ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း Baden-Wurttemberg ပြည်နယ်တွင် ရထားမတော်တဆမှုဖြစ်ပွားကာ လူသုံးဦး သေဆုံးခဲ့ကြောင်း Bild သတင်းစာက ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကား၍ ဖော်ပြ ခဲ့သည်။ Ulm မြို့၏ အနောက်ဘက် ကီလိုမီတာ ၅၀ အကွာ သစ်တော ဧရိယာတွင် တနင်္ဂနွေ (ဇူလိုင် ၂၇) ညနေ၌ ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့စဉ် ခရီးသည် ၁၀၀ ခန့် လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

ဒေသဆိုင်ရာ ဝန်ကြီး Thomas Strobl က သတင်းထောက်များအား ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရထားပေါ်ပါ လူအားလုံး ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်သော်လည်း အချို့သည် ရထား တွဲများအောက်တွင် ပိတ်မိနေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများက ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း ဖော်ပြခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။ အာဏာပိုင်များ က ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ မှတ်ချက်မပြုခဲ့ပေ။ ဝန်ကြီးချုပ် Friedrich Merz က သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် များစွာ စိတ်ထိခိုက်ရကြောင်း ပြောကြားခဲ့သည်။
ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်မှာ Ulm မြို့သို့သွားမည့် ဒေသတွင်း အမြန်ရထား (regional express) တစ်စင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့အများအပြားနှင့် ရဟတ်ယာဉ် အနည်းဆုံး ခြောက်စင်းကို ဖြစ်စဉ်နေရာသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါမတော်တဆမှု၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ Bild ၏ ဖော်ပြချက်အရ ဖြစ်စဉ်မတိုင်မီက ယင်းဒေသတွင်ပြင်းထန်သော မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့သည်ဟု သိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အာဏာပိုင်များက သတိပေးချက်များထုတ်ပြန်ရာသီဥတုပြောင်းလဲမှုကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ရက်ပေါင်းအတော်ကြာ အပူလှိုင်းဖြတ်သန်းမှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးသွားပြီ ဖြစ်ကြောင်း အစိုးရကထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ယခုနှစ်အတွင်း အပူလှိုင်းဖြတ်သန်းမှုနှင့်ဆက်နွှယ်၍ သေဆုံးသွားသည့် ဦးရေမှာ ပြီးခဲ့သည့်နှစ်က ဦးရေနှင့်နှိုင်းယှဉ်ပါက သုံးဆခန့်မြင့်တက်လာသည်။ နိုင်ငံအတွင်း၌ အပူချိန်မြင့်တက်မှုမှာ ဇူလိုင်လ ၂၀ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုဖြစ်ပွားသည့် ဒေသများတွင် ဂျုန်ဂျီပြည်နယ်၊ တောင်ချန်ချုန်ပြည်နယ်၊ မြောက်ဂျုန်ဆမ်ပြည်နယ်တို့ပါဝင်ပြီး ဆိုးလ်၊ ဘူဆန်မြို့တို့တွင်လည်း လူသေဆုံးမှုများဖြစ်ပွားသည်။
နိုင်ငံအတွင်း၌ အပူချိန်မြင့်တက်မှုကြောင့် ပြည်သူ ၂၂၀၀ ခန့်မှာ အပူချိန်မြင့်တက်မှုနှင့်ဆက်နွှယ်သည့် ထိခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း အစိုးရကခန့်မှန်းထားသည်။
အပူချိန်သည် ဇူလိုင်လ ၂၇ ရက်တွင် ၃၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာပြီး လာမည့် ရက်သတ္တပတ်အထိ အပူချိန်ဆက်လက်မြင့်တက်လာနိုင်သည်ဟု ကိုရီးယားမိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဇူလိုင်လ ၂၆ ရက်တွင် နိုင်ငံအတွင်းရှိ အချို့ဒေသများ၌ အပူချိန်သည် ၄၀ ဒီဂရီအထိမြင့်တက်လာခဲ့ပြီး ဂွမ်ဂျူးမြို့၌ ၄၁ ဒသမ ၃ ဒီဂရီအထိ ရောက်ရှိလာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံရှိ နယ်မြေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်တွင် လာမည့်သုံးရက်အတွင်း အပူချိန်မှာ ၃၅ ဒီဂရီအထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး အပူချိန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့က သတိပေးချက်များ ထုတ်ပြန်ထားသည်။
Ref: KH
MWD Web Portal

