သတင်းများ

လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်

နေပြည်တော် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်နေ မောင် -----၊ ၂၆/၂၀၂၅ နှင့် ၎င်း၏ ရည်းစားဖြစ်သူ မ-----၊ ၁၈/၂၀၂၅ နှစ်တို့က ခင်မင် ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လိုကြောင်း အကူအညီတောင်းခံခဲ့ရာ မယုဝတီက အလုပ်ရမည်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာသို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ် ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲအား တွေ့ရှိခဲ့ပြီး ၎င်းတို့စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့်ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီထိုက် Application မှ တစ်ဆင့် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရ သဖြင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများ ဖြစ်သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နှင့် Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၂၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ဥပဒေပုဒ်မ ၃၈(က)(ခ) အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

အမိန့်ချမှတ်ခဲ့

အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ) သူသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားရီဘော် (YIBO)တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ မ-----၊ ၂၆/၂၀၂၅ နှစ်နှင့် မ-----၊ ၂၂/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသား ချောင်ချုံးချွင်(Cao Qiu Quan)၊ ချန်ဟွမ့်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုး ငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်း တစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံ သို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ သူဇာစိုး(ခ) သူသူ၊ တရုတ်နိုင်ငံသားရီဘော်(YIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan)နှင့် ချန်ဟွမ့်(Chen Huan)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ-----၊ ၂၀/ ၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok ၌ @Baby 31.0 အကောင့်မှတစ်ဆင့် ပြည့်တန်ဆာလုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ်နှစ်သိန်းရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယားလုပ်ကိုင်ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ်ငွေကျပ် ၁၀ သိန်းရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်းခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောကျ်ားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း (ပ) ၅၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံး ဥက္ကဋ္ဌက တရားခံဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ မ-----၊ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံ တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ် နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချို တို့အား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နေ သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေ မ-----၊ ၁၇/၂၀၂၅ နှစ် နှင့် မ-----၊ ၂၄/၂၀၂၅ နှစ်တို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံမြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

MOI

အမေရိကန် F-35 တိုက်လေယာဉ်တစ်စီး ကယ်လီဖိုးနီးယားတွင် ပျက်ကျ

အမေရိကန်ရေတပ်၏ F-35 တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုး နီးယား ပြည်နယ်အလယ်ပိုင်းတွင် ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူး သည် အောင်မြင်စွာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖရက်စနိုကောင်တီရဲအရာရှိရုံး၏ ထုတ်ပြန်ချက်အရ လေယာဉ်မှူးသည် ထိုင်ခုံဖြင့်အတူ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျသည့်နေရာအနီးရှိ ကွင်းပြင် တစ်ခုတွင် လေထီးဖြင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ဖရက်စနိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ရေတပ်အခြေစိုက် လေတပ်စခန်း (NAS Lemoore) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ ပျက်ကျသည့်နေရာ တွင် မီးလောင်မှုများနှင့် မီးခိုးများ ထွက်ပေါ်နေပြီး အရေးပေါ် ဝန်ဆောင်မှု အဖွဲ့များ ချက်ချင်းရောက်ရှိကာ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ဆောင်မှု များ ပြုလုပ်နေသည်ကို တွေ့ရသည်။

ပျက်ကျသည့် F-35 လေယာဉ်သည် "Rough Raiders" တပ်ဖွဲ့၏ လေ့ကျင့်ရေးယူနစ်မှ ဖြစ်ပြီး ယခုအချိန်ထိ ပျက်ကျမှုအကြောင်းရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ အမေရိကန်ရေတပ်နှင့် လေတပ် တို့သည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

F-35 သည် အမေရိကန်၏ အဆင့်မြင့်တိုက်လေယာဉ်တစ်မျိုးဖြစ်ပြီး နည်းပညာ အဆင့်မြင့်မားသော်လည်း ယခင်ကလည်း နည်းပညာ ချို့ယွင်းမှု များကြောင့် ပျက်ကျမှုများ ရှိခဲ့ဖူးသည်။

