သတင်းများ

ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က  ကနေဒါမှ တင်သွင်းလာမည့်  ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့်  Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ 

အကောက်ခွန်နှုန်းတိုးမြှင့်လိုက်ခြင်းက အမေရိကန် နိုင်ငံ၏ မြောက်ပိုင်းအိမ်နီးချင်း ကနေဒါနိုင်ငံ၏ စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်ပြီး အမေရိကန် နိုင်ငံတွင်လည်း ရေနံသုံးစွဲသူများအကြား ရေနံဈေးနှုန်း ပိုတက်လာမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံရေးသမား များနှင့် စွမ်းအင်ပညာရှင်များက သတိပေးပြောကြား လိုက်သည်။ 

ကနေဒါနိုင်ငံသည် Trump နှင့် အဆိုပါကိစ္စရပ်အပေါ် ညှိနှိုင်းရန်လိုအပ်ကြောင်း စွမ်းအင်ပညာရှင် Dennis McConaghy က ပြောကြားခဲ့ပါသည်။

Trump သည် ယခင်က အလားတူ ခြိမ်းခြောက်မှုမျိုးကို ဗျူဟာအဖြစ် သုံးခဲ့ဖူးသည့်အတွက်ကြောင့် ယခု ခြိမ်းခြောက်မှုသည် လက်တွေ့တွင် အသက်ဝင်မည် လောကို အတိအကျ မသိရှိရပါ။ 

အဆိုပါ ခြိမ်းခြောက်မှုသည် Canada နှင့် Mexico တို့နှင့် ထိစပ်နေသည့် အမေရိကန်နယ်စပ်မှတစ်ဆင့်  နိုင်ငံအတွင်းသို့  ဒုက္ခသည်များနှင့် မူးယစ်ဆေးများ တရားမဝင် ဝင်လာနေသရွေ့ အတည်ဖြစ်မည့်သဘောမျိုး Trump က အရိပ်အမြွက်ပြောကြားထားပါသည်။ 

Canada နိုင်ငံ၏ ကုန်သွယ်မှု ၈၀% မှာ အမေရိကန် နိုင်ငံနှင့်ဖြစ်ပြီး အများစုသည် ဟိုက်ဒရိုကာဗွန် ဓာတ်ငွေ့များ ဖြစ်ပါသည်။ သို့ပါ၍ အမေရိကန်နိုင်ငံ ကလည်း ကနေဒါမှ တင်သွင်းသည့် ရေနံအပေါ် မှီခို နေရသဖြင့် တိုးမြှင့်ကောက်ခံမည့် အကောက်ခွန်နှုန်း များထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ မပါဝင်သင့် ကြောင်း အမေရိကန် ရေနံစီးပွားရေးသမားများက သမ္မတထံ တောင်းဆိုနေကြပါသည်။

သို့သော် Trump သည် အခြားနိုင်ငံများ၏ ရေနံတင်သွင်းမှုအပေါ် အမေရိကန်နိုင်ငံက မှီခိုနေရခြင်းကို မနှစ်မြို့သူဖြစ်သောကြောင့် အဆိုပါကိစ္စရပ်အပေါ် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 

ကိုးကား - BBC

ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က  ကနေဒါမှ တင်သွင်းလာမည့်  ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့်  Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ 

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။ 

ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ကိုးကား - Sputnik

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာ့မီးရထားဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများနှင့် စပိန်နိုင်ငံမှ ဝယ်ယူတင်သွင်းထားသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များကို ရန်ကုန်မြို့ပတ် ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် ပြည်သူများနှင့် နိုင်ငံတစ်ဝန်းလုံးက ပြည်သူများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြားမှတ်တမ်းပြုရမည့် နေ့တစ်နေ့ဖြစ်ကြောင်း။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံ၏ပထမဦးဆုံးနှင့် ရှေးအကျဆုံး သယ်ယူပို့ဆောင်မှုစနစ်တစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်း စတင်ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်ကိုလေ့လာကြည့်ပါက ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက် တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁) မိုင်ခရီးကို ယခင်က ကွမ်းခြံကုန်းဘူတာဟု အမည်တွင်ခဲ့သည့် ရန်ကုန်ဘူတာကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့သည်ကို တွေ့ရကြောင်း၊ ယနေ့ဆိုပါက နှစ်ပေါင်း (၁၄၇) နှစ်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ပြေးဆွဲနိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံကပထမဦးဆုံးဖြစ်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံဟုဆိုနိုင်ကြောင်း၊ လက်ရှိကာလတွင် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈၀၀) ကျော်နှင့် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်နိုင်ခဲ့ကြောင်း။

အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိကအားကိုးအားထား ပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်နိုင်ကြောင်း၊ စရိတ်စက သက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည်အမြောက်အများကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ယင်းတို့သည် ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များပင်ဖြစ်ကြောင်း။

ရထားသည် မော်တော်ကားနှင့်နှိုင်းယှဉ်ပါက တူညီသည့်ကုန်စည်ပမာဏနှင့် ခရီးအကွာအဝေးအတွက် လောင်စာဆီကို လေးပုံတစ်ပုံမှခြောက်ပုံတစ်ပုံအတွင်းသာ သုံးစွဲကုန်ကျကြောင်း၊ လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာလျော့ပါးသက်သာစေပြီး ယာဉ်ကြောကြပ်တည်းမှု ပြဿနာကိုလည်း လျော့နည်းစေကြောင်း၊ ထိုကဲ့သို့အချက်များကြောင့် နိုင်ငံအသီးသီးတွင်လည်း ရထားလုပ်ငန်း ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးနှင့် တိုးတက်ရေးကို အလေးထားလုပ်ဆောင်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများခေတ်မီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိကိုယ်တိုင်လည်း တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း။

ရထားလမ်းများကြံ့ခိုင်ကောင်းမွန်ပြီး ချောမွေ့မှုရှိစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကအားထားပြီး နည်းပညာများတိုးတက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း။

