ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် မြို့တော်ဘရာစီးယားရှိ Three Powers Plaza ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွား ခဲ့သော ဘရာဇီးနိုင်ငံ၏ ဒီမိုကရေစီဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်ပွားကာ အစိုးရအဆောက်အအုံများ ဝင်ရောက် စီးနင်း တိုက်ခိုက်ခံရမှု ၂ နှစ်မြောက်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva ကျမ်းသစ္စာဆိုပြီး တစ်ပတ်အကြာတွင် လက်ယာစွန်း သမ္မတဟောင်း Jair Bolsonaro ကို ထောက်ခံသူ ထောင်ပေါင်းများစွာက မြို့တော်ရှိ သမ္မတအိမ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ကွန်ဂရက် လွှတ်တော် အဆောက်အအုံများအတွင်း ဖောက်ထွင်း ဝင်ရောက်ပြီး အဆောက်အအုံများကို ဖျက်ဆီးပစ်ခဲ့ ကြသည်။
ကိုးကား - ALJAZEERA

ဂျာမန်စီးပွားရေးဝန်ကြီး Robert Habeck က ရုရှား၏ စစ်ရေးအရ တိုက်ခိုက်လာခြင်းကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဂျာမနီဝန်ကြီးချုပ်က အဆိုပါအကြံပြုချက်သည် သင့်လျော်မှုမရှိကြောင်းနှင့် နိုင်ငံသားများအပါ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း Scholz က ဝေဖန်လိုက်သည်။

လာမည့်ဖေဖော်ဝါရီ၌ ကျင်းပမည့် ရွေးကောက်ပွဲများတွင် Green Party ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Robert Habeck က Der Spiegel မဂ္ဂဇင်း နှင့်အင်တာဗျူးတွင် ကာကွယ်ရေးအသုံးစရိတ်ကို များစွာ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
ဘာလင်သည် နိုင်ငံလုံးဆိုင်ရာ GDP ၏ ၃.၅ ရာခိုင်နှုန်း ကို ကာကွယ်ရေးအတွက် သုံးစွဲရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါကိန်းဂဏန်းသည် လက်ရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်အသုံးစရိတ် GDP ၏ 2% ထက်ကျော်လွန်နေပါသည်။
ရုရှားအနေဖြင့် အမေရိကန်ဦးဆောင်သော စစ်ရေးမိတ်ဖက်အဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်မည် မဟုတ်ဟု ပြောဆိုထားသော်လည်း ယူကရိန်းအား တာဝေးပစ် လက်နက်များထောက်ပံ့ပေးပြီး ရုရှားနိုင်ငံနယ်နိမိတ်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအား ခွင့်ပြုခဲ့ခြင်း အတွက် ထိပ်တိုက်ထိတွေ့လာနိုင်ကြောင်း နေတိုးက သတိပေးထားသည်။
ဂျာမနီသည် ယူကရိန်းအား စစ်ရေးထောက်ပံ့မှု အကူအညီပေးသည့်နိုင်ငံများအနက် အမေရိကန်ပြီးလျှင် အများဆုံး ထောက်ပံ့ပေးခဲ့သည့် နိုင်ငံများတွင်ပါဝင်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လအထိ ယူကရိန်းအား စစ်ရေးထောက်ပံ့မှုအတွက် ယူရို ၁၁ ဘီလီယံ (ဒေါ်လာ ၁၁.၃၈ ဘီလီယံ) အသုံးပြု ခဲ့ကြောင်း Kiel Institute for the World Economy အရ သိရှိရသည်။
ကိုးကား-RT

နေပြည်တော် ဇန်နဝါရီ ၇
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အွန်လိုင်းစနစ်ဖြင့် တက်ရောက်

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း(Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်းအဖြေရှာသွားကြရမည် ဖြစ်ပါကြောင်း။
ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ(Infrastructure) ဖြစ်နေသည့်အတွက် ကဏ္ဍ (၂) ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။
ပြန်လည်လေ့လာသုံးသပ်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်အနေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အမြန်ဆုံးအကောင်အထည်ဖော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
နိုင်ငံတကာတွင် ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်
စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထညဖော်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် သုံးစွဲမှုအခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ

အိုက်စလန်နိုင်ငံသည် ယူကရိန်းအား စစ်ရေးအကူအညီအဖြစ် ဒေါ်လာ သန်း ၃၀ ပေးအပ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiga က ယူကရိန်း မြို့တော်ကိယက်ဗ်တွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး Thorgerdur Katrín Gunnarsdóttir နှင့် တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့ ပါသည်။
အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ ၎င်း၏ နိုင်ငံသည် ဘဏ္ဍာငွေများကို ယူကရိန်း၏ ကာကွယ်ရေးလုပ်ငန်းတွင် ဆက်လက်ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - Report

လာမည့်ခြောက်လအတွင်း ရုရှားသမ္မတပူတင်နှင့် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာခဲ့ပါသည်။
စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်များထဲမှ တစ်ခုသည် ယူကရိန်းပဋိပက္ခဖြစ်မည်ဟု အမေရိကန်ရွေးကောက်ခံ သမ္မတက ရှင်းလင်းပြောကြားခဲ့ပါသည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးလို ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏သမ္မတ ရာထူးတာဝန်ယူပြီးနောက် ပထမခြောက်လအတွင်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည်ဖြစ်လာနိုင်ကြောင်း ၎င်း၏နေအိမ် Mar-a-Lago (ဖလော်ရီဒါ) တွင် ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ပါသည်။
ကိုးကား - TASS

အနောက်နိုင်ငံများသည် ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲခြား၍ အဆိုပါ အမျိုးအစားတစ်ခုစီတွင် ထောက်ပံ့ရေးတာဝန်ယူရန်အတွက် နေတိုးနိုင်ငံများကို တာဝန်ပေးခန့်အပ်မည်ဖြစ်ကြောင်းပင်တဂွန်စစ်ဌာနချုပ်၏ အဆင့်မြင့် ပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီလ ၇ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။

နေတိုးအဖွဲ့အတွင်း "အခွင့်အလမ်းများဆိုင်ရာညွန့်ပေါင်း အဖွဲ့" ရှစ်ခုကို ဖွဲ့စည်းထားပြီး ၎င်းတို့ အသီးသီးသည် ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များအတွက် အမျိုးအစားတစ်ခုစီကို အာမခံရန် တာဝန်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့ခွဲတစ်ခုစီအတွင်း ညှိနှိုင်းဆောင်ရွက်မှုကို အနည်းဆုံး NATO နိုင်ငံ နှစ်နိုင်ငံက ဆောင်ရွက်မည်ဖြစ်ပါသည်။
နေတိုးမဟာမိတ်အဖွဲ့ ခေါင်းဆောင်များသည် လေတပ်၊ သံချပ်ကာယာဉ်များ၊ အမြောက်များ၊ မိုင်းရှင်းလင်းရေး၊ မောင်းသူမဲ့လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေး၊သတင်းအချက်အလက်နည်းပညာနှင့် ရေကြောင်းလုံခြုံရေးကဲ့သို့သောနယ်ပယ်များတွင် ၂၀၂၇ ခုနှစ် အထိယူကရိန်း၏လိုအပ်ချက်များနှင့် ရည်မှန်းချက်များအတွက် ရေးဆွဲမည့် လမ်းပြမြေပုံများကို အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိ သူကရှင်းပြခဲ့ပါသည်။
ယူကရိန်းသို့ လက်နက်ထောက်ပံ့ရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာအနောက်နိုင်ငံများအဖွဲ့၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ဂျာမနီ နိုင်ငံ၊ ရမ်စတိန်းလေတပ်စခန်းတွင်ကျင်းပမည်ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin လည်း ပါဝင်တက်ရောက်မည်ဖြစ်ပါသည်။

ရုရှား၏ အကြီးစားရေငုပ်သင်္ဘော Project 06363 သည် ယခင်က ဆီးရီးယားနိုင်ငံရှိ Tartus စစ်အခြေစိုက် စခန်းတွင်ရှိနေခဲ့ရာမှ ယခုအခါ ရုရှားနိုင်ငံသို့ ဦးတည်ရာ လမ်းကြောင်းပေါ်ရှိ ပေါ်တူဂီရေပိုင်နက်အတွင်း ၎င်းသင်္ဘောကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။
ကိုးကား - PRAVDA

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရုရှားနှင့် ယူကရိန်းဆက်ဆံရေးတင်းမာခဲ့ခြင်းအပေါ် ကိုင်တွယ် ဖြေရှင်းမှုအားနည်းချက်ကြောင့် ရုရှား-ယူကရိန်း-နေတိုး ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။
ယူကရိန်းကို အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းခြင်းမပြုခဲ့ပါက ယခုကဲ့သို့သော စစ်ပွဲကိုရှောင်ရှားနိုင်ခဲ့လိမ့်မည်ဟု ထရမ့်က ယုံကြည် နေသည်။