ကိုးကား- NP News

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ကျောက်ဆည်၊ ဩဂုတ်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်း‌ဒေသစိမ်းလန်း စိုပြည်ရေးဦးစီး ဌာနမှ သစ်တော၊သစ်ပင်များ၏အကျိုးကျေးဇူးများနှင့် အနှစ်သာရများကိုဒေသခံ ပြည်သူများ သိရှိ နားလည် စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာစေရန် ရည်ရွယ်၍ ကျေးရွာများသို့ ကွင်းဆင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုအသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက အရှေ့ရွာနန်းကျေးရွာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဘိုက စွမ်းအားမြှင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု (၄၀℅) သက်သာ ပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စုမှ ထင်းအစား  အခြားလောင်စာဖြစ်သည့် (စိုက်ပျိုးရေးထွက်ပစ္စည်းများ) သုံးစွဲပါက တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန်လျော့နည်းသက်သာခြင်း၊ မြို့နေအိမ်ထောင်စု(၁)စုမှ ထင်း အစား လောင်စာတောင့်(၁၇၅၀)တုံးသုံးစွဲခြင်းဖြင့် တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန် လျော့နည်း သက်သာစေပြီး သစ်တော၊ သစ်ပင်ပြုန်းတီးမှုမှ ကာကွယ်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် သဘာဝသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ သဘာဝတောကျန်ထိန်းသိမ်းရခြင်း အကြောင်းများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတတ်သောအကြောင်းအရာများအား ပညာပေး ဟောပြောခဲ့ပြီး စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရပ်ဝန်း ဒေသနေ ပြည်သူများ ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲဒေသများအား စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း စိမ်းလန်း စိုပြည်ရေးနှင့် ရေမြေသဘာဝကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် လူထုပညာပေးဟောပြောပွဲများကို တစ်လလျှင်(၃)ကြိမ်နှုန်းဖြင့် ကျေးရွာ (၃၆)ရွာအား နှစ်ပတ်လည် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအားမြှင့် အေဝမ်း မီးဖို(၇၂၀)လုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

ဂျပန်က ဆူနာမီသတိပေးချက်များအားလုံးကို ရုပ်သိမ်း

ရုရှားနိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်း၌ အလွန်အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ဂျပန်အစိုးရက ဇူလိုင်လ ၃၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်၌ ပြင်းအား ၈ ဒသမ ၈  ရစ်(ခ်)တာစကေးရှိ  ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံမိုးလေဝသဌာနက နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးဒေသမှ နိုင်ငံအနောက်ပိုင်းရှိ ဝါကာယာမာဒေသအထိ  ဆူနာမီလှိုင်းရိုက်ခတ်နိုင်မှု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် သတိပေးချက်အဆင့်ကို လျှော့ချခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် ကြုံတွေ့ရသော အမြင့်ဆုံးလှိုင်းအမြင့်မှာ ၁ ဒသမ ၃ မီတာ ဖြစ်ပြီး အီဝါတေးဒေသရှိ ကူဂျီဆိပ်ကမ်း ၌ ကြုံတွေ့ရခြင်းဖြစ်ကြောင်း မိုးလေဝသ ဌာနကထုတ်ပြန်ထားသည်။

အချို့သောနေရာများတွင် ကြုံတွေ့ရ သောလှိုင်းအမြင့်သည် ၇၀ စင်တီမီတာ သာရှိကြောင်း၊ ထိုလှိုင်းကိုကြုံတွေ့ရသည့် ဒေသများမှာ ဟော့ကိုင်းဒိုးပြည်နယ် ဟီရူး မြို့နှင့် အီဘာရာကီပြည်နယ် အိုအာရာအီမြို့တို့ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင်     မိုးလေဝသဌာနအနေဖြင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ပြီးနောက် အသက် ၅၈ နှစ်ရှိ အမျိုးသမီး တစ်ဦးသည်  ၎င်းစီးနင်းလာသော မော်တော်ကားနှင့်အတူ မီအေးပြည်နယ်၌ ချောက်အတွင်းသို့ ထိုးကျသွားခြင်းကြောင့် သေဆုံးသွားကြောင်း သိရသည်။       

Ref: Xinhua

လာအိုသမ္မတက   ပူတင်ထံ ဆင် ၂ ကောင် လက်ဆောင်ပေးပို့မည်

ရုရှား-လာအို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်အား ဆင် ၂ ကောင် လက်ဆောင်ပေးရန် စီစဉ်နေကြောင်း လာအိုသမ္မတ Thongloun Sisoulithက ကြာသပတေးနေ့ (ဇူလိုင် ၃၁) တွင် ပြောကြားထားပါသည်။ 