ထိုကဲ့သို့ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်းကို ယခုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ မီးရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာ စေရေးအတွက် ပြည်သူလူထုကပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကိုအသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးကြရန်မေတ္တာရပ်ခံလိုကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီးခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကိုအဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းစွမ်းဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ခြင်းနှင့် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့်အတူ DEMU ရထားတွဲဆိုင်းအသစ်များပြေးဆွဲပေးသည့်အတွက် ရန်ကုန်မြို့တွင် နေထိုင်ကြသည့် ခရီးသွားပြည်သူများအနေဖြင့် သက်တောင့်သက်သာရှိစွာ၊ စိတ်လက်ချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည့် မိမိတို့ရန်ကုန်မြို့ကြီးအတွက် မဖြစ်မနေအသုံးပြုသင့်သည့် များစွာအကျိုးရှိသည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ရန်ကုန်မြို့ပတ်ခရီးစဉ်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်း အသစ်များဖဲကြိုးဖြတ်ဖွင့်လှစ်မည့် နေရာသို့ရောက်ရှိကြရာ ကျောင်းသူလေးများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးရထားစက်ခေါင်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ရန်ကုန်မြို့ပတ်လက်ဝဲရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထား တွဲဆိုင်း စတင်ထွက်ခွာရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရန်ကုန်မြို့ပတ်လက်ယာရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွားပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အလိုအလျောက်မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီရထားပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှုတစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ နေ့စဉ် RBE ရထားအစင်း (၂၀) နှင့် DEMU (၁၅) စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြို့ပတ်ရထားများကို ယခင်ကထက်ပိုမိုမြန်ဆန်အဆင်ပြေ ချောမွေ့စွာဖြင့် လိုရာခရီးသို့စီးနင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) ရရှိရေး ဆောင်ရွက်ထားမှုအစီအစဉ်များ၊ RBE (Rail Bus Engine) များအား Battery Electric Multiple Unit (BEMU) အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု၊ EMU စနစ်၊ BEMU စနစ်တို့ကို ပြောင်းလဲပြေးဆွဲနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ သုံးသပ်တင်ပြချက်များ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) နှင့် လျှပ်စစ်စက်ခေါင်း (Electric Locomotive) ရရှိရေး ဆောင်ရွက်ထားမှုအစီအစဉ်၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား Battery Electric Locomotive အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားလမ်းပိုင်းများတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကိုမဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ရထားကွန်ယက်စနစ်တည်ဆောက်ခြင်းနှင့် ဘက်ထရီဓာတ်အားပေးစနစ်သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကိုအသုံးပြု၍ လျှပ်စစ်ရထားကွန်ယက်စနစ်တည်ဆောက်ခြင်းဟူ၍ ၂ မျိုးတွေ့ရှိရကြောင်း၊ ဘက်ထရီဓာတ်အားပေးစနစ်သုံး လျှပ်စစ်ရထားကွန်ယက် တည်ဆောက်ရာတွင် မြို့ပတ်ရထားနှင့်ခရီးရထားများအတွက်ရှိပြီး RBE တွဲများကို ဘက်ထရီစနစ် BEMU အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပြီး ခရီးဝေးရထားများအတွက် ရှိပြီးဒီဇယ်လျှပ်စစ်စက်ခေါင်းအား ဘက်ထရီလျှပ်စစ်စက်ခေါင်း Battery Electric Locomotive (BEL) အဖြစ်ပြောင်းလဲအသုံးပြုနိုင်သည်ကိုတွေ့ရကြောင်း၊ နည်းပညာတိုးတက်လာမှု၏ အကျိုးကျေးဇူးအရ လျှပ်စစ်ရထားကွန်ယက်စနစ်ကို လက်ရှိရထားစနစ်အတွင်း၌ပင် သက်သာထိုက်သင့်သည့် ငွေကြေးကုန်မှုနှင့်အချိန်တိုအတွင်းတည်ဆောက်နိုင်မည့်အလားအလာဖြစ်ကြောင်း၊ EMU စနစ်မှ BEMU စနစ်ပြောင်းလဲခြင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်းတွဲအဖြစ်ပြောင်းလဲတည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက်ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် စက်မောင်းဆီကို အသုံးပြု၍မောင်းနှင်ရခြင်းဖြစ်သဖြင့် စက်မောင်းဆီအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ BEL စက်ခေါင်းတွဲများအဖြစ် ပြောင်းလဲတည်ဆောက်အသုံးပြုပါက စက်သုံးဆီအတွက်ကုန်ကျမှု မရှိတော့ကြောင်း၊ ကုန်ကျစရိတ်နည်းပါးစွာဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ အဆိုပါ စက်ခေါင်းတွဲများသည် ဒီဇယ်လျှပ်စစ်သုံး စက်ခေါင်းများထက် ပိုမိုလျှင်မြန်မြန်ဆန်လာမည်ဖြစ်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးတွက်ချက်ဆောင်ရွက်သွား ရန်လိုပြီးအချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းပိုင်း လမ်းနယ်တစ်လျှောက် ခြံစည်းရိုးများကာရံခြင်း၊ ရေထွက်စနစ်များ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ ရထားတွဲများ အဆင့်မြှင့်တင်ခြင်း၊ သံလမ်းများ၊ မီးရထားလမ်းကူးတံတားများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ မီးရထားဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

နိုင်ငံတော်အနေဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေး လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က ခရီးတိုပြေးဆွဲခြင်းများတွင် RBE စက်ခေါင်းများကို အသုံးပြု၍ ခရီးရှည်ပြေးဆွဲခြင်းများတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုခဲ့ကြောင်း၊ လျှပ်စစ်ရထားများပြေးဆွဲရာတွင် ရထားလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်အတွက် အချိန်များစွာပေးရမည်ဖြစ်ကာ ကုန်ကျစရိတ်များလည်း များပြားမည်ဖြစ်ကြောင်း၊ ယခုအခါ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဘက်ထရီနည်းပညာများသည်လည်း တိုးတက်လာပြီဖြစ်သဖြင့် BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲသုံးဆွဲခြင်းဖြင့် သဘာဝပတ်ဝန်ကျင် ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ စွမ်းအင်များကိုလည်း ချွေတာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီကာလများအတွင်း၌ မိမိတို့နိုင်ငံတွင် အဆိုပါစက်ခေါင်းများဖြင့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို တွေ့မြင်ရနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်) သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျပါလီမန် အတည်ပြု

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင်  နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ  ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။ 

လအတန်ကြာ ပြည်သူလူထုများအတွင်း အခြေအတင် ဆွေးနွေးမှု၊ ဝေဖန်မှုများရှိခဲ့သော ကမ္ဘာ့ပထမဆုံး Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်သည့် ဥပဒေအား ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြုလုပ် သည့်  ဩစတြေးလျနိုင်ငံ ပါလီမန်က အတည်ပြုလိုက် ခြင်းဖြစ်သည်။