ဝါရှင်တန်၏ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းမှုသည် မော်စကို၏စိုးရိမ်မှုကို မြင့်တက်စေပြီး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဘိုင်ဒင်အနေဖြင့် အမေရိကန်နှင့် ရုရှားတို့၏ စစ်ဘက်ဆိုင်ရာ နယ်မြေချဲ့ထွင်မှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ သည်။
ဗလာဒီမာပူတင် သမ္မတမဖြစ်ခင်ကပင် ယူကရိန်းအား နေတိုးအဖွဲ့ဝင်ဖြစ်လာစေရန် ကြိုးပမ်းမှုကို သဘောမတူကြောင်း အခါခါပြောဆိုထားခဲ့ကြောင်း၊ သို့သော် ဘိုင်ဒင်အနေဖြင့် အဆိုပါကန့်ကွက်မှုကို အရေးမစိုက်ပဲ ရှေ့ဆက်ခဲ့ကြောင်း ထရမ့်ကပြောသည်။
မိမိနိုင်ငံနယ်နိမိတ်အနီးတွင် အခြားစစ်အင်အားစုတစ်ခု တည်ရှိလာနိုင်ခြင်းအတွက် ရုရှား၏ စိုးရိမ်မှုကို ၎င်းအနေဖြင့် ကောင်းစွာနားလည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
မော်စကိုနှင့် ကိယက်ဗ်အကြား သဘောတူညီမှုရရှိရေးဆောင်ရွက်နိုင်ရန်မှာ သမ္မတရာထူးတာဝန် စတင်ရယူပြီးနောက် အချိန်ခြောက်လခန့်အထိ လိုအပ် နိုင်ကြောင်း သတင်းထောက်များ၏ မေးမြန်းလာမှုကို ဖြေကြားခဲ့ပါသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံအလိုက် GDP ၏ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်သင့်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့် က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
နေတိုးအဖွဲ့ဝင်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းမဟုတ်ဘဲ ၅ ရာခိုင်နှုန်း ရှိသင့်ကြောင်း ၎င်းကဆိုသည်။

ထရမ့်သည် ၎င်း၏ America First မူဝါဒကို မြှင့်တင်နေပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်အတွက် သင့်တင့်မျှတသော အစုရှယ်ယာကို ပေးဆောင်ခြင်းမရှိကြောင်း ထပ်ခါတလဲလဲ ပြောဆို ခဲ့သည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် သမ္မတရာထူးတာဝန်မထမ်းဆောင်မီ ရွေးကောက်ခံသမ္မတက နေတိုးအဖွဲ့ဝင် နိုင်ငံများအား ပိုမိုကြီးလေးသော တာဝန်ကို ထမ်းရွက်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ၃ ရာခိုင်နှုန်း ရှိနေသည်။
ကိုးကား-NHK World

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
မက္ကဆီကိုမှ အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များပြားလာခြင်းနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် အမေရိကန်ဖက်၌ လိုငွေ အများအပြားရှိနေခြင်းတို့နှင့်ဆက်စပ်၍ ဒေါ်နယ်ထရမ့် က အဆိုပါကိစ္စကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

၎င်းက "အမေရိကန်ပင်လယ်ကွေ့ဟု ခေါ်တွင်ခြင်းသည် သင့်တော်သောအမည်ဖြစ်ပြီး မက္ကဆီနိုင်ငံအနေဖြင့် အမေရိကန်သို့ သန်းပေါင်းများစွာသော နိုင်ငံသားများဝင်ရောက်လာခြင်းကို ရပ်တန့်သင့်ပြီ" ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
"မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်း ကောက်ခံမည်" ဟု ထရမ့်ကမကြာသေးမီက ကြေညာထားပါသည်။ လေ့လာသူများ က "ထရမ့် အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကိစ္စများနှင့် ကုန်သွယ်ရေးရာကိစ္စရပ်များကို မက္ကဆီကို က ကိုင်တွယ်ဆောင်ရွက်နေမှုများအပေါ် ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့မှတ်ချက်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း" သုံးသပ်ထားကြပါသည်။
ကိုးကား - NHK World