လာအိုခေါင်းဆောင်က ယခုပေးမည့် ဆင်များမှာ ဗလာဒီမာပူတင် အတွက် ဒုတိယအကြိမ်မြောက် ဆင်လက်ဆောင် ရရှိခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဆင်ပေါက်စ ၆ ကောင်ကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထိုဆင်ပေါက် ၆ ကောင်ကို ရုရှားခေါင်းဆောင်က လက်ခံရရှိပြီးနောက် မော်စကို တိရစ္ဆာန် ရုံတွင် မွေးမြူထားရှိရန် စနစ်တကျ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် တိရစ္ဆာန် ချစ်တတ်သူဖြစ်သဖြင့် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များက ၎င်းထံ ခွေး၊ ဆင်၊ မြင်း၊ ဆိတ်ဖြူ၊ သမင်၊ ကျား အစရှိသည့် တိရစ္ဆာန်များကို လက်ဆောင်ပေးအပ် လေ့ရှိကြပါသည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည်၊ ဩဂုတ်-၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်ခရိုင် အတွင်းရှိ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလတ် နှင့်ဝန်ထမ်းများသည် “ရွှေလရောင်”ကြက်သွန်ပေါင်းကြော်လုပ်ငန်း၊ “ကျော်” ကိတ်ခြောက်လုပ်ငန်း၊ “မင်းသူဇော်” ကိတ်အမျိုးမျိုးလုပ်ငန်း၊ “ကံမြင့်သူ”ကြက်သွန်ပေါင်းကြော်လုပ်ငန်းများသို့ ကွင်းဆင်း၍ ထုတ်ကုန် များတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန် အချက်အလက် များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး လုပ်ငန်းသုံး စားအုန်းဆီများ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီရေးနှင့် လုပ်ငန်းခွင်၌ မှန်ကန်စွာသုံးစွဲရေး၊ ကုန်ချောများ ထုတ်လုပ်ရာ၌ အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲရေး၊ ထုတ်ကုန်များကို ကျန်းမာရေး နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံ မှန်ကန်စွာထည့်သွင်းဖော်ပြရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဋ္ဌာန်းချက်များလိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကမ်းအနီးနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်

နေပြည်တော် ဇူလိုင် ၃၁

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

သို့ဖြစ်ပါ၍ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ်အသုံးပြုခြင်းကို ဗီယက်နမ်တားမြစ်မည်

ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း၌ လေထုညစ်ညမ်းမှုကို     တိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ် အသုံးပြုခြင်းကို  ၂၀၂၆ ခုနှစ်   ဇူလိုင်လမှစ၍ တားမြစ်ရန် စီစဉ်လျက်ရှိသည်။

မြို့တော်ဟနွိုင်းရှိ မြို့ခံပြည်သူ ၈ ဒသမ ၅ သန်းသည် ယခုအခါ လောင်စာဆီသုံး  မော်တော်ဆိုင်ကယ်အစီးပေါင်း  ခုနစ်သန်းနီးပါးကိုအသုံးပြုလျက်ရှိပြီး     မြို့တော်အတွင်းဖြစ်ပွားသည့် လေထုနှင့်  ရေထုညစ်ညမ်းမှုများကို လျှော့ချနိုင်ရန်အတွက် ဟနွိုင်းမြို့တော်အတွင်းပိုင်း၌  ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်စီးနင်းအသုံးပြုခြင်းကို လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍  တားဆီးပိတ်ပင်ရန် ဝန်ကြီးချုပ်ဖန်မင်းချင်က ယခုနှစ်ဇူလိုင်လ ၁၂ ရက်တွင် ညွှန်ကြားချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

ဟနွိုင်းမြို့တော်အတွင်း     မော်တော်ဆိုင်ကယ်စီးနင်းမှုများသည်   မြို့တော်၏လေထုညစ်ညမ်းမှုကို   ဆိုးရွားစွာဖြစ်ပေါ်စေလျက်ရှိရာ   မြို့တော်တွင်နေထိုင်သည့် ပြည်သူ ၄၀ ရာခိုင်နှုန်း ခန့်သည်  ယခုအခါ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ထားသည့်  လေထုညစ်ညမ်းမှုပမာဏထက် ငါးဆနီးပါးဆိုးရွားသည့် ညစ်ညမ်းမှုများနှင့်ရင်ဆိုင်နေရသည်။