ထိုဥပဒေသစ်အရ  နည်းပညာကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းရှိ ၁၆ နှစ် မပြည့်သေးသူများက လူမှု ကွန်ရက်ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း မပြုနိုင် စေရန်  သင့်လျော်သည့် အစီအမံများ ကြိုတင်ဆောင် ရွက်ထားကြရန်နှင့် လိုက်နာခြင်းမရှိပါက  ဥပဒေအရ ဩစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၂ သန်း) နီးပါး ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ 

ကိုးကား - CNN

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်) သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျပါလီမန် အတည်ပြု

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင်  နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ  ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။ 

မော်လဒိုက် သို့မဟုတ် သွားရောက် လည်ပတ်ရန် ဈေးအကြီးဆုံး ခရီးစဉ်

နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။ 

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံလေးဖြစ်သည့် မော်လဒိုက်သို့ လာရောက်လည်ပတ်ပါက ကုန်ကျမည့် စရိတ်ကို တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ မော်လဒိုက်မှ ထွက်ခွာမည့် လေယာဉ် စရိတ်များကို ယခင်ကထက်  အများဆုံး လေးဆအထိ  တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပြီး ရိုးရိုးတန်းကို ဒေါ်လာ ၃၀ မှ ဒေါ်လာ ၅၀ အထိလည်းကောင်း၊ အထူးတန်းကို ဒေါ်လာ ၆၀ မှ ဒေါ်လာ ၁၂၀ အထိလည်းကောင်း၊ ပထမတန်းကို ဒေါ်လာ ၉၀ မှ ဒေါ်လာ ၂၄၀ အထိ လည်းကောင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာမည် ဆိုပါက လိုက်ပါလာသူတစ်ဦးချင်းစီကို ဒေါ်လာ ၁၂၀ မှ ဒေါ်လာ ၄၈၀ အထိလည်းကောင်း တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ထိုဈေးနှုန်းသည် အသက်အရွယ် မရွေး၊ လာရောက်မည့် ခရီးအကွာအဝေးမရွေး၊ မော်လဒိုက် နိုင်ငံသားမဟုတ်သည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသူအားလုံးထံမှ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါတိုးမြှင့်ကောက်ခံရရှိသည့် အခွန်အခများကို ကမ္ဘာလှည့်ခရီးသွားများ တထောက်နားနေရာ မော်လဒိုက် နိုင်ငံ၏ ပင်မလေဆိပ်ဖြစ်သည့် Velana International Airport(MLE)၏ ပြင်ဆင်ထိန်းသိမ်းစရိတ်အဖြစ် လွှဲပြောင်း အသုံးပြုမည်ဖြစ်ကြောင်း မော်လဒိုက်ဘဏ္ဍာရေး အာဏာပိုင်က ကြေညာခဲ့ပါသည်။ 

မော်လဒိုက်သို့သွားရောက်မည့် အဆင့်မြင့်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် Beond ကလည်း မော်လဒိုက်သို့ သွားရောက်လိုသူ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် အဆိုပါတိုးမြှင့်လိုက်သည့် အခွန်အခကို ရှောင်ရှားနိုင်ရန် နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ဝယ်ယူကြရန် ကြေညာ ထားပါသည်။

အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းငယ်ပေါင်း ၁,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မော်လဒိုက်တွင် လူဦးရေ ၅၂၅,၀၀၀ ဦး ခန့်ရှိပါသည်။ နိုင်ငံသားအများစုသည် မြို့တော် Malé တွင်နေထိုင်ကြပါသည်။ မော်လဒိုက်နိုင်ငံတွင် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။ 

မော်လဒိုက်တွင် နိုင်ငံတကာဟိုတယ်လုပ်ငန်းစုများ ရှိပြီး Ritz Carlton၊ Six Senses ဟိုတယ် ၊ St Regis ဟိုတယ်တို့သည် နာမည်ကြီးဇိမ်ခံဟိုတယ်များဖြစ်ကာ အခန်း၊ ဗီလာများစွာရှိပြီး တစ်ညလျှင် ဒေါ်လာထောင်ပေါင်း များစွာ ကုန်ကျပါသည်။ အမေရိကန် နိုင်ငံခြားရေးဌာန အဆိုအရ မော်လဒိုက်ရှိ ဒေသခံပြည်သူတစ်ဦးလျှင် ဒေါ်လာ ၁၂,၀၀၀ ဝင်ငွေ ရရှိနေကြပါသည်။

