၊ သရက်(၆၁)ဧက၊ လျှော်ဖြူ(၁၁)ဧက၊ ကွမ်း(၁၂)ဧက စုစုပေါင်း(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးသီးနှံများလျာထားချက် ပြည့်မီကျော်လွန်ရေး  ကျေးရွာအုပ်စုများအလိုက် ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်းနှင့် တိုက်နယ်(၇)၌ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းချော၊ ကြက်သားဟင်း ကျေးရွာအုပ်စု(၁၀)အုပ်စု ပါဝင်ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားသီးနှံများ ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများအောင်မြင်ပြီး တောင်သူ များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီ ပိုးမွှားဒဏ် ခံနိုင်သည့် အထွက် တိုးသီးနှံမျိုးစေ့များ ဖြန့်ဝေလျက်ရှိပြီး သိပ္ပံနည်းကျ စိုက်နည်းစနစ်များ အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများ ကီရမ်ရှာလုံ နယ်စပ် ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ စတင်ဝင်ရောက်လာ

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများမှာ ကီရမ်ရှာလုံ နယ်စပ်ဂိတ်ကိုဖြတ်သန်း၍ ဇူလိုင် ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသဆီသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံ ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ကနဦးတွင် အကူအညီပေးရေး ယာဉ်တန်းမှာ အီဂျစ် လခြမ်းနီအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် အီဂျစ် နိုင်ငံဘက်ခြမ်း ရာဖာနယ်စပ်ဂိတ်၌ စုဝေးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့နောက် ယင်းထရပ်ကားများက ကီရမ်ရှာလုံ နယ်စပ်ဂိတ်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီး ယင်းနယ်စပ်ဂိတ်၌ အစ္စရေး အာဏာပိုင်များ၏ စစ်ဆေးမှုကို ခံယူပြီးနောက် ဝန်းရံပိတ်ဆို့ခံထား ရသော ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဂါဇာဒေသခံများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအခြေခံလိုအပ်သည့် ပစ္စည်းများ ပြတ်လပ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရသဖြင့် ယင်းဒေသသို့ အရေးပေါ် အကူအညီပေးပို့မှုများကို ပံ့ပိုး ကူညီကြရန် နိုင်ငံတကာမှ တိုက်တွန်းမေတ္တာရပ်ခံမှုများ မြင့်တက်နေစဉ် လူသားချင်းစာနာမှု အကူ အညီများ ရောက်ရှိလာခြင်းဖြစ်သည်။

ဂါဇာဒေသ မြောက်ပိုင်းရှိ နေရာအသီးသီးတွင် ဇူလိုင် ၂၆ ရက်က လူသားချင်းစာနာမှု အကူအညီ များကို လေကြောင်းမှပေးပို့မှုများ ပြန်လည်စတင်ခဲ့သော်လည်း အဆိုပါဖြေရှင်းနည်းမှာ လူသားချင်း စာနာမှုအကူအညီများ ပေးပို့ရာတွင် စရိတ်စကအများဆုံးနှင့် ထိရောက်မှုအနည်းဆုံး နည်းလမ်း ဖြစ်သည်ဟု ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲ ဖိလစ်ပ် လာဇာရီနီ က ဝေဖန်ပြစ်တင်ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုရောက်ရှိနိုင်ရန်အလို့ငှာ ဇူလိုင် ၂၇ ရက်မှစ၍ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ လူသားချင်းစာနာ ထောက်ထားမှုအရ စစ်ရေးလှုပ်ရှားမှုများကို ဒေသအလိုက် စစ်နည်းဗျူဟာမြောက် ရပ်ဆိုင်းထားမည်ဟု ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အယ်လ် မာဝါဆီ၊ ဒီယာ အယ်လ်-ဘာလာနှင့် ဂါဇာစီးတီးတို့လို IDF က စစ်ဆင်ရေးလုပ်ဆောင်ခြင်း မရှိသည် နေရာဒေသများတွင် နောက်ထပ် ကြေညာချက်မထုတ်ပြန်မချင်း နေ့စဉ်စစ်ရေး လှုပ်ရှားမှု တွေကို စတင်ရပ်ဆိုင်းထားမှာပါ” ဟု ကြေညာချက်၌ ဖော်ပြထားသည်။ ထို့အတူ ဂါဇာ ကမ်းမြောင် ဒေသ အနှံ့အပြားသို့ အကူအညီများ ပို့ဆောင်ပေးမည့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများ၏ ယာဉ်တန်းများ ဘေးကင်းစွာသွားလာမှုကို အထောက်အကူဖြစ်စေရန်အတွက် သတ်မှတ်ထားသည့် လုံခြုံရေးလမ်းကြောင်းများကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ် ထားမည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစာရေစာ ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှုတို့ကြောင့် ဂါဇာဒေသရှိ ဆေးရုံများတွင် လူခြောက်ဦး ထပ်မံသေဆုံးခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ယင်း ကဲ့သို့ သေဆုံးသူဦးရေမှာ ကလေးငယ် ၈၇ ဦး အပါအဝင် ၁၃၃ ဦး ရှိလာခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဌာန တာဝန်ရှိသူများက ဇူလိုင် ၂၇ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာပေါင် အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ ဇူလိုင်-၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည် စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာပေါင် တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 