ဗီယက်နမ်နိုင်ငံသည်  အာရှဒေသတွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေပြီး   ဒေသတွင်းကုန်ပစ္စည်း ထုတ်လုပ်ရေး အချက်အချာဒေသတစ်ခု ဖြစ်သော်လည်း လေထုညစ်ညမ်းမှုကြောင့်  နှစ်စဉ် လူ ၆၀၀၀၀ ခန့် သေဆုံးရလျက်ရှိသည်။

မော်တော်ဆိုင်ကယ်များ၊  အလုပ်ရုံနှင့်  စက်ရုံများမှထွက်ရှိသည့်    ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် ဟနွိုင်းမြို့တော်၌ ကျဆင်းလျက်ရှိသော အဆိပ်အတောက်ဖြစ်စေသည့် မြူမှုန်များသည် မြို့တော်နေပြည်သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေသည်။                

Ref: St

MWD Web Portal

ရာသီဥတုပြောင်းလဲမှုကြောင့် ကျိုတိုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်

ဂျပန်နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဇူလိုင်လ  ၃၀ ရက်တွင် အပူချိန်မှာ ၄၁ ဒသမ ၂ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး  ရှေးခေတ်မြို့တော်ဖြစ်သည့် ကျိုတိုမြို့တွင်  ပထမဆုံးအကြိမ်အဖြစ်  အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်လာသည်။

ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် မကြာမီနှစ်များအတွင်းက ဖြစ်ပွားသည့် ရာသီဥတု ပြောင်းလဲမှုကို ကြုံတွေ့လာရပြီး ပြင်းထန်သည့်ရာသီဥတုနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ဟိုဂိုဒေသတွင် အပူချိန်မှာ စံချိန်တင်အဖြစ် ၄၁ ဒီဂရီ ကျော်အထိ မြင့်တက်လာခြင်းကြောင့်   လွန်ခဲ့သည့် ငါးနှစ်အတွင်းက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အပူချိန် မြင့်တက်မှုထက် ကျော်လွန်လာခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်  နွေရာသီအတွင်းကလည်း အပူချိန်မြင့်တက်မှု စံချိန်တင်ခဲ့ပြီး နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အပူပြင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိတွင် ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ ဒေသအများအပြား၌ အပူလှိုင်းဖြတ်သန်းမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်ထားသည်။    နိုင်ငံအတွင်းရှိ အပူချိန်မြင့်တက်သည့်ဒေသများတွင် နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ ဂူဂျိုမြို့အပါအဝင် ဒေသစုစုပေါင်း ၃၈ ခုပါဝင်ကြောင်း   မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။                                          

တောင်ကိုရီးယားတွင် သက်ကြီးလူဦးရေ ဆက်လက်မြင့်တက်နေပြီး လူဦးရေဆက်လက်ကျဆင်း

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသူဦးရေ မြင့်တက်လာခဲ့သော်လည်း နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နိုင်ငံ၏လက်ရှိလူဦးရေတိုးပွားမှုအရ တောင်ကိုရီးယားနိုင်ငံတွင်  သက်ကြီးလူဦးရေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ငါးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ၅၁ ဒသမ ၈ သန်းရှိပြီး ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က လူဦးရေနှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်လာခဲ့သည်။

နိုင်ငံအတွင်းရှိ လူဦးရေသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။ သို့သော် လူဦးရေတိုးတက်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဆက်လက်နှေးကွေးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် လသားအရွယ်မှ အသက် ၁၄ နှစ်ကြားအရွယ် လူဦးရေသည် စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၅ ဒသမ ၄၂ ရာခိုင်နှုန်းရှိပြီး ၁၅ နှစ်မှ ၆၄ နှစ်အကြား လူဦးရေမှာ စုစုပေါင်း ၃၆ ဒသမ ၂၆ သန်းခန့်သာ ရှိကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် ၁၀ ဒသမ ၁၂ သန်းအထိ မြင့်တက်လာခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် ၁၀ သန်းအထက်သို့ ရောက်ရှိလာသည်။                                                                         