ကိုးကား(CNN)

မော်လဒိုက် သို့မဟုတ် သွားရောက် လည်ပတ်ရန် ဈေးအကြီးဆုံး ခရီးစဉ်

နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။ 

၂၀၂၄ ခုနှစ်  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။ 

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။ 

အဆင့်(၁)နေရာတွင် ရှိသည့် အိုက်စလန်နိုင်ငံသည် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံနေရာတွင် ၂၀၀၈ ခုနှစ် ကတည်းကပင်(၁၇)နှစ်တိုင်အောင်  ရပ်တည်နေသည့် နိုင်ငံဖြစ်ပါသည်။ အိုက်စလန်နိုင်ငံရှိ ပြည်သူများသည် ညဖက်၌ အေးချမ်းလုံခြုံစွာ အိပ်စက်အနားယူနိုင်ကြပြီး မည်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မျှ မရှိသော ထူးခြားသည့် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ် ပါသည်။ အိုက်စလန်နိုင်ငံတွင် လူဦးရေ ၃၉၀,၀၀၀ ဦး ခန့်နေထိုင်ပါသည်။ 

အဆင့်(၂)နေရာတွင် ရှိသည့် အိုင်ယာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံ  တစ်နိုင်ငံလည်းဖြစ် ပါသည်။ အလုံခြုံဆုံးနိုင်ငံဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးကို မြတ်နိုးသော နိုင်ငံလည်းဖြစ်ပါသည်။ လွတ်လပ်သော အနေအထားနှင့် ကြားနေစစ်တပ်တို့ဖြင့် ဖွဲ့စည်းထား ပါသည်။ အိုင်ယာလန်နိုင်ငံတွင် ၂၀၂၄ ခုနှစ် စစ်တမ်း အရ လူဦးရေ ၅.၂ သန်း ကျော်နေထိုင်ပါသည်။

အဆင့်(၃)နေရာတွင် ရှိသည့် ဩစတြီးယားနိုင်ငံသည် နိုင်ငံသားများအတွက် ဝင်ငွေ၊ အလုပ်အကိုင်၊ အိမ်ရာ စသည့် သုခချမ်းသာများ အမြင့်ဆုံး ရရှိပိုင်ဆိုင်နိုင်သော နိုင်ငံဖြစ်ပါသည်။ ဩစတြီးယားနိုင်ငံ၏ ကြားနေမူဝါဒ အရ EU နှင့် NATO တို့၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ ရပ်တည်နေပါသည်။ 

၂၀၂၄ ခုနှစ် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ(၁၀)နိုင်ငံကို  ဖော်ပြလိုက်ပါသည်-

(၁)     အိုင်စလန်

(၂)      အိုင်ယာလန်

(၃)     ဩစတြီးယား

(၄)     နယူးဇီလန်

(၅)     စင်ကာပူ

(၆)     ဆွစ်ဇာလန်

(၇)     ပေါ်တူဂီ

(၈)     ဒိန်းမတ်

(၉)     ဆလိုဗီးနီးယား

(၁၀)   မလေးရှား။

ကိုးကား(Global Finance)

၂၀၂၄ ခုနှစ်  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။ 

ဥရောပ ဓာတ်ငွေ့ဈေးနှုန်း စံချိန်တင်မြင့်မား

ယခုနှစ်အတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၄၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၅၁၂ သို့ ကျဆင်းသွားသော်လည်း ယခုအပတ်မှစ၍ အဆိုပါဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၀၀ အထက်တွင် တည်ငြိမ်နေကြောင်း၊ ယင်း ဈေးနှုန်းမှ ဆက်လက်လျော့ကျနိုင်ဖွယ်မရှိဟု အချက်အလက်များအရ သိရှိရကြောင်း၊ ရုရှားဓာတ်ငွေ့ တင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာရခြင်းလည်းဖြစ်ကြောင်း၊ အခုအခါ ရုရှားပိုက်လိုင်း ဓာတ်ငွေ့အတွက် ငွေပေးချေမှုကိစ္စအဝဝကို ကိုင်တွယ် ဆောင်ရွ