 ရေတိုက်စား၍ ပြန်လည်ပြုပြင်ပေးလျက်ရှိသော လမ်းတာပေါင်သည် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၆၉.၈) ကီလိုမီတာနှင့် (၇၀.၄) ကီလိုမီတာအတွင်းရှိ လမ်းအရှည်(၀.၆)ကီလိုမီတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြု (ငွေလုံးငွေရင်း)ရန်ပုံငွေ (၂၁.၇၀၀) ကျပ်သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ  လမ်းအကျယ် (၁.၂၅) မီတာထိ  ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြား လူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့်အကျုံးဝင်သည့် ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နှင့်အထက် အငှားယာဉ်များကို ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိသည်။

၂။ ယခုအခါ ယာဉ်များ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံးကို ၁-၁-၂၀၂၅ ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

နေပြည်တော် ဇူလိုင် ၂၈

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင်ရွေးချယ်၍ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်သည်။ ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်။

Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၂၈

“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ယနေ့တွင်ကျရောက်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု လေးလပြည့်အဖြစ် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသော ရဟန်း၊ရှင်၊ လူပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ် ငြိမ်သက်ကြသည်။

ထို့နောက် “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” မှတ်တမ်း Video ကို ကြည့်ရှုကြသည်။

မိမိတို့၏ တီထွင်ဖန်တီးမှုနည်းပညာများဖြင့် တည်ဆောက်နေထိုင်လာ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ တိုင်းပြည်နိုင်ငံအသီးသီးထူထောင်နေထိုင်ခဲ့ကြသည့် လူသားများသည် ယဉ်ကျေးတိုးတက်လာသည့်ကာလမှစပြီး သဘာဝတရား၏ ဖန်တီးထားမှုများအပေါ် နေ့စဉ်လူနေမှုဘဝ အဆင်ပြေချောမွေ့လုံခြုံမှုရရှိစေရေး မိမိတို့၏ တီထွင်ဖန်တီးမှု နည်းပညာများဖြင့် တည်ဆောက်နေထိုင်လာကြခြင်းဖြစ် ကြောင်း။

ထိုကဲ့သို့ သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ဖန်တီးနေထိုင်ခဲ့ကြသော်လည်း ကမ္ဘာမြေကြီး၏ နောက်ထပ်ပေးထားချက်တစ်ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းများကိုမူ ရှောင်လွှဲ၍မရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ လူ့သမိုင်းတစ်လျှောက် တိုးတက်ဖြစ်ထွန်းလာသည့် သိပ္ပံပညာရပ်များအပေါ် အခြေခံပြီး ကြိုတင်သတိပေးကာကွယ်နိုင်သည့် လေပြင်း မုန်တိုင်းအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်၊ တောမီးလောင်ကျွမ်းမှုအန္တရာယ်များရှိသကဲ့သို့ မြေငလျင်အန္တရာယ်ကဲ့သို့သော တိကျစွာ ကြိုတင်ခန့်မှန်းခြင်းမပြုနိုင်ဘဲ ရင်ဆိုင်ကြရသည့် သဘာဝဘေးအန္တရာယ်မျိုးလည်းရှိကြောင်း၊ သဘာဝဘေးအန္တရာယ်အမျိုးအစားများအနက် မြေငလျင်သည် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပါ ကြိုတင်ပြင်ဆင်မှုလိုအပ်ချက်ရှိလျှင် ရှိသကဲ့သို့ ထိခိုက်ဆုံးရှုံးမှု ကြီးမားစေသည့် သဘာဝဘေးအမျိုးအစားလည်း ဖြစ်ကြောင်း။