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့်နှစ်တစ်သန်းခွဲခန့်က ရာသီဥတုဆိုင်ရာ မှတ်တမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ကမ္ဘာ့အကြီးဆုံးရေခဲတုံးကြီး၏ ဗဟိုချက်ကို အရည်ဖျော်၍ လေ့လာစစ်ဆေးမည်ဖြစ်သည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံးရေခဲတုံးကြီးကို သိပ္ပံပညာရှင်များက အန္တာတိကတိုက် ကုန်းပြင်မြင့် အတွင်းပိုင်းမှ ယခုနှစ်အစောပိုင်းတွင် တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းရေခဲပြင်ကြီးအား ဗြိတိန်နိုင်ငံရှိ အထူးပြုလုပ်စီမံထားသည့်ရေခဲခန်းအတွင်း၌ သိုလှောင်ထားခြင်းဖြစ်သည်။

အရှည် ၂၈၀၀ မီတာ(ပေ ၉၀၀၀ ကျော်)ရှိ အဆိုပါရေခဲပြင် သို့မဟုတ် ရေခဲတုံးကြီးအတွင်း၌ လွန်ခဲ့သည့်နှစ်တစ်သန်းခွဲခန့်က ရာသီဥတုဆိုင်ရာမှတ်တမ်းများကို ရှာဖွေတွေ့ရှိနိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်မှန်းထားသည်။
ယခုလုပ်ဆောင်မည့် စီမံကိန်းကြီးသည် မိမိတို့သိရှိခဲ့ခြင်းမရှိသည့် အချက်အလက်များကို ရှာဖွေဖော်ထုတ်ရမည် ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် စီမံကိန်းတစ်ခုပင်ဖြစ် ကြောင်း သိပ္ပံပညာရှင်အဖွဲ့မှခေါင်းဆောင်ဖြစ်သူ လစ်ဇ်သောမတ်စ်က ပြောကြားသည်။
လစ်ဇ်သောမတ်စ်နှင့် သိပ္ပံပညာရှင်များသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း၌ အဆိုပါ ရေခဲတုံးကြီးအား တဖြည်းဖြည်းအရည်ဖျော်၍ ရေခဲပြင်အတွင်း ပါဝင်သည့်အမှုန်များကို တိုင်းတာစစ်ဆေးမည်ဖြစ်ပြီး အထူးစီမံထားသည့် နည်းပညာများကို အသုံးပြု၍ သမိုင်းမတိုင်မီခေတ်က ကမ္ဘာကြီး၏ ပုံစံကိုရေးဆွဲခြင်းအားဖြင့် လေ့လာမည်ဖြစ်သည်။
Ref: Smst M

နေပြည်တော် ဇူလိုင် ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် ၄၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ချုပ်ဆိုထားသည့်စာချုပ်များကို ပြန်လည်စိစစ်၍ စာချုပ်ပါအတိုင်းပြီးစီးနိုင်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရန်နှင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လာမည့် နွေရာသီအမီဖြစ်နိုင်ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ထက်စော၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပထမအဆင့် ၄၀ မဂ္ဂါဝပ်မှ Solar Panel များ တပ်ဆင်ထားရှိမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ပေးနေ မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့်တွဲဖက်၍ ဓာတ်အားထုတ်လုပ်မောင်းနှင်ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်မောင်းနှင်ရန် လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစပြီး ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာအတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန်၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
MOI

ကျောက်ဆည်၊ ဇူလိုင်-၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီ ကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့(၉)နာရီအထိ ငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေး ပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါး(၁)ဧကတွင် ငွေ(၁)သိန်းခွဲ ကျပ်၊ ယာသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် (၁)ဧက ငွေ(၁)သိန်းကျပ် နှုန်းဖြင့် ကျေးရွာအုပ်စု (၂၈) အုပ်စုမှ တောင်သူ (၆၁၇) ဦး၏ စပါးသီးနှံ (၂၃၃၄) ဧက၊ ပဲတီစိမ်းသီးနှံ (၆၅၁) ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ (၅၉) ဧက၊ ကုလားပဲသီးနှံ (၁၀) ဧက စုစုပေါင်းသီးနှံမျိုးစုံ (၃၀၅၄) ဧကအတွက် စိုက်ပျိုး ချေးငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၂)သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

မော်စကိုမှ ပြုံယမ်းသို့ ပထမဆုံး ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်း ခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် Nordwind လေကြောင်းလိုင်း၏ Boeing 777-200ER လေယာဉ်ဖြင့် မော်စကိုမြို့မှ စတင်ပြေးဆွဲရာ မြောက်ကိုရီးယား မြို့တော်သို့ ဒေသစံတော်ချိန် နံနက် ၀၉း၃၀ နာရီ (၁၂း၃၀ GMT) အချိန်တွင် ဆင်းသက်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။

ရုရှားသယံဇာတနှင့် ဂေဟဗေဒဝန်ကြီးဌာန ဝန်ကြီးနှင့် ရုရှား-မြောက် ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌ Alexander Kozlov တို့ ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် လေကြောင်း ဝန်ထမ်းများကို မြောက်ကိုရီးယားဘက်က ပန်းစည်းများဖြင့် ကြိုဆို နှုတ်ဆက်ကြပါသည်။ ခရီးသည် ၄၄၀ ဦး ဆံ့သော Nordwind လေကြောင်းလိုင်း၏ Boeing 777-200ER လေယာဉ်သည် မော်စကိုမြို့ရှိ Sheremetyevo လေဆိပ်မှ တနင်္ဂနွေနေ့ (၀၄း၃၀ GMT) တွင် ထွက်ခွာ ခဲ့ပါသည်။
မော်စကိုနှင့်ပြုံယမ်းကြား လေယာဉ် ရှစ်နာရီခန့်ကြာမြင့်ကြောင်း သိရ ပါသည်။ အဆိုပါ မော်စကို - ပြုံယမ်း လေကြောင်း အပြန်ခရီးစဉ်ကို ဇူလိုင် ၂၉ ရက် တွင် စီစဉ်ထားပါသည်။ နှစ်နိုင်ငံမြို့တော်များအကြား လေကြောင်း ပြေးဆွဲမှုကို တစ်လလျှင် တစ်ကြိမ်နှုန်း ပြေးဆွဲမည်ဖြစ်ကြောင်း ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ပြောကြားထားပါသည်။
ရုရှားနိုင်ငံ အရှေ့ဖျားမြို့ Vladivostok နှင့် ပြုံယမ်းကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များကို မြောက်ကိုရီးယား၏ Air Koryo က တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲပေးလျက်ရှိပါသည်။ ထိုလေကြောင်းခရီးစဉ်ကို COVID-19 ကပ်ရောဂါကာလက ခေတ္တရပ်နားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်းဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြန်လည် စတင် ခဲ့သည်ဟု သိရပါသည်။
ကိုးကား- TASS
Photo: Kazinform
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ကိုယ်စားလှယ် အဖွဲ့ သည် လာမည့် သီတင်းနှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများကိုဆွေးနွေးကြမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ပြောကြားလိုက်ပါသည်။

IAEA အရာရှိအချို့သည် လာမည့်နှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်ရန် ခရီးစဉ်များ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ နှစ်ဘက် အဖွဲ့အစည်းအကြား နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ထားပါသည်။ ၎င်း၏ ပြောကြားချက်အရ အီရန်အနေဖြင့် IAEA နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်စရာနည်းလမ်းများကို အီရန် ပါလီမန်က အတည်ပြုခဲ့သော ဥပဒေသစ်အရ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်တွင် အီရန်သမ္မတ Masoud Pezeshkian သည် ပါလီမန်မှ ရေးဆွဲခဲ့သော IAEA နှင့် တီဟီရန်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုင်းငံ့လိုက်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ကိုးကား- TASS
Photo: Arab News PK

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျှော့ချ၍ နည်းပညာ တက္ကသိုလ် (ကျောက်ဆည်)မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဝက်သား(၃၅)ပိဿာ၊ အမဲသား (၃၀) ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