ယခုနှစ်အတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၄၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၅၁၂ သို့ ကျဆင်းသွားသော်လည်း ယခုအပတ်မှစ၍ အဆိုပါဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၀၀ အထက်တွင် တည်ငြိမ်နေကြောင်း၊ ယင်း ဈေးနှုန်းမှ ဆက်လက်လျော့ကျနိုင်ဖွယ်မရှိဟု အချက်အလက်များအရ သိရှိရကြောင်း၊ ရုရှားဓာတ်ငွေ့ တင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာရခြင်းလည်းဖြစ်ကြောင်း၊ အခုအခါ ရုရှားပိုက်လိုင်း ဓာတ်ငွေ့အတွက် ငွေပေးချေမှုကိစ္စအဝဝကို ကိုင်တွယ် ဆောင်ရွက်နေသည့် Gazprombank ကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားကြောင်း၊ ရုရှားသမ္မတအမိန့် အရ မိတ်ဖက်နိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဓာတ်ငွေ့ပေးချေငွေကို   ရူဘယ်ဖြင့်ပေးဆောင်ရမည့်အစီအစဉ်တစ်ရပ်ကို စတင် ခဲ့ကြောင်း၊ ယခင်က အမေရိကန်သည် Gazprombank ကို စွမ်းအင်ထုတ်ကုန်များနှင့်စပ်လျဉ်းသည့် ငွေပေးချေ မှုများကို ပိတ်ဆို့အရေးယူမှုစာရင်းမှ အကြိမ်ကြိမ် ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဖိအားပေး နည်းဗျူဟာအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း၊ ရုရှားက တင်ပို့နေသည့် တစ်ခုတည်းသော ဓာတ်ငွေ့ပိုက်လိုင်း Gazprom အနေဖြင့်  ရူဘယ်ဖြင့် ငွေပေးချေမှုမရှိသူများကို ၂၀၂၂ ခုနှစ်က ဘူဂေရီးယားနိုင်ငံက ရင်ဆိုင်ခဲ့ရသကဲ့သို့  ဓာတ်ငွေ့ ပေးလွှတ်မှု အလိုလိုရပ်ဆိုင်းသွားလိမ့်မည် ဖြစ်ကြောင်း၊

အမျိုးသားစွမ်းအင်အင်စတီကျူမှ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် InfoTEK Analytical Center မှ ကျွမ်းကျင်သူ Alexander Frolov  က ရုရှားဓာတ်ငွေ့ ကုန်သွယ်မှုမှာ ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း၊  စွမ်းအင် ထုတ်ကုန်များနှင့်ပတ်သက်၍ လုပ်ကိုင်သူများအနေဖြင့်  ရုရှားဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လိုင်စင် များ ဆက်လက်ကိုင်ဆောင်ထားရန်ဖြစ်ကြောင်း၊ ရုရှား ဓာတ်ငွေ့ဝယ်ယူသူများအနေဖြင့် ယင်းအခြေအနေနှင့် ပတ်သက်၍ သဘောထားတောင်းခံရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍  နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် ဥရောပ ဈေးကွက်ကစားသူများအတွက်  အခြေအနေသည် စိုးရိမ်စရာရှိသည်ဟု သတိပေးပြောကြားထားကြောင်း  ရုရှားနိုင်ငံပိုင်သတင်းစာ  Rossiyskaya Gazeta က ဖော်ပြထားသည်။ 

ကိုးကား - TASS

ဥရောပ ဓာတ်ငွေ့ဈေးနှုန်း စံချိန်တင်မြင့်မား

ယခုနှစ်အတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၄၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၅၁၂ သို့ ကျဆင်းသွားသော်လည်း ယခုအပတ်မှစ၍ အဆိုပါဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၀၀ အထက်တွင် တည်ငြိမ်နေကြောင်း၊ ယင်း ဈေးနှုန်းမှ ဆက်လက်လျော့ကျနိုင်ဖွယ်မရှိဟု အချက်အလက်များအရ သိရှိရကြောင်း၊ ရုရှားဓာတ်ငွေ့ တင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာရခြင်းလည်းဖြစ်ကြောင်း၊ အခုအခါ ရုရှားပိုက်လိုင်း ဓာတ်ငွေ့အတွက် ငွေပေးချေမှုကိစ္စအဝဝကို ကိုင်တွယ် ဆောင်ရွ