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်

မိမိတို့မြန်မာနိုင်ငံ၌လည်း စတင်ပြီး သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့် ၁၈၃၉ ခုနှစ်မှ ယနေ့ကာလအထိ ရစ်ချ်တာစကေး (၆) နှင့်အထက် ငလျင်ကြီးပေါင်း အကြိမ် (၂၀) ခန့်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများအရ သိရှိကြပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခု၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးသည်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း။

ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့

အဆိုပါမန္တလေးငလျင်ကြီးကြောင့် ရဟန်း၊ရှင်၊ လူ ပြည်သူ ၃၇၃၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့သည့် အသက်ဆုံးရှုံးမှုအရေအတွက် သိန်းဂဏန်းရှိသော ငလျင်ကြီးများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသက်သာသော်လည်း မိမိတို့နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရကြောင်း၊ အခြေခံအဆောက်အအုံ ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၀၀၀၀ ကျော်အပါအဝင် လမ်း၊ တံတားများ၊ တာဝါတိုင်များ၊ ကျောင်း၊ ဆေးရုံများ၊ သာသနိကအဆောက်အအုံများ၊ စက်ရုံ/ အလုပ်ရုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း။

ပြည်သူများကို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေးကိုလည်း နိုင်ငံတော်က ကနဦးမတည်ငွေ ကျပ်ငွေဘီလီယံ ၅၀၀ ထောက်ပံ့ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် နောက်ထပ် ကျပ်ငွေ ၂ ထရီလီယံကိုလည်း ဆက်လက်ထောက်ပံ့ပေးနေကြောင်း။

ငလျင်ဘေးအန္တရာယ်ကို ယခုအချိန်အထိ တိုးတက်သည့် သိပ္ပံပညာရပ်များနှင့် တိကျစွာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးသည်လည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်သည်မှာ တတ်နိုင်သမျှ အကောင်းဆုံးကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းဆိုရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းသာမက သဘာဝဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်မြော်တွေးပြင်ဆင်ခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် “ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum)” သည် ဖြစ်ပွားပြီးသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်ကုစားရန်နှင့် ပြန်လည်ပြုပြင်တည်ဆောက် ရန်အတွက်သာမက ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ရင်ဆိုင်ရသည့်အခါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြမည်ဆိုသည်ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သောကြောင့် မိမိတို့နိုင်ငံရှိ တည်ဆောက်ရေးကဏ္ဍ၏ လိုအပ်ချက်များကို ထိရောက်အကျိုးရှိစွာ ဖော်ထုတ်ဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း။

ကမ္ဘာတွင် ငလျင်ဒဏ်ခံရသည့် နိုင်ငံများစွာ ရှိကြောင်း၊ ယင်းတို့အနက် ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားစသည့် အာရှနိုင်ငံများသည် နည်းပညာနှင့် အရည် အသွေးကောင်းသည့် တည်ဆောက်ရေးပစ္စည်းများ ကိုအသုံးပြုပြီး မိုးမျှော်တိုက်များ၊ အထပ်မြင့်၊ အဆင့်မြင့်အဆောက်အအုံများ တည်ဆောက်နိုင်သည်ကို တွေ့နိုင်ကြောင်း၊ မိမိတို့သည်လည်း မည်သည့်အတွက်ကြောင့် မလုပ်ဆောင်နိုင်ရမည်နည်းဟု စဉ်းစားနိုင်ရန် လိုကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသည့် တည်ဆောက်ရေးကဏ္ဍတွင် တည်ဆောက်သည့် အဆောက်အအုံများ၏ အရည်အသွေးပြည့်ဝပြီး ခိုင်ခံ့ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့လူသားများအနေဖြင့် ယနေ့အချိန်အထိ ကြိုတင်ခန့်မှန်းခြင်းမပြုနိုင်သကဲ့သို့ ရှောင်လွှဲ၍လည်း မရနိုင်သည့် မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မိမိတို့ထူထောင် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်သည့် စံချိန်စံညွှန်းအရည် အသွေးများနှင့် ကိုက်ညီမှသာ မိမိတို့ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးရခြင်းများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးသည့်နောက် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံပိုင် ရုံးအဆောက်အအုံနှင့် လူနေတိုက်တာအိမ်ခြေများကို ဆန်းစစ်သည့်နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ပျက်စီးမှုအခြေအနေအလိုက် အရောင်ခွဲခြားသတ်မှတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည့်အပြင် ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်နိုင်ရေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့် (Standard Operating Procedure–SOP) နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့် သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure- SOP) ကိုလည်း ရေးဆွဲထုတ်ပြန်ပေးခဲ့ကြသည့်အတွက် များစွာကျေးဇူးတင်သည်ကို ပြောကြားလိုကြောင်း၊ ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရေးအတွက် “အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ” ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စေလျက်ရှိကြောင်း။