အမေရိကန်အာမခံကုမ္ပဏီ SquareTrade ၏ စစ်တမ်းအချက်အလက် များအရ ဥရောပတစ်ခွင်တွင် ဖုန်းခိုးယူခံရမှုအာမခံတောင်းခံသည့် အမှု ၅ ခုတွင် ၂ ခုမှာ ဗြိတိန်မှဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်ဖြစ်ပွားသော မိုဘိုင်းလ်ဖုန်းခိုးယူခံရမှုများ၏တစ်ဝက်နီးပါးမှာ လန်ဒန်တွင်သာ ဖြစ်ပွားနေပြီး SquareTrade ၏ ဥရောပ ဈေးကွက် ၁၂ ခုအတွင်း စုဆောင်းထားသော အချက်အလက်များ အရ ဗြိတိန်သည် အာမခံထားရှိသူ ၁၀% သာရှိသော်လည်း ဥရောပ တစ်ခွင်ဖုန်းခိုးယူခံရမှု၏ ၃၉% ကို ဗြိတိန်က ဦးဆောင်နေသည်ဟု ဆိုသည်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ဗြိတိန်တွင် ဖုန်းခိုးယူခံရမှု အာမခံတောင်းခံမှုများ ၄၂၅% အထိ မြင့်တက်လာခဲ့ပြီး ထိုအမှုများ၏ ၄၂% မှာ လန်ဒန်တွင်ဖြစ်ပွားခဲ့သည်။ အဆိုပါပမာဏသည် ဥရောပ ဒေသ တစ်ခုလုံး၏ ဖုန်းခိုးယူခံရမှု ၁၆% နှင့်ညီမျှပြီး ဘာမင်ဂမ်သည် ဖုန်း ခိုးယူ ခံရမှု ဒုတိယအများဆုံး ဖြစ်ပွားရာမြို့ဖြစ်သည်။ ထို့အပြင် ဗြိတိန်တွင် ဖုန်းခိုးယူမှုများသည် နွေရာသီနှင့် ခရစ်စမတ်ကာလများတွင် အထူးသဖြင့် ခရီးသွားလာမှုများ၊ ပွဲတော်များနှင့် ဈေးဝယ်ထွက်သည့်အချိန်များတွင် ပိုမိုမြင့်တက်လေ့ရှိသည်။
ထိုတွေ့ရှိချက်များကို အင်္ဂလန်နှင့် ဝေလပြည်နယ်၏ ရာဇဝတ်မှုဆိုင်ရာ တရားဝင်စစ်တမ်းများက ထောက်ခံထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်အတွင်း ပစ္စည်းခိုးယူခံရမှု ၅၀% တိုးလာပြီး အမှုပေါင်း ၄၈၃,၀၀၀ မှု ဖြစ်ပွားခဲ့ကာ ထိုအမှုများတွင် မိုဘိုင်းလ်ဖုန်းခိုးယူခံရမှု အများဆုံးဖြစ်သည်။
Compare the Market ၏ သုတေသနအရ ၂၀၂၄ ခုနှစ်အတွင်း လန်ဒန် တွင် ဖုန်း ၇၀,၀၀၀ ကျော် (တစ်ပတ်လျှင် ၁,၃၄၉ လုံး) ခိုးခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ အကယ်၍ ထိုဖုန်းများကို နောက်ဆုံးပေါ် မော်ဒယ် များနှင့် အစားထိုးတွက်ချက်ပါက စုစုပေါင်း ပေါင် သန်း ၇၀ (အမေရိကန် ဒေါ်လာ သန်း ၉၀ ခန့်) အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့ (Met Police) ၏ အချက်အလက်များအရ လန်ဒန်ရှိ ဖုန်းခိုးမှု ၄၀% နီးပါးသည် ဝက်စ်မင်စတာ နှင့် ဝက်စ်အင်း ဒေသများတွင် ဖြစ်ပွားခဲ့ပြီး မိုဘိုင်းလ်ဖုန်းခိုးမှုသည် ရာဇဝတ်ဂိုဏ်းများ အတွက် တစ်နှစ်လျှင် ပေါင် သန်း ၅၀ (ဒေါ်လာ ၆၄ သန်း) ကျော် ဝင်ငွေ ရသည့် လုပ်ငန်းတစ်ခုဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
ဖုန်းခိုးယူခံရမှုများ မြင့်တက်လာခြင်းသည် ဗြိတိန်၏ စီးပွားရေး အကျပ် အတည်းနှင့် လူနေမှုအဆင့်အတန်း ကျဆင်းမှု နှင့် ဆက်စပ်နေသည်။ အမျိုးသား စီးပွားရေးနှင့် လူမှုရေး သုတေသနအဖွဲ့ (NIESR) ၏ အဆို အရ ဗြိတိန်သည် လစာမြင့်မားသော နိုင်ငံမဟုတ်သကဲ့သို့ လူမှုဖူလုံရေး အထောက်အပံ့ ကောင်းမွန်သော နိုင်ငံလည်း မဟုတ်ဘဲ လူသန်းပေါင်း များစွာသည် နိမ့်ပါးသော လုပ်ခလစာနှင့် မလုံလောက်သော အထောက် အပံ့များကြား ရပ်တည်နေရသည်။
ထို့အပြင် ဗြိတိန်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို ကြာမြင့်စွာ ရင်ဆိုင်နေရပြီး အချို့သော ဖုန်းခိုးမှုနှင့် ဂိုဏ်းများ၏ လှုပ်ရှားမှု တိုးလာခြင်းသည် ပြစ်မှုကွန်ရက်များမှ တရားမဝင် နေထိုင်သူများနှင့် ဆက်စပ်နေသည်ဟု အရာရှိများက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကျောက်ဆည်၊ ဇူလိုင်-၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာဖြေဌာနကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ရာ (၆၄၂)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၁၁၄၉)ဦးရှိပြီး အောင်မြင်သူ(၅၆၀)ဦး၊ အလွတ်ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၃၃၅)ဦးရှိပြီး အောင်မြင်သူ(၈၂)ဦးရှိကြောင်းနှင့် ဂုဏ်ထူးဖြင့်အောင်မြင် သည့်ကျောင်းသား/ကျောင်းသူများအနေဖြင့် (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂) ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၇) ဦး၊ (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၈) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၄၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁၂)ဦး ဖြစ်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၃.၂၆) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)