ရန်ကုန်တိုင်းရှိ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယနေ့ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ ငလျင်များလှုပ်ခတ်ခဲ့

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

မိုးလေဝသမြန်မာ၊ ဗဟိုဌာနချုပ်၊ မြေငလျင်တိုင်းထွာရေးဗဟိုဌာနမှ ယနေ့ညနေ ၅ နာရီ ၃၄ မိနစ်၊ ၅၀ စက္ကန့်တွင် တွံတေးမြို့၏ မြောက်-အ ရှေ့မြောက်ဘက်(၃ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၇၆)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ်(၉၅ ဒသမ ၉၆)ဒီဂရီ၊ အနက် (၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ ၄၈ မိနစ် ၂၉ စက္ကန့်ကလည်း တွံတေးမြို့၏မြောက်-အနောက်မြောက်ဘက်(၇ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၈၉)ဒီဂရီ၊ အနက်(၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းရှိငလျင်လှုပ်ခတ်ခဲ့ခြင်းကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီ ၅၉ မိနစ် ၂၀ စက္ကန့်တွင်လည်း ဥက္ကံမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၇)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၇ ဒသမ ၆၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၀၈) ဒီဂရီ၊ အနက်(၈ ဒသမ ၁)မိုင်ကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၃)အဆင့်ရှိ အင်အားသေးငယ်သော ငလျင်ခတ်ခဲ့သည်ကို တိုင်း ထွာရရှိခဲ့ကြောင်း သိရသည်။

Source- Popular Journal

ရန်ကုန်တိုင်းရှိ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယနေ့ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ ငလျင်များလှုပ်ခတ်ခဲ့

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှုစတင်

နိုဝင်ဘာ ၁၉

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှု စတင် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Wang ၏အမှုကို အမျိုးသားကြီးကြပ်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုအပြီးတွင် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြူနီစပယ်ပြည်သူ့ရှေ့နေချုပ်ရုံးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

CNPC ထိပ်တန်းပါတီဝင်များအဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်ခဲ့ဖူးသည့် Wangသည် ရေနံကဏ္ဍတွင် ရာထူးအမျိုးမျိုးဖြင့် အာဏာအလွဲသုံးစားလုပ်ကာ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ အကျိုးအမြတ် ရယူခဲ့မှုဖြင့် ဩဂုတ်လနှောင်းပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 Source: chinadaily.com.cn

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှုစတင်

နိုဝင်ဘာ ၁၉

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှု စတင် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Wang ၏အမှုကို အမျိုးသားကြီးကြပ်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုအပြီးတွင် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြူနီစပယ်ပြည်သူ့ရှေ့နေချုပ်ရုံးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၌ တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့် တယ်လီဂရမ်အား ဒဏ်ရိုက်

မော်စကို နိုဝင်ဘာ ၂၆

လူမှုမီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ်သည် ရုရှားနိုင်ငံတွင် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့်အတွက် ရုရှားတရားရုံးတစ်ရုံးက တယ်လီဂရမ်အား ဒဏ်ငွေ ရူဘယ် ခုနစ်သန်းဒဏ်ရိုက်ခဲ့ကြောင်း အဆိုပါ တရားရုံးသတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

တားမြစ်ရန်ပျက်ကွက်

ရုရှားနိုင်ငံ၏ ဥပဒေအရ တားမြစ်ရန်လိုအပ်သည့် သတင်းအချက်အလက်များကို တားမြစ်ရန် ပျက်ကွက်သည့်အတွက် လူမှုမီဒီယာဖြစ်သည့် တယ်လီဂရမ်တွင် အပြစ်ရှိကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်သတင်းများ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားခြင်းမရှိချေ။ ပြီးခဲ့သည့် လအတွင်းကလည်း တယ်လီဂရမ်အား အလားတူအမှုဖြင့် ဒဏ်ငွေ ရူဘယ် ‌လေးသန်း ဒဏ်ရိုက်ခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိအချိန်တွင် တယ်လီဂရမ် သုံးစွဲသူ သန်း ၉၀၀ နီးပါးရှိသည်။

ကိုးကား- ဆင်ဟွာ

Source- မြန်မာ့အလင်းသတင်းစာ