တည်ဆောက်ရေးလုပ်ငန်းများ၌ စံချိန်စံညွှန်းများ စနစ်တကျရှိစေရေးအတွက်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံငလျင်ကော်မတီအပါအဝင် မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ဆိုင်ရာ အသင်းအဖွဲ့များက ပေါင်းစပ်ညှိနှိုင်းပြုစုပြီး ၂၀၁၂ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (MNBC) ကို ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့ကြပြီး ယခု ၂၀၂၅ ခုနှစ်တွင်လည်း မကြာမီကလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော ဘူမိသိပ္ပံဆိုင်ရာ အချက်အလက်များအပေါ် အခြေခံပြီး အနာဂတ်ကာလတွင် တွေ့ကြုံလာနိုင်ဖွယ်ရှိသည့် ငလျင်များအတွက် လုံလောက်သော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ မတူကွဲပြားသည့် ဒေသအလိုက် ပိုမိုအသေးစိတ်တိကျသော ငလျင်ဇုန်မြေပုံများ ဖြည့်စွက်ထည့်သွင်းပေးခဲ့သည့်အပြင် ငလျင်လှုပ်ခတ်စဉ် ပျက်စီးခဲ့သည့် အဆောက်အအုံများ၏ ပျက်စီးမှုပုံစံ (Mode of Failure) များကို သုံးသပ်ပြီး အဆောက်အအုံအမျိုးအစားအလိုက် တွက်ချက်မှုနည်းစနစ် (Seismic Load Calculation Method) များကိုလည်း ထည့်သွင်းဖော်ပြပြီး ထုတ်ဝေခဲ့ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (MNBC) ၂၀၂၅ သည် ငလျင်ဒဏ်ခံနိုင်ရည်ရှိနိုင်မည့် Earthquake Resilient Design Framework တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရကြောင်း။

အသက်အိုးအိမ်လုံခြုံမှုကို ပေးစွမ်းနိုင်မည်

တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံ၊ သံမဏိပစ္စည်း တင်သွင်းရောင်းချသူ၊ ပြည်တွင်းထုတ်လုပ်သူများမှစပြီး တွက်ချက်ပုံစံထုတ်သူပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ ကန်ထရိုက်တာများ၊ ကြီးကြပ် တည်ဆောက်သူအင်ဂျင်နီယာများနှင့် အရည်အသွေးစစ်ဆေးသူများ အစရှိသည့် Construction Industry တစ်ခုလုံးတွင်ရှိကြသည့် အဆင့်ဆင့်သော Stakeholder များ အားလုံးက စနစ်တကျဖြင့် အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းလိုက်နာဆောင်ရွက်ကြမှသာ ယနေ့မိမိတို့တာဝန်ယူတည်ဆောက်သော အခြေခံအဆောက်အအုံများသည် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ကြုံတွေ့လာသည့်အခါ ပြည်သူအများ၏ အသက်အိုးအိမ်လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း။

ဝိုင်းဝန်းဆွေးနွေးအဖြေရှာ

ထို့ကြောင့် ယနေ့ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earth-quake Technical Forum) တွင် တက်ရောက်လာကြသည့် ပညာရှင်များအနေဖြင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများ တည်ဆောက်နိုင်ရေး မိမိတို့နိုင်ငံရှိ တည်ဆောက်ရေးလုပ်ငန်းများ၏ ပကတိအခြေအနေနှင့် သတ်မှတ်ထုတ်ပြန်ထား ပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရန် ဆွေးနွေးမှာကြားလိုကြောင်း။

နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်းဆိုသကဲ့သို့ နေရာစုံမှ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများအပါအဝင် Stakeholder များ အားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ ဖန်တီးတည်ဆောက်ပေးနိုင်ရေး ယနေ့ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum) ကတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Damage Assessment နှင့် Earthquake Clinic ဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ထို့နောက် “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) တွင် သုံးသပ်ဆွေးနွေးမည့်ခေါင်းစဉ်များ၊ ကဏ္ဍအလိုက် ဆွေးနွေးမည့်ပုဂ္ဂိုလ်များနှင့် စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များက မိတ်ဆက်တင်ပြကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum) အထိမ်းအမှတ် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

အဆိုပါ “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) အား မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး သုံးသပ